Saturday, July 20, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့

မန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ရာ 

ဒုတိယ သမ္မတ စိုင်းမောက်ခမ်း တက်ရောက် အလေးပြုခဲ့ပါတယ်။ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းဟာ နိုင်ငံတော်အခမ်းအနားအဖြစ် တက်ရောက်အလေးပြုခဲ့တာဖြစ်ပြီး

နိုင်ငံတော် အခမ်းအနားအပြီးမှာတော့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုခဲ့ပါတယ်။ 


 
အဲဒီအခမ်းအနားကို ထောင်သောင်းချီတဲ့ ပြည်သူလူထုတွေနဲ့အတူ မသန်စွမ်းသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ 

 
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာလည်း အခမ်းအနား ကျင်းပခဲ့ကြပြီး 

ဗိုလ်ချုပ်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာလည်း လူငယ်တွေ သွားရောက် အလေးပြုခဲ့ပါတယ်။ 

အခမ်းအနားအတွက် လုံခြုံရေးကိုတော့ အထူးချထားပါတယ်။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 


 

No comments: