Sunday, June 30, 2013

လောင်းလျာကြီးတွေ ပြမနေကြပါနဲ့ အာရေး၊ ဒါလေး ဒီလိုလုပ်လိုက်ကြပါလား (ဟံသာဝတီ ဦးဝင်းတင်)

“ဗမာပြည်မှာ နာရီတွေကများ၊ အချိန်မှန်နိုင်ပါ့မလား။ ဗမာ့ပြည်မှာ ပါတီတွေကများ….” ဘာညာသာရကာ ဆိုလား။ ကြားဖူးကြမှာပေါ့။ ခေတ်ပောာင်းတေးသီချင်း။ ပျော်စရာကြီးဗျာ။ ပောာ အခုတော့ ခေတ်ပောာင်းတေးသွားအလိုက် ခေတ်ပြိုင်သီချင်းတောင် ပေါ်နေပြီဗျ။ 

“ဗမာပြည်မှာ လောင်းလျာတွေကများ။ ဒီမိုကရေစီစော်မှ နံပါ့မလား” ဆိုလား ဘာလား မသိဘူး။ ပိုပျော်စရာကြီးတောင် ကောင်းနေပြီဗျာ။ လောင်းလျာဆိုတာ သမ္မတလောင်းတွေကို ဆိုလိုတာတဲ့ဗျ။ အေးပေါ့ဗျာ။ ကျုပ်တို့ကတော့ ဒီချုပ်အင်အားတွေဆိုတော့ ကျုပ်တို့ ဒီချုပ်ဥက္ကဋ္ဌကြီးသာ သမ္မတဖြစ်ခွင့်ကြုံလို့ ဖြစ်ပုံပေါ်ပြီး ဖြစ်တော်မူမယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးလို့ ဆိုချင်တာပေါ့။ 

နဦးဗျ နေဦး။ တကယ်ကောဖြစ်မှာလား။ ဖြစ်နိုင်မှာလား။ ဖြစ်ကိုဖြစ်ရမှာလားဗျာ။ တစ်ခွန်းလောက်တော့ မေးလျှောက်ပါရစေဦးဗျာတို့။ ကျုပ်ကတော့ မအူမလည်နဲ့ နိုင်ငံရေးနယ် မျက်စိလည်ရောက်လာတဲ့ မင်းပရိယာယ် ငတင့်တယ် နားဝယ် မလည်ရှာသမားလေဗျာ။ ပယ်ပယ်နယ်နယ် ပတ်ပတ်နပ်နပ် မသိတတ်ရိုး အမှန်ပါပဲဗျာ။ 


Saturday, June 29, 2013

မြန်မာပြည်မှာ Time မဂ္ဂဇင်း ပိတ်ပင်သင့်မသင့်

မြန်မာနိုင်ငံအကြောင်း၊ မြန်မာဗုဒ္ဒဘာသာတို့အကြောင်း ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ကို မြန်မာပြည်သူကို ဖတ်ရှုခွင့် ပေးသင့်မပေးသင့်ဆိုတာနဲ့ပတ်သက်ပြီး သတင်းစာဆရာကြီး ဦးဝင်းတင်၊ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ "The Face of Buddhist Terror" Time မဂ္ဂဇင်းမှာ ဒီဆောင်းပါးဟာ အခုတလော မြန်မာနိုင်ငံကို အတောလေး ဂယက်ရိုက်ခက်နေတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တကယ်တော့ မြန်မာပြည်သူအတော်များများဟာ ဒီဆောင်းပါးကို မြင်ရဖတ်ကြရဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီဆောင်းပါးရဲ့ရေးသားချက်ကို လက်မခံနိုင်တဲ့အတွက် မြန်မာနိုင်ငံ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကြေငြာချက်ထုတ်ပြီးတော့ ဒီဆောင်းပါးကို မြန်မာနိုင်ငံအတွင်းမှာ ပိတ်ပင်လိုက်ပါတယ်။ ဒီပိတ်ပင်တဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့ ဆရာဦးဝင်းတင်ရဲ့သဘောထားကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဦးဝင်းတင် ။ ။ ကမ္ဘာနှင့်အဝှမ်းသြဇာရှိတဲ့ စာနယ်ဇင်းတွေကတော့ ဘာဘဲပြောပြော လွတ်လပ်တဲ့ စာနယ်ဇင်းတွေ ဖြစ်တယ်ဆိုတာကို သူတို့ သဘောမပေါက်ဘူးဖြစ်နေတယ်။ အဲဒီတော့ ပြည်တွင်းက သဘောကတော့ ဘာလဲဆိုတော့ ပြည်တွင်းက မီဒီယာတွေကို သူတို့ လည်ပင်းညှစ်ချင်သလို ညှစ်ရမယ်မှန်းသိသလို အပြင် ပြည်ပမီဒီယာတွေကိုလည်း သူက လည်ပင်းညှစ်ချင်တာပေါ့။ လည်ပင်းညှစ်လို့ မရရင်တောင်မှ ပြည်ပမီဒီယာတွေကို လိမ်လည်ချင်တယ်၊ လှည့်ဖျားချင်တယ်၊ ဟန့်တားချင်တယ်ပေါ့။ အဲဒါတွေရှိနေတယ်လို့ ကျနော် ယူဆတယ်။ အဲဒါကြောင့် သူတို့လုပ်ရမယ့်ကိစ္စဟာ ဘာလဲဆိုတော့ ကိုယ့်ကိုယ်တိုင် ကိုယ့်ဘက်ကနေကိုယ့် ထိန်းသိမ်းဖို့ ပြောင်းလဲဖို့ သို့မဟုတ်လည်း မှန်ကန်စွာ တုန့်ပြန်ဖို့ လိုတယ်ဆိုတာကို သဘောပေါက်ပုံမရသေးဘူးလို့ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။


ဗေဒင်ဆရာ ပြောတဲ့အတိုင်း ... (ကာတွန်း အောင်မော်)


Friday, June 28, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၉

“ရော့ ... ဒီမှာ … နှလုံးသား မရှိသူတယောက်ရဲ့ ကြင်နာမှု”

နပူထဲ ဖြတ်လာရ၍လား … မခင်အေးမျက်နှာ နီမြန်းလျှက် လက်ထဲပါလာသော ဦးထုပ်ကို ညိုထံ ပေးသည်။ ဖေသောင်းဆောင်းနေကြဖြစ်၍ ညို မှတ်မိပြီး အငမ်းမရ လှမ်းယူလိုက်သည်တွင် ရင်ထဲ နွေးထွေးစွာ ခံစားလိုက်ရ၏။ 

“သူ မလာဘူးလား မမအေး” 

“သူလား … အေး နောက်ကြည့်မှန်မပါတဲ့ ကားတစီးပေါ် ပါသွားတယ်” 

ခပ်ဆတ်ဆတ်နိုင်သော မခင်အေးစကားကို ညို မေးခွန်းပြန်မထုတ်ဝံ့။ ဦးထုပ်ဖြူကိုသာ ရင်ဝယ်ပိုက်၍ တရားပွဲဖက် အာရုံပြန်ပို့ကြည့်သော်လည်း မရ။ အတွေးစုံဖြင့် ရှုတ်ထွေးနေသည်။ မခင်အေးသည် “လာ … သွားကြမယ်” ဟုဆိုကာ ထရပ်၏။ 

“ဟာ … ဘာဖြစ်လို့လဲ ညို နားထောင်ချင်လို့ လာခဲ့ရတာ” 


Thursday, June 27, 2013

ကာလပေါ် နိုင်ငံရေး ဝိပ္ပလ္လာသ၊ သိမှား မှတ်မှားနဲ့ လွှတ်တော်တစ်လွှား မဲစကား (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်အသက်ကလည်း မသေးတော့ဘူးဗျ။ တဲခေါင်မိုးထိုးနေပြီ။ အာကာသထဲ ဖောက်ထွက်သွားမယ့်အချိန်က တယ်မဝေးလှတော့ဘူး ထင်ပါရဲ့ဗျာ။ လူကသာ သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတာ၊ ခါးကတော့ လိမ်ခွေခေါက်ချိုး ဇောက်ထိုးပြာကပ် ဖြစ်နေပြီဗျ။ မနိုင်ဝန်တွေ ပိတာ၊ ဖိတာကိုး။ အလုပ်တွေက လူကိုသာ ဖိတာ၊ ထောင်းတာ မဟုတ်ဘူး။ စိတ်ကိုပါ စီးတာ၊ မောင်းတာဗျို့။

နေပါဦး။ ခင်ဗျားကြီးက သေခါနီးအထိ အလုပ်လုပ်တုန်းလားလို့ မမေးပါနဲ့။ ကျုပ်က နိုင်ငံရေးနောက်လိုက်ဆိုတော့ ပါတီ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း အလုပ်တွေလောက်တော့ ရှုပ်ပွေနောက်အောင် လုပ်နေရတာပေါ့။ ကုလားထိုင်ဖက် သေမဟဲ့ အိုနာကျိုးကန်မျိုး မဟုတ်ပေတာတော့ မှန်ရဲ့။ ဒါပေမယ့် ဖွဲတစ်ဆုပ်နိုင်တုန်း ရုန်းလိုက်ဦးမဟဲ့ဆိုတဲ့ ဟို ရှေးရှေး နိုင်ငံရေးဘဘကြီးတို့ရဲ့ ခေတ်ထုံးကို နှလုံးမူမိဆဲတော့ ဖြစ်ပေသဗျာ။ မတတ်နိုင်ဘူး။ တစ်နေ့တစ်နေ့ မနက် ၈ နာရီ ဝတ်သွားတဲ့ အပြာ (ထောင်ရောင်) ဝတ်စုံဟာ ည ၁၀ နာရီမှ ချွတ်ရတဲ့အဖြစ်မျိုး ဆိုက်နေသဗျ။ အလုပ်က ငရဲမီးလိုက်သလို အမြဲကြီး ကိုက်ခဲနေတော့လည်း အဲဒီလိုဖြစ်နေရတာပေါ့ဗျာ။ ကျုပ် ငုတ်တုတ်မေ့နေတတ်တာကလည်း တမှောင့်ပေါ့။


Wednesday, June 26, 2013

ဘဝစာမျက်နှာသစ် (ခင်မမမျိုး)

၂၀၁၂ ခုနှစ်မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလိုစတင်လာချိန်ကစပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးသမားများကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ လွှတ်တော်တွင်း နိုင်ငံရေးသမား၊ နိုင်ငံရေးမီဒီယာ စသဖြင့် ရွေးချယ်မှုများ ပြုလုပ်ပြီး နိုင်ငံရေးခရီးကို ရှေ့ဆက်လှမ်းကြပါတယ်။ 

အချို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုကိုရပ်ဆိုင်းပြီး လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လုပ်ကြပါတယ်။ အချို့ကတော့ ပြည်ပမှာ အခြေစိုက်ပြီး နိုင်ငံရေးအပြောင်းအလဲကို အွန်လိုင်းကနေ ဆန့်ကျင်ဝေဖန်မှုတွေ ဆက်လက် ပြုလုပ်ကြပါတယ်။ 

ဒီလိုအခြေအနေမှာ ကျွန်မအတွက်လည်း ဘယ်လမ်းကို ဆက်လျှောက်မလဲဆိုတဲ့ မေးခွန်းတခုကို ကိုယ့်ဘာသာကိုယ် စတင်မေးမြန်းလာခဲ့ပါတယ်။ 


Tuesday, June 25, 2013

သူ့အလုပ် သူလုပ်နေတာပါ … (ကာတွန်း စောငို)


Burmese Children Life In Mae Sot

တောင်သာဗိုလ် နှင့် ဗိုလ်ရွှေမန်း (တူမောင်ညို)

အကြမ်းဖက်သမား စွမ်းအားရှင်များက မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး အစရှိသောမြို့များမှ အကြမ်းဖက်မှုများတွင် တုတ်/ဓားကိုင်ပြီး အစွမ်းပြပါသည်။ သင်္ကန်းဝတ်စွမ်းအားရှင်က ‘မျိုးစောင့်ဥပဒေ’ နဲ့ အစွမ်းပြပါသည်။ ယင်းသို့ အစွမ်းပြမှုများကို ‘တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်’ ဆိုသည်ဖြင့် သမ္မတ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်ခုပ်တီး၍ သြဘာပေးလိုက်သည်။ ရပ်တည်ပြလိုက်သည်။ 

အကြမ်းဖက်မှုများနောက်ကွယ်တွင် ကြံ့ဖွံ့အစိုးရရှိနေသည်ကို ကိုယ်ထင်ပြလိုက်ခြင်းဖြစ်သည်။ 


ပြည်သူတွေ လိုလားတောင့်တနေမှတော့ … (ကာတွန်း အောင်မော်)


ထောင်ကြွေးကျန်ပုဒ်မ မသုံးတော့ဘူးဆိုတော့ (မောင်ဝံသ)

သိချင်တဲ့သတင်းတွေနဲ့ သိသင့်တယ်လို့ယူဆရတဲ့ သတင်းတွေကို ဖတ်ရှုလေ့လာဖို့ အပတ်စဉ်ထုတ် သတင်းစာ (ဂျာနယ်)တွေကို အားထားနေရတဲ့ဘဝကနေ ခုဆိုရင် နေ့စဉ်ထုတ် သတင်းစာတွေရော၊ အချိန်နှင့်အမျှ တက်နေတဲ့ အွန်လိုင်းသတင်းတွေရော ရှိလာနေလေတော့ ကျွန်တော်တို့မှာ သတင်းတွေ အလျှံပယ်ဖြစ်နေတယ်လို့တောင် ဆိုနိုင်တယ်ဗျာ။ 

သည်ရက်များအတွင်း ဟော့ ဖြစ်ခဲ့တဲ့သတင်းတွေထဲမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးရင် နိုင်ငံတော်သမ္မတ ဘယ်သူဖြစ်လာမလဲဆိုပြီး ဝိုင်းဝန်းတွက်ချက် ထင်ကြေးပေးကြတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီခေါင်းစဉ်ပြီးတော့ လူပြောများတဲ့အကြောင်းအရာတစ်ခုက ၂၀၁၅ ရွေးကောက်ပွဲကစလို့ PR ဆိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို မိတ်ဆက် သွတ်သွင်းသင့်မသင့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမယ့်ကိစ္စပါပဲ။ နောက်တစ်ခုက ပုံနှိပ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောမဆိုကြသေးပေမယ့် Face book လောကမှာတော့ တုတ်တစ်ပြက် ဓားတစ်ပြက်လို့တောင် ပြောရမလိုဖြစ်နေတဲ့ မျိုးစောင့်ဥပဒေတော်မူကြမ်းကိစ္စဖြစ်ပါတယ်။ 


Monday, June 24, 2013

နောက်ကြောင်းပြန်ချင်အုံးဟ ... (ကာတွန်း စောငို)

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၈

အလှူခံဖို့လာနေကြတယ် ဟူသော သတင်းကြောင့် မခင်အေး တွေ့သမျှ ပိုက်ဆံဆွဲကာ အဆောင်ပေါ်မှ ပြေးဆင်းလာပြီး ဝေဖာတထုပ် ဝယ်လိုက်သည်။ တောင်းတလုံးကို ဝါးလုံးလျှိုထမ်း၍ စိုက်စိုက်လာနေသော ဖေသောင်းနှင့် သူရကိုမြင်သော် သူမ လက်တွန့်သွား၏။ 

တောင်းထဲတွင် ငှက်ပျော်သီး နှင့် မုန့်ထုပ်များ တွေ့ရသည်။ “ရှင်မစားနဲ့” ဟု ဆူအောင့်အောင့်ပြောကာ မခင်အေး တောင်းထဲထည့်လိုက်၏။ ဖေသောင်းရယ်ကာ “ဝေဖာ ကျနော် ကြိုက်တယ်ဗျ စားမှာပဲ” ဟု ပြန်နောက်၏။ 

“ဒီလိုမှန်းသိရင် ရှင့်အတွက် မှန်တချပ် လှူလိုက်ချင်တာ …” 

မခင်အေးစကားကို ဖေသောင်းနားမလည် … “ဘာလုပ်ဖို့လဲဗျ ကျနော် ရုပ်ရည်လှပတာ ကျနော် သိပြီးသားပဲ ကျောင်းထဲလာလေဗျာ တရားပွဲရှိနေတာပဲ” ဟု ခေါ်သည်။ 

သူမ တရားပွဲ မကြာခဏ နားထောင်သော်လည်း ရှင်းမပြချင်။ ဖေသောင်းအားစိတ်တို၍ “ရှင့်ရုပ်ကိုပြန်ကြည့်ဖို့ မဟုတ်ဘူး ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ခဲ့မှန်းမသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ” ဟု ဆောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။ 

xxxxx xxxxxx xxxxxx 


စစ်ရေးအမြင်လောက်တော့ ... (ကာတွန်း အောင်မော်)


Sunday, June 23, 2013

ကျနော့်နာမည် မောင်ဘညွှန့် - ၅ (ဆောင်းလူ)

တကယ်တမ်း အမှတ်ရမယ်ဆိုရင် ... 
မန်းရှာထိုးတဲ့ ဝါးစားပွဲပေါ်မှာ 
လက်ထောက်တွေ အလီလီပြောင်း 
သလွန်ညောင်စောင်း ဒီကုတင်ဟောင်းက 
အမှန်တိုင်းပြောရမယ်ဆိုရင် 
ကျုပ်တို့အတွက်တော့ 
မ,ရတာ တကယ်လေးလွန်းတော့လည်း 
အဟောင်းဈေးနဲ့ ရောင်းချင်လှတယ် …။ 

မာင်ဘညွှန့်တို့ သတင်းစာတိုက်ကြီးမှာကလည်း အမှတ်ရစရာတွေကလည်း အများသား ...။ သတိရစရာတွေကလည်း အများသား ...။ ရီစီဗာ မကောင်းတဲ့ စလောင်းကြီးတို့ … လေး ငါး သောင်းနဲ့ အင်ထုခံလိုက်ရတဲ့ ၃၂၄ တို့ ...။ ဗမာငွေ သိန်းကျော်တန်လောက်အောင် ပေးလိုက်ရတဲ့ စက်ရုပ်လိုလို .. စပေ့ရှစ်ခ်လိုလို (spaceship) အိုင်ဝါကြီးတို့ ...။ နောက် ဟိုအကောင်လေးတွေရဲ့ ဆီတွေ လွှမ်းနေတဲ့ ဒယ်အိုးကြီးလည်း သတိရပါတယ် ..။ မနက်တိုင်း ထမင်းကျော်ရင် သူနဲ့ချည်း နှစ်ပါးသွားရတာ ...။ မောင်ဘညွှန့်တောင် ကိုဝေယံ (အမေရိကား) လက်ချက်နဲ့ အဆီတုံးလေးတတုံး ဝါးခဲ့မိဖူးတယ် ...။ 


Friday, June 21, 2013

၂၀၁၅ ရွေးကောက်ပွဲ အကြိုနဲ့အလွန် မြန်မာ့နိုင်ငံရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုနှင့်အပြီး ဖြစ်ထွန်းနေတဲ့ ဖြစ်ထွန်းလာနိုင်တဲ့ နိုင်ငံရေးပြဿနာ အခြေအနေတချို့ကိုတော့ သုံးသပ်စောင့်ကြည့်နေသူတွေဖြစ်ကြတဲ့ ဦးဝင်းမင်း ဦးအောင်သူငြိမ်းတို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဦးဝင်းမင်းတို့ ကိုအောင်သူငြိမ်းတို့က မြန်မာနိုင်ငံကို မကြာခဏ ပြန်သွားတော့ ပြန်လိုက်တိုင်း အရင်ကထက် ဒီနေရာဖြင့် တိုးတက်နေပါလားဆိုတာမျိုးတွေ တွေ့ရပါလား။ 

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့။ တွေ့ရပါတယ် ဆရာ။ ဥပမာ နိုင်ငံရေးအကျဉ်းသား လွတ်ပေးဖို့ကိစ္စတွေမှာ အရင်ကဆိုလို့ရှိရင် ကျန်နေတဲ့သူတွေ လွှတ်လာပေးဖို့အတွက် မျှော်လင့်ချက်က တော်တော်နည်းသွားတာကိုး။ နောက်တခေါက် ပြန်ရောက်တဲ့အချိန်မှာ ပြန်လွှတ်ပေးဖို့ အဖွဲ့လေးတစ်ခု ဖွဲ့လာတယ်။ ပြီးတော့ စပြီးတော့ လွှတ်ပေးလာတာတချို့ ရှိလာတယ်။ ဆက်လွှတ်ပေးဖို့လည်း ကတိပေးတာတွေ တွေ့ရတယ်။ 


Thursday, June 20, 2013

ဘယ်လမ်းကို ဘယ်လိုရွေးမှာလဲ (ဇော်မင်း)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊ သမ္မတ ဆက်ဖြစ်လိုဟန်ရှိသူ ဦးသိန်းစိန်နှင့် သမ္မတဖြစ်လိုပါသည်ဟု လူသိရှင်ကြား ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း။ ပီ၊ အာလို့ ခေါ်တဲ့ မဲအချိုးကျနှုန်းဖြင့် ပါလီမတ်အမတ် ရွေးချယ်တင်မြှောက်ရေး။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး။ ငြိမ်းချမ်းရေးစကားများ ပြောနေသော်လည်း တိုင်းရင်းသားနယ်မြေများတွင် ပေါက်ပေါက်ဖောက်သလို သေနတ်သံများ။ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး လိုအပ်ပါက ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ကြိုတင်ကမ်းလှမ်းလာသူ။ ဘာပဲဖြစ်ဖြစ် အန်အယ်ဒီသည် ကြံ့ဖွံ့နှင့် ညွှန့်ပေါင်းအစိုးရဖွဲ့မည်မဟုတ်ဟု ပြောကြားလာသည့် အန်အယ်ဒီ ဝါရင့်ခေါင်းဆောင် တဦး။ အစရှိသဖြင် ဒါတွေက အခုလတ်တလောမှာ ဟော့ ဖြစ်နေသည်။ 


Monday, June 17, 2013

သေခါနီးလေ . . . ပျော်စရာကောင်းလေ (ကျော်သူ)

ခန္ဓာကိုယ်တွင်းရှိ ကလီစာများအား ဖြတ်တောက်ခံရသကဲ့သို့ ခံစားမှု၊ အရိုးအကြောများ အပိုင်းပိုင်း ရိုက်ချိုးခံရသကဲ့သို့ ခံစားမှု၊ နှလုံးသားအား ဆုပ်ကိုင်ဖြစ်ညှစ်သကဲ့သို့ ခံစားမှု၊ အသက်ရှူလမ်းကြောင်းအား ဖိညှစ်ပိတ်စို့ခြင်းခံရသကဲ့သို့ ခံစားမှု၊ အသွေးအသားများ ဖောက်ထုတ်စုတ်ယူခံရသကဲ့သို့ ခံစားမှု စသည့် အနိဠာရုံခံစားမှုများသည် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့ရသည်။ ဤသည်ကား ကိုယ်ခန္ဓာ (ကာယကံ) ခံစားမှုများတည်း။ 

အသံနက်ကြီးဖြင့် စိမ်းစိမ်းဝါးဝါး အော်လိုက်သံ၊ အမေ ကယ်ပါ … အဖေ ကယ်ပါ ဟူ၍ ညည်းညူ အော်ဟစ်သံ၊ ကျိတ်မနိုင်၊ ခဲမနိုင် ဖျစ်ညှစ်အော်လိုက်သည့်အသံများ၊ အထိတ်တလန့် လျှပ်တစ်ပြက် အော်ဟစ်လိုက်သံ၊ ခြောက်ခြားဖွယ်ထွက်ပေါ်လာသော အံကြိတ်သံ၊ ဖြေညှင်းစွာလေသံပျော့ဖြင့် ညည်းတွားလိုက်သံ စသည့် နှုတ်ဝဇီမှ ထွက်ပေါ်လာသော ခံစားမှုများသည် ဝဇီတည်းဟူသော မိမိ၏နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။ ဤသည်ကား နှုတ်ခမ်းပါးစပ်မှ (ဝဇီကံ) ခံစားမှုများပင် ဖြစ်သည်။ 


Sunday, June 16, 2013

လေ့လာမိတဲ့ ရာဇပရိယာယ်အချို့ (မောင်ဝံသ)

ဝဲစားနိုင်ငံလို့ အထင်မခံခဲ့ရပါ

မြန်မာနိုင်ငံဟာ ၁၉၄၈ လွတ်လပ်ရေးရချိန်ကစလို့ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ ၁၀ နှစ် ကြာမြင့်ခဲ့တယ်။ အဲဒီ ၁၀ နှစ် ၁၀ မိုးကာလအတွင်း တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီး တခြိမ်းခြိမ်းဖြစ်နေတဲ့ကြားက လယ်ယာစီးပွားလုပ်သူတွေ ဆက်လုပ်၊ ပြည်ပဆန် တင်ပို့တာတွေလည်း မပျက်မကွက် ဆက်လုပ်၊ အခြား စက်မှုထုတ်ကုန် အိတ်စပို့ အင်ပို့တွေကလည်း အရှိန်အဟုန်နဲ့။ 

သည်ကြားထဲ ပြည်တော်သာ စီမံကိန်းကြီးဆိုတာတောင် ပေါ်ပေါက်ခဲ့သေး။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးကလည်း ဗုဒ္ဓဘာသာသမိုင်းမှာ မှတ်တိုင်ကြီး ထီးထီးမားမား စိုက်ထူနိုင်ခဲ့။ အရှေ့တောင်အာရှမှာ ဝဲစားနိုင်ငံလို့ ဘယ်သူကမှ မထင်ခဲ့ရုံမက မြန်မာပြည်သားတွေ သွားလေရာ မျက်နှာပန်းလှကာ အိမ်နီးချင်းနိုင်ငံသားတွေရဲ့ မော်ကြည့်ခြင်းကိုခံခဲ့ရတာ အားလုံးအသိပါ။ နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည်ကြီးရဲ့ အခြေအနေတွေ ဘက်ပေါင်းစုံက ယိုယွင်းလာနေတယ်လို့ ပြောစရာ တစ်ကွက်မှမရှိခဲ့။ 


Friday, June 14, 2013

ဘုန်းကြီးလူးနဲ့ လှေရူးတွေ (စိုးဝင်းငြိမ်း)

ဘုန်းကြီးရူးတာက ကုလို့ရနိုင်တယ် ...
လှလူးတာက ပြင်လို့ရနိုင်သေးတယ် ... 

ဘုန်းကြီးက ရူးချင်ယောင်ဆောင်နေပြီး လူးနေတာ ... 
လှေကလည်း ရူးကြောင်ကြောင်လုပ်နေတာ ... 


အရင်လို ... (ကာတွန်း အောင်မော်)


မြင်အောင် ကြည့်ကြပါ (ဇော်မင်း)

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြားအမျိုးသား တဦးနှင့်လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဆိုတာကို ဥပဒေအဖြစ်ပြဌာန်းဖို့ သံဃာတော်တချို့ မှော်ဘီမြို့တွင် မကြာသေးခင်က ဆွေးနွေးခဲ့ကြသည်။ ဦးဆောင်ဆွေးနွေးသည့် ဆရာတော်များကတော့ ဦးဝီရသူနှင့် ဦးဓမ္မပီယတို့ဖြစ်ကြောင်း တွေ့ရသည်။ အဲဒါအပြင် ထိုဆရာတော်များနှင့်အတူ လူ့အခွင့်အရေး အာမခံချက်ရှိသော၊ ဒီမိုကရေစီ ဘိုးအေလည်းဖြစ်သော အင်္ဂလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိထားပြီး ယခုအခါ ဗြိတိန်နိုင်ငံသားဖြစ်နေသော ဆရာတော် ဦးဥတ္တရကိုလည်း ဓာတ်ပုံထဲတွင် တွေ့ရသည်။ 

၁။ ဒီအဆိုကိုပြန်ကြည့်ပြီး သုံးသပ်လိုက်တဲ့အခါ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများကို ကာကွယ်ပေးဖို့ဟု ရည်စူးထားဟန်တူသော်လည်း လက်တွေ့တွင် အမျိုးသမီးများအား ချုပ်ချယ်ကန့်သတ်ထားသော လူ့အခွင့်အရေးကို သွယ်ဝိုက်၍ ချိုးဖောက်ထားသော အဆိုဖြစ်နေသည်။ ဆိုလိုတာကတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ သူတို့ နှစ်သက်သဘောကျသည့် အိမ်ထောင်ဖက်နှင့်ထိမ်းမြားရန် ကန့်သတ်ထားသည့်အဆို ဖြစ်နေသည်။ 


Thursday, June 13, 2013

ကူညီပါရစေ … (ကာတွန်း စောငို)


ငြိမ်းချမ်းရေးခြေသံ (သစ်ခက်အိမ်)

ကလေးငယ်ရယ်... 
ရင်ထဲ မချိလိုက်ရပုံက 
မင်းရဲ့ ရုန်းကန်နေရတဲ့ ဝင်သက်ထွက်သက်ထဲ 
ယမ်းခိုးငွေ့တွေ မြင်နေရတုန်းပဲ... 
မင်းရဲ့ မမှိတ်နိုင်သေးတဲ့ မျက်လုံးတွေထဲ 
သနတ်သံတွေ ကြားနေရတုန်းပဲ... 
မင်းရဲ့ တုန်လှုပ်ဆွံ့အနေမှုထဲ 
သွးစက်တွေ သံကုန်ဟစ်အော်နေတုန်းပဲ။ 


Wednesday, June 12, 2013

ဆူးထွင်းအပ် (ခင်မမမျိုး)

တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှုမဲ့ အမှတ်မဲ့ပဲဖြစ်ဖြစ်၊ စေတနာနဲ့ပဲဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဖက်သားရဲ့ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရားဘူးလို့ လက်ခံသွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေးတွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကိုမျှော်ပြီး ဆုံးမကြတာများပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွားတတ်တာတွေ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ ထိခိုက်နာကျင် ခံစားရပြီဆိုရင် မတရားမှု (injustice) ရဲ့ အရိပ်အငွေ့လေးတွေက သူ့အာရုံကို လွှမ်းမိုးလာတတ်ပါတယ်။ အဲဒါကို injustice gap လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ အဲဒီ injustice gap က ကြီးထွားရင် ခွင့်လွှတ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီထက်ပိုဆိုးတာက negative emotions တွေ ထွက်ပေါ်လာတတ်ပါတယ်။ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်၊ အရွဲ့တိုက်လိုစိတ် စတာတွေ ဖြစ်လာတတ်ပါတယ်။ အနည်းဆုံးတော့ တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ စိုက်ဝင်နေတဲ့ ဆူးလေးကြောင့် တနုံ့နုံ့ ခံစားရတတ်ပါတယ်။


Monday, June 10, 2013

ကျနော့်နာမည် မောင်ဘညွှန့် - ၄ (ဆောင်းလူ)

အရေးထဲ အရာပေါ်သလို
မနက် မနက် စောစောထထ
ဘယ်နိုင်ငံမှ စုံအောင်မရောက်တဲ့
စလောင်းပဲ့ စကာကွက်နဲ့
နိုင်ငံတကာမြင်ကွင်းစုံကို
အပီအပြင် ဆယ်ယူဖို့ကြိုးစားတတ်ကြတဲ့အဖြစ် ….။

မောင်ဘညွှန့်တို့ဆီမှာ ဂြိုလ်တု စတက္ကလိုက် တလုံးရှိတယ် ...။ စလောင်းပေါ့ဗျာ ...။ တော်တော်ကြီးပါတယ် ...။ ရီစီဗာဆို ဗုံးလောက်ကြီးကြီးပဲ..။ ဒါပေမယ့် ရီစီဗာက မကောင်းဘူးဗျ ...။ ကြည့်ရတာ မန်မိုရီမကောင်းတာထင်ပါတယ်။ ပိတ်လိုက်လို့ ပြန်ဖွင့်လိုက်ရင် လိုင်းတွေမှန်သမျှ အကုန်ပျောက် … ပြန်ဖမ်းပေါ့ ...။

မောင်ဘညွှန့်တို့ရုံးမှာ အဲ့ဒီစလောင်းကို အပီအပြင်နိုင်နင်းတာ ကိုငြိမ်းချမ်း (ခုတော့ အမေရိကား) တယောက်ပဲရှိတယ်ထင်တယ်။ မောင်ဘညွှန့်ရဲ့ လက်ဦး လေးအောက်ဆရာတယောက်ပါပဲ။ အမယ် … သူက လေးအောက်သင်တော့သာ စိတ်မရှည်တာ ..။ သွားမေးမိလို့ မင်းတို့ မှတ်မထားဘူးလားလိုဆိုပြီး .. အဆူ အဟောက်တောင် ခံလိုက်ရသေး ...။ သို့ပေမယ့် … ဒီစလောင်း လိုင်းဖမ်းတာကျ စိတ်လိုလက်ရသင်တယ်ဗျ။ မောင်ဘညွှန့်တို့လည်း သင်တာပေါ့ ..။ သင်ရင်း ကလိ .. ကလိရင်း သင် ... ဟိုလိုင်း ဒီလိုင်းတွေလည်း အင်တာနက်ထဲကြည့် ဖမ်းပေါ့ ...။ ဆရာတဆူပဲ ...။ နောက် ကိုသက်နိုင် (ဦးအောင်စောဦးတူ) လည်း ဖမ်းတယ်ထင်တယ် … သေချာတော့ မမှတ်မိတော့ဘူး။


လုပ်လိုက်ရင် သူတို့အကြိုက် ... (ကာတွန်း အောင်မော်)


သောင်းခြောက်ထောင်မက ပြဿနာတွေ (မောင်ဝံသ)


ကျွန်တော့်ဆောင်းပါးတွေအဆုံးမှာ စာပြီး ရက်စွဲနဲ့ ကျွန်တော့် အီးမေးလ် လိပ်စာ အမြဲတမ်းဖော်ပြခဲ့တာ သတိထားမိကြမယ် ထင်ပါတယ်။ အမေရိကန်သတင်းစာတွေက ဆောင်းပါးရှင်တချို့နဲ့ နိုင်ငံရေးသမားများ သူတို့ရဲ့ စာတို့ ကြေညာချက်တို့အဆုံးမှာ အီးမေးလ်နဲ့ ဖုန်းနံပါတ် ဖော်ပြကြတဲ့ဓလေ့ကို သဘောကျလို့ အတုခိုးခဲ့တာပါ။ သူတို့ဆီက သတင်းစာ ဆောင်းပါးရှင်တွေက စာဖတ်ပရိသတ်ဆီက တုံ့ပြန်သံတွေကို တိုက်ရိုက် ကြားသိနိုင်အောင် ရည်ရွယ်ပါတယ်။

နိုင်ငံရေးသမား၊ အမတ်၊ မြို့တော်ဝန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကျတော့ သူတို့နဲ့သက်ဆိုင်တဲ့ နယ်မြေဒေသထဲက ပြည်သူလူထုအနေနဲ့ သူတို့ဆီ တိုက်ရိုက် ဆက်သွယ်နိုင်အောင် ရည်ရွယ်ကြပါတယ်။ သူတို့ဆီ အဲသလို တိုက်ရိုက်ဆက်သွယ်ပြောဆိုကြတာကို ဌာနတစ်ခုဖွင့်ပြီး သေချာမှတ်တမ်းတင်ပါတယ်။ တင်ပြချက်တွေရဲ့ အကျဉ်းချုပ်တွေကို သက်ဆိုင်ရာ အတွင်းရေးမှူးတွေက အမတ်မင်းများထံ တင်ပြကြရပါတယ်။ သူတို့ဆီ တိုက်ရိုက်ဆက်သွယ်တဲ့ ပြည်သူဦးရေ များရင် များသလို အင်မတန်မှ ဂုဏ်ယူကြပါတယ်။ မကျေနပ်ချက်တွေ တင်ပြကြတာကို နားပူတယ်လို့ သဘောမထားဘူး။ ပြဿနာရဲ့ ဇာစ်မြစ်ပေါ်အောင် ထိထိရောက်ရောက်စုံစမ်းပြီး ဖြေရှင်းပေးပါသတဲ့။ ဖြေရှင်းပြီးသမျှကိုလည်း တိုင်ကြားတဲ့ ကာယကံရှင်ထံ မပျက်မကွက် အကြောင်းပြန်ကြား သတင်းပို့ပါသတဲ့။ 


Sunday, June 9, 2013

လွှတ်တော်တက် အမတ်မင်းအပေါင်း၊ အညောင်းအညာလေးတော့ ပြေပါစေ (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်လည်း အသက်တွေက ကြီးသထက်ကြီးလာတော့ ဉာဏ်မနီး ဒုံးဝေးဆိုတာမျိုး ဖြစ်လာတယ်ဗျ။ အားအားရှိ တောင်တွေး၊ မြောက်တွေးပေါ့။ ကျုပ်က ငေးမယ်၊ တွေးမယ်၊ ရေးမယ်ဆိုတဲ့ဝါဒ ဆုတ်ကိုင်တဲ့လူ။ အခုကြုံလာတဲ့ အနေအထားက စကိုင်းနက်ကလွှင့်တဲ့ လွှတ်တော်တီဗီသတင်းတွေပဲ ထိုင်ငေးနေရတာဗျို့။ ဒီတော့ တစ်နေ့တစ်နေ့ ထိုင်တွေးနေမိတဲ့အချိန်တွေလည်း များလာတာပေါ့။ ဒီလိုဆို ရေးကြည့်ဦးမယ်လေဆိုပြီး ဒီစာရေးပါတယ်။ 

ပိာုရှေးအခါ သမယတုန်းကတော့ မှတ်မိတာတွေ စုံလို့ပေါဗျာ။ လွှတ်တော်ထဲမှာ ဘယ်လိုကြဲကြသလဲ။ ဘယ်လိုချော်ကြ၊ ပျော်ကြ၊ ဆော်ကြ၊ ကလော်ကြ၊ အော်ကြ၊ လှော်ကြသလဲ။ သံစုံတီးဝိုင်းကြီး ဆော်ပလော်တီးနေသလား ထင်ရတာဗျ။ 

အဲဒီလိုကိစ္စတွေပာာ ဒီနေ့ နေပြည်တော်က စစ်ဗိုလ်တစ်မတ်၊ အရပ်ခြောက်မူး လွှတ်တော်ကြီးနဲ့ လားလားမှမဆိုင်ပေဘူးဗျ။ ဒီတော့လည်း ဒါတွေထားလိုက်ပါတော့လေ ဆိုတာမျိုးလောက် ပြောကြတာပေါ့။ 

ကျုပ်ရဲ့ ချွတ်ခြုံကျ ဦးနှောက်ထဲက မူးတင်း ပဲတင်း မှတ်ဉာဏ်လေးဖျင်းဖော်ထုတ်ပြောမယ်။ 


ကျနော့်နာမည် မောင်ဘညွှန့် - ၃ (ဆောင်းလူ)

ဒီကြားထဲ 
ကဗျာယောင်ယောင် စာယောင်ယောင်နဲ့ 
ညနေ ညဘက် ဆင်နဲ့ကျားသစ် 
စီးချင်းထိုးပွဲကြည့်ဖို့ ထွက်တဲ့သူလည်း ထွက်ရဲ့ ….။ 
တချို့ကျတော့လည်း 
အပေါင်းအနုတ်သင်္ချာတွက်လို့ 
ဘဝရေစီးထဲ ယောင်နနနဲ့ 
ကြက်ဖကြီးကို ပိုက်လို့ …။ 

ဒါက ဒီလိုရှိပါတယ် …။ မောင်ဘညွှန့်တို့ဆီမှာ စာသမား ပေသမား တယ်ပေါများပါတယ် ..။ သတင်းစာတိုက်ဖြစ်တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ မှတ်မှတ်ရရ ဟိုးတုန်းကဆို လူတိုင်း ကဗျာတပုဒ်၊ ရေးအားကောင်းတဲ့ မောင်တွေကတော့ နှစ်ပုဒ်စ သုံးပုဒ်စ ရေးကြပါတယ် ..။ ပြီး လက်ရွေးစင် ပြန်ထုတ်ပေါ့ ..။ 

တလမှာ တခါလောက်တော့ ထုတ်ကြပါတယ် …။ ဒါကလည်း သတင်းစာပြီးတဲ့အချိန် လတ်လျား လတ်လျားဖြစ်နေတဲ့အချိန်လေး (တကယ်က သတင်းစာပြီးလည်း အားရပါဘူးဗျာ) တွေမှာပါ။ စီစဉ်သူတွေကတော့ အတိအကျတော့ မမှတ်မိတော့ဘူး …။ ကဗျာဆရာ ခင်လွန်း (ဦး) - တာဝန်ခံအယ်ဒီတာ (အဲ့အချိန် အဝေးရောက်နေပြီလားလဲ မသိတော့ဘူး)၊ ကဗျာဆရာ နေနေ (အဲ့အချိန်တုန်းကတော့ နေနေပဲ .. ခုတော့ နေသွင်၊ လက်ထောက်အယ်ဒီတာပေါက်စ ထင်တယ်။ ခုတော့ စာရေးဆရာတဖြစ်လဲပေါ့ …)၊ နောက် ကဗျာဆရာ ခင်ရင်မောင် (ကိုစောကြီး …အမေရိကား)၊ အဲ့လူတွေပဲ ထင်ပါတယ်။ 


ကြိုးဆွဲတဲ့သူ ... (ကာတွန်း အောင်မော်)


Saturday, June 8, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - နိဂုံးပိုင်း (ကိုညို)

ကျနော်တို့ ထောင်ထဲရောက်တော့ ဖတ်စရာဆိုလို့ အောင်သန့်မင်း(ဂိုင်စီ)ဆီက အဖုံးတွေပြုတ်ပြီး စာရွက်တွေ ကြေမွတွန့်ခေါက်နေတဲ့ အင်္ဂလိပ်ဂရမ်မာ စာအုပ်အဟောင်းတအုပ် ဖတ်ရတယ်။ စာအုပ်တအုပ်လုံး လွတ်နေတဲ့ ကွက်လပ်တွေမှာ မြန်မာသီချင်းတွေ အများကြီး ရေးထားတယ်။ ပုံနှိပ်စာလုံးတွေ လွတ်နေတဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်းဘေးဘက်နဲ့ ချောင်ကြားတွေပါမကျန် ညီညီလွင်က သူ အလွတ်ရတဲ့ မြန်မာသီချင်းတွေ အကုန်ရေးထားတယ်။ 

သင်္ကြန်မိုးကားထဲက သင်္ကြန်သီချင်းတွေ စီးရီးလိုက်ရေးထားသလို ကျနော်တို့ကျောင်းသားဘဝက လက်ဖက်ရည်ဆိုင်တွေမှာ ဖွင့်လေ့ရှိတဲ့ အဆိုတော် ခင်မောင်တိုး၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းတွေလည်း ပါတယ်။ ခင်မောင်တိုးရဲ့ ကြိုးကြာသံနဲ့ ပန်းခရမ်းပြာ၊ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ရင်သွေးငယ်သီချင်းတွေကို ကျနော်တို့ သံပြိုင်ဆိုရင် ကသဲတွေကတောင် ငေးပြီးနားထောင်ကြတယ်။ အခန်းမတူတဲ့ ဗမာတွေအချင်းချင်း အင်္ဂလိပ်ဂရမ်မာ စာအုပ်ကို ငှားကြတယ်။ အင်္ဂလိပ်စာလေ့လာဖို့ မဟုတ်၊ သီချင်းတွေ ဝိုင်းဖွဲ့ဆိုပြီး အပျင်းဖြေတာပါ။ 



Friday, June 7, 2013

မတူကွဲပြားမှု နဲ့ ငြိမ်းချမ်းစွာ နေထိုင်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မတူကွဲပြားမှုကို အခြေခံသော စည်းလုံးညီညွတ်ရေး Unity in Diversity ဆိုတဲ့ ပင်လုံရဲ့ အခြေခံသဘောတရားကို ဘယ်လောက်အထိ ဖော်ဆောင်နိုင်ကြပြီလဲဆိုတာကို မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ဦးလှထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က လွတ်လပ်ရေးယူပြီးတော့ မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းကြမယ်ဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွတ်လပ်ရေးခေါင်းဆောင်တွေ အဓိကထား စဉ်းစားခဲ့ကြ ရယူခဲ့ကြတဲ့ မူဝါဒသဘောတရားကတော့ Unity in Diversity ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေအထဲမှာ စည်းလုံးညီညွတ်ရေးဆိုတဲ့စကား ဖြစ်ပါတယ်။ အဓိပ္ပာယ်ကို သေချာစဉ်းစားကြည့်မယ်ဆိုရင် Unity ဆိုတဲ့ စည်းလုံးညီညွတ်မှု ရှိရမယ်။

ဒါပေမယ့် မတူကွဲလွဲတဲ့ဟာတွေကို အကုန်လုံး ဖြတ်ပစ်ပြီးတော့ တစ်မျိုးတည်းဖြစ်ရမယ်ဆိုတဲ့ Unification မျိုးမဟုတ်သလို Diversity ဆိုတာကလည်း Fragmentation လို့ခေါ်တဲ့ အစိတ်စိတ်အမွှာမွှာ ကွဲလွဲခြင်းမရှိဘဲနဲ့ မတူကွဲလွဲမှုကိုလက်ခံပြီးတော့ ညီညွတ်ရေးတည်ဆောက်မယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။ အခု လွတ်လပ်ရေးရပြီးတော့ နှစ်ပေါင်း ၆၀ ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ လွတ်လပ်ရေးခေါင်းဆောင်တွေ တိုင်းရင်းသားတွေက Unity in Diversity ဆိုတဲ့ အယူအဆကိုသဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့ကြတာလည်း နှစ်ပေါင်း ၆၆ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အဲဒီသဘောတရားကို ဘယ်လောက်ထိ လက်တွေ့ အကောင်ထည်ဖော်နိုင်ပြီလဲဆိုတာ ကျနော်တို့ ကြည့်ရအောင်ပါ။ ပထမဦးဆုံး မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ ဦးလှထွန်း ပြောပါ ခင်ဗျာ။



အမေရေ ... အထုပ်ပြင်တော့ဗျို့ (ကာတွန်း အောင်မော်)


Thursday, June 6, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၇

ညကလည်း ကောင်းစွာ အိပ်မပျော်ခဲ့။ အရုဏ်တက် ကျီးမနိုးခင် သူမ ထ၍ ခြံဝဆင်းကာ မျှော်မိသည်။ မကြာခင်ပင် ရောင်နီနုမသမ်းမီ ဖေသောင်း အိတ်တလုံး ကျောပိုးလျက် ဆိုက်လာ၏။ ခြံတံခါးဖွင့်ဝင်ပြီး ညို အသင့်ပြင်ထားသည့် ကော်ဖီကို သောက်သည်။

ညို မိဘနှစ်ပါးကို သူ ကျေးဇူးတင်စကားပြောပြီး ကန်တော့သည်တွင် “အေးကွာ ... မင်းတို့ကလည်း ဆက်လှုပ်ရှားနေတော့ ဒီအခြေအနေ ရောက်လာတာကိုး နေရာရွှေ့ရပြီပေါ့ကွာ ... ဘယ်ပဲရောက်ရောက် ဉာဏ်ပညာရှိရှိ နေထိုင်ပြုမူနေထိုင်ပါဟု ဦးရွှေခင်က မှာ၏။

ဒေါ်တင်တင်ကား ညိုအား ထမင်းကြော်ခိုင်းပြီး ... သြော် ငါ့မျောက်တွေ တကောင်တကွဲဖြစ်နေကြပြီပေါ့။ ဒုက္ခကို ပူးပေါင်းပြီး မရှာနိုင်ကြတော့ဘူးဟု ရေရွတ်သည်။

“မျောက်တွေက ဆော့ပေမယ့် သံယောဇဉ်တော့ ရှိတတ်ပါတယ် အဒေါ်ရယ်”

“အေးပါဟယ် ငါလည်း နားမျက်စိနောက်လွန်းလို့သာ ပြောရတာ။ တကယ်တော့ နင်တို့ဟာ ကိုခင်ရွှေသောက်တဲ့ ဆေးတံလိုပါပဲ၊ အနားမှာသောက်နေရင် ညှော်လွန်းလို့ မောင်းထုတ်ရတယ်။ သူ မရှိရင်လည်း ညှော်နံ့လေးပဲ သတိရနေပြန်ရော”



Wednesday, June 5, 2013

ကျနော့်နာမည် မောင်ဘညွှန့် - ၂ (ဆောင်းလူ)

ဘဝအထွေထွေရဲ့ ကွေ့တစ်ကွေ့မှာ 
လူစားပြောင်းမှန်းမသိ …
နွားစားပြောင်းမှန်းမသိ.. 
စဉ်းရိုးပါ ထည့်ဝါးမိတဲ့အဖြစ်…။ 

ကျနော် မောင်ဘညွှန့်တို့ နာနာရိုက်ခဲ့ရတဲ့ မြေပေါ်မှာ … ပန်းမာလာမျိုးစုံထက် အသီးမာလာက ပိုမျိုးစုံပါတယ် …။ ကန်းစွန်း …။ ချဉ်ပေါင်၊ ပင်စိမ်း၊ ဗူး၊ ပြောင်းပေါ့ …။ တခြားအပင်တွေလည်း ရှိပါတယ်။ ကန်စွန်းဆို လက်မလည်အောင်ကို ရိတ်ရပါတယ်။ ကန်စွန်းကလည်း ရိတ်လေ ထလေပဲ ...။ 

ကန်စွန်းဆိုမှ အဲ့တုန်းက ဝန်ကြီးဦးသန်းစိုးမှာ သား ၂ ယောက်ရှိတယ်…။ မောင်ဘညွှန့်တို့ဆီမှာက အလှည့်ကျ ထမင်းဟင်းချက်ရတယ် ...။ ကိုယ်ချက်တဲ့ရက်မှာ ဘာဟင်းချက်မယ်ဆိုတာ ရှာဖွေ ကြံဖန်ရပါတယ် …။ ဝန်ကြီးသား ၂ ယောက်က အဲ့ကန်စွန်းတွေကို တံဇဉ်နဲ့ မြက်ရိတ်သလိုရိတ်လာပြီး … ဓားနဲ့ လှီး .. ရေဆေးပြီး ကြော်ပါတယ်။ လူများတော့ ကန်စွန်းကို ထွင်နေရင် ပြီးမှာမဟုတ်တော့ပါဘူး …။ 


ကောလာဟလ ... (ကာတွန်း အောင်မော်)


သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၂၁ (ကိုညို)

ပြူတင်းပေါက် မရှိ၊ တံခါး မရှိတဲ့ အဆောက်အဦကြီးတခု။ နံရံကြီးတွေနဲ့ တိုင်လုံးကြီးတွေက စကျင်ကျောက်တွေနဲ့ဆောက်ထားသလို ဖွေးဖွေးဖြူနေတယ်။ မှန်တွေနဲ့ အမိုးလုပ်ထားပြီး အလင်းရောင်က စူးစူးဝါးဝါး ရနေတယ်။ တနေရာမှာ တစုံတခုကို လူတွေ စုပြုံတိုးဝှေ့ကြည့်နေတယ်။ ကျနော်လည်း အဲဒီလူတွေကြားတိုးဝင်ပြီး အလယ်က သူတို့ကြည့်နေတဲ့အရာကို တိုးဝှေ့ကြည့်လိုက်တယ်။ မှန်နဲ့လုပ်ထားတဲ့ ခေါင်းတလားလိုလို၊ အလုံပိတ် သေတ္တာရှည်ရှည်ကြီးတခု တွေ့တယ်။ အထဲမှာ လူတယောက် ပက်လက်ကလေး အိပ်ပျော်နေတယ်။ မျက်နှာက မသဲကွဲလို့ နီးအောင်တိုးပြီး ခါးကုန်းကြည့်လိုက်တယ်။ 

“ဟာ ... မော်ကျွန်း” 

မော်ကျွန်းမျက်နှာကို သဲသဲကွဲကွဲ တွေ့လိုက်တယ်။ “သူ အိပ်ပျော်နေတာပါ” ကျနော့်ကို အနားကလူတယောက်က တိုးတိုးလေးနှစ်သိမ့်ပြီး ပြောလိုက်တယ်။ ကျနော်လည်း စိတ်ပေါ့သွားတယ်။ အဲဒီမှာတင် ကျနော် လန့်နိုးသွားတယ်။ အိပ်မက် မက်နေတာပါ။ အဲဒီအိပ်မက်ကြောင့် စိတ်ထဲလေးသွားတယ်။ စခန်းမှာကျန်ခဲ့တဲ့ မော်ကျွန်း တခုခုဖြစ်နေပြီလား မသိဘူး။


Tuesday, June 4, 2013

ကျနော့်နာမည် မောင်ဘညွှန့် (ဆောင်းလူ)

ဒီအောက်က ကဗျာရှည်ကြီးကိုရေးတုန်းက ဘာစိတ်ကူးရယ်လို့ မယ်မယ်ရရ မရှိခဲ့ပါဘူး …။ ရေးချင်လို့ ရေးချလိုက်တာပါပဲ …။ ခုတော့ ကဗျာထဲက ပါခဲ့တဲ့သူတွေလည်း ဟိုရောက် ဒီရောက် .. ဟိုလွင့် ဒီလွင့်နဲ့ .. ဟိုတစ .. ဒီတစ … 

ကျနော် မောင်ဘညွှန့်ရဲ့ကဗျာထဲက လူတွေက .. ကျနော်ရဲ့ရဲဘော် ရဲဘက်တွေလို့ ပြောရမှာပါပဲ …။ ကဗျာထဲမပါဘဲ ကျန်ခဲ့သူတွေလည်း ရှိပါတယ် …။ မောင်ဘညွှန့်ရဲ့ပေါ့လျော့မှုပါပဲ …။ 

လွန်ခဲ့တဲ့ လေး ငါး ခြောက် ခွန် .. ရှစ် ကိုး ဆယ်နှစ်လောက်က … ဒီလူတွေ ဒီလူတွေ တကယ်ပဲ မောင်ဘညွှန့်နဲ့အတူ ရှိခဲ့ကြတဲ့သူတွေပါ ...။ တချို့လည်း အာဂန္ဓုပေါ့ …။ တကယ်ပါပဲ ကျနော်တို့ မြေကြီးကို နာနာရိုက်ခဲ့ရပါတယ် ...။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုင်းကျွန်းဥယျာဉ်လေး တခုအတွက်ဆိုပါတော့ …။ ကိုယ့်အသားမဟုတ်တိုင်းကို တကယ်ပဲ နာနာရိုက်ခဲ့ကြတာပါ။ 


တရားမရှိလို့တော့ မဟုတ်ပါဘူး ... (ကာတွန်း အောင်မော်)


‘အထက်’ ကတဲ့လား …. (ကျော်သူ)

ကျွန်တော်တို့ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူ လူထုတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုပြီး သီလလုံခြုံစွာဖြင့် အနစ်နာခံ ပေးဆပ်မှု စေတနာတရားများအား ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များကို ယခင့်ယခင် အစိုးရလက်ထက် များ ကတည်းက တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်တော်တို့ ပရဟိတသမားများသည် နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံရေးသမားများမဟုတ်၊ နိုင်ငံ့အရေး ပြည်သူ့အရေးကိစ္စများကို အစိုးရအား အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးနေသော စေတနာရှင်များ သက်သက်သာ ဖြစ်ပါသည်။

နိုင်ငံတော်အား ဆူပူမှုကို လှုံ့ဆော်ကြသူများမဟုတ်၊ နိုင်ငံတော်အာဏာအား လိုချင်တက် မက်ကြသောသူများလည်း မဟုတ်။ ပြည်သူလူထုတို့အားလည်း စည်းရုံးရေးဆင်းရန် မလို၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြသော ပရဟိတသမားများသာဖြစ်သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြေဝပြောမှုကိုသာ လိုလားကြသော စေတနာရှင် မေတ္တာရှင် ပေးဆပ်ကြသူများသာဖြစ်သည်။ 


အိမ်မှာတောင် မဲတွေကျန်သေးတယ် (ကာတွန်း စောငို)

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြဿနာ (မောင်ဝံသ)

၁၉၄၈ ခုနှစ်ကစတင်ခဲ့တဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့များအပြင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ထပ်မံပေါ်ထွက်လာတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့သစ်တွေပါ ပါဝင်ဆင်နွှဲလာခဲ့ကြတဲ့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် ပြည်တွင်းစစ်ကြီးဟာ ယနေ့အထိ မပြီးဆုံးသေးပါဘူး။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်မှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရခဲ့ပေမယ့် အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ကေအင်ယူနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်လို့ အစိုးရက ပြောနေတဲ့ကြားက အစောပိုင်း ကချင်ပြည်နယ်မှာ၊ အခုနောက်ပိုင်း ရှမ်းပြည်နယ်က တချို့နေရာတွေမှာ သေနတ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ တိုင်းသိပြည်သိ ကမ္ဘာသိ ဖြစ်ပါတယ်။ 

စစ်မှန်တဲ့ ဖက်ဒရယ် တောင်းဆိုချက်

ပြည်ထောင်စုကနေခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်လိုတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်အဖွဲ့အများစု (အားလုံးလိုလို) တောင်းဆိုနေတာက မြန်မာ အပါအဝင် လူမျိုးစုအားလုံးမှာ တန်းတူရည်တူ အခွင့်အရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါတယ်။ အာဏာရအစိုးရ အဆက်ဆက်က 'ပြည်ထောင်စု' ဆိုတဲ့ ဝေါဟာရကိုသုံးနှုန်းပြီး အုပ်ချုပ်ခဲ့ပေမယ့် အဲဒါဟာ သူတို့လိုချင်တဲ့ ပြည်ထောင်စုမျိုး မဟုတ်ဘူးဆိုတဲ့အချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြချင်တဲ့သဘောနဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်ရော လက်နက်မကိုင်တဲ့ လူမျိုးစုံတွေကပါ 'ဖယ်ဒရယ် ပြည်ထောင်စု' အစား 'စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု' ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ ပြောင်းလဲတောင်းဆိုလာခဲ့ကြပါတယ်။ 


Sunday, June 2, 2013

အုတ်ဖိုမှ ပေါင်းလောင်းသို့ - နီလွင်သွေး (ဒဿနိက)

ကျနော်တို့ခေတ်မှာ
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။

ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။

ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။


ဆီးဂိမ်း ၂၀၁၃ ... (ကာတွန်း စောငို)

ပြည်သူသာလျှင် အာဏာပိုင်ရှင်အစစ်ဖြစ်တယ်(ထက်အောင်)

မရှိတဲ့လူမျိုးကို အရှိလုပ်၊ သမိုင်းတုတွေနဲ့ မြန်မာပြည်သူလူထုနဲ့ အစိုးရကိုခြိမ်းခြောက်လာမည်ဆိုရင် အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်တယ်။ 

ဒီကနေ့ သီတဂူဆရာတော်ဘုရားကြီးက မိန့်လိုက်ပါပြီ။ ဧည့်သည်က ဧည့်သည်လိုနေပါတဲ့။ အိမ်ရှင်ငြိုငြင်အောင် မလုပ်ပါနဲ့တဲ့။ အဲလိုပါပဲ။ အာဏာရူးတွေအနေနဲ့လည်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူကြပါ။ မရိုးမသား၊ ပြည်သူကိုလိမ်ညာပြီးတော့ ထိုင်ခုံတွေပေါ်မှာ တက်ထိုင်ဖို့ မကြိုးစားပါနဲ့။ ပြည်သူလူထုတွေဟာ ငတုံးတွေ မဟုတ်ဘူး။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို အမှန်တကယ် ဦးဆောင်မှုပေးနိုင်တဲ့၊ ပြည်သူ့အလုပ်ကို တစ်ကယ်လုပ်မယ့်၊ ပြည်သူ့ဝန်ကို အမှန်တကယ်ထမ်းမည့်သူမျိုးတွေကိုသာ ပြည်သူ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာမှာ ထားပါလိမ့်မယ်။ လူထုခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင် ပြည်သူလူထုကိုသာ အမြဲတမ်း ဗဟိုပြုနေရမှာဖြစ်တယ်။ ဘာကြောင့်ဆိုတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာပိုင်ရှင်အစစ်က ပြည်သူဖြစ်တယ်။ 


သတင်းမဟုတ်သေးဘူး ... (ကာတွန်း အောင်မော်)


Saturday, June 1, 2013

ချုပ်ချယ်ရင် ရုန်းကန်၊ ဖိနှိပ်ရင် တွန်းလှန် တိုက်ပွဲအောင်လံ ထူကြ လွှင့်ကြ (ဟံသာဝတီ ဦးဝင်းတင်)

မကြာမီက ကုလသမဂ္ဂပညာရေး၊ သိပ္ပံရေး၊ ယဉ်ကျေးမှုရေးအဖွဲ့ (ယူနက်စကို) အခမ်းအနားတစ်ခု ကျုပ် တက်ခဲ့တယ်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၃) ပွဲတဲ့ဗျ။ ပွဲရဲ့ဆောင်ပုဒ်က "ဘေးကင်းရန်ကင်း အသံထွက်ခြင်း-မီဒီယာတို့ လွတ်လပ်စွာ ဖွင့်ထုတ်ခွင့်ရရေး" တဲ့။ ကောင်းလိုက်တဲ့ ဆောင်ပုဒ်ဗျာ။ စစ်ဖိနပ် ပါးစပ်ဆို့တာ ရာစုနှစ် တစ်ဝက်ခံလာခဲ့ရဖူးတဲ့ ကျုပ်တို့အဖို့ သိပ်ကိုခံတွင်းလိုက်တဲ့ ဆောင်ပုဒ်ပေပဲပေါ့။

ဒီပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့၊ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့၊ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးကိုကိုတို့ စကားပြောကြသဗျ။ ကျုပ်တစ်ယောက်လည်း ဘေးကင်းရန်ကင်းဆောင်ပုဒ်နဲ့အညီ အသံထွက် အလုပ်လုပ်ခဲ့သဗျ။

ဒီရက်ပိုင်းမှာပဲ ကျုပ်လည်း ပူပူလောင်လောင်ရှိတာနဲ့ လောင်လောင်ပူပူ စာမူတစ်ခု ဖတ်နေပါတယ်။ သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)ရဲ့ "တိုက်ပွဲဝင်သတင်းစာ" စာအုပ်စာမူဗျ။