Saturday, July 30, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့ (လူထုစိန်ဝင်း)


"ကောင်းတာတွေ့ရင် ကောင်းတယ်လို့ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်း ဖြစ်တယ်။ ဒီလိုတွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ရမယ် ..."

ဒီတခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလို bedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရော ညပါ အိပ်ရာထဲမှာပဲနေပြီး ညာဘက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဘက်နံတောင်းနဲ့ စောင်းအိပ်လိုက်နဲ့သာ နေရတာကိုး။

စိတ်ပူရှာကြ

ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံက စာဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်းဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တယောက်ပြီးတယောက် ရောက်ရောက်လာကြတယ်။ တချို့များဆို ဝိရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြားက ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့သူကို ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူက ရိုက်၊ ဗီဒီယိုရိုက်သူက ရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲဘယ်နေပါ့မလဲ။

Friday, July 29, 2011

မိခင်ကြီးကို အနုပညာနဲ့ ကန်တော့ချင်တဲ့ ကာတွန်း စောငို



ကာတွန်းတွေ ရေးဆွဲနေတဲ့ ကာတွန်း စောငိုက ကျန်းမာရေး မကောင်းတဲ့ သူ့မိခင်ကြီးကို သူရဲ့ အနုပညာနဲ့ ကန်တော့ဖို့ ဒေါ်စုရဲ့ ပုံတူ ပန်းချီကားတချပ် ရေးဆွဲထားပါတယ်။


ခွေးဟောင်သံ (တင်မိုး)

ခွေးဟောင်သံကား
ညယံကိုဖောက်၊ သူ မကြောက်သည်
ပြောက်ပြောက် ကျားကျား၊ ကြယ်မှုန်များသည်
ဝိုးဝါးမှုန်ရီ၊ အိပ်ချင်ပြီတည့်။

ပီပီ သသ၊ ငါကြားရသည်
စူးရှကျယ်လောင်၊ မျက်လုံးပြောင်နှင့်
ခွေးဟောင်သံသာ၊ ထပ်ကာကာတည့်
ဘယ်မှာ အရေးပေါ်ပြီနည်း။

(၁၉၆၆) 


 

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဘသုံးလုံး (မြတ်ဆွေ)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပြည်သူ့စာဆိုကြီး၊ မျိုးချစ်စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး စသည်ဖြင့် သူ့ခေတ် သူ့အခါ ပြည်သူအများက အသိအမှတ် ပြုခဲ့ကြသည်။ ဆရာကြီးကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ဖွားမြင်ရာ သီပေါဘုရင် ကိုယ့်ထီး ကိုယ့်နန်းနှင့်ရှိစဉ်က ဖြစ်သည်။ ဆရာကြီး ၁၀ နှစ်သားအရွယ်၌ သီပေါဘုရင် ပါတော်မူသွားရာ ဆရာကြီးနှင့် မြန်မာပြည်သူအပေါင်း နယ်ချဲ့သမားလက်အောက် ရောက်ခဲ့ရသည်။

ထိုအချိန်ကစ၍ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ကိန်းအောင်းခဲ့သည်။ သခင် လူငယ်များနှင့်အတူ တိုင်းပြည် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးသောအခါတွင်ကား ပါတီအဖွဲ့အစည်းများ အကွဲကွဲဖြစ်ကာ နေရာအနှံ့ စစ်မီးတောက်လောင်ခဲ့သည်။

Thursday, July 28, 2011

မြန်မာနဲ့ အိုမန်တို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရပ်နားလိုက်ရ

 
  
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား၊ အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲ ဒုတိယ အကျော့အဖြစ် မြန်မာအသင်းနဲ့ အိုမန်နိုင်ငံအသင်းတို့ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ယှဉ်ပြိုင်ကစားကြရာ ပထမပိုင်း ပွဲစလို့ နာရီဝက်မှာပဲ ပရိတ်သတ်ကို ထိန်းမရလို့ ပွဲရပ်လိုက်ရပါတယ်။

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၉ ရက်)



ရှစ်လေးလုံးအရေးတော်ပုံမှ ပြောနေသည် (အာကာထက်)


ရှစ်လေးလုံးသည် အရေးအခင်းမဟုတ် ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးပြီးလျှင် ဒုတိယမြောက် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်သည် (ဆရာကြီး ဒဂုန်တာရာ)

ရှစ်လေးလုံးသည် ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည် (ဒေါ်အောင်ဆန်းစုကြည်)

ကျုပ်တို့ကျောင်းသားတွေဟာ ကွန်ပါဘူး မရလို့၊ ဘောပင် မရလို့ လမ်းမတွေပေါ်ထွက်ပြီး သောက်ကမြင်းကျောထကြတာ မဟုတ်ဘူး။ မတရားမှုကို တော်လှန်ဖို့အတွက် ကျောင်းခန်းတွေထဲက ထွက်လာတာဖြစ်တယ် (မင်းကိုနိုင် - ၁၉၈၉ ပြည်ထောင်စုနေ့ ဒီ/ငြိမ်း ဌာနချုပ်)

စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ် (အာဏာရှင်ဟောင်း ဦးနေဝင်း - ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်လေးတွင် တိုင်းပြည်ကိုပြောသည့် မိန့်ခွန်း)

စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားပါနဲ့ (စစ်အာဏာသိမ်း ဒုတိယ ခေါင်းဆောင် ဦးအောင်ကြီး)။

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ ပေးပို့ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ ပြသနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်း မရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Wednesday, July 27, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 27 ဇူလိုင် 2011

ဒီသီတင်းပတ်အစီအစဉ်မှာ ထိုင်းနိုင်ငံရေးလောကမှာ လုပ်ကိုင်ကြပုံတွေနဲ့ မြန်မာ့နိုင်ငံရေးကို နှိုင်းယှဉ်ချက်၊ မြန်မာနိုင်ငံ တိုးတက်ရေး မျှော်လင့်နိုင်သေးသလားဆိုတဲ့ မေးခွန်း၊ ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးကိစ္စ၊ ပြည်တွင်းစစ်မီး ငြိမ်းသတ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဘာတွေလုပ်ကြမလဲဆိုတာတွေနဲ့ ပတ်သက်တဲ့ မှတ်ချက် မေးခွန်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို ကြားကြရမှာဖြစ်ပါတယ်။


ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၈ ရက်)


Monday, July 25, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၆ ရက်)


ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်တို့ ပထမဆုံး တွေ့ဆုံပြီ

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တနင်္လာနေ့ မွန်းလွဲပိုင်းက ရန်ကုန် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာမှာ ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၆)

နိုင်ငံရေး၊ အနုပညာ နှင့် နိုင်ငံရေးသမားများ
ထိန်လင်း

နိုင်ငံရေးနဲ့ အနုပညာအကြောင်း ဆက်စပ်ပြီး စဉ်းစားကြည့်မိတဲ့အခါ မြန်မာပြည်မှာနေတုန်းက ကျနော့် သူငယ်ချင်း မိန်းကလေးတစ်ယောက် ပြောဖူးတဲ့စကားတစ်ခုကို သတိရလိုက်မိပါတယ်။

သူက အန်အယ်လ်ဒီ အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့မိသားစုမှာ တက်တက်ကြွကြွလှုပ်ရှားတာ သူပဲရှိပါတယ်။ ဒီတော့ သူ့ကို ကျန်တဲ့သူတွေက ‘နိုင်ငံရေးသမား’ တဲ့။ မြန်မာပြည်မှာက ဒီမိုကရေစီရေးအတွက် လုပ်ကိုင်သူမှန်သမျှကို နိုင်ငံရေးသမားလို့ ကင်ပွန်းတပ်ကြတယ် မဟုတ်လား။ တစ်ရက် အိမ်မှာနေရင်း ကက်ဆက်ဖွင့်ပြီး နားထောင်တော့ သူ့မောင်က ထူးထူးဆန်းဆန်းကြည့်ပြီး စကားတစ်ခွန်းပြောတယ်။

“သြော် … နင်တို့ နိုင်ငံရေးသမားတွေက ဒီလို သီချင်းမျိုးတွေလည်း နားထောင်တတ်သလား” တဲ့။


ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၅ ရက်)



Friday, July 22, 2011

မင်းကျော်ခိုင် ငြိသွားတဲ့ ဆောင်းပါးတပုဒ်

အခါလည်းနှောင်းခဲ့ပြီ လွမ်း အဉ္ဇလီ
ချမ်းငြိမ်း

ဒီဆောင်းပါးကိုဖတ်မိပြီးတော့ ကျနော်နဲ့ ညီအကိုလို ရင်းနှီးခင်မင်ခဲ့တဲ့ ကိုမောင်မောင့်ကို ပြန်သတိရမိပါတယ်။

၁၉၇၉- ၈ဝ ခုနှစ်လောက်က ကိုမောင်မောင်တို့အုပ်စုဟာ ကိုတိုး (ကိုခင်မောင်တိုး) ရဲ့ အဉ္ဖလီအတွက် ဂီတဉ္ဖလီ သီချင်းစီးရီးကို သမိုင်းကျောင်းဝင်း (RC2 နားက) ထဲက အင်ကြင်းဆောင် အနောက်ဘက်မှာ လွတ်လွတ်လပ်လပ် သီချင်းတိုက်ခဲ့ကြတာပါ။ 

အဲဒီတုန်းက ကိုမောင်မောင့် ညီမ ယဉ်ယဉ်ထွေး (ခ) ဂျီဂျီး က အင်ကြင်းဆောင်မှာနေပြီး စီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့အချိန်၊ ကိုတိုး၊ ကိုရဲ (ကိုရဲလွင်)၊ ကိုနေဝင်းနဲ့ ကိုမောင်မောင်တို့ဟာ တံတားဖြူ (ခုတော့ တံတားနီ) ခရမ်းပြာအဆောင်ကနေ အင်ကြင်းဆောင်နောက်ကို ညစဉ်ညတိုင်း လာပြီးသီချင်းဆိုခဲ့ကြတာတွေ ပြန်မြင်မိတယ်။


Wednesday, July 20, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၅)

အချုပ်တန်းဆရာဖေ၏ သြဝါဒ
ထိန်လင်း

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို တွေ့နိုင်သလို တော်လှန်သူတွေကြားက မညီညွတ်မှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ မတူညီမှုတွေကို ညီညွတ်အောင်လုပ်နိုင်ခြင်းကိုက တကယ်တန်ဖိုးရှိတဲ့ ညီညွတ်ရေးဖြစ်တယ်ဆိုပေမယ့် မညီညွတ်မှုတွေကြောင့် ဖြစ်ပေါ်ရတဲ့ ဆုံးရှုံးမှုတွေကတော့ သမိုင်းနဲ့ချီပြီး နစ်နာလှပါတယ်။ အထူးသဖြင့် အလိုတော်ရိ ဆိုတဲ့ အာဏာရှင်များရဲ့ လက်ပါးစေတွေ ဘက်တော်သားတွေ များပြားနေမယ်၊ ပြည်သူကျောမွဲတွေအပေါ် ဖိနှိပ်သူတွေ များပြားနေမယ်ဆိုရင် အများလိုလားတောင့်တတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ဆိုတာတွေက ဝေးသထက် ဝေးနေဦးမှာပဲဖြစ်ပါတယ်။

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၅ ( မောင်လွမ်းဏီ)

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ကျောင်းတွေ ဖွင့်တော့မယ်လေ။ ဒီရာသီ ဒီအချိန်ကတော့ ကျောင်းတက်ရမယ့် ကလေးတိုင်း တက်ကြွလန်းဆန်းနေကြမှာပါပဲ။ ပြည့်စုံကုံလုံတဲ့ မိဘတွေအနေနဲ့ ကလေးကျောင်းစရိတ်ကို ကြောင့်ကြစရာ မလိုကြပေမယ့် နွမ်းပါးတဲ့မိသားစုတွေအနေနဲ့တော့ ကသီလင်တ ဖြစ်ရတာ၊ ပူပန်ကြရတာ သဘာဝပါပဲ။ 

အဖြူ နဲ့ အမဲ ( ရွှေဇီးကွက်)


(သင်္ကြန်အတက်နေ့ ဈာပနပို့ပြီးကတည်းက ဒီဆောင်းပါးကိုရေးချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့်လည်း ကျမလက်က စာရေးလို့မရ ဖြစ်နေတဲ့အတွက် မရေးဖြစ်ခဲ့ပါ။ ခုလက်ပြန်ကောင်းပြီး စာရေးမယ်လို့ စိတ်ကူးမိချိန်မှာလည်း ဒီအကြောင်းအရာတွေသာ စိတ်ထဲပြန်ပေါ်လာတဲ့အတွက် သင်္ကြန်ကာလနဲ့ မကိုက်ညီပေမယ့်လည်း ရေးဖြစ်လိုက်တာပါ။)

ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ၊ ဒိုးဒိုးဒေါက်ဒေါက်၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ဆ-ဆရာကြီး၊ ပြီးပါပြီ၊ စတာတွေဟာ ကျမတို့ငယ်စဉ် ၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ နှစ်ဦးများဆီက ကျရောက်ခဲ့တဲ့ သင်္ကြန်ပွဲတော်တွေမှာ ကျမတို့ မက်မက်မောမော နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုအားပေးခဲ့ရတဲ့ သင်္ကြန်အလှပြကားတွေရဲ့ အမည်နာမတွေပါ။ အဲဒီတုန်းက သင်္ကြန်ပွဲတော်တွေနဲ့ ခုခေတ် သင်္ကြန်ပွဲတော်တွေရဲ့ သွင်ပြင်လက္ခဏာ၊ အနှစ်သာရ၊ အဓိပ္ပာယ်သက်ရောက်မှုတွေဟာ လုံးလုံးလျားလျား ကွဲပြားခြားနားသွားခဲ့ပါပြီ။

Tuesday, July 19, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 20 ဇူလိုင် 2011

ဒီသီတင်းပတ်မှာ မြန်မာလူငယ်တွေ ပညာဗဟုသုတ လေ့လာသင်ကြားရေး၊ မြန်မာ-ဗမာ အသုံးအနှုန်းနဲ့ ဆိုင်တဲ့ မေးခွန်း၊ ကုလသမဂ္ဂ ပြုပြင် ပြောင်းလဲရေးအပေါ် သဘောထား၊ ဒီမိုကရေစီရဲ့ကောင်းကျိုးနဲ့ အမှန် တရားဆိုင်ရာ မေးခွန်း၊ နိုင်ငံရေးခေါင်းဆောင်မျိုးဆက် ပြတ်မသွားရေး အကြံပေးချက်၊ နိုင်ငံရေးအကျဉ်း သားတွေလွတ်မြောက်ရေး ဘာတွေ ဆက်လုပ်ကြမလဲဆိုတာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေး ဖြေကြားထားပါတယ်။


ဒေါ်စု အာဇာနည်ဗိမာန်သို့ နှစ်ကြိမ်သွား ဂါရဝပြု

 
ရန်ကုန်က အာဇာနည် ဗိမာန်မှာ ကျင်းပတဲ့ ၆၄ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၉ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၀ ရက်)


Monday, July 18, 2011

အာဇာနည်ဗိမာန်သို့ ဒေါ်စု သွားရောက် ဂါရဝပြု

 ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ အာဇာနည်နေ့မှာ ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ ဒေါ်စု သွားရောက် ဂါရဝပြုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံ တချို့ပါ။



စားဖားများ ညီညွတ်ရေး အလိုမရှိ ... (ကာတွန်း စောငို)

အာဇာနည်နေ့ သို့မဟုတ် ... (သန်းဝင်းလှိုင်)

Martyr s Day 28Special Issue29

ဒေါင်းတမန် ဂျာနယ် (အတွဲ ၁၊ အမှတ် ၁)

DaungJournal

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၁၉ ရက်) ၆၄ နှစ်မြောက် အာဇာနည်နေ့


Thursday, July 14, 2011

ဗုဒ္ဓနှင့် တွေ့ဆုံခြင်းနှင့် အခြားကဗျာများ (တင်မိုး)

Tin Moes Poem Final

တိရိစ္ဆာန် အုပ်စိုးတဲ့ခေတ် (ကာတွန်း စောငို)

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၄ ( မောင်လွမ်းဏီ)


အာအက်ဖ်အေ သောတရှင်များခင်ဗျား

အာစရိယဂုဏော အနန္တော၊ အနန္တဂိုင်းဝင် ကျေးဇူးရှင်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားစရာ၊ ဘယ်လို ဆရာမျိုးမဆို တပည့်သားမြေးတွေအပေါ် စေတနာ၊ အနစ်နာ၊ ဝါသနာဆိုတဲ့ နာ သုံးနာနဲ့ ပြုစုပျိုးထောင်ပေးကြတဲ့ တကယ့် ဆရာသခင် ကျေးဇူးးရှင်တွေပါ။ ဘယ် တပည့် သားမြေးမဆို အိုမင်းမစွမ်း အရွယ်ရောက်သည်အထိ ငယ်ဆရာကြီးတွေအပေါ် ချစ်ကြောက်ရိုသေကြတာ၊ ဂါရဝတရား ထားကြတာ ကျွန်တော်တို့လူမျိုးတွေရဲ့ အမျိုးသားရေး လက္ခဏာတရပ် ဆိုရင်လည်း မမှားပါဘူး။



Wednesday, July 13, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 13 ဇူလိုင် 2011

ဒီသီတင်းပတ်မှာ ဗွီအိုအေသောတရှင်တွေက ရွေးကောက်ပွဲဝင်ရေး မဝင်ရေး NLD ခေါင်းဆောင်တွေအကြား ဆုံးဖြတ်ခဲ့စဉ်က အခြေအနေ၊ မြန်မာသံမှူးကြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့အပေါ် သဘောထား၊ ပုဂံခရီးစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးနဲ့ ခံစားချက်၊ လူထုခေါင်းဆောင်လည်းရှိ၊ လူထုရဲ့ဝန်းရံမှုလည်း ရှိနေပါလျက် ဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရေး ဘာ့ကြောင့် အလှမ်းဝေးနေရသေးတာလဲ၊ မြန်မာနိုင်ငံသားတွေ တခြားနိုင်ငံသားတွေနဲ့ ဘယ်တော့များမှ ရင်ပေါင်တန်း ပုခုံးချင်းယှဉ်နိုင်မှာလဲဆိုတဲ့ မေးခွန်းတွေကို မေးမြန်းထားကြပါတယ်။


အကျဉ်းသား ပေါ်တာဆွဲတာက စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဆို

 
ကရင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့အတူ တွေ့ရတဲ့ အကျဉ်းသား ပေါ်တာတွေ (ဝတ်စုံ အပြာနဲ့) ပါ။ (ဓာတ်ပုံ - Free Burma Rangers/2011)

မြန်မာ အစိုးရ စစ်တပ်က လေူတွကို ပေါ်တာဆွဲပြီး ရှေ့တန်း စစ်မြေပြင်မှာ သူတို့အပေါ် ကျူးလွန်နေတဲ့အမှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။


ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၁၄ ရက်)



Tuesday, July 12, 2011

ဒေါ်စုနဲ့သားငယ် ဗိုလ်ချုပ်ကို ဂါရဝပြု

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းတို့ဟာ ဒီကနေ့မှာ ဖခင်ဖြစ်သူနဲ့ အဖိုးဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်နဲ့ အမေနဲ့ အဖွားဖြစ်သူ ဒေါ်ခင်ကြည် ဂူဗိမာန်တို့ကို သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။


ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၁၃ ရက်)



ဗိုလ်ချုပ်အောင်ဆန်းကို လူထုက ဘာကြောင့်တမ်းတနေကြသလဲ! (မင်းကျော်ခိုင်)


ဗိုလ်ချုပ်အောင်ဆန်းကို လူထုက ဘာကြောင့်တမ်းတနေကြသလဲဆိုတော့ သူ့လို ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့် ခေါင်းဆောင်အရည်အချင်းနဲ့ပြည့်စုံတဲ့ သူလိုခေါင်းဆောင်မျိုး အလိုရှိနေလို့ပဲ။

Monday, July 11, 2011

ကျဆုံးသွားတဲ့ မြန်မာပြည် လွတ်လပ်ရေး အာဇာနည်ခေါင်းဆောင်ကြီးများ (မင်းကျော်ခိုင်)


ကျဆုံးသွားတဲ့ မြန်မာပြည်လွတ်လပ်ရေး အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစား ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ကြိုးစားရေးဆွဲထားတာပါ။

ပုံတွေနဲ့ပတ်သက်ပြီး ချွတ်ယွင်းမှု တစုံတရာရှိခဲ့ရင် ရေးဆွဲတဲ့ ကျနော် မင်းကျော်ခိုင်ရဲ့တာဝန်သာ ဖြစ်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပုံများကို ဖြတ်တောက် ပြင်ဆင်ခြင်းမပြုဘဲ မူရင်းအတိုင်း လွတ်လပ်စွာ မည်သူမဆို ကူးယူအသုံးပြုနိုင်ပါတယ်။

ဒေါ်စုရဲ့ အညာဘုရားဖူး ခရီးစဉ် သတင်းစာရှင်းလင်းပွဲ

 
ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲက ပုံရိပ်တွေပါ။

Thursday, July 7, 2011

ရှင်းရှင်း ပြောပါလား … (ကာတွန်း စောငို)

7 July အမှတ်တရ ကဗျာများ

နေခြည်ပွင့်အကြွေမှာ
တက္ကသိုလ်မိုးဝါ

သည်အချိန်တွင်
ညို့မင်ပါးလျ၊ မြိုင်အထလည်း
မှိန်ပျမှေးမှေး၊ ရောင်ခြည်ဖေးတည့်
အတွေးမပျော်၊ ဖြူယော်နိမ့်ဆင်း
ညနေခင်းမှာ၊ ပစ်ကွင်းသဖွယ်
အန္တရာယ်ဝိုင်း၊ ဒုန်းစိုင်းပြေးရ
သမင်မ,လည်း၊ နေကျသည့်စွန်
ဝေးဝေးလွန်သို့
အားသွန်ခုန်ပေါက်တော့သည်တကား။ ။

ဒေါ်စု အညာဘုရားဖူး ခရီးစဉ်

ဒေါ်စုရဲ့ အညာဘုရားဖူး ခရီးစဉ်က ပုံရိပ်တချို့ပါ။

Wednesday, July 6, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၆ ဇူလိုင် ၂၀၁၁

ဒီကနေ့အစီအစဉ်မှာ NLD ကနေ အခမဲ့ ဆေးကုပေးခဲ့တဲ့အပေါ် ကျေးဇူးတင်စကားနဲ့အတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးပိုင်းကလူကြီးတွေ မဟုတ်တာလုပ်ရင် ဥပဒေအရ ဘယ်လို ရင်ဆိုင်ရမလဲ၊ အကြမ်းမဖက်ရေး လမ်းစဉ်၊ လူထုအခြေအနေနဲ့ တဦးတည်း ခေါင်းဆောင်မှုနောက်ကို လိုက်သလိုဖြစ်နေတဲ့ အခြေအနေအပေါ် သဘောထား၊ စီးပွားရေးပိတ်ဆို့မှု ဆက်ထားသင့် မထားသင့်၊ လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။