Showing posts with label ရဲဘော်ဖိုးသံချောင်း. Show all posts
Showing posts with label ရဲဘော်ဖိုးသံချောင်း. Show all posts

Sunday, February 1, 2015

မုဒိတာပွားပါတယ် - ဖိုးသံ (လူထု)

၁၉၆၃ ခုနှစ်တုန်းက
ပြည်တွင်းငြိမ်းချမ်းရေးအတွက်
၅ ခရိုင် ချီတက်ပွဲကြီးမှာ
ကျရာအခန်းက ပါခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုခရီးက
ခရိုင်ပေါင်းများစွာ
တိုင်းတွေကိုကျော်ကာ
အောင်ပွဲအထိသွားကြမှာ
မုဒိတာပွားပါတယ် ရဲဘော်တို့။


Sunday, August 3, 2014

ကိုကိုးကျွန်းမှာ အနီရောင်လွှမ်းခဲ့စဉ်က - ဖိုးသံ (လူထု)

၁၉၆၉ ခုနှစ်၊ ကိုကိုးကျွန်းပေါ်ကိုရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသမားတွေထဲမှာ တချို့က နာကြည်းချက်၊ တချို့က ဒေါသ၊ တချို့က လွမ်းဆွတ်မှု၊ တချို့က ကြောက်ရွံ့မှု၊ တချို့က စူးစမ်းလိုမှု၊ တချို့က စွန့်စားလိုမှု စသဖြင့် ခံစားချက်အမျိုးမျိုး ပါလာကြပါတယ်။ လူတယောက်ထဲမှာကိုပဲ တမျိုးမက ပါလာတာတွေ ရှိပါတယ်။ 

အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေဟာ ကျွန်းပေါ်ကို ခြေချလိုက်တယ်ဆိုတာနဲ့ သူတို့ လုံးဝ ထင်မထားတဲ့၊ ဗမာနိုင်ငံသမိုင်းမှာ မရှိခဲ့ဖူးတဲ့ ထောင်စနစ်တခုနဲ့ ဝင်ဆောင့်ပါတယ်။ လူတွေကို သဲသောင်ပြင်ပေါ်မှာ နေလှန်းထိုင်ခိုင်းပြီး ကိုယ်ထူကိုယ်ထလုပ်ရမယ်လို့ အကျဉ်းထောင် အထူးအရာရှိ ဗိုလ်ထွန်းရင်လောက မိန့်တဲ့အခါ ကျွန်တော့်တဦးချင်းရဲ့ခေါင်းထဲမှာတော့ ဒါဟာ ငုံ့ခံနေရမယ့်ဟာ မဟုတ်ဘူးလို့ပဲ တခါတည်း တေးထားလိုက်မိပါတယ်။ 


Monday, July 7, 2014

၇ ရက် ဇူလိုင် အရေးအခင်းကို ဘာကြောင့် နှစ်စဉ် အထိမ်းအမှတ်ပြုနေရသလဲ (ရဲဘော်ဖိုးသံချောင်း)

ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်သက်တမ်း ဆက်တိုက်သက်ဆိုးရှည်နေတာ ၄၆ နှစ် ရှိသွားပါပြီ၊ ဒီရာစုနှစ် တဝက်နီးပါးသမိုင်းမှာ ဗမာပြည် ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေဟာ ၇ ရက် ဇူလိုင်အထိမ်းအမှတ် အခမ်းအနားတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ တနှစ်မပြတ် အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်၊ ဒါ ဘာကြောင့်လဲ။ ဒီအရေးအခင်းရဲ့ အထိမ်းအမှတ်လက္ခဏာ။ အရေးပါမှု စတာတွေက ဘာတွေလဲဆိုတာ ဆန်းစစ်သုံးသပ်ထားသင့်တယ် ထင်ပါတယ်။ 

၇ ရက် ဇူလိုင်အရေးတော်ပုံဟာ ဆိုရှယ်လစ်ဆိုင်းဘုတ်တပ်။ အမျိုးသားရေး စကားတွေ လှိုင်လှိုင်ပြောပြီး ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို (၁၉၅၈ ခုနှစ်တုန်းကလို မြေစမ်းခရမ်းပျိုး မဟုတ်ဘဲ) အတည်တကျ တည်ဆောက်လာတာကို စစ်ဦးမှာ ထိပ်တိုက်တိုက်ခဲ့ကြတဲ့၊ အသက်တွေစတေးခဲ့တဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ဗိုလ်နေဝင်းတို့ဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းတုန်းက ရက်ရက်စက်စက်လုပ်ပြထားတာ။ အာဏာသိမ်းတဲ့ မတ်လ ၂ ရက်နေ့ညမှာ သမ္မတနဲ့ ဝန်ကြီးတွေ အပါအဝင် နိုင်ငံရေးသမားပေါင်း မြောက်မြားစွာကို “ထိန်းသိမ်း”လိုက်တာ။ အပြစ်မဲ့ ၁၇ နှစ် ကျောင်းသားလေး စဝ်မီမီသိုက်ကို ကြက်ကလေးငှက်ကလေး သတ်သလို သတ်ဖြတ်ပြထားတာ။ တဖက်မှာတော့ ဆိုရှယ်လစ်စကားတွေ သံကောင်းဟစ်နေတာ စတာတွေကြောင့် နိုင်ငံရေးလောကမှာ ဗိုလ်နေဝင်းတို့ကို ကြောက်သူနဲ့။ ခွေးကတက်ကနေ အလုပ်အကြွေးပြုချင်သူတွေသာ လွှမ်းမိုးနေပါတယ်။ 


Sunday, May 11, 2014

ဆွေးနွေးပွဲ ဇာတ်မျောကြီး (ဗသြ)

 
တလမ်းလုံး ကြော်ငြာတွေ တဖွေးဖွေးကမ်းဝေတဲ့ တခေတ်တချိန်က ရုပ်ရှင်ကြော်ငြာကားကြီးလို ထုတ်ပြန်ချက်တွေ တထုတ်တည်းထုတ်ပြီး ကျင်းပနေတဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဟာ တရွေ့ရွေ့တိုးလာခဲ့ပါတယ်။ ဒါပေမယ့် ခြားနားတာတခုက ရုပ်ရှင်ကြော်ငြာကားက သာမန်ဆိုင်းတီးတာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာတော့ နောက်ခံက သေနတ်သံတွေ အမြဲကြားနေရတာပါပဲ။ 

နှစ်နဲ့ချီပြီး အချိန်ကြာလာပြီးဖြစ်တဲ့ ဒီဆွေးနွေးပွဲစဉ်မှာ အခုထက်ထိ မူကြမ်းတခုတောင် မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် ပြစရာမရှိသေးပေမယ့် ဒီကာလအတွင်း စစ်ပွဲတွေအတွင်းသေတဲ့ နှစ်ဖက် တပ်သားနဲ့ အရပ်သား အရေအတွက်ကတော့ မနည်းလှဘူးဆိုတာ ဝန်ခံရမယ်။ နောက်ပြီး ကိုယ့်အိုးကိုယ့်အိမ်ကို ပစ်ပြီးပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း တိုးပြီးရင်း တိုးနေပါတယ်။ အဆိုးဆုံးကတော့ နှစ်ဖက်သဘောတူ သတင်းထုတ်ပြန်ချက်ဆိုတာ ထွက်လာပြီး နောက် တရက်၊ နှစ်ရက်လောက်အနေမှာပဲ သေနတ်သံတွေ ထွက်လာတဲ့ကိစ္စမျိုးပဲ ဖြစ်ပါတယ်။ 

သိပ်သတိထားသင့်တဲ့ အချက်တချက်က ဗိုလ်ခင်ညွန့် လက်ထက်ကစလို့ ဒီနေ့အထိ တိုင်းပြည်မှာ သူတို့နဲ့ တိုက်နေတဲ့အထဲက အင်အားအကြီးဆုံးလို့ဆိုရမယ့် လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေရခဲ့ပြီး တချို့ဆိုရင် စစ်အစိုးရရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေတောင် ဖြစ်သွားပြီလို့ ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းတာက ဒီလို စစ်တပ်သုံးရမယ့် အခြေအနေတွေ “လျော့ပါး” လျက်ရှိပါတယ်ဆိုတဲ့ အကြားကပဲ သူတို့စစ်တပ်ကို တနေ့ပြီးတနေ့ တရက်မလပ် တပ်အင်အားတွေ မတရားတိုးချဲ့၊ လက်နက်သစ်တွေအမျိုးမျိုး တပ်ဆင်နေတာပါပဲ။