Wednesday, July 31, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၁၀

အပိုင်း (၂) 

ခရစ်နှစ် ၂၀၀၇ ခုနှစ်။ 

အခန်း - ၁၂ 

ငါရပ်ဖို့ တနေရာသာပးစမ်းပါ။ 
ကမ္ဘာကြီးကို ရွှေ့ပြမယ်။ 

(အာခိမိဒိ) 

ခရစ်နှစ် ၂၀၀၇ ဇွန်လ။ 

သုံးနာရီ ခွဲတော့မည်။ ညနေ သုံးနာရီထွက်ရမည့်ရထားသည် အခုထက်တိုင် မထွက်သေး။ ဘာကြောင့် မထွက်သေးသည်ကို မသိရ။ ဘယ်သူကမှလည်း အရေးတယူ ကြေညာခြင်းမပြု။ ခရီးသည်တွေကလည်း နောက်ကျနေကျမို့သာ နောက်ကျသည်ဟု မှတ်ယူထားကြလေသလား မသိ။ ဘယ်အာဏာပိုင် ဘယ်တာဝန်ရှိသူကိုမှ သွားရောက်စောဒက တက်သူမရှိကြ။ ဗမာလူမျိုးတို့သည် သည်းခံတတ်လွန်းကြသည်။ မိမိအခွင့်အရေးကို ဆူဆူပူပူလုပ်ပြီး အရေးဆိုတတ်သော အလေ့အထ သိပ်မရှိကြ။ 

သို့သော် ညည်းတော့ ညည်းညူကြသည်။ မညည်းညူပဲလည်း နေနိုင်စရာမရှိ။ လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မဟုတ်ပါလား။ ဒီလောက်ပြင်းသည့် အပူဒဏ်ကို မညည်းမညူခံနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ပါရမီမျိုးနှင့်တော့ လွယ်အံ့မထင်။ 

သံမဏိဖြင့်ပြုလုပ်ထားသော ရထားတွဲဝါဝါကြီးသည် မီးလို ခြစ်ခြစ်တောက်ပူလောင်သော နေရောင် ကျဲတောက်တောက်အောက်တွင် ကိုယ်လုံးတီး စင်းစင်းကြီး ရပ်နေလေသည်။ သည်ရထားတွဲထဲမှာ နာရီဝက်ကြာအောင် ငုတ်တုတ်ထိုင်စောင့်ဆိုင်းနေရသော ခရီးသည်တို့အဖြစ်မှာ ရေနွေးအိုးထဲ ထည့်ပြုတ်ခံထားရသည့်ပမာ ရှိလေသည်။ 


Tuesday, July 30, 2013

ဒီမိုကရေစီပျိုးပင် (ပေးစာ - ၂) - ညီစောလွင်

အရင်တပတ်က (Consolidated Democracy) ရင့်ကျက်တဲ့ ဒီမိုကရေစီနိင်ငံဖြစ်ဖို့ အခြေအနေ သုံးရပ်အကြောင်း ပြောခဲ့တယ်။ ဒီတပတ်မှာ ဒီမိုကရေစီတည်ဆောက်ရေးမှာ အရေးကြီးတဲ့မဏ္ဍိုင်ကြီး ၅ ရပ် (တနည်း) အုတ်မြစ်ကြီး ၅ ခု အကြောင်းကို ဆက်ပြောဖို့ပါပဲ။ ဒါပေမယ့် ဒီစာရေးတဲ့အချိန်မှာပဲ အီဂျစ်နိုင်ငံကလမ်းပေါ်မှာ လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးတဲ့သတင်းနဲ့ တူနီးရှားမှာ လုပ်ကြံခံရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဈာပနသတင်းကိုကြည့်ရင်းနဲ့ ပြောစရာပ်ါလာလို့ ပြောခွင့်ပြုပါဦး။ 

အာရပ်နွေဦးကိုကြည့်ရင် ဒီမိုကရေစီတည်ဆောက်ရတာ ဘယ်လောက် ခက်ခဲသလဲဆိုတာကို မြင်နိုင်ပါတယ်။ အရင် တပတ်ကပြောခဲ့သလိုပဲ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလောက်ပဲ ကွက်မြင်နေလို့မဖြစ်ဘူးဆိုတာကို ထပ်ပြောချင်ပါတယ်။ ဥပမာ အီဂျစ်မှာ မူဘာရတ် ပြုတ်ကျသွားတယ်၊ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရသက်တမ်းက တနှစ်ပဲ ခံပါတယ်။ အခုဆိုရင် တတိုင်းပြည်လုံးမှာလည်း စိတ်ဝမ်းကွဲမှုတွေက ဆိုးရွားနေတော့ ဒီမိုကရေစီအနာဂတ်က မရေမရာပါပဲ တူနီရှားမှာလည်း ဒီသဘောပါပဲ။ ၆ လအတွင်းမှာ လုပ်ကြံခံရတဲ့ အတိုက်အခံပါတီက ခေါင်းဆောင်နှစ်ယောက် ရှိသွားပြီ။ ဒါကိုမကျေနပ်လို့ တနိုင်ငံလုံး အုံကြွတော့မယ့် အခြေအနေ ပေါ်ပေါက်နေတယ်။ 


လယ်ယာမြေ အတင်းအဓမ္မသိမ်းယူမှု ပြဿနာ

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအတွင်း နေရာအနှံ့မှာ အသိမ်းအဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွင်း ဝင်ရောက်ထွန်းယက် စိုက်ပျိုးမှုတွေလုပ်ခဲ့တဲ့အတွက် လယ်သမားတွေအပေါ် အစိုးရစစ်တပ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက တရားစွဲဆိုခဲ့တဲ့ အမှုတွေ၊ ဖမ်းဆီးမှုတွေ အတော်များများ ပေါ်ထွက်လာနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး လယ်ယာမြေကိစ္စတွေကို ထည်ထည်ဝင်ဝင် ဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

ဦးနေမျိုးဝေ ။ ။ အဲဒါကတော့ နေရာအနှံ့ပဲ တရားစွဲဆိုခံထားရတာတွေ ရှိတယ်။ ဘယ်မှာရှိသလဲဆိုရင် မော်ကျွန်းမှာ ရှိတယ်။ ဧရာဝတီတိုင်း။ ထားဝယ်မှာ ရှိတယ်၊ တနင်္လာရီတိုင်း။ နောက်တခါ ရှမ်းပြည်နယ်မှာ ရှိတယ်။ နောင်ချိုမှာ ရှိတယ်။ ရန်ကုန်တိုင်းမှာ ရှိမယ်။ မင်္ဂလာဒုံမှာ ရှိမယ်။ နောက် ဘယ်မှာရှိမလဲဆိုရင် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာရှိမယ်။ နောက် တခြား ဒလတို့ အဲဒီဘက်တွေမှာလည်း ရှိတယ်။ အဲဒီဟာတွေက ဆွဲတဲ့ပုဒ်မတွေက လယ်ယာမြေပြဿနာပေါ် မူတည်ပြီးဖြစ်တဲ့ ပုဒ်မတွေက ၅၁ (စ၊ ဆ) ဟာမျိုးတွေ ရှိမယ်။ ပုဒ်မ (၁၈) လိုမျိုးတွေ ရှိမယ်။ နောက်တခါ ကုမ္ပဏီတွေဘက်က အခုန အုပ်ချုပ်ရေးပိုင်းတွေက ဆွဲတာ။ ကုမ္ပဏီဘက်ကဆွဲတာတွေဆိုရင် (၄၄၇) (၄၂၇) တွေ ရှိမယ်။ နောက်တခါ ရေးသားပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဆွဲတာဆိုရင် ပုဒ်မ (၅၀၀) တွေရှိမယ်။ အဲဒါတွေ ရှိတယ်ဗျ။ 

ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာမှာ သာမန်လူ နားလည်အောင်ဆိုလို့ရှိရင် ကုမ္ပဏီဘက်ကဆွဲတဲ့ကိစ္စကို အရင်ရှင်းပြပါလား။ ကုမ္ပဏီဘက်ကဆွဲတဲ့ ပုဒ်မ (၄၄၇) (၄၂၇) ဘာညာဆိုတာ ဘယ်လိုအခြေခံကို ပြောချင်တာလဲ။ ဘယ်လိုအခြေခံနဲ့ လယ်ယာမြေမှာ ဝင်ပြီးထွန်းယက်တဲ့ လယ်သမားတွေကို တရားစွဲရတာလဲ။ 

ဦးနေမျိုးဝေ ။ ။ သူက ပိုင်နက်ကျူးလွန်မှု၊ ပိုက်နက်ကျူးကျော်မှုဆိုတဲ့ပုံစံမျိုးတွေ ဆွဲကြတာ များတယ်။ ဒါကတော့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေဘက်က ဆွဲတာ။ အဲဒါကလည်း မူလမှုခင်းက လယ်ယာမြေမှုခင်း။ ဘယ်သူပိုင်တယ်ဆိုတာကို ပြောဖို့ခက်တယ်။ နောက် အမှန်တကယ် လုပ်ကိုင်နေထိုင်နေတဲ့လူတွေက လယ်သမားတွေ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီဟာကို မျက်ကွယ်ပြုပြီးတော့ သူတို့ကို လုပ်ပိုင်ခွင့်ပေးထားပါတယ် ဆိုတဲ့ဟာမျိုးတွေနဲ့ ဆွဲတာဗျ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတာ လုပ်ပိုင်ခွင့်က ဘယ်သူကပေးသလဲဆိုရင် ရပ်ကျေး မြေယာက်ာမတီတွေက ပေးတာ။ 


နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၄


မနက်မိုးမလင်းခင် မိုးသည်းသည်းကြားမှာ ညို ထ၍ ဖေသောင်းကို နှိုးရသည်။ 

ကိုမြင့်ဇော်တို့နှင့်ချိန်းဆိုရာ တောရကျောင်းသွားရာလမ်းဆုံသို့ ဖေသောင်းထွက်သွားမှ သက်ပြင်းချကာ အိပ်ရာသိမ်းရ၏။ ဒန့်သလွန်ရွက်ဟင်းခါး သောက်ချင်လို့ ဟုအော်ကာ နေ့လည်ဘက်တွင် မခင်အေး ရောက်လာသည်။ ညိုနှင့်အတူ ဒန့်သလွန်ရွက်ခူးကြရင်း ဝဲထူဖေသောင်းအား ကိုမြင့်ဇော်တို့က လယ်သမားတယောက်၏ လယ်စောင့်တဲတွင်ပင် နေရာချပေးလိုက်ပြီဖြစ်ကြောင်း မခင်အေး သတင်းပေး၏။ ဝဲဆေးလိမ်းပေးရသည့်တာဝန်ကို မစွန့်ချင်ဘဲ ညို စွန့်လိုက်ရတော့သည်။ 

“သူ ထမင်းစားဖို့ကော” 

ညို၏ပူပန်ချက်ကို မခင်အေး စိတ်မရှည် ။ “ဟာ ... ဟိုက လုပ်ပေးရမှာပေါ့နင် အသာနေစမ်းပါ။ ငါတို့ မသူဇာနဲ့ပဲ ဆက်သွယ်ကြရမယ် အဲဒါပဲ နည်းနည်းပိရိတယ်” ဟု ပြန်ပြော၏။ 

ရက်ပိုင်းတွင်းမှာပင် ညိုတို့ တောမြို့ကလေး လှုပ်လှုပ်ရွရွဖြစ်လာသည်။ 

ဈးကြီးအနီး ကုက္ကိုပင်တွင်ကပ်ထားသော လှုံ့ဆော်ပိုစတာတချပ်ကြောင့်ပင်ဖြစ်၏။ အုန်းသိန်း၏ဖခင်မှာ ငါ့ခွင်ထဲတော့ လာမလုပ်နဲ့ မျိုးကန်းကုန်မယ်ဟု ကြိမ်းဝါးရင်း လူစုစုတွေ့တိုင်း မသင်္ကာမျက်လုံးများဖြင့် ခြိမ်းခြောက်နေသည်။ မကြာမီပင် သူတို့ကောင်စီရုံးရှေ့ ပိုစတာတချပ် အခန့်သားရောက်လာ၏။ 

လူတွေ ဝိုင်းအုံကြည့်နေစဉ်ပင် အုန်းသိန်းဖခင်မှာ ကတုံးပေါ် ဒက်ပေါက်သည့် မျက်နှာဖြင့် အော်ဟစ်မောင်းထုတ်ပြီး ဖြုတ်ယူသွား၏။ မခင်အေး ပါးစပ်ပိတ်၍ တခွိခွိ ရယ်သည်။ အုန်းသိန်း မကျေမချမ်းကြည့်နေ၍ အိမ်ထဲဝင်ပြီး ပုနေရ၏။ 

xxxxx xxxxx xxxxxx 


Monday, July 29, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၉

အခန်း - ၁၁ 

တခြားသူတို့၏ လွတ်လပ်ခွင့်ကို ငြင်းပယ်သောသူများသည် သူတို့ကိုယ်တိုင် လွတ်လပ်မှုနှင့် မထိုက်တန်သောသူများဖစ်သည်။

အဘရာဟင် လင်ကင်း 

၁၉၈၈ ခု သြဂုတ်လ။ ဧရာဝတီမြစ်ကမ်းဘေးရှိ နယ်မြို့လေးတမြို့။ 

စိုးအောင်နှင့် ယဉ်ပါးနေသော လူထုလှုပ်ရှားမှုမှာ သူ့နောက်သို့ လိုက်လာပန်လေသည်။ 

သြဂုတ်လ ၈ ရက်နေ့တွင် သူတို့နယ်မြို့ကလေးသည် လှုပ်လှုပ်ရွရွဖြစ်နေသည်။ သို့သော် ဘယ်သူက စမည်ကို မသိသေး။ သူ့အရိပ်အခြေအနေ ကိုယ်ကကြည့်၊ ကိုယ့်အရိပ်အခြေအနေ သူကကြည့်နှင့် သြဂုတ်လ ၈ ရက်နေ့မှာ ဘာမှဖြစ်မလာဘဲ ကုန်လွန်သွားသည်။ သို့သော် မြို့တချို့တွင်မတော့ အရေးအခင်းတွေ စတင်ပေါ်ပေါက်လာပေပြီ။ သည်နယ်မြို့ကလေးတွင် လှုပ်ရှားဆန္ဒပြမှု ဖြစ်မလာသေးသည့်အတွက် သူ အားမလိုအားမရ ဖြစ်နေမိသည်။ ပေါ်လာနိုး၊ ပေါ်လာနိုးနှင့်လည်း ရင်ခုန်လှုပ်ရှားနေမိသည်။ သူကိုယ်တိုင်ပင် အစပျိုးလှုပ်ရှားလိုက်ချင်စိတ်မျိုး ဖြစ်ပေါ်မိသည်။ သို့သော် သည်မြို့မှာ သူသည် သူစိမ်းဖြစ်သည်။ သည်မြို့က ခေါင်းဆောင်တွေကို သူ အကျွမ်းမဝင်။ သည်မြို့က လူထုသဘောကို သူ နားမလည်။ သို့နှင့် အရိပ်အခြေကိုသာ ကြည့်နေရသည်။ 

တကယ်တန်း စမည့်စတော့ အထက်တန်းကျောင်းသားတွေက စတင်ဖောက်ခွဲလိုက်ကြသည်။ ကျောင်းသား အနည်းငယ် လမ်းပေါ်ထွက် ဆန္ဒပြရာကနေ မြို့နေလူထုအားလုံး နောက်ကနေ စုရုံးလိုက်ပါလာကြလေသည်။ ဘယ်အာဏာပိုင်မှ တားဆီးကန့်ကွက် မလုပ်ရဲကြချေ။

နာက်နေ့တွေတွင် ရွာကလူတွေပါ အိုးစည်ဗုံမောင်းတွေနှင့် မြို့ပေါ်သို့ချီတက်လာကြသည်။ 


အကျင့် (ကာတွန်း ဝင်းအောင်)


ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (ညီစောလွင်)

“ကျနော် ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ခင်ဗျား နားလည်လောက်ပါတယ်” လို့ ဦးဝင်းတင်က ပြောတယ်။ သူပြောတဲ့ (အင်္ဂလိပ်) စကားက တိုးတိုးညင်သာ...။ တချက်တချက်လည်း တိမ်ဝင်သွားတတ်တယ်။ အပြင်မှာရွာနေတဲ့ မိုးစက်တွေက အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်နဲ့ ကျနေတယ်။ နေမြင့်လာချိန်မှာတော့ မိုးက တဖြည်းဖြည်းတော့ အရှိန်လျှော့ကျစပြုလာတယ်။ 

“ကျနော်က အိုပြီဗျ၊ မှတ်ဉာဏ်တွေလည်း မကောင်းတော့ဘူး။ စကားလုံးတွေ၊ အလင်္ကာတွေ၊ အသုံးအနှုန်း၊ အတွဲအစပ်၊ အတွေးအခေါ်တွေ မေ့ကုန်တာတွေလည်း အများကြီးပဲ” လို့ ဦးဝင်းတင်က ပြောတယ်။ 

ဦးဝင်းတင်ဆိုတာက ဝါရင့်သတင်းစာဆရာကြီး…။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူရဲ့ ချွန်မြတဲ့ကလောင်ဟာ နိုင်ငံရေးအရေးတော်ပုံမှာ လက်နက်ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ကို ထူထောင်တယ်။ မြန်မာပြည်မှာ နိုင်ငံရေး ဝရုန်းသုန်းကား ကာလ...။ 

ဦးဝင်းတင်ဟာ အသက်ငယ်ငယ်အရွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်နေတဲ့အချိန်၊ ၁၉၄၇ ကျတော့ လုပ်ကြံခံလိုက်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တဒင်္ဂလေးတွ့လိုက်တဲ့ အဲဒီအဖြစ်အပျက်ကလေးက ဟံသာဝတီ ဦးဝင်းတင်ရယ်လို့ စာရေးဆရာဘဝကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုရမှာပါ။ နောက်ထပ် ရာစုနှစ်ဝက်လောက်အကြာမှာတော့ ဦးဝင်းတင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးနဲ့ ရေစက်ဆုံရပြန်တယ်။ ဒီတကြိမ်ကတော့ မြန်မာပြည်မှာ ၁၉၈၈ လူထုဆန္ဒပြပွဲတွေ ကြားထဲမှာ...။ စာရေးဆရာ ဦးဝင်းတင်ကလည်း အရေးတော်ပုံ တပ်သားဖြစ်နေပြီ။ ဒီလိုနဲ့ လုပ်လက်စအလုပ်တွေ မပြီးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းတင်ပါ စစ်အစိုးရရဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်သွားပြန်တယ်။ အဲဒီအချိန်တုန်းက ဦးဝင်းတင်က အသက် ၆၀၊ ဒေါ်အောင်ဆန်းစုကြည်က ၄၄ နှစ်။ 


၈၈ တို့ ဘယ်သွားမလဲ? (ကိုညို)

မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ၈ လေးလုံးငွရတုနဲ့ပတ်သက်ပြီးရးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ် စွန့်လွှတ်ခဲသူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည်နေကြသူတွေကို အားနာလို့ ပြည်တွင်းက ၈ လေးလုံး ငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာဖတ်ရတော့ ကိုယ်နဲ့ စိတ်တူကိုယ်တူ ခံစားချက်တူ ရဲဘော်တွေ အများကြီးရှိနေတာပဲလို့ ပီတိရင်ဘတ်နဲ့ခံစားပြီး ကျေနပ်ခဲ့ရတယ်၊ ဝမ်းသာဝမ်းနည်းလည်း ဖြစ်ရတယ်။ 

လွန်ခဲ့တဲ့ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို ငွေရတု ဖိတ်ချင်တယ်၊ အထဲက အဖွဲ့ပေါင်းစုံက ကျနော့်ကိုပြောလာလို့ ဖိတ်ကြားရေး တာဝန်ယူနေတယ်။ ခင်ဗျားတို့တက်မယ်ဆို ဖိတ်စာပို့ပေးလိုက်မယ်” လို့ ရေးထားတယ်။ အဲဒီအချိန် ကိုမွန်းအောင်က ဂျာမဏီရောက်နေလို့ သူ့ကို စာရေးအကြောင်းကြားလိုက်တယ်။ ကိုမွန်းအောင် နော်ဝေးပြန်ရောက်တော့ “အောင်ပွဲရလို့ ကျင်းပနိုင်တဲ့ပွဲမှ မဟုတ်ပဲဗျာ၊ ပြီးတော့ ညီလာခံကနေ ရလဒ်ကောင်းတွေပေါ်လာဖို့၊ မှန်ကန်တိကျတဲ့ လုပ်ငန်းစဉ်တွေပေါ်လာဖို့က ပိုအရေးကြီးပါတယ်၊ ပျော်ပျော်ပါးပါး ဆုံစည်းတဲ့ပွဲမျိုး မဖြစ်သင့်ဘူး၊ ကျဆုံးသွားတဲ့ရဲဘော်တွေနဲ့ နဂိုရည်မှန်းထားတဲ့ပန်းတိုင်လည်း မရောက်သေးတော့ သွားဖို့မဝံ့ရဲဘူးဗျာ”လို့ ပြောပါတယ်။ ကျနော်ကိုယ်တိုင်လည်း အစောကတည်းက သွားဖို့မဖြစ်နိုင်ဘူးဆိုတာ ဆုံးဖြတ်ပြီးသားမို့ ကိုမိုးသီးဇွန်ကို သတိတရဖိတ်တာ ဝမ်းသာကျေးဇူးတင်ပေမယ့် ကျနော်တို့ မတက်နိုင်တော့ကြောင်း ဖုန်းဆက် ပြောပြတယ်။ 


ပျက်အစဉ် ပြင်မရ (ကာတွန်း ဝင်းအောင်)


Sunday, July 28, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၃

ဒီတခါ အဖေပေးသော တာဝန်ကို အုန်းသိန်း လိုလားစွာထမ်းဆောင်ရန် ကတိပြုလိုက်၏။ ရပ်ထဲရွာထဲမှာ သတိထားကြည့် ဟိုအဖွဲ့တွေ လှုပ်ရှားတာတွေ့ရင် ချက်ချင်းသတင်းပို့စမ်း၊ ဆူချင်ပူချင်တဲ့ကောင်တွေကို ဆုံးမရဖို့ ငါ့မှာတာဝန်ရှိတယ်ဟူသော အဖေ့စကားကို အုန်းသိန်း မနောခွေ့လှသည်။ 

အုန်းသိန်းတို့ ဘယ်လောက်အရာရောက်တယ်ဆိုတာ သိရမှာပေါ့၊ မခင်အေးနဲ့ပေါင်းပြီး အုန်းသိန်းကို အရေးမလုပ်ချင်တဲ့ ညို၊ ဘယ်သူတွေက ပိုစွမ်းသလဲဆိုတာ သိရစေ့မယ် ငါထင်တဲ့အတိုင်း ဖြစ်နေလို့ကတော့ ခြေသလုံး လာဖက်ရပြီသာမှတ်ဟု ကြိမ်းဝါးလိုက်တော့၏။ 

xxxxx xxxxx xxxxx 

အိမ်ပြန်ရောက်ပြီး ရက်ပိုင်းမျှ ကုပ်နေရသည်ကိုပင် စိတ်မရှည်ချင်။ ဟိုက သည်က သတင်းလာမေးသမျှ အမေနှင့် မရီနွယ်က စိတ်တပူပူဖြင့် ကြောင့်ကျမဆုံး။ သူရနှင့် ထွန်းသက်တို့ အိမ်သို့လာခွင့်မရ၍ အဝေးမှ ကိုယ်ဟန်တပြပြ။ ဖေသောင်းကလည်း ပြတင်းဝက ပြူတစ်တစ်။ 


Saturday, July 27, 2013

ကျနော်နှင့် ဒေါက်တာဇော်မြင့်မောင် - ကိုမာကီ (၈၈ မျိုးဆက်)

လူချစ်လူခင် များသလောက်ကို လူမုန်းလည်း များတဲ့သူ။ ဒါပေမယ့် ချစ်သူရော၊ မုန်းသူရောက လေးစားကြတဲ့သူ …။ ဆရာဝန်ဆိုပေမယ့် သူ့ပုံစံက ကျနော်နဲ့ခပ်ဆင်ဆင်။ “အသားမည်းမည်း၊ ဂင်တိုတို၊ ပုကွကွ” ဆိုတာ ကျနော်တို့နှစ်ယောက်ကို အနီးစပ်ဆုံးပုံဖော်တဲ့ ဝေါဟာရဖြစ်မယ်။ မျက်နှာမှာ မှဲ့ခြောက်ပေါင်းများစွာပါတာက ကျနော့်ထက်သာသေး။ ဒါပေမဲ့ ဆရာဇော်က ကျနော့်ထက်ပိုပြီး ကြံ့ခိုင်တောင့်တင်းပါတယ်။ အကျဉ်းထောင်ထဲမှာ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးအလိုက်စားဆုံးပုဂ္ဂိုလ်ဟာ ဆရာဇော်ပါပဲ။ ကျနော် သူ့ကို လူကိုယ်တိုင် မမြင်ဖူးခင်ကတည်းက နာမည်ကိုကြားဖူးနေတာပါ။ မန္တလေး အမရပူရသား။ ဒေါက်တာ မျိုးရိုး။ အဖေ ဒေါက်တာ၊ ဇနီး ဒေါက်တာ၊ ညီအစ်ကိုမောင်နှမတွေ ဒေါက်တာ၊ ယောက်ဖ ဒေါက်တာ။ (နောက်ပိုင်းမှာဆို သားသမီး သုံးယောက်စလုံးပါ ဒေါက်တာ)။ 

ဒါက်တာဇော်မြင့်မောင် ဆရာဝန်ဘွဲ့ရတော့ မန္တလေးဆေးတက္ကသိုလ်မှာပဲ ဆရာပြန်လုပ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကျတော့ တက်တက်ကြွကြွ ပါဝင်လာတယ်။ NLD ပါတီ ဝင်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ အမတ်အဖြစ် အရွေးခံရတယ်။ ၁၉၉၀၊ ဂန္ဓီညီလာခံနောက်ပိုင်း နဝတ စစ်အစိုးရက လွှတ်တော် ခေါ်ပေးဖို့ပျက်ကွက်တာကနေစပြီး နိုင်ငံရေးတင်းမာမှုတွေ ဆက်တိုက်မြင့်မားလာတယ်။ နိုင်ငံရေးအင်အားစုတွေ (ဒီမိုကရက်တစ်တွေ)ကို တစ်စတစ်စ ဖြိုခွင်းလာတယ်။ 

ဒီလိုနဲ့ပဲ ဒေါက်တာဇော်မြင့်မောင် အပါအဝင် အမတ်တချို့ကို စင်ပြိုင်အစိုးရ ထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတယ်။ အမတ်တချို့ကို ရရာပုဒ်မတွေနဲ့ အရေးယူတယ်။ ဒေါက်တာစိန်ဝင်း အပါအဝင် အမတ်တချို့က နယ်စပ်(ပြည်ပ)ကို တိမ်းရှောင်သွားကြတယ်။ တချို့က သွေဖည်သွားကြတယ်။ တချို့လည်း ဖောက်ပြန်သွားကြတယ်။ 


Friday, July 26, 2013

လူငယ်၊ ဘန်းစကား နဲ့ ဖိနှိပ်မှုအောက်က အသံများ (ကိုညို)

လွန်ခဲ့တဲ့သုံးရက်က မန္တလေးက အကိုကြီးဆီ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဖြစ်တယ်။ သူက အင်တာနက် လိုင်းမကောင်းတဲ့အကြောင်း၊ ဝန်ထမ်းတွေ အကျင့်ပျက်တာ မပျောက်နိုင်တဲ့အကြောင်း၊ ၉၆၉ တွေ အိမ်တိုင်းစေ့ စည်းရုံးရေးလုပ်နေတဲ့အကြောင်း ပြောပြတယ်။ “မလန်းဘူး” “ ပြုန်းနေပြီ” “ကွိုင်စားတယ်” နဲ့ သူ့စကားထဲက ဝေါဟာရတချို့ကို ကျနော် ကြောင်အမ်းအမ်းဖြစ်နေလို့ ပြန်ရှင်းပြနေသေးတယ်။ “အခုခေတ်ပေါ် ဘန်းစကားပါကွာ” တဲ့။ 

အကိုကြီးနဲ့ ကျနော်က အသက်အများကြီး ကွာတယ်၊ ပြီးတော့ အကိုကြီးက နည်းနည်းရှေးရိုးဆန်တယ်လို့ ထင်နေတာ၊ အခုလို ခေတ်ပေါ်စကားတွေပြောနေတော့ ကျနော်လည်း ပြုံးချင်ချင် ဖြစ်သွားတယ်။ “အကိုကြီး… လမ်းသရဲစကားတွေ သုံးနေပြီလား”လို့ ဆိုတော့ အကိုက ရယ်တယ်။ “လူငယ်တွေကို ပြုပြင်ချင်ရင် သူတို့စိတ်ထဲကအရာတွေ အရင်သိအောင် လုပ်ရမယ်” လို့ ပြောပါတယ်။ အကိုကြီးက ကျန်းမာရေးဝန်ထမ်းဘဝကနေ အငြိမ်းစားယူပြီးတဲ့နောက် ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးနေပါတယ်။ 

ကျနော်တို့ငယ်စဉ်ဘဝလျှောက်လုံး ရှေးရိုးစွဲလူကြီးတွေရဲ့ ဝေဖန်မှု၊ ဖိနှိပ်မှုတွေကို တောက်လျှောက်ကြုံခဲ့ရတယ်။ နိုင်ငံရေးစနစ်ကလည်း အာဏာရှင်ယန္တယား ခိုင်မာအောင် အားထုတ်နေချိန်၊ အုပ်ချုပ်ရေးစနစ်အပေါ် ဆန့်ကျင်မှု၊ ဝေဖန်မှုတွေကို သည်းမခံအချိန်၊ ကျောင်းသားလူငယ်တွေနဲ့ ပဋိပက္ခအရှိန် မကျသေးတဲ့ကာလဆိုတော့ ဦးနေဝင်းရဲ့ မဆလပါတီနဲ့အတူ ကြီးပြင်းလာတဲ့ ကျနော်တို့မျိုးဆက်ဟာ ပညာရေးအရ အမျိုးမျိုးစမ်းသပ်အခံရဆုံး၊ လူမှုရေးနဲ့ယဉ်ကျေးမှုအရ အထိုးနှက်ခံရဆုံး၊ အတွေးအခေါ်အရ အပိတ်အဆို့ အခံရဆုံး၊ နိုင်ငံရေးအရ အဖိနှိပ်အခံရဆုံး အချိန်ကာလတွေ ဖြစ်တယ်။ (နအဖခေတ်မှာ ပိုဆိုးရွားသွားပါတယ်)။ 


Thursday, July 25, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၈

အခန်း - ၁၀ 

မြင်းခွာတချက်ပေါက်ရင် 
ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်။ 

ဗကသခါင်းဆောင် ကိုဗဟိန်း 

၁၉၈၈ ခု သြဂုတ်လ၊ နိုင်ငံတဝန်း အခြေအနေ။ 

သြဂုတ်လ ၉ ရက်တွင် တနိုင်ငံလုံးရှိ မြို့ကြီး ၄၀ ကျော်တွင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် တိုးပွားလာသည်။ 

ပဲခူး၊ သနပ္ပင်၊ ရေနံချောင်းတို့တွင် အရေးအခင်းအစပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ချောက်မြို့၊ ဘိတ်မြို့၊ အထက်မင်းလှမြို့တို့တွင်လည်း ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မော်လမြိုင်မြို့တွင်တော့ သြဂုတ်လ တတိယပတ်လောက်ကျမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ သို့သော် ဆုံးရှုံးမှုက ကြီးသည်။ လူအများအပြား သေဆုံးခဲ့သည်။ 

မန္တလေးတွင်လည်း ဆန္ဒပြပွဲအစောပိုင်း၌ ပစ်ခတ်မှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့သည်။ နေရာအနှံ့၊ မြို့အနှံ့တွင် ပစ်ခတ်နှိမ်နင်းခဲ့သော်လည်း ဘယ်နေရာတွင်မှ ပစ်ခတ်ဖြိုခွင်းသောကြောင့် ငြိမ်သက်မသွား။ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့လေသည်။ မန္တလေးတွင်လည်း ဆန္ဒပြပွဲသည် တန့်မသွား။ တန့်မသွားသည့်အပြင် သမဂ္ဂတွေ အစုံအလင် ထွက်ပေါ်လာသည်။ 

မင်းလှည်းအစီးပေါင်း တစ်ထောင်ကျော် မောင်းနှင်ဆန္ဒပြသော မြင်းလှည်းသမဂ္ဂ ဆန္ဒပြပွဲမှာ မန္တလေး တမြို့တည်းတွင်သာမြင်ရသည့် မြင်ကွင်းဖြစ်သည်။ မြင်းလှည်းသမဂ္ဂ ဆန္ဒပြပွဲကြီးမှာ လှပင်လှနေသေးတော့သည်။ ရှင်ပြု အလှူပွဲကြီး ကျင်းပနေသလားဟု ထင်မှတ်မှားရသည်။ 


၈၈၈၈ (သစ္စာနီ)

ဒီနေ့ဟာ...
စစ်အာဏာရှင်စနစ် ခေါင်းတလားအဖုံးကို
နောက်ဆုံးရိုက်လိုက်တဲ့ သံတစ်ချက်ဖြစ်တယ်။

ဒီနေ့ဟာ...
နာတာရှည် လူ့အဖွဲ့အစည်းအတွက်
တော်လှန်ရေးစိတ်ဓာတ်နဲ့ ဖော်စပ်ထားတဲ့
နတ်ဆေး သြသဓဖြစ်တယ်။

ဒီနေ့ဟာ...
ထာဝရ ရှင်သန်မဲ့
လွတ်လပ်ခြင်း တရားမျှတခြင်းတို့ရဲ့
သမိုင်းတွင်တဲ့ မွေးနေ့ဖြစ်တယ်။


ကျနော်နှင့် မစုစုနွေး - ကိုမာကီ (၈၈ မျိုးဆက်)

ကျနော်သိကျွမ်းခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ လူနုသလောက် စိတ်ဓာတ် ခက်ထန်မာကြောတဲ့သူ။ စကားအပြောအဆို ရိုးရှင်းပွင့်လင်းသလောက်၊ ဆွေးနွေးညှိနှိုင်းရ ခက်ခဲသူ … ဒါပေမယ့် သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို ဘယ်အခါမဆို မှတ်ကျောက်တင်ခံဝံ့သူ …။ 

၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထဲ။ ၈၈ မျိုးဆက်ကျာင်းသားတွေရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကျနော်ရောက်သွားတော့ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ စာတိုလေးတစ်စောင်ကို စိတ်ဝင်တစား ဖတ်နေကြတယ်။ “ဘာစာလဲဗျ” ဆိုတော့ “ကော့မှူးက ကောင်မလေးတစ်ယောက်ရဲ့ စာပါ။ သူ့ကို တရားရုံးက အမိန့်ချတော့မှာကို ကျနော်တို့တတွေ လာရပ်တည်ပေးဖို့ လှမ်းရေးတာ” လို့ မင်းကိုနိုင်က ဆိုတယ်။ ကိုကိုကြီးကတော့ “သန်ဘက်ခါပဲဗျ။ ကျနော်တို့သွားကြမယ်။ ခင်ဗျားလည်း ပြင်ထားဦး” တဲ့။ ကျနော်က “ဖြစ်ပါ့မလားဗျ။ ကျနော်တို့သွားမှ ပိုဆိုးနေဦးမယ်” ဆိုတော့၊ မင်းကိုနိုင်က “ကျနော် အကြောင်းပြန်လိုက်ပြီးသားပါ။ အစ်ကိုတို့ရောက်လာမှ ညီမလေးအတွက် ပိုဆိုးရင်လည်း ဆိုးသွားနိုင်တယ် ဆိုတာကို။ ဒါပေမယ့် သူက ခံနိုင်ရည်ရှိပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ ရင်ဆိုင်ပါ့မယ်တဲ့။ ဒီတော့လည်း သွားကြတာပေါ့ဗျာ” 


အပျော်မယား - ၂ (ဆောင်းလူ)

ကျားကြောက်လို့ ... 
ရှင်ကြီးကိုး ... 
ရှင်ကြီးကိုယ်တိုင် 
ကျားထက် ပိုများဆိုးလေမလား ... 

.... .... 

ဝဝါး ...
ထွပား ... 
ကျားကိုပဲ ပြန်ကိုးကွယ်ရမလား ... 
ရှင်ကြီးပဲ ဆက်ကိုးကွယ်ရလေမလား ... 
လားပေါင်းများစွာမှ ... 


နှစ်ကုန်တွေ ခေတ်ကုန်တွေ လေကုန်ခံမနေနဲ့၊ လွတ်ငြိမ်းချမ်းသာခွင့်စစ်စစ် ကြေညာ (ဟံသာဝတီ ဦးဝင်းတင်)

“ယခုနှစ်ကုန်ချိန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှမကျန်အောင် ဆောင်ရွက်သွားမည်” 

ဒါက မိုးပေါ်ကကျလာတဲ့ စကားတွေဗျ။ မိုးပေါ်ကဆိုတာ စလောင်းကတစ်ဆင့်၊ ရုပ်သံလွှင့်လိုင်းတွေကလာတဲ့ သတင်းကိုပြောတာ။ ဗြဟ္မာ့ပြည်ကလာတဲ့ အသံလို့လည်း ထင်မနေနဲ့ဦး။ ပြီးတော့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း နှုတ်ခမ်းချင်းထိမိမှ တကယ်ဟုတ် အလုပ်ဖြစ်မယ့် သတင်းစာလွှာပါလို့လည်း လေပုပ်မထုတ်နဲ့။ 

ဒီစကားက ကျုပ်တို့ရဲ့ အချော်တစ် အချစ်တော် သမ္မတကြီးကိုယ်တိုင် ပြောတဲ့စကားဗျ။ ဘယ်မှာပြောလဲတော့ မမေးနဲ့။ ကျုပ်လည်း မသိဘူး။ သမ္မတကြီးက ကမ္ဘာရိုးကိုးပေါက် နိုင်ငံတကာလှည့် လက်ဝါးဖြန့် (အဲလေ ယောင်လို့) ဝါဒဖြန့်တာလည်း မဟုတ်သေးဘူး။ ခြေစကြာဖြန့်နေတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး။ အသံညှောင်ညှောင်ကို ကျုပ်ကိုယ်တိုင် နားထောင်လိုက်တာဗျို့။ 


Wednesday, July 24, 2013

ငြိမ်းချမ်းရေး… ဆိုတာ ပျားသကာ (ကိုညို)

ဇူလိုင် ၂၃ ရက်( အင်္ဂါနေ့)က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တာ ၄၉ နှစ်တိတိပြည့်ပါတယ်။ “ဆရာ မသေခင် ငြိမ်းချမ်းရေးကို မြင်တွေ့သွားချင်တယ်” လို့ ပြောသွားခဲ့ပေမယ့် အခုအချိန်ထိ ဆရာကြီးဆန္ဒက မပြည့်နိုင်သေးပါ။ အဲဒီခေတ်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားခဲ့သူတွေကိုယ်တိုင် တဖြုတ်ဖြုတ်နဲ့ ကြွေကုန်ပေမယ့် ပြည်တွင်းစစ်က မပြီးပြတ်နိုင်၊ မြန်မာပြည်ကြီးက မငြိမ်းချမ်းနိုင်။ ပြီးတော့ ငြိမ်းချမ်းရေးဗိသုကာကြီးလို့ ကဗျည်းထိုးခဲ့ပေမယ့် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးပေါ်လစီကိုတော့ ဘယ်အစိုးရနဲ့ ဘယ်သူပုန်အဖွဲ့မှ တလေးတစား မြည်းစမ်းရမှန်း ကျင့်သုံးရမှန်းလည်း မသိခဲ့ကြ။

နိုင်ငံတကာ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေကို လေ့လာကျမ်းပြုခဲ့တဲ့ ပညာရှင်ကြီးတွေ၊ ပရောဟိတ်ကြီးတွေ၊ နိုင်ငံရေး သုခမိန်ကြီးတွေကလည်း ကျမ်းအဆူဆူ ဖွတ်ဖွတ်ကြေလို့၊ ပါးစပ်က အမြှုပ်ထွက်အောင် ငြိမ်းချမ်းရေးစကား အသွင်သွင် ပြောနေ ဆွေးနွေးနေပေမယ့် မြန်မာပြည်က ငြိမ်းချမ်းရေး ချိုးငှက်ငယ်ခမျာ… အနားမကပ်နိုင်သေး။

သူမနာ၊ ကိုယ်မနာ ဒိုင်ယာလော့ခ် 

ဒီကနေ့ မြန်မာ့ငြိမ်းချမ်းရေးသုခမိန်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်လောက်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟောပြသွန်သင်ခဲ့တဲ့ ‘သူမနာ၊ ကိုယ်မနာ’ ငြိမ်းချမ်းရေးလမ်းစဉ်ကို အခြေခံလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ သူမနာ၊ ကိုယ်မနာ ငြိမ်းချမ်းရေးမူ အစပြုလာပုံကို ကွယ်လွန်သူ စာရေးဆရာကြီး တော်ဖုရားလေး ဦးအောင်ဇေရဲ့ ‘ဝင်းဝင်း ပေါ်လစီ’ ဆောင်းပါးမှာ ပြောထားတာလေး မှတ်မိနေတယ်။


အပျော်မယား (ဆောင်းလူ)

မပိုင်မှန်းသိတယ် ... 
သူ့မျက်နှာ ကြည့်ကြည့်နေရတယ် ... 
ပေးသမျှသာယူ ...
ကျွေးသမျှသာယူ ... 
ကျသမျှသာယူ ... 
သူ့တို့ကျေးဇူးတွေ မြင့်မိုရ်မကကျူး 

သို့ကြောင့် ... 
ထို့ကြောင့် ... 
အကြောင်းကြောင်းကြောင့် 
မလွန်ဆန်ဝံ့ဘူး ... 
အာမခံဝံ့ဘူး ... 


ရန်ကုန်-ကျပ်ပြေး (ကာတွန်း စောမင်းဝေ)


နိုင်ငံရေးခံတွင်းက ခပ်ပျက်ပျက်၊ ဘဲနာဘဲပြုတ်သံတွေက တရစပ်ထွက် (ဟံသာဝတီ ဦးဝင်းတင်)

ဒီအတောအတွင်း သတင်းတွေတယ်စုံသကိုးဗျာ။ ကြားရကြားရ နားဝမသက်သာ ဆိုတာမျိုးတွေလည်း ပါရဲ့။ နားဝသကာလောင်း ဆိုတာမျိုးတွေလည်းပါရဲ့။ နားဝ ကြက်မွေးကျပ် ဆိုတာမျိုးလည်း ပါရဲ့။ (အပိာ အပိာ ယားကျိကျိပါလားဗျို့ ဆိုတာမျိုးပေါ့လေ။) 

အမျိုးသားလွှတ်တော်မှာ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကြမ်းဆွးနွေးတယ်။ ဥက္ကဋ္ဌကြီးက စာပိုဒ်အလိုက် အမတ်မင်းတွေ သဘောတူ-မတူမးတယ်။ တစ်မတ်သားအမတ်များ (အဲမွှားလို့ ဘွာ ဘွာ) တပ်သားအမတ်များက တေမိဇာတ်ခင်း ပာင့်အင်း မလုပ်၊ အင်း မလုပ် နှုတ်ပိတ်နေသတဲ့။ အဲဒီလို တပ်အမတ်တွေ ပါးစပ်ပိတ်နေတာကို ဥက္ကဋ္ဌက မာန်မဲလိုက်သတဲ့။ ဒီလို အစုလိုက်မေးတာ မဖြေရင် လွှတ်တော်ထဲက အစုလိုက် မောင်းထုတ်မယ်တဲ့။ 

စကားလုံးတွေကတော့ အပ်ကျမတ်ကျ မပာုတ်ဘူးပေါ့။ ဥက္ကဋ္ဌကြီးက ထန်ထန်ခြောက်ခြောက် မာန်ကာ ငေါက်လိုက်တာကတော့ အသံလွှင့်မီဒီယာတွေမှာ အတိုင်းသား ကြားလိုက်ရသပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော် နာယကကြီးရဲ့ နာယက အသိဉာဏ်ကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ပဲ ကျုပ်ကတော့ မှတ်ယူသဗျာ။ ပါဠိလိုတော့ ပရိသညူလို့ ဆိုသပေါ့။ ပရိသတ်ရဲ့ စိတ်ထားကိုသိခြင်း အသိဉာဏ်ပေါ့ဗျာ။ 


Tuesday, July 23, 2013

နိုင်ငံရေးသမားတွေ လူထုကို မေ့လျော့နေကြသည် (ဖေမြင့်)

‘ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင်လည်း NLD အနေဖြင့် နိုင်ငံ့အကျိုးရှေးရှုပြီး အကောင်းဆုံးလမ်းကိုသာ ဆက်လျှောက်မည်’ တဲ့။ ၂၁ ဇူလိုင် ၂၀၁၃ Daily Eleven သတင်းစာပါ သတင်းခေါင်းစဉ်တစ်ခုက ဖော်ပြထားသည်။ 

သည်ဟာ ဖတ်ရတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတစ်ရပ်အဖြစ် ကြေညာပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် သည်အရေးကိစ္စအပေါ် လေးနက်မှု လျော့သွားလေသလား သံသယဖြစ်မိသည်။ 

တစ်ဖက်တွင် ဖွဲ့စည်းပုံကို စောင့်ကြပ်သူတို့သည် အလျှော့ပေးလိမ့်မည်မဟုတ်ဟူ၍ မိမိတို့ဘာသာ နားလည်လက်ခံကာ သည်ကိစ္စတွင် မသိမသာ နောက်ဆုတ်သွားခြင်းလားဟုလည်း စဉ်းစားစရာ ဖြစ်သည်။ အချို့ပုဂ္ဂိုလ်များအနေနှင့်မူ ဘာအပေးအယူ တစ်စုံတစ်ရာရှိ၍ သည်ကိစ္စကို အလဲအလှယ်ပြုလေသလဲဟုပင် ထင်စရာရှိ၏။ 


ဒီမနက်စောစော တွေ့လိုက်ရသော ငါးများ ... (ဆောင်းလူ)

ဒီနေ့မနက် 
ငါနေရာ မြို့ကြီး ပြကြီးမှာ ... 
ငါးတွေ ဖျတ်ဖျတ်လူးနေကြတယ် ...
ရများလို့တဲ့ ...။ 

ကြည့်ရတာ သူတို့
ရေများရာအရပ်ကနေ
ရေနည်းရာအရပ်ကု
မျဉ်းကျားတွေဆီကနေ
ဒါင်လိုက် ရွေ့လျားနေပုံရတယ် ...။ 

ငါးတွေမှာ 
ဟုသွား ဒီသွားစရာ 
မှတပုတင်မလုဘူး ... 

ငါးတွေမှာ 
ဟုသွား ဒီသွားစရာ 
ဆုင်ကယ်တွေမရှိဘူး ... 

ငါးတွေမှာ 
ဟုသွား ဒီသွားစရာ 
ကားတွေမရှိဘူး ... 

ငါးတွေမှာ 
ဟုဆက် ဒီဆက်စရာ 
ဟုကလိ ဒီကလိစရာ 
စမတ်လ်ဖုန်းတွေ မရှိဘူး ... 


နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၂

“ငပိစားလို့ ဖြစ်တာကွ လူဆီက ကူးတာလည်း ပါတယ်။ ဟာ ... ငပိမစားလို့ ဘာသွားစားမလဲ။ ပေါက်ချင်လည်း ပေါက်ကွာ ပေါက်ရင် ကုတ်မယ် ဖဲ့မယ်” စသဖြင့် ဝဲရောဂါသည်များ တစတစ များလာပြီဖြစ်သည်။

ဖသောင်းမှာ အတွေ့အကြုံရင့်နေသော ကျောင်းသားတယောက်၏စကားကြောင့် ရင်ခုန်စရာတခုရလာ၏။ 

“တို့တွေ မကြာတော့ပါဘူးကွာ ပြန်ရမှာပါ ... သူတို့ဘက်က အလှည့်အပတ်တခုခု လုပ်ကိုလုပ်ပြရမယ်။ အဲဒီမှာ တို့ပါသွားမှာပဲ ဒါပေမယ့် တိုက်ပွဲမပြီးသေးဘူး၊ ပွဲကြီးပွဲကောင်း ပြန်တွေ့ရဦးမယ်” ဟူသောစကားကို ကျေနပ်စွာနားထောင်ရင်း ရှဥ့်ကလေးများပုံကို မီးသွေးဖြင့် ခိုးကာ ရေးဆွဲနေမိသည်။ 

“ဒါ ဘာပုံလဲကွ” 

“ရှဥ့်လေကွာ” 

“ဘာလုပ်ရမှာလဲ ချက်စားလို့လည်း မရ” 

“ဟာ … ငါ သတိရတဲ့ ကောင်မလေးက ဆံပင်ရှည်ကြီး တဖားဖားနဲ့ကွ၊ ရှဥ့်နဲ့ ရှဥ့်အမြီး လိုက်ဖက်သလို သိပ်ကြည့်ကောင်းတယ်” 

“ဒါဆိုလည်း အဲဒီကောင်မလေးပုံ ဆွဲပါတော့လား ... လိုရင်းမရောက်ဘူး” 


Monday, July 22, 2013

အစိုးရချည်း အားမကိုးနဲ့ (ကိုညို)

လက်တွေ့မကျတဲ့ ကြွေးကြော်သံ 

ကျနော်တို့ငယ်ငယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကတည်းက အလုပ်နဲ့ပတ်သက်ပြီး အမြဲကြားနေရတဲ့ ဆိုစကားတွေရှိတယ်။ ‘လုပ်အားတန်ဖိုး ချစ်မြတ်နိုး’၊ ‘အလုပ်ဟူသမျှ ဂုဏ်ရှိစွ’ တို့၊ ‘အလုပ်ကို လေးစားက အလုပ်က ပြန်လေးစားမည်’ တို့၊ ‘အလုပ်ကြိုးစားမှ အဟုတ်တိုးပွားမည်’ တို့ပေါ့။ အမှန်တကယ် စိတ်ထဲ၊ ရင်ထဲက တန်ဖိုးထားပြီး သဘောပိုက်လုပ်ဆောင်ကြမယ်ဆိုရင် သိပ်ကောင်းတဲ့ စကားပုံတွေ၊ အဆိုအမိန့်တွေပါ။ ဒါပေမယ့် စီမံအုပ်ချုပ်ရေး ညံ့ဖျင်းတဲ့အစိုးရကရော၊ လုပ်သားပြည်သူတွေကပါ အဲလို စကားလှလှတွေအတိုင်း မကျင့်ကြံနိုင်ခဲ့လို့ တနည်းပြောရရင် အလုပ်သမားတယောက်မှာရှိသင့်တဲ့ အရည်အချင်း၊ လိုက်နာသင့်တဲ့ စည်းမျဉ်း၊ စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့်တရားတွေ ပျက်ယွင်းခဲ့လို့ ကျနော်တို့ကြီးပြင်းလာတဲ့ ခေတ်တလျှောက်လုံး အစိုးရ စီမံကိန်းတွေလည်း ပျက်ယွင်း၊ အလုပ်သမားစိတ်ဓာတ်တွေလည်း ခြစားပျက်စီးကုန်တယ်။

ခိုးစားရတဲ့ ... အလုပ်သမားဘဝ 

တချိန်တုန်းက မြန်မာပြည်က အကြီးမားဆုံး သကြားစက်ရုံကြီးနဲ့ အရက်ချက်စက်ရုံကြီးရှိရာ အလုပ်သမား ထောင်နဲ့ချီ နေထိုင်အလုပ်လုပ်ကိုင်တဲ့ ရန်ကုန် မန္တလေးကားလမ်းနံဘေးက တောမကျ မြို့မကျ မြို့လေးတမြို့မှာ ကျနော် ကြီးပြင်းခဲ့တယ်။ အများက အလုပ်သမားမြို့လို့ သိထားကြတယ်။ မြို့ကလေးမှာ တနေ့ ၄ ကြိမ် ဥသြဆွဲတယ်။ မနက် ၈ နာရီ လုပ်ငန်းခွင်ဝင်ချိန်ရယ်၊ နေ့လည် ၁၂ နာရီတိတိ ထမင်းစားရပ်နားချိန်နဲ့ နေ့လည် ၁ နာရီ အလုပ်ဝင်ချိန်ရယ်၊ ညနေ ၄ နာရီ အလုပ်ဆင်းချိန်ဆို သံရှည်ဆွဲလိုက်တဲ့ စက်ရုံက ဥသြသံဟာ တမြို့လုံးရဲ့ အချိန်ခန့်မှန်းတဲ့နာရီလို ဖြစ်နေတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ ပျားအုံထဲက ပျားတွေလို တမြို့လုံးက အလုပ်သမားတွေ ရုတ်ရုတ်သဲသဲနဲ့ စည်ကားနေတတ်တာ ကျနော်တို့မြို့လေးရဲ့ ပုံမှန်မြင်ကွင်းပါ။


အမှုတွဲ ... (ကာတွန်း စောငို)


Sunday, July 21, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၇

အခန်း - ၈ 
အမောင်ပြောက်ကျား၊ ချစ်သူအားကို 
ဘာများမှာခဲ့လိုသနည်း၊ 
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို 
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ 

(မင်းသုဝဏ်၊ သူ့မှာတမ်း) 

စစ်ကိုင်းမြို့ပေါ်မှ လူပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ ပျောက်ကွယ်သွားကြသူတွေထဲတွင် မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဇော်မြင့်လည်း ပါသည်။ ထို့အပြင် ပြုံးလဲ့ယဉ်လည်း ပါလေသည်။ ပြုံးလဲ့ယဉ်သည် စစ်ကိုင်းမြို့မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ သူဘယ်ရောက်သွားသည်ကို ဘယ်သူမှ မသိကြတော့။ 

******** 

အခန်း - ၉ 

ညစ်ဆိုးအဖြစ်သနစ် 
လှစ်ခါပြရရင်တော့ 
တစ်ကိုးရှစ်ရှစ် ခေတ်အခါသမယမှာဖြင့်
မတ္တာအလှတို့ ပျောက်ပျက်မှိန်
အာ်.... သစ္စာဓမ္မတို့ ဖောက်ဖျက်ချိန်။ 

(အသင့်ပြင်ကြလော့၊ ၈ လေးလုံးကာလအတွင်းထွက်ပေါ်ခဲ့သော ကဗျာ ရေးသူ - အမည်မသိ) 

၁၉၈၈ ဇူလိုင်လ - သြဂုတ်လ ရန်ကုန်။ 

ဖွဲမီးသည် တငွေ့ငွေ့တောက်လောင်နေသည်။ မီးအများဆုံးနှင့် လောင်စာ အများဆုံးနေရာမှာ ရန်ကုန်ဖြစ်သည်။ ကျောင်းတွေ ပိတ်သွားပြီဖြစ်သောကြောင့် မျိုးသိန်းလည်း အဆောင်မှ ထွက်ပေးလိုက်ရသည်။ သို့သော် သူသည် ရန်ကုန်မှ မထွက်ခွာသေး။ တိုက်ပွဲကို သူ မစွန့်ခွာနိုင်သေး။ တောင်ဥက္ကလာရှိ အဒေါ့်အိမ်တွင် ဆက်လက်တည်းခိုရင်း လှုပ်ရှားမှုအားလုံးနှင့် အဆက်မပြတ် ထိတွေ့နေသည်။ 

ဇွန်လ မြေနီကုန်းလှုပ်ရှားမှုတွင်လည်း သူ ပါဝင်ခဲ့သေးသည်။ ဇွန်လကုန်ပိုင်းတွင် ပဲခူးမြို့၌ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာသောအခါတွင်လည်း သူသွားဖို့ ကြိုးစားလိုက်သေးသည်။ သို့သော် အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သောအခါ သူ မသွားဖြစ်တော့။ ရွှေတိဂုံဘုရားပေါ်က တရားပွဲတွေဆီကိုတော့ သူ မှန်မှန်ရောက်လေသည်။ ကျောင်းသားများသည် ရွှေတိဂုံဘုရားပေါ်တွင် သပိတ်စခန်း ဖွင့်လှစ်လိုက်လေပြီ။ 


ငှက်ပျောသီး အခွံနွှာတာက ခက်ဦးမယ် ... (ကာတွန်း အောင်မော်)


ဒီမိုကရေစီပျိုးပင် (ပေးစာ - ၁) - ညီစောလွင်

ဒီလို ရှိတယ်… ညီစောလွင် 

ဖ့ဘွတ်ပေါ်မှာ မင်းတို့တွေ ပြောဆိုနေကြလို့ ငါ့မှာလည်း ပြောစရာရှိလာတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းလို့ မင်းတို့တွေ ဘိုဆန်ဆန် ခေါ်နေကြတဲ့ ဖြစ်စဉ်ကြီးအကြောင်းပေါ့ကွာ။ ဒီမိုကရက်တိုက်ဇေးရှင်းဆိုပြီး တရှင်းတည်း ရှင်းနေကြတော့ ငါ့မှာလည်း သံယောင်လိုက်ပြီး ဒီမိုကရက်တိုက်ဇေးရှင်းလို့ပြောမှပဲ မင်းလည်း နားဝင်တော့မယ် ထင်ပါရဲ့ကွာ၊ (ဟဲဟဲ)။ ဒေါ်အောင်ဆန်းစုကြည် စကားအတိုင်းဆိုရင်တော့ ဒီမိုကရေစီ အုတ်မြစ်ချတယ်…။ ဦးနု စကားအတိုင်းဆိုရင်တော့ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်တယ်ပေါ့ကွာ။ 

ဘာလိုလိုနဲ့ ရွေးကောက်ပွဲအလွန်ကာလဟာ သုံးနှစ်ထဲကို ရောက်နေပြီကွ၊ အပြောင်းအလဲတွေအကြောင်း ရေးလိုက်ကြတာတွေကိုဖတ်ပြီးတော့ မျက်စိလည်နေတယ်၊ တောကြီးမျက်မည်းထဲ ရောက်နေသလိုပဲ မင်းတို့ပြောနေတဲ့ ဒီမိုကရက်ဇေးရှင်းက အခု ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာကို မသဲကွဲဘူး။ အဲဒီတော့ ဘာတွေ ကျန်သေးသလဲ ဘယ်လောက် ကြာဦးမလဲဆိုတာလည်း မသဲကွဲတော့ဘူး။ သောမတ်စ်ကာရို့သာ့စ်ရဲ့ အဆင့်သုံးဆင့်ကတော့ မပြောနဲ့တော့။ အလွတ်ရနေပါပြီကွာ၊ (ဟဲဟဲ)။ 

ဟိုတလောက ဂျာနယ်တစောင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက အခုမှ ဖြေလျှော့တဲ့အဆင့်ပဲရှိသေးတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ သောမတ်စ်ကာရိုသာ့စ်ရဲ့ အဆင့်သုံးဆင့်တွေထဲက opening အဆင့် (ဝါ) လစ်ဘရယ်လိုက်ဇေးရှင်း (Liberalization) အဆင့်လို့ ပြောလို့ရမှာပေါ့ကွာ။ 

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ မီဒီယာတွေကို ဖြေလျှော့ပေးခဲ့တယ်။ အသင်းအဖွဲ့လေးတွေ အတိုင်းအတာတစ်ခုအထိ လွတ်လွတ်လပ်လပ် ဖွဲ့စည်းလာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ပြန်လွှတ်ပေးတယ်၊ တချို့ပည်ပရောက်တွေ ပြည်တော်ပြန်ခွင့်ရတယ်။ ဒါမျိုးတွေပေါ့ကွာ။ 


Saturday, July 20, 2013

ရွှေစုမလား၊ စိန်စုမလား (ကာတွန်း စောငို)


ဒီမိုကရေစီတည်ဆောက်ရေးအတွက် လေ့လာစရာ သင်ခန်းစာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဒီမိုကရေစီနည်းနဲ့တက်လာတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်တဲ့ လက်ရှိ အီဂျစ်ဖြစ်ရပ်မျိုး၊ အာဏာရှင်စနစ်အောက်က ရုန်းထွက်စနိုင်ငံတိုင်းမှာ ပေါ်ပေါက်လာနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကော ဒီမိုကရေစီအခြေခံအဆောက်အအုံတွေကို ဘယ်လောက်အထိ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ကြပါပြီလဲ။ သမိုင်းပညာရှင် ဒေါက်တာဦးအောင်ခင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ကျနော်တို့ မြန်မာနိုင်ငံအကြောင်းမပြောခင် အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို နည်းနည်းပြောကြရအောင်။ ဒီမိုကရေစီနည်းကျကျတက်လာတဲ့ မိုဟာမက် မော်စီ (Mohamed Morsi) အစိုးရကို စစ်တပ်ကဖြုတ်ချပြီးတော့ အာဏာသိမ်းလိုက်ပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးကတော့ အာဏာသိမ်းတယ်လို့ မသုံးဘူးပေါ့။ သူကတော့ အီဂျစ်စစ်တပ်နဲ့သူတို့ အဆက်အသွယ် မပျက်သွားစေချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါ သုံးသပ်ချက်တွေအရ။ ဆိုတော့ ဘာပဲပြောပြော ဒီလို ဒီမိုကရေစီနည်းကျကျ လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတော့ ဒါ ဒီမိုကရေစီနဲ့ အလှမ်းဝေးသွားတဲ့သဘောလို့ ဆရာ မယူဆဘူးလား ခင်ဗျ။ 

ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ အီဂျစ်ကတော့ သူ့ ဒီမိုကရေစီအစိုးကတော့ တစ်နှစ်ပဲရှိသေးတာကိုး။ ဒီတစ်နှစ်မှာ ဘာမှလုပ်တာကိုင်တာတွေ မှားတာတော့ ရှိတာပေါ့လေ။ အမြဲတမ်းတော့ အများအကြိုက်တော့ ဘယ်ဖြစ်နေမလဲ။ ဒါပေမယ့် ဒီလောက်ကို မစောင့်နိုင်ဘဲနဲ့ စစ်တပ်အာဏာသိမ်းအောင် သူဖန်တီးပစ်တာတော့ အီဂျစ်အတွက် မကောင်းဘူးပေါ့။ အလားအလာ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့အားလုံးသိတဲ့အတိုင်း Muslim Brotherhood ဆိုတာ ဒီအရင်တုန်းက အကြမ်းဖက်ရာကနေပြီးတော့ ဒီမိုကရေစီဘောင်ထဲကနေလုပ်မယ်ဆိုတဲ့ လာတဲ့ဥစ္စာ သူ့ကို စမ်းသပ်ခွင့် လုပ်ကိုင်ခွင့်ပေးလိုက်လို့ရှိရင် သူ အခြေအနေ သိလာမှာပေါ့။ 


၆၆ နှစ်မြောက် အာဇာနည်နေ့

မန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ရာ 

ဒုတိယ သမ္မတ စိုင်းမောက်ခမ်း တက်ရောက် အလေးပြုခဲ့ပါတယ်။ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းဟာ နိုင်ငံတော်အခမ်းအနားအဖြစ် တက်ရောက်အလေးပြုခဲ့တာဖြစ်ပြီး

နိုင်ငံတော် အခမ်းအနားအပြီးမှာတော့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုခဲ့ပါတယ်။ 

Friday, July 19, 2013

အာဇာနည်နေ့ - ၁ (ကာတွန်း စောငို)





ခဏခဏ အသတ်ခံရတယ်၊ ဘယ်တော့မှ မသေဘူး … (ဟိန်း)

ဟာဒီမြို့ကလေးမှာ ... 
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း။ 
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း။ 
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း။ 
ဘာပြုနေတာတုန်း၊ ဘာကို ပြုနေတာတုန်း၊ ဘာတွေကို ပြုနေကြတာတုန်း၊
ပုခြင်းဟာ မရှင်းမလင်း ... ... ။ 

သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေကြားမှာ ဆိုင်းဘုတ်ကလေးတွ့မယ်။
ပြောချင်တာက ... 
ချုံတွေကွယ်ထားတယ် ဆိုင်းဘုတ်ကို 
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။ 


နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၁

အမေ၏ စိုးရိမ်မှု မီးတောက်ကြီးကို ထင်းများထပ်မထိုးတော့သော်လည်း အပူရှိန်မကုန်သေးဘဲ တဝုန်းဝုန်းလောင်နေဆဲ။ “ငါ့မှာ အိပ်လို့တောင် မရဘူး၊ လွှတ်တဲ့လူကလည်း လွှတ်တယ်၊ သွားတဲ့သူကလည်း တကယ့်ပွဲကြီးမှ ရောက်အောင် သွားတယ်။ ငါမှာ ရသမျှဘုရားရှိခိုးတွေ ကုန်ပြီ” ဟု ပြောသည်။ 

အဖေ့ကို သတင်းစုံ မြင်ကွင်းစုံ သူမ ဖောက်သည်ချပြီး အိပ်ခန်းထဲဝင်နားတော့မယ် ဟုဆိုကာ အရင်ဆုံးလုပ်မိသော အလုပ်မှာ အိတ်ထဲမှ ဦးထုပ်ကိုထုတ်၍ ဆောင်းကြည့်ပြီး မှန်ထဲပြန်ကြည့်သည့် အလုပ်ပင်ဖြစ်တော့သည်။ သူမ မျက်နှာအစား ဦးထုပ်ပိုင်ရှင်၏ ကံကြမ္မာကို မှန်ထဲမြင်ရလျှင် ကောင်းပေစွ ဟု တမ်းတမိသော်လည်း သောကခိုးရိုက်၍ ညှိုးနေသော သူမ မျက်နှာကိုပင် ညို မြင်ရသည်သာ။ 

xxxxx xxxxxx xxxxxx 

ငှက်ပစ်ယောင်ဆောင်၍ အုန်းသိန်း ညိုတို့ခြံနောက် စည်းရိုးနား ကပ်ချောင်းသည်။ ရေကပြင်တွင် ခြေချထိုင်ရင်း ညို့လက်ထဲ လှည့်ပတ်ကြည့်နေသည်မှာ ဖေသောင်းဦးထုပ်မှန်း အုန်းသိန်း ချက်ချင်းမှတ်မိသွားပြီး စိတ်ထဲ ဖျဉ်းခနဲဖြစ်ကာ ဖေသောင်းပုံကို ပြန်မြင်ယောင်လာ၏။ 


Thursday, July 18, 2013

အာဇာနည်နေ့ (ကာတွန်း စောငို)

 

အာဇာနည်တွေနေတဲ့ တိုင်းပြည် (ဝင်းထွဋ်ဇော်)

အာဇာနည်ဆိုတာဟာ ဘယ်လိုလူတွေလဲ။ သူတို့တွေ ဘယ်မှာနေကြသလဲ။ အာဇာနည်ဆိုသူတွေဟာ သာမန်လူတွေထက် ထူးကဲတဲ့ တန်ခိုးသတ္တိတွေကို ပိုင်ဆိုင်ထားကြသူတွေလား။ အာဇာနည်ဆိုသူတွေဟာ စူပါမင်းတို့လို ကပ္ပတိန် မားဗဲလ်တို့လို ပုဂ္ဂိုလ်တွေလား။ 

အာဇာနည်ဆိုတဲ့ ဝေါဟာရကို ကျွန်တော် ပထမဆုံးကြားဖူးခဲ့တဲ့အချိန်ကတော့ ၁၉၅၀-၅၁ ခုနှစ်လောက်ကပါ။ ထိုအချိန်တုန်းက ကျွန်တော်ဟာ ကလေးငယ်တစ်ယောက်မျှသာဖြစ်ပါတယ်။ 

ထိုနေ့က ကျွန်တော်တို့မိသားစု ရွှေတိဂုံစေတီတော်ဆီကို ဘုရားဖူးသွားခဲ့ကြတယ်။ အမေရယ်၊ အမေ့ရဲ့အစ်မဖြစ်တဲ့ ကြီးကြီးရယ်၊ အိမ်နီးနားချင်း အမျိုးသမီးကြီးတစ်ယောက်ရယ်။ ပြီးတော့ ကျွန်တော့်အစ်ကို နှစ်ယောက်နဲ့ ကျွန်တော်ရယ်။ ပြီးတော့ ဆွေမျိုးရင်းချာသဖွယ်ဖြစ်နေတဲ့ ကျွန်တော်တို့အိမ်မှာအတူနေတဲ့ လူငယ်တစ်ယောက်ရယ်။ 

ထိုအချိန်တုန်းက ကျွန်တော်တို့မိသားစုနေထိုင်ရာ သင်္ဃန်းကျွန်းကနေ ရွှေတိဂုံဘုရားကိုသွားရတဲ့ခရီးဟာ သိပ်မခက်ခဲလှပါဘူး။ ကျွန်တော်တို့တစ်ဖွဲ့လုံး ဘတ်(စ)ကားပေါ်မှာ ခပ်ချောင်ချောင်ထိုင်လိုက်ရင်း ရွှေတိဂုံဘုရားနဲ့ အနီးဆုံးနေရာ ရွှေဂုံတိုင်ကို ရောက်ခဲ့ကြတယ်။ ဒီနောက် မြင်းလှည်းတစ်စီးနဲ့ ရွှေတိဂုံစေတီရဲ့ ခြေတော်ရင်းကို ရောက်ခဲ့ကြတယ်။ 


ရန်ကုန်-ကျပ်ပြေး (ကာတွန်း အောင်မော်)


Wednesday, July 17, 2013

ထန်းတပင်ရွာမှ အပြန် (ခင်မမမျိုး)

လက်က တဆစ်ဆစ်ကိုက်နေတယ်။ 

အဖျားရှိန်ကြောင့် မျက်လုံးတွေပူပြီး ခေါင်းတွေ မူးနောက်နေတယ်။ 

ချော်လဲထားတဲ့အရှိန်နဲ့ ကိုယ်ခန္ဓာဘယ်ဘက်တခြမ်း အောင့်နေတယ်။ 

ဒါပေမယ့် စာရေးလိုစိတ်ဆန္ဒကို ကျွန်မ ထိန်းလို့မရဘူး။ 

 အဖြစ်က ဒီလိုပါ။ 

ဒီနေ့ ဒဂုံဘက်က သီလရှင်သင်ပညာရေးကျောင်းတခုကို သြစတြေးလျနိုင်ငံ၊ တက္ကသိုလ်တခုမှ ဆရာမတဦး ခေါ်သွားပြီး လိုအပ်တာတွေ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့ needs assessment သွားလုပ်ဖြစ်ကြတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာသင်ယူရတဲ့ ဘဝအခြေအနေလေးတွေကိုလေ့လာမိရာက ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေးကိုပါ ထည့်သွင်းဆွေးနွေးမိသွားကြတယ်။ 

ဒါနဲ့ပဲ ပါလာတဲ့ ဆရာမတယောက်က လှည်းကူးဘက်မှာ အကောင်အထည်ဖော်နေတဲ့ ကျောင်းပြင်ပကလေးတွေကို ပညာသင်ကြားပေးရေး စီမံချက်တခုကို လိုက်ပြပေးမယ်လို့ အကြံပြုလာတယ်။ ပညာရေးနဲ့ပတ်သက်ရင် လေ့လာလိုစိတ်ရှိသူတို့ရဲ့ထုံးစံအတိုင်း ဘယ်သူငြင်းကြပါ့မလဲ။ 


Tuesday, July 16, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၆

အခန်း - ၇ 

ကြည်နူးမှုရဲ့ အရိပ်ဝယ်၊
နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ 
အလွမ်းတွေ မပြေပါဘူးကွယ်၊ 
ကမ်းခြေဇေယျာဦးဝယ်။ 

(တေးရေး ကိုလှမိုး။ ကမ်းခြေဇေယျာဦး) 

၁၉၈၈ ခု သြဂုတ်လဆန်း၊ စစ်ကိုင်းမြို့။ 

 အေးစိမ့်သော ကျောက်စက်ရေတွေ မကြာခင်ကပင် ထည့်ထားခဲ့သည့် ဖလ်ခွက်တခွက်ထဲသို့ ကျိုက်ကျိုက်ဆူ လောင်မြိုက်သော ရေနွေးပူတွေ လောင်းချလိုက်သောအခါ ပို၍ ပြင်းထန်စွာ ပေါက်ကွဲဖို့ ဖြစ်လာလေသည်။ ပြုံးလဲ့ယဉ်၏အဖြစ်မှာ ထိုသို့နှင်နှင်သာတည်း။ 

******** 

ထိုနေ့သည် သူ့ဘဝတလျှောက်လုံးတွင် အမျှော်လင့်ကြီး မျှော်လင့်ပြင်ဆင်ခဲ့ရသော နေ့တနေ့ဖြစ်သည်။ သူ့ဘဝ၏ အချိန်တော်တော်များများကို ထိုနေ့အတွက်သာ ရည်စူးပြင်ဆင်ခဲ့လေသည်။ ထိုနေ့ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အတွက် ရည်မှန်းကြိုးစားခဲ့လေသည်။ ထိုနေ့သည် ပြုံးလဲ့ယဉ်နှင့် ဇော်မြင့်တို့၏ မင်္ဂလာဦးနေ့ဖြစ်သည်။ 


နောက်ထပ် အရှုံးမပေါ်စေချင်ပါ (ကိုညို)

အာဇာနည်နေ့ … ဒို့မမေ့ 

ကျနော့်ဘဝဟာ အာဇာနည်နေ့မှာ အစပြုခဲ့သလို အာဇာနည်နေ့မှာ လူဖြစ်လာတာပါ။ ကျနော့်ကို မွေးဖွားပေးခဲ့တဲ့ ကရင်သူနာပြုဆရာမကြီးက မွေးမွေးချင်း ‘အာဇာနည်မောင်’ လို့ နာမည်ပေးခဲ့တယ်။ သူပေးတဲ့နာမည်ကို မိသားစု ညီအကိုမောင်နှမတွေကရော၊ ရပ်ကွက်ထဲက သူငယ်ချင်းတွေကရော ဘယ်သူမှမခေါ်သလို အသိအမှတ်လည်း မပြုဘူး။ 

ဒါပေမယ့် ကျနော့်ကိုမွေးပေးခဲ့တဲ့ ကရင်သားဖွားဆရာမကြီးကတော့ ကျနော်အရွယ်ရောက်လာတဲ့အထိ ဆေးရုံမှာဖြစ်စေလမ်းမှာဖြစ်စေ တွေ့တိုင်း ‘အာဇာနည်မောင်’ လို့ အားရပါးရခေါ်ပြီး နှုတ်ဆက်တတ်တယ်။ သူအဲလို လူကြားသူကြားထဲခေါ်ရင် ကျနော် နည်းနည်းရှက်တတ်တယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြိတ်ပြီးသဘောကျနေသလို၊ အာဇာနည်လို့ အပြောခံရတာကို ဂုဏ်ယူနေတယ်။ ကိုယ့်မွေးနေ့မို့ အာဇာနည်နေ့ကိုလည်း မေ့စရာမလိုတော့ဘူး။ ငယ်သူငယ်ချင်းအများစုကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်ခေါင်းဆောင်တွေ ကျဆုံးတဲ့နေ့၊ ဝမ်းနည်းစရာကောင်းတဲ့နေ့မှာမွေးလို့ ကျနော်ဟာ ကံမကောင်းဘူး၊ လာဘ်လည်း မကောင်းဘူးလို့ စကားနာထိုးတတ်ကြတယ်။ 


ကမ္ဗည်း (ကိုထက်-ရေဦး)

ရွ့ လိုက် 
ချစ်ခြင်းဖြင့်လွှင့်တင်ရမယ့် 
အလံတော်မှာ 
အာဇာနည်ဆိုတဲ့ အမည်နာမ 
အာဇာနည်ဆိုတဲ့ အနက်အဓိပ္ပာယ် 
အာဇာနည်ဆိုတဲ့ အသက်ဓာတ် 
အာဇာနည်ဆိုတဲ့ အရိပ် 
အာဇာနည်ဆိုတဲ့ အလင်း 
အာဇာနည်ဆိုတဲ့ အမတတရား 

ဒါဟာ
ခတ်အဆက်ဆက် 
ဒါဟာ 
သမိုင်းအဆက်ဆက် 
ဒါဟာ 
ရာဇဝင်အဆက်ဆက် 
ဒါဟာ သံသရာအဆက်ဆက် 
ဒါဟာ ဘယ်လိုဖျက်ဖျက် 
ဘယ်သူဖျက်ဖျက် 
ဘယ်တော့မှပျက်ကျမသွားမယ့် 
ကျောက်ထက်အက္ခရာ 


Monday, July 15, 2013

မေ့မရနိုင်တဲ့ အိန္ဒိယက ကျေးဇူးရှင်တွေ (ကိုညို)

အပိုင်း(၁) 

နွားသူတောင်းစား၊ စာနာတဲ့ကုလားနဲ့ နိဗ္ဗာန်ရပ်ကွက်က ကျောင်းသားသူပုန်တွေ

“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း” စောစောစီးစီး၊ ချမ်းချမ်းစိမ့်စိမ့်မှာ စည်းချက်မှန်မှန်နဲ့ အိမ်ရှေ့တံခါးကိုခေါက်နေတဲ့အသံကြောင့် ကျနော်တို့အားလုံး နိုးနေပေမယ့် စောင်ခေါင်းမြီးခြုံထဲက ကွေးအိပ်နေရတဲ့အရသာကိုနှမြောပြီး တယောက်မှ မထချင်ကြ။ မသိချင်ယောင်ဆောင်ပြီး ဆက်ကွေးနေကြတယ်။ 

“ဒုန်း… ဒုန်း… ဒုန်း ...ဒုန်း” အသံက ရပ်မသွား၊ ပိုတောင်ကျယ်လာတယ်။ မနက် ၆ နာရီ၊ ဒီအချိန်ကြီး ဘယ်ဧည့်သည်များပါလိမ့်၊ အလိုက်မသိလိုက်တာ။ ၁၀×၈ ပေလောက်သာရှိတဲ့ အခန်းကျဉ်းလေးထဲ လူ ၇ ယောက် မဆန့်ဆန့်အောင် တယောက်ခါင်းရင်းဘက် တယောက်ခြေရင်းထားပြီး အိပ်နေကြတဲ့အထဲမှာ ကိုယ်က ကျောတခင်းစာလွတ်တဲ့ မီးဖိုလေးထဲအိပ်တာမို့ အိမ်ရှေ့တံခါးဝက ကိုယ်နဲ့အနီးဆုံးဖြစ်နေတယ်။ စိတ်ထဲမှာ မကေမနပ်နဲ့ ခြုံစောင်ကို ကိုယ်မှာပတ်ရက်နဲ့ပဲ အိပ်ချင်မူးတူး ထလိုက်တယ်။ ကုလားဧည့်သည်တယောက်ယောက်ဆိုရင်တော့ ... ခဏနေမှ ပြန်လာခဲ့ဗျာ၊ ညနက်မှ အိပ်ရလို့ ဘယ်သူမှ မထကြသေးဘူး ဆိုတဲ့... တောင်းပန်ဖို့ဆင်ခြေကိုပါ တခါထဲ တွေးထားပြီး တံခါးကိုထဖွင့်လိုက်တယ်။