Thursday, February 28, 2013

ငြိမ်းချမ်းရေးသို့ ... အလည်ရောက်ရှိခြင်း (၃) - ကမာပုလဲ

ငြိမ်းချမ်းရေးမှ ... အပြန် 

ငြိမ်းချမ်းရေးသို့ အမှတ်မထင် အလည်ရောက်ရှိခဲ့သည်။ ငြိမ်းချမ်းရေးဆီမှ သူ့ဖြတ်သန်းမှု၊ သူ့အနုပညာ၊ သူ့ယုံကြည်ချက်ကို အနည်းငယ်မျှ ကူးဆက်ခံစားမိခဲ့သည်။ အပြည့်အဝ ကူးဆက်ခံစားနိုင်ခဲ့ပါသည်ဟု ဆိုပါလျှင် မရိုးသားရာ ကျမည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် သူ့စကား၊ သူ့အဓိပ္ပာယ် သတ်မှတ်ချက်အရ ပထမ မျိုးဆက်။ ကျနော်တို့ကား တတိယမျိုးဆက် နှောင်းပိုင်းတွေ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် လူကိုယ်တိုင် မဆုံတွေ့ဘူးခဲ့စဉ်က သူ၏ စာများနှင့်သာ ထိတွေ့ခဲ့သည်။ သူ့စာများ၏ တန်ဖိုးကို အသေအချာ သိလာကာ သူ၏စာများကို မက်မက်မောမော ရှာဖွေဖတ်ရှုချင်လာသည့် စိတ်အာဟာရ ချဉ်ခြင်းကို မွေးဖွားပေးလိုက်သည်မှာ ၈၈၈၈ အရေးတော်ပုံ လှုပ်ရှားမှုကြီးပင် ဖြစ်သည်။

၈၈၈၈ အရေးတော်ပုံကြီးက ကျောင်းသားများတင်မက ပြည်သူလူထုကိုပါ မျက်စေ့ဖွင့်ပေးလိုက်သည်။ မဆလ တခေတ်လုံး သိမ်းဆည်းထားသည့် သမိုင်းအဖြစ်မှန် နောက်ခံ စာအုပ်များ၊ ဂျာနယ် စာစောင်များ၊ မြေအောက်ထုတ် လက်ကမ်းစာစောင်ကလေးများ လက်ဆင့်ကမ်း ပေါ်ထွက်လာသည်။ ထိုနည်းတူ တော်လှန်ရေးအခြေခံ ဘာသာပြန်စာအုပ်များလည်း ပေါ်ထွက်လာခဲ့သည်။


ရွှေစည်းခုံ အရုဏ်ပွဲ (မောင်အောင်ပွင့်)

အလို ... အညာသူ အပျိုပေါက်မလေးပါလား
ခြင်္သေ့ကြီး လက်နှစ်ဖက်ကြား
ခွေခွေလေး အိပ်နေလိုက်တာ။

သမီး လုံမငြိမ်းချမ်းရေ
ဒီမှာ သမီးအရွယ် မိန်းမသားလေး တယောက်
ဒုက္ခဆိုက်ပုံတော့
တောရိုင်း သံမဏိ လက်သီးချက်
ဒရစပ် ဖွပ်ဖွပ်ချေ
အဝတ်နွမ်းတစ ပုံချထားတဲ့အတိုင်း။


ပြည့်ဝထွန်းကားတဲ့ လူ့အခွင့်အရေး ရရှိဖို့

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝထွန်းကားတဲ့ နိုင်ငံတခုအဖြစ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုလာဖို့အတွက် စစ်တပ်ရဲအမှုအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomás Ojea Quintana က ပြောကြားလိုက်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးအတွက် ဒေသခံအာဏာပိုင်တွေက်က ဘာမှလုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ဦးကျော်ဇံသာ က မစ္စတာကင်တားနားနဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။ 


နောင်ဘဝများမှာ ...(ကာတွန်း ဆလိုင်းစွမ်းပီ)

Wednesday, February 27, 2013

အင်ဖက်မိုးပြီး ရေးတဲ့ကဗျာ (ညီစောလွင်)

ကျနော်ငယ်ငယ် 
အင်ဖက်မိုးနဲ့ ကျနော်တို့အိမ်ကလေး 
မိုးလန့်ပြီး ယိုတဲ့ ညက 
အဖေဟာ သန်တုန်းမြန်တုန်းပေါ့။ 
အခုတော့ 
အဖေက အသက် ၇၀ 
တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။ 
ဟိုတုန်းကဆို
အဖေက ခေါင်မိုးစပ်နားထိတက်သွား 
အမေက ကြမ်းပေါ်ကနေ ခြေဖျားထောက်ပြီး 
အင်ဖက် ကမ်းတယ်လေ။ 

သူတို့လင်မယား 
တိုးတိုး တိုးတိုး 
ကျနော် နိုးမှာစိုးလို့တဲ့။ 
နာက်ဆုံးတခေါက် 
ကျနော် အိမ်ပြန်ရောက်တော့ 
ကျနော်တို့အိမ်ကလေး သွပ်မိုးထားလိုက်တယ် 
“နင့်အဖေလည်း အသက်ကြီးပြီ ... သား 
မိုးယိုတဲ့အခါ အတက်အဆင်း မလုပ်နိုင်တော့ဘူး” 
အမေ့ ပြောစကား 
ကျနော် ခံစားရပါတယ်။ 
တကယ်ဆို အိုကြီးအိုမ ဒီလင်မယားမှာ 
သားတယောက် ထွန်းကားခဲ့ပါတယ် အမေ။ 


ငြိမ်းချမ်းရေးသို့ ... အလည်ရောက်ရှိခြင်း (၂) - ကမာပုလဲ

ဒဂုန်တာရာ၏ ဦးခင်မောင်မြင့်၊ မန်းဒါဝိတ်နှင့် ဗိုလ်နေဝင်း 

ဆရာ၏ လ္ဘက်ရည်ကြမ်းကား ခဏကလေးနှင့်ပင် ကျိုပြီးသွားသည်။ ကျနော်တို့မှာ ထိုင်ရမလို၊ ထရမလို၊ ဝိုင်းကူရမလိုနှင့် ချီတုံချတုံ။ အမြင်အားနည်းသူ အဖိုးကြီးတဦး၏ အန္တရာယ်များလှသော လ္ဘက်ရည်ကြမ်းကို သောက်ရသည်မှာ ရင်တထိတ်ထိတ်၊ ရင်တခုန်ခုန်ဖြင့် သောက်နေရသည်ကို ...။

 "ဦးခင်မောင်မြင့် ထောင်ထဲမှာ ကျဆုံးသွားခဲ့ပြီ ဆရာ"

"သြော် ... ဟုတ်လား"

စကားဝိုင်းကား ခေတ္တတိတ်ဆိတ် ငြိမ်သက်သွားသည်။

"မှတ်မိနေသေးတယ်ဗျ။ ဗိုလ်နေဝင်း တိုင်းပြည်အာဏာသိမ်းလိုက်တုန်းက၊ ၁၉၆၂ ကပေါ့။ ကိုခင်မောင်မြင့် ကျနော့်ဆီ အမှတ်မထင် ရောက်လာတယ်။ အပေါ်က ဟာဝေယံ ရှပ်အင်္ကျီနဲ့၊ အောက်က ဘောင်းဘီရှည်နဲ့ဗျ။ ရုပ်ဖျက်ထားတယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျနော်က သူ့ကို မြင်မြင်ချင်း မှတ်မိနေတယ်"


ပြောင်ကြီး ချိတ် ... (ကာတွန်း အောင်မော်)




Tuesday, February 26, 2013

အိမ်ဆီသွားတဲ့လမ်း (မေငြိမ်း)

အဲဒီနေ့က ကျွန်မ မော်လမြိုင်-သံဖြူ ဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။ ပြီး ခဏကြာတော့ ပင်းတယ-တောင်ကြီး ကားလမ်းပေါ် ရောက်သွားပြန်ရော။ 

ဟော ဟိုးမှာ တောင်တန်း အလွှာတွေလား၊ သစ်ပင် တောအုပ် အဆင့်ဆင့်တွေလား။ အစိမ်းရင့်၊ အစိမ်းနု၊ အညိုရင့်၊ အညိုနု၊ မီးခိုးရင့်၊ မီးခိုးနု။ တချို့နေရာတွေမှာ လိမ္မော်တွေ၊ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား၊ ဒါမှမဟုတ် သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ် သဘာဝကဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို။ ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမယ့် ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေကလည်း အရုပ်တွေထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားမှာရှိတဲ့ ကျွန်မချစ်တဲ့ နမ့်ဟူးတောင်းရွာမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော ကျွန်မ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တစ်ချက်တစ်ချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ်တက်ရင်း ဘေးမှာ ချောက်တွေနဲ့။ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ၊ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ပါတယ်။ ဟော အဲဒါ လားရှိုးသွားရင်ဖြတ်ရတဲ့ ဂုတ်တွင်းပေါ့။ ဂုတ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ပေါ်က တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။ 


မအူပင် (ကမာပုလဲ)


ဂျပန်ကြီး ...
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ ...။

သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ
ဝေဒနာရဲ့ လွတ်မြောက်ရာ
ခန္ဓာကိုယ်မှာ အပ်ချဖို့ နေရာ ရှာမနေနဲ့ ...။

ပင်နီဖျင်ကြမ်း တိုက်ပုံကလေးမှာ
သွေးဝနေရင် တထောက်နား
မြင်လား ...
မပျံနိုင်တော့လို့ တအိအိလမ်းလျှောက်နေကြတာ ...။


နေပြည်တော်က လူကြီး ... (ကာတွန်း အောင်မော်)

Monday, February 25, 2013

ငြိမ်းချမ်းရေးသို့ ... အလည်ရောက်ရှိခြင်း (ကမာပုလဲ)

ဒဂုန်တာရာ(သို့) ပန်းနုရောင်အိုနှင့် တွေ့ဆုံခြင်း 

၈၈၈၈ အရေးတော်ပုံကြီး၏ နောက်ပိုင်းကာလ ၁၉၉၃-၉၄ န်းကျင်လောက်ဆီက ဖြစ်သည်။ သူ့ကိုယ်သူ မဲဇာသို့ ပို့ထားသော ဆရာဒဂုန်တာရာ နေထိုင်ရာ မှော်ဘီကျေးလက် နေအိမ်သို့ အမှတ်မထင် ရောက်ရှိသွားမိခဲ့သည်။ ရင်းနှီးနေသည့် စာရေးဆရာတဦးက ဆရာနှင့် သွားရောက်တွေ့ဆုံရန် ဒညင်းကုန်း မှော်ဘီ လိုင်းကားပေါ်အထိ လိုက်ပို့သဖြင့် ဆရာ့ဆီ ရောက်ဖြစ်သွားခြင်း ဖြစ်သည်။ စိတ်ထဲတွင် မဝံ့မရဲ။ မိတ်ဆွေ စာရေးဆရာ၏ "ဆရာက လူငယ်တွေ အသံကို နားထောင်ချင်နေတာဗျ" ဆိုသော တိုက်တွန်းစကားသည် ဆရာ့ဆီကို သွားဖြစ်ဖို့ တွန်းအားတခု ဖြစ်ခဲ့သည်။ 

သူ့စာတွေနှင့်သာ ရင်းနှီးကျွမ်းင်ခဲ့သည်။ လူချင်း တခါဖူးမျှ မဆုံတွေ့ဘူး၊ မကျွမ်းင်ခဲ့ဘူးသဖြင့် စိတ်ထဲက ဖြစ်မှဖစ်ပါ့မလားဟု ရင်ထဲ တထိတ်ထိတ်။ မှော်ဘီ ဘော်လုံးစက်ရုံရှေ့ရောက်တော့ ကားပေါ်မှဆင်းပြီး လမ်းလျှောက်လာခဲ့သည်။ စက်ရုံဘေးက မြေနီလမ်းကလေးရဲ့ သယ်ဆောင်ရာအတိုင်း လယ်ကွင်းအစပ်ရှိ စက်ရုံလုပ်သားများ နေထိုင်ရာ အိမ်စုကလေးဆီသို့ ...။ 


သယံဇာတကျိန်စာ အနုပညာပြပွဲ

 
 
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့တဲ့ သယံဇာတကျိန်စာ အနုပညာပြပွဲမှ ကာတွန်း လက်ရာတချို့။

လေကြမ်းထဲက ရွက်နု (ခက်မာ)

လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက် စာသင်ခန်းရှ့မှာ ဘွားခနဲ ပေါ်လာပြီး ဆရာမ ဧည့်သည် ရောက်နတယ် ဟု ပြောလာတာ့ သင်ခန်းစာထဲ စိတ်င်စားနချိန်မို့ ဘယ်သူမှန်း မသိသေးသော ဧည့်သည်ဆိုသူအပေါ် ငြိုငြင်စိတ်ပင်င်သွားမိသည်။ ကလေးတွေကို မြန်မာစာ သဒ္ဒါ လေ့ကျင့်ခန်းတချို့ လုပ်ခိုင်းထားပြီး ဧည့်သည် ဆရာ ဆရာမများ နားနေခန်းဆီ ထွက်ခဲ့သည်။ 

ဧည့်သည်ဆိုသူက မြင့်မြင့်စန်း အမေ ထင်ပါရဲ့။ တမြန်နေ့က ချောင်းထဲမှာ ရေချိုးနရင်း မြင့်မြင့်စန်းအမေ လှေလှော်လာတာတွေ့တော့ အတန်းထဲမှာ ခဏခဏ မူးလဲသော မြင့်မြင့်စန်း၏ ကျန်းမာရေးကိစ္စ ဆွေးနွေးရအာင် ကျွန်မနဲ့ လာတွေ့ပါဦးဟု ပြောမိသည်။ တကယ်တော့ မြင့်မြင့်စန်း အမေက နေ့လယ် ကျောင်းဆင်းချိန်လိုမျိုး လာရမှာ။ အဲဒါဆို စာသင် မပျက်တာ့ဘူးပေါ့။ 

ဆရာ ဆရာမများ နားနေခန်း င်ပေါက်မရောက်ခင်လးမှာ လှမ်းမြင်လိုက်ရသော မြင်ကွင်းတစွန်းတစလေးက ဖြူဖြူ့ခြေလှမ်းတွကို တုန့်ခနဲ ရပ်သွားစေသည်။ 

နားထဲမှာပါ ဆူညံလာအောင် ရင်ခုန်သံတွကို မြန်လာစေသည်။ ပါးစပ်ကို လက်ဝါးနှင့်အုပ်ရင်း ခြေစုံရပ်နမိပမယ့် ဒူးတွေ တဆတ်ဆတ်တုန်နသည်။ နားနေခန်းပတင်းပါက်ဘေးမှာရပ်၍ ရေတွေ ဖွေးဖွေးလှုပ်နေသာ ကျောင်းရှေ့ မြင်ကွင်းကိုငးကြည့်နေ သူ၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်ရပမယ့် အဲဒီ လူက ဖိုးသိုက် ဆိုတာ သူမ သိလိုက်သည်။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ဖြူစိတ် စွဲလို့များလား။ ကမ္ဘာတစ်ခြမ်းစာ ဝေခဲ့ပီးသားသူက ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာဖို့ဆိုတာ ရုပ်ရှင်ဆန်လိုက်တာ။ 


သေတွင်း (သားကြီးမောင်ဇေယျ)

ငါတို့ဟာ...
သေတွင်းထဲမှာ
မွေးခဲ့ရ၊

ငါတို့ဟာ...
သေတွင်းထဲက ရွှံ့နဲ့ 
အိုးပုတ်၊ ချိုးရုပ်
လုပ်ခဲ့ရ၊

ငါတို့ဟာ...
သေတွင်းနံရံ
မှန်လိုကြည့်ခဲ့ရ ၊

ငါတို့ဟာ...
သေတွင်းထဲကကြွက်
မကျက်တကျက် စားခဲ့ရ၊


လက်ပံတောင်းတောင် အစီရင်ခံစာ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်စုံစမ်းရေးကော်မရှင်က လူသိရှင်ကြား အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း မရှိသေးပေမယ့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ကတော့ သီးသန့်စုံစမ်းမှုတရပ် ပြုလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ 

အဓိက တွေ့ရှိချက်ကတော့ အရပ်ဖက် ပြည်သူအရေးကိစ္စတွေမှာ လုံးဝ သုံးစွဲခြင်းမပြုဖို့ နိုင်ငံတကာက တားမြစ်ထားတဲ့ စည်းကမ်းချက်တရပ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တချို့က ချိုးဖောက်ခဲ့တယ်ဆိုတဲ့အချက်ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့ နေကြီး ဦးအောင်သိန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 


Sunday, February 24, 2013

ဆင်သွားရင် လမ်းဖြစ်တယ် တဲ့လား ... (ကာတွန်း အောင်မော်)

သွေးမလျှောက်တော့တဲ့ ကောင် (ကမာပုလဲ)

ကျောရိုးက ရိုက်ချိုးခံထားရတယ် 
တွားသွားတကောင်လို ... 
စိတ်ကူးနဲ့ ... ထင်မှတ်မှားမှုတွေနဲ့ 
မိချောင်းမဟုတ် ... အိပ်မြှောင်မဟုတ် 
တီကောင်မဟုတ် ... 
သွေးမလျှောက်တော့တဲ့ ကောင် …။ 

ခြေဆစ် လက်ဆစ်တွေက
ယာင်ကိုင်း ... 
ဖောယောင် ... တဆစ်ဆစ်ကိုက်ခဲ 
မိုးရွာမှာကို ကြောက်တယ်
င်းတွေကျ အေးစိမ့်နေမှာ စိုးတယ် 
ကိုယ့်ဇောချွေးနဲ့ ကိုပြန်အအေးပတ် ... 
ကိုယ့်ကိုယ်က အနံ့အသက်ကို ကိုယ်တိုင် ပြန်အံချင်နေရဲ့ ... 
သွေးမလျှောက်တော့တဲ့ ကောင် …။ 


bob & barbara (မောင်သာရ)

လူများ ဟန်ကျချင်တော့၊ မုတ်ဆိတ်ပျားစွဲဆိုသလို... ဝတ္ထုရေးဖို့ ကုန်ကြမ်းက အိမ်နီးချင်း လာဖြစ်တယ်။ ကျုပ်နဲ့ ခြံချင်းကပ်ရက် အိမ်ကလေးမှာ လူတယောက်နဲ့ က်တကောင် ပြောင်းရောက်လာကြတယ်။ 

လူကတော့ ပုံပန်းကြည့်ရတာ အဖြူ၊ american ပါ။ hispanic ပုံ မပေါက်ပါဘူး။ ၃၀ အရွယ် နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးမှ အလှမထားတာပဲ။ ပြီး အရပ်က တံခါးပေါက် ခေါင်းငုံ့င်ရလောက်အောင် မြင့်လို့သာပေါ့။ မတရား တယ်။ သိတယ်နော်..၊ ကျုပ်ကိုယ်ထက် နှစ်ဆလောက် တယ်ဆိုတော့.. အနည်းဆုံးပေါင် ၃၆၀ လောက် ကျော်မှာပေါ့။ 

ရယ်ရတယ်။ သူနဲ့အတူပါလာတဲ့ သူ့ရဲ့ pet က်ကလည်း သခင်နဲ့အတူ ဘယ်လောက် အပြိုင်စားထားကြတယ် မသိဘူး။ သူတို့အိမ်အင် တံခါးပေါက်မှာ ပြိုင်တူလုင်ရင် တစ်နေကြရော။ ပြီး သူ့က်ကလည်း နေ့စဉ် ရေချိုး သန့်စင်ပးထားလို့ပဲလား၊ ကျုပ်တို့ ဒေသရဲ့ င်ရိုးစွန်း ရာသီဥတုကြောင့်ပဲလား မသိ၊ alaska က်ဝံလို ဖြူဆွတ်နေတာပဲ။ ကျုပ်တို့ ရှမ်းပြည်တောင် ပိုင်း“ကလော”နားမှာလည်း “က်ဖြူရေတောင်”ဆိုတာ ရှိတယ် မဟုတ်လား။ က်ကလည်း အဖြူ၊ သူ့သခင်ကလည်း အဖြူ၊ တာချင်းကလည်း တူကြတော့ လိုက်ဖက်တယ်။ 

ပြောရအုံးမယ်။ ကျုပ်နတဲ့ဒသ မြောက်ဖျားပည်နယ်တွေမှာက သန်းကွယ်သူဌေးပိုင် အိမ်ကြီး ရခိုင် mansion တွေသာ မဟုတ်လို့ကတော့ သာမန်အိမ်တိုင်းမှာ လူတကိုယ်စာင်သာ ထွက်သာရုံ နှစ်ပေခွဲ သုံးပေကျယ် တံခါးပေါက်ကလး တပေါက်ပဲ ရှိတတ် ထားတတ်ကြတယ်။ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် တံခါးရွက်လဲ တဖက်ဖွင့်ပဲ တပ်လေ့ရှိကြပြီး၊ ပိတ်လိုက်ရင် လေလည်း လုံကြရတယ်။ ဒါကြောင့် သူတို့ နှစ်ကာင် ပြိုင်တူယှဉ်င်လို့ မရကြဘူး ပြောတာပေါ့။ 


Thursday, February 21, 2013

ကျွန်တော်တို့ ဘယ်ရာစုနှစ်ထဲ ရောက်နေပါသလဲ (မောင်ဝံသ)

ကျွန်တော် စင်ကာပူကို စတုတ္ထအကြိမ်သွားပြီး ဆေးပြန်စစ်နေလို့ ပြီးခဲ့တဲ့အပတ်က ဆောင်းပါး မရေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ကျွန်တော့် ကျန်းမာရေးကတော့ ဆေးကုသမှုခံယူနေဆဲလို့ပဲ အစီရင်ခံပါရစေ။ လူကတော့ ကီမို ဆေးသွင်းနေတဲ့ ရက်ပိုင်းတွေကလွဲလို့ နေကောင်းနေတာပါပဲ။ သို့ပေမယ့် အဲဒီရက်တွေမှာ မိမိကိုယ်ခံအားက အရမ်းကျဆင်းနေတာ ဖြစ်လို့ လူများများ စုဝေးတဲ့နေရာတွေကို မသွားဖို့၊ အနံ့အသက်တွေကို ရှောင်ဖို့ ဆရာဝန်များက ညွှန်ကြားထားပါတယ်။ သည့်အတွက် သွားသင့်လာသင့်တဲ့နေရာတွေကို မသွားနိုင်ဘဲ လူမှုရေးတာဝန်ပျက်ကွက်ရတာတွေကို မိတ်ဆွေများက နားလည် ခွင့်လွှတ်ပေးကြပါ။

ကျွန်တော်က ယခုအချိန်မှာ အရင်က နေထိုင်ခဲ့တဲ့ ၃၃လမ်း ဒေါင်းစာပေ မြေညီထပ်အခန်းမှာ မနေတော့ဘဲ ဘားလမ်း အထက်လမ်းက သမီးကြီးရဲ့ ခြောက်ထပ်အခန်းမှာ ပြောင်းနေတာ မသိသေးတဲ့ ကျွန်တော်နဲ့ တွေ့ချင်၊ သတင်းမေးချင်သူ မိတ်ဆွေရင်းချာများက ဒေါင်းစာပေကိုပဲ ဆက်သွယ်တတ်ကြပါတယ်။


Sunday, February 17, 2013

ခပ်စိမ်းစိမ်း … နွေဦး (ကမာပုလဲ)

( ၁ ) 

အမ်စတာဒမ်မှာ နွေဦး ရှိပါသလား။ ဘိုရင်းနိတ် ကျောက်မီးသွေးတွင်းမှာ နွေဦး ရောက်နေပြီလား။ ဘယ်လဂျီယံ ဆောင်းဟာ နွေဦးကို ကိုယ်ဝန်ဆောင်ထားခဲ့လေသလား။ မိတ္ထီလာမြို့အဝင် တမာပင်တန်းကလေးမှာ နွေဦး နားခိုနေပါသလား။ ကလောမြို့ရဲ့ မှိုင်းလုံးတောင် ခြေရင်းမှာ ရိုးတံသက်သက် အလွမ်းများ … ပန်းနုရောင် ချယ်ရီတွေ ဖူးသစ်ဝေနေပြီလား။ ညက အိပ်မက်ထဲမှာ ပန်းနုရောင် ချယ်ရီတွေ ပွင့်နေခဲ့တယ် … နွေဦး။

နှစ်ကာလရဲ့ ရထားတစင်းပေါ်မှာ အဖြစ်အပျက်တွေ စီးနင်းလိုက်ပါသွားခဲ့ကြ။ သံလမ်းတလျှောက်မှာ ပုံသဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနေတဲ့ ဘဝများ၊ ရင်ခုန်သံများ၊ စကားစမြည်များ၊ ပိုလို့ နွမ်းပါးလာတဲ့ နေ့မြင်ညပျောက် မိသားစုများ၊ ရေအိုးကလေးထဲမှာ ကြိုက်သလို သုံးစွဲနိုင်တဲ့ ရေကြည်သန့်များ၊ သနပ်ခါး ပါးကွက်ကြားပေါ်က ချွေးစ ချွေးနများ၊ အကွက်လည်နေတဲ့ ချုပ်ရာ ဖာရာ ဗရပွ ထမီကလေးတထည် …။

“အကိုရေ … ရေချိုးချင်ပါသလား။ ရိုးရိုး ချိုးရင် ၃ - ကျပ်၊ အထူး ချိုးချင်ရင် ၅ - ကျပ်၊ ၁၀ - ကျပ်။ အဆင်ပြေစေရပါမယ်။ စိတ်တိုင်းကျစေရပါမယ်။ စိတ်ချ လက်ချ ရှိစေရပါမယ်” တဲ့။


ဖယောင်းတိုင် အမှု (ကာတွန်း အောင်မော်)

မတူကွဲပြားမှု နဲ့ စည်းလုံးညီညွတ်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မတူကွဲပြားမှုကို အခြေခံသော စည်းလုံးညီညွတ်ရေး Unity in Diversity ဆိုတဲ့ ပင်လုံရဲ့အခြေခံသဘောတရားကို ဘယ်လောက်အထိ ဖော်ဆောင်နိုင်ကြပြီလဲဆိုတာကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးလှထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်တို့ နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က လွတ်လပ်ရေးယူပြီးတော့ မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ်ဖွဲ့စည်းကြမယ်ဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွတ်လပ်ရေးခေါင်းဆောင်တွေ အဓိကထား စဉ်းစားခဲ့ကြ ရယူခဲ့ကြတဲ့ မူဝါဒသဘောတရားကတော့ Unity in Diversity ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေအထဲမှာ စည်းလုံးညီညွတ်ရေး ဆိုတဲ့စကား ဖြစ်ပါတယ်။

အဓိပ္ပာယ်ကို သေချာစဉ်းစားကြည့်မယ်ဆိုရင် Unity ဆိုတဲ့ စည်းလုံးညီညွတ်မှုရှိရမယ်။ ဒါပေမယ့် မတူကွဲလွဲတဲ့ဟာတွေကို အကုန်လုံး ဖြတ်ပစ်ပြီးတော့ တစ်မျိုးတည်းဖြစ်ရမယ်ဆိုတဲ့ Unification မျိုးမဟုတ်သလို Diversity ဆိုတာကလည်း Fragmentation လို့ခေါ်တဲ့ အစိတ်စိတ်အမွှာမွှာ ကွဲလွဲခြင်းမရှိဘဲနဲ့ မတူကွဲလွဲမှုကိုလက်ခံပြီးတော့ ညီညွတ်ရေးတည်ဆောက်မယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။


သစ်ကောင်းအိမ်အတွက် ကဗျာ နှလုံးသား အားတိုးဆေး (ကမာပုလဲ)

နှလုံးသားကို အစားထိုး ကုသလို့ရတယ်
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး ဇော်ကြီး ...။

မင်းရော ငါရော
မသေခင် ကဗျာတွေ ရေးနေကြရမှာပဲ ဇော်ကြီး ...။

ကဗျာက ကဗျာလို နေပြီး
ငါတို့က ကဗျာထဲမှာ နေထိုင်ကြတယ်
ငတ်တယ် ... ဆင်းရဲတယ် ...
လူအထင်အမြင်သေးတယ် မဆန်းဘူး ဇော်ကြီး ...။

မင်းရော ငါရော
သူမနဲ့ သူတို့ကို အထင်ကြီးခဲ့ကြ
မင်းရော ငါရော
သူတို့ကို ထောင်တန်းအကျခံပြီး ချစ်ခဲ့ကြ
မင်းရော ငါရော
၂၀၀၈၊ ၂၀၁၀ နဲ့ ၂၀၁၁ ကြားဖြတ်ကြီးကို
တူးတူးခါးခါး ဆန့်ကျင်ခဲ့ကြ
မထွေးနိုင် မမြိုနိုင် ခံစားချက်တွေ ကဗျာဖြစ်ခဲ့ကြ
မဆန်းဘူး ဇော်ကြီး ...။


Friday, February 15, 2013

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၂ (ကိုညို)

“ဟ. ဟ. ဟာ. ဒါ မိုးရေးဘက်သွားတဲ့လမ်း မဟုတ်ဘူးဗျ ... လမ်းလွှဲသွားပြီ … ဟာ . ဒါ နယူးစန်းသာဘက် သွားတာဗျ ... ကျနော် ကောင်းကောင်း မှတ်မိတယ်”

အမိုးအကာ အလုံအုပ်ထားတဲ့ ထရပ်ကား တာလပတ်မိုးကာရဲ့ တထွာကျော်ကျော်ပြဲနေတဲ့ အပေါက်ကနေ အပြင်ဘက်ကို တောက်လျှောက်ကြည့်လာတဲ့ ကလေးမြို့က ဝင်းကို ရဲ့ အသံကြောင့် ကားပေါ်မှာ အတွေးကိုစီနဲ့ ငြိမ်ငြိမ်လေးပါလာတဲ့ ကျနော်တို့အားလုံး တုန်လှုပ်သွားတယ်။

“သူတို့ပြောတော့ မိုးရေးကို ပို့ပေးမယ်ဆို”

“ဘယ်လိုဖြစ်တာလဲ ... ဒီကောင်တွေ ညာခေါ်လာပြီ”

ပူညံပူညံ တယောက်တပေါက် ပြောနေကြပြီ။ မူလက မိုးရေးက ကျနော်တို့ခေါင်းဆောင်တွေဆီ ပို့ပေးမယ်လို့ ကသဲတပ်ရင်းမှူးက ကတိပြုတဲ့အကြောင်း ကျနော်တို့ သိထားတယ်။ အခု ဘယ်လိုဖြစ်တာလဲ?၊ ဘယ်ကိုပို့မှာလဲ?၊ ဘယ်ခေါ်သွားမှာလဲ? မေးခွန်းတွေနဲ့ အားလုံးဟာ မရေမရာတွေ ဖြစ်နေတယ်။


Wednesday, February 13, 2013

လူများ မတုံးဘူး မှတ်လို့လား … (ကာတွန်း အောင်မော်)

တိမ်စစ်တမ်း (ညီစောလွင်)

အဆိပ်ငွေ့လိုလို
နှင်းငွေ့လိုလို
အမောက်လိုလို အမိုးလိုလို ကောင်းကင်နောက်ခံမှာ
ဟိတ်ဟန်အပြည့်နဲ့ အဲ့ဒီတိမ်တွေ။

ဝေးသွားလိုက် နီးလာလိုက်
လွင့်နေလိုက် ရပ်နေလိုက်
မဲလာလိုက် လင်းလာလိုက်
ညို့လာလိုက် မို့လာလိုက်။

ကြည့်
သိုးတအုပ်လိုလို
နယူးကလီယားဆောင်းလိုလို
ပန်းချီခန်းလိုလို ငရဲခန်းလိုလို
အရောင်တွေခင်းကျင်း
ညနေခင်းကိုပြုစားထားလိုက်တာ။


ပြည်တွင်းစစ်နေ့ (ကာတွန်း စောငို)

Monday, February 11, 2013

ဖေဖော်ဝါရီ ၁၂ ... ကျိန်စာ (ကမာပုလဲ)

ဘာပဲ ဖြစ်ဖြစ်
အမေဟာ အမေပါပဲ ... တဲ့။

ဘယ်လို လူဖြစ်ခွင့်လဲ
ပြည့်တန်ဆာ ခေတ်ကြီးမှာ
လူမဖြစ်ချင်ပါဘူး မေမေ ...။

သိဒ္ဓတ္ထလည်း
ပြည့်တန်ဆာ ကျေးကျွန်လူတန်းစား အတွက်
လွတ်မြောက်ဖို့ကို ဆောင်ကျဉ်းတိုက်ယူမပေးနိုင်ရှာခဲ့သူ ...။


ပြည်ထောင်စုနေ့ (ကာတွန်း ဟန်လေး)

မြန်မာ့သတင်းမီဒီယာ အဆင့်အတန်း

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့အတူ သတင်းလွတ်လပ်ခွင့်ဆိုတာကိုပါ ကြားလာခဲ့ရတာ အခုဆိုရင်တော့ ပုဂ္ဂလိက သတင်းစာတွေကိုတောင် သိပ်ပြီးတော့ မကြာမြင့်တော့တဲ့အချိန်မှာ တွေ့မြင်ဖတ်ရှုကြရတော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာအဆင့်အတန်းဟာ လောလောဆယ် ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ဝါရင့်သတင်းစာဆရာကြီး ဦးဝင်တင်နဲ့ ဦးကျော်ဇံသာတို့က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေပေးလာတယ်ဆိုတာ တော်တော်လေး လပိုင်းလောက်တော့ရှိခဲ့ပါပြီ ဆရာ။ ဆရာအနေနဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဘယ်လောက်ထိ ခရီးပေါက်ခဲ့ပြီလို့ ဆရာ အကြမ်းဖျင်း သုံးသပ်လိုပါသလဲ။

ဦးဝင်းတင် ။ ။ အမှန်အတိုင်းပြောရရင် ကျနော်လည်း Working Journalist မဟုတ်တဲ့အတွက် လွတ်လပ်စွာ ရေးသားခွင့်တို့ ဘာတို့ ဘယ်လောက်ရှိတယ် မရှိတယ် ကျနော် သိပ်မသိဘူး။ ဒါပေမယ့် ကျနော် ပြောချင်တာ ဘာလဲဆိုတော့ သတင်းလွတ်လပ်ခွင့်ကို ကျနော် ဆုံးဖြတ်တဲ့နေရာမှာ သတင်းဆိုတဲ့ဖြစ်ရပ်တွေပေါ့ဗျာ မီးလောင်တယ်၊ ရေကြီးတယ်၊ ဒေါ်စု ဘယ်နေရာရောက်တယ်၊ ဘယ်သွားတယ် ဆိုတာမျိုးတွေ ဖြစ်ရပ်တွေ Events တွေပေါ့။ ဒါက တစ်ခု။

နောက်တစ်ခုက အယူအဆတွေကို ရေးတာ။ အယူအဆတွေ ဥပမာ ဒေါ်စု ဘာပြောတယ်၊ ဒေါ်စုကို ဆော်တယ်၊ ဒေါ်စုက ပြန်ပြီးတော့ ချေပတယ်။ ဒေါ်စုရဲ့ဆောင်းပါးတွေ ပါတယ်ဆိုတာတွေကျတော့ အဲဒီအခါကျတော့ သူတို့မှာ အဲဒါတွေက ဘာမှ သိပ်မများဘူးလို့ ကျနော် ထင်တယ်။


မပူနဲ့ … သေရင် လှူခဲ့မှာပါ (ကာတွန်း စောငို)

လူ နဲ့ သစ်ပင် (ကမာပုလဲ)

လူတွေ အရပ်ရှည်လာသလို
သစ်ပင်တွေလည်း အရပ်ရှည်လာတယ် ... ။

လူက အောက်ဆီဂျင်လိုအပ်သလို
သစ်ပင်တွေကလည်း အောက်ဆီဂျင်လိုအပ်တယ် ... ။

လူတွေ ရေငတ်သလို
သစ်ပင်တွေလည်း ရေငတ်တယ် ...။

မိုးခေါင်ရေရှား ရပ်ဝန်းမှာ
လူက ရေတွင်းနက်နက်တူးပြီး အသက်ရှင်သလို
သစ်ပင်တွေက အမြစ်နက်နက်တူးပြီး အသက်ရှင်တယ် ...။


Sunday, February 10, 2013

ရွှေမန်းတို့က လေပန်းပြီး … (ကာတွန်း စောငို)

နွေလုလုဦး (ကမာပုလဲ)

ဆောင်းဟာ
နှင်းရုပ်တောင် မပေါ်နိုင်ရှာတော့ ...
ချောက်တီးချောက်ချက် မြူ အစအန ...
အက်ကွဲ ပြိုကျနေတဲ့ ဟေမန္တ သရုပ်မှန် ရှုမျှော်ခင်း
နှင်းခါးခါး ညတွေကိုမှ လွမ်းလှပါသတဲ့ ...။

အိပ်မက်က အသေဖြစ်နေရင်
ဘဝနဲ့ ကင်းကွာနေတဲ့ လူဖြစ်ရှုံးမှုများ
ကလေးရယ် ...
မင်းဟာ ဆာရီရယ်လစ်ဇင် ပန်းချီကားထဲက
သက်ပျောက် မန္တာန် တခုသာပ ...
မင့်နှလုံးသားနဲ့ မင်းအချစ်
နီးရက်နဲ့ ဝေးခဲ့မယ် ...။


Friday, February 8, 2013

စစ်ဟိန်းသံ တချို့ကြောင့် ရင်တမမ ဘုရားတမိ (မောင်ဝံသ)

စေ့စပ် ဖျန်ဖြေရေးသည် ပညာရပ်တစ်ခု 

ဆရာ ဒေါက်တာ အောင်ထွန်းသက်က ပညာရှင် ရှုထောင့်ကနေ သူပြုစုထားတဲ့ ‘စေ့စပ် ဖျန်ဖြေခြင်း ပညာ’ (Mediation) ပါဝါပွိုင့် ဟောပြောချက်တစ်စုံကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်တွေ လေ့လာဖတ်ရှုဖို့ အီးမေးလ်နဲ့ ပို့ထားလို့ ခုတလော ကျွန်တော် စိတ်ဝင်စားစွာ လေ့လာနေပါတယ်။

ဆရာသက်ရဲ့ ဟောပြောချက် မှတ်စုထဲမှာ မီဒီယာသမားတွေ ကြုံတွေ့ရနိုင်တဲ့ အမှုအခင်းတွေကို စာနယ်ဇင်းကောင်စီက ကြားဝင်စေ့စပ် ဖျန်ဖြေပေးရတဲ့ အချိန်အခါတွေမှာ လက်တွေ့အသုံးချနိုင်တဲ့ အခြေခံသဘောတရားတွေ ကျင့်သုံးပုံတွေ အစုံအလင်ပါတာဖြစ်လို့ အလွန်မှ ကျေးဇူးကြီးလှပါတယ်။

ကစ်ဆင်းဂျားရဲ့ အတွေ့အကြုံများ 

ကျွန်တော်ကလည်း စေ့စပ်ဖျန်ဖြေရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလေ့လာဖို့ ပိုပြီးထက်သန်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်းစာအုပ် ‘ဒေါက်တာ ဟင်နရီကစ်ဆင်းဂျား’ နိုင်ငံရေး အတ္ထုပ္ပတ္တိ (၁၉၇၃ ခုနှစ် စက်တင်ဘာလ) ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲလာချိန် (၁၉၇၀ စောစောပိုင်းနှစ်များ) မှာ ဟင်နရီကစ်ဆင်းဂျားဆိုတဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ တက္ကသိုလ် ဆရာတစ်ယောက်ဘဝကနေ စေ့စပ်ဖျန်ဖြေရေး သံတမန်တစ်ဦးအဖြစ် အောင်မြင်စွာ စွမ်းဆောင်ခဲ့ပုံတွေကို ရေးသားတင်ပြခဲ့တာ ဖြစ်ပါတယ်။


သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၁ (ကိုညို)

ကျနော့်စိတ်ထဲ ဒုက္ခသည်စခန်းကြီးက ဇရပ်နဲ့တူလာသလိုပဲ။ လာချင်သူတွေ လာလိုက် ပြန်ချင်သူတွေ ထွက်သွားလိုက်ပေါ့။ စခန်းကြီးက ကျက်သရေမရှိတော့ဘူး။ အခြေခံ စစ်ရေးလေ့ကျင့်ခန်းတို့ ကျန်းမာရေး လေ့ကျင့်ခန်းတို့လည်း လုပ်ချင်လုပ် မလုပ်ချင်နေ။ ဒေသစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ အစုအဖွဲ့တွေလည်း ကွဲနေတယ်။ ခေါင်းဆောင်မှုလည်း ပြိုကွဲနေပြီ။ စခန်းထဲမှာ ကိုယ့်ဖာသာ နားလည်မှုတွေနဲ့ပဲနေကြတာ။ မျက်နှာချင်းဆိုင်တွေ့လို့ စကားပြောချင်သူနဲ့တွေ့ရင် ပြောမယ်။ စိတ်မပါရင် မျက်နှာလွှဲနေတယ်။

ကျနော်တို့အများစုကလည်း ခေါင်းဆောင်မှုဆိုတာကို ကိုယ်ဖတ်ဖူးတဲ့စာအုပ်ထဲက ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပေတံနဲ့ပဲတိုင်းနေတာ။ ဗိုလ်ချုပ်က စံပြပဲ။ ခေါင်းဆောင်ဆိုတာ ဗိုလ်ချုပ်လို ဖြစ်ရမယ်၊ ထက်ရမယ်၊ ဖြောင့်မတ်ရမယ်။ ဒါနဲ့ပဲ စံထိုးတာ။ ဥပမာပြောရရင် ခေါင်းဆောင်ကို ပေတံအရှည်ကြီးနဲ့ တိုင်းတယ်။ ပေတံရဲ့နာမည်က ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်စံချိန်ထက် နည်းနည်းလေးလျော့တာနဲ့ အမှတ်လျှော့ချလိုက်တယ်။ ဒီလူ ခေါင်းဆောင်နဲ့မတန်ဘူးပေါ့။ ဟိုတုန်းက ခေါင်းဆောင်တွေက ဘယ်ပုံ ဘယ်လိုဆိုတဲ့ ကိုယ်ဖတ်ဖူးတဲ့ ကောင်းပေ့ ညွှန့်ပေ့ အရည်အသွေးတွေနဲ့ သွားယှဉ်နေတာ။ စာအုပ်ထဲလည်း အကောင်းတွေပဲ ဖတ်ရတာကိုး။


သေမထူး နေမထူး ပြိတ္တာကြီး … (ကာတွန်း စောငို)

ရန်ကုန် (ကမာပုလဲ)

ငယ်က ...
အမေ ရိုက်တာကို ခံယူရင်း
ရန်ကုန်ကို ထွက်ပြေး ရင်ခုန်ခဲ့ဖူးတယ် ...။

ရန်ကုန်ဟာ
နန်းကျ ရှင်ဘုရင်တပါး မဟုတ်ပါဘူး
ရန်ကုန်ဟာ
သိန်းစွန်ငှက်ဆိုးကို အသက်ပေး ခုခံခွပ်ခဲ့တဲ့
သစ္စာကြီးတဲ့ မုဆိုးမ မိခင်အိုတပါး ဖြစ်တယ် ...။


Thursday, February 7, 2013

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၀ (ကိုညို)

“သတ်ကုန်ပြီ သတ်ကုန်ပြီ ဆွဲကြပါအုံး လုပ်ကြပါအုံး”

“ကိုအဲကြီး ... အို့ ... သေတော့မှာပဲ၊ အောင်ဆန်းလင်းတို့ ဆွဲပါအုံး”

စူးစူးဝါးဝါးအော်ဟစ်နေတဲ့ ရွှေဘိုက ကိုတင်လှနဲ့ ကလေးမြို့က မစန်းပွီးတို့အသံကြောင့် ဘားတိုက်ထဲက ကျနော်တို့အားလုံး အပြင်ပြေးထွက်လာကြတယ်။ မြင်ကွင်းမှာတော့ သန်သန်မာမာနဲ့ မုဆိုးကြီး ကိုအဲကြီး မြေပေါ်မှာ မှောက်ရက်လဲလို့။ ကလေးမြို့ကလူငယ်တွေ ဝိုင်းထုကြတဲ့ ခဲလုံးတွေက ကိုအဲကြီးဘေးနား ပြန့်ကြဲနေတယ်။ ကိုအဲကြီးတော့ တုပ်တုပ်မျှမလှုပ်။

ကလေးမြို့အဖွဲ့တွေ လူခွဲလို့ထွက်သွားပြီးတဲ့နောက် ကိုအဲကြီးကို ဝိုင်းထူမကြတယ်။ နဖူးနဲ့ ခေါင်းကွဲသွားတယ်။ သွေးတွေ စီးကျနေတယ်။ မကြာခင် မဏိပူရစစ်သားတွေ တက်လာတယ်။ လူကြီးတွေရော ပါတယ်။ အခြေအနေမေးမြန်းပြီး ကိုအဲကြီးကို အမြန်ဆုံး ချန်ဒယ်ဆေးရုံကို ကားနဲ့တင်သွားကြတယ်။ စခန်းတခုလုံး ငြိမ်သက်သွားတယ်။ ဘယ်သူမှ စိတ်မကောင်းကြဘူး။ တခါမှ အခုလို သွေးထွက်သံယိုဖြစ်အောင် တိုက်တဲ့ခိုက်တဲ့အထိ ရန်မဖြစ်ဖူးဘူး။ မကြာခဏတော့ စကားများပြီး ထိုးတော့ကြိတ်တော့မလို ဖြစ်နေကျ။ စခန်းကလူတွေ အုပ်စုအုပ်စုနဲ့ တီးတိုးဝေဖန်နေကြတယ်။


Wednesday, February 6, 2013

ရင်ဘတ်အဟောင်းကြီး ကလေးတွေကို တပ်မပေးနဲ့ (ကိုညို)

“ဖေဖေက … ကျနော့်စကားကို နားမထောင်ဘူး”

ငါးတန်းကျောင်းသား ကျနော့်သား … ကျောင်းကပြန်ရောက်တာနဲ့ မီးဖိုခန်းက ကျနော် စွန့်ပစ်ထားတဲ့ ပလပ်စတစ် အမှိုက်ခြင်း သုံးပုံးထဲက အမှိုက်တွေကို သေချာလိုက်ကြည့်ရင်း ကျနော့်ကို ပြောလိုက်တော့ ဟင်းချက်ဖို့ပြင်နေရင်း ပြုံးမိတယ်။ ဟိုတနေ့ကပဲ သူ ကျောင်းကယူလာတဲ့ အစိမ်းရောင်၊ အပြာရောင် ကျွတ်ကျွတ်ထုတ်တွေကို စက္ကူပုံး သုံးခုလုပ်ပြီး ပုံးတွေမှာ ရိုးရိုးအဖြူရောင်အိတ်၊ နောက်တပုံးက အပြာ၊ နောက် အစိမ်းဆိုပြီး ခွဲထားတယ်။

ပြီးတော့ ကျနော့်ကို သေချာမှာတယ်။ အိတ်အစိမ်းမှာ စားကြွင်းစားကျန်၊ အပြာမှာ ပလပ်စတစ်ပစ္စည်း၊ ကျန်တဲ့အိတ်မှာ စက္ကူဆိုပြီး သီးသန့်ခွဲ စွန့်ပစ်ဖို့ပြောတာပါ။ ဒါတွေက ကျနော်လည်း သိထားပြီးသား။ ဒီလိုပဲလုပ်ခဲ့တာပဲ။ ဒါပေမယ့် … တခါတလေ အမှတ်တမဲ့ အလွယ်တကူ၊ ပျင်းရိစိတ်တွေနဲ့ စည်းကမ်းကို သတိပြုမနေတော့ဘူး။ ပြီးစလွယ် ပစ်ထည့်လိုက်တယ်။ အဲဒါကို သားက အပြစ်တင်တာပါ။

ကျနော်ကလည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ … “အေးပါ သားရယ်၊ ဆောရီး ...၊ ဖေဖေ သတိမေ့သွားလို့ပါ၊ နောက်တခါ သတိထားပါ့မယ်” လို့ ပြန်တောင်းပန်လိုက်ရတယ်။ “ဖေဖေ ခဏခဏ ... ဒါပဲ ပြောနေတာ”


ပြည်တော်ပြန်တွေလည်း … (ကာတွန်း စောငို)


ဆဲဗင်း အလဲဗင်း (ညီစောလွင်)

ငှက်တွေက တီဗွီတိုင်ပေါ်မှာ နားတယ်
ညတွေမှာ လူနာတင်ကားသံဆူညံသလောက်
နေ့တွေက တနင်္ဂနွေသတင်းစာလို
ဖောင်ပိတ်ပိတ်သွားတယ်၊
အဲဒီနေ့မှာလည်း
တိုင်းဂါးဝုဒ်ပဲ အနိုင်ရတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့က
လေထုတွေ၊ ပိုးမွှားတွေကနေ
မှန်မလုံတဲ့ လူတွေအထိ ကူးစက်ရောဂါဖြစ်စေတယ်၊


မြန်မာ ခေတ်သစ် မေရီအင်တွိုင်းနက်များ (သစ္စာနီ)

ကမ္ဘာ့သမိုင်းမှာ အင်မတန် နာမည်ကြီးတဲ့ စကားတခွန်း ရှိပါတယ်။ “ပေါင်မုန့် မရှိရင် ကိတ်မုန့် စားနေကြပါလား” ဆိုသော စကားပါ။ ပြောတဲ့သူက လူဝီ ၁၆ ရဲ့မိဖုရား မေရီအင်တွိုင်းနက်ပါ။ ဒီ ငယ်ငယ်ရွယ်ရွယ် ဘုရင်နဲ့ မိဖုရားက ဗာဆေးနန်းတော်မှာ ဝိုင်တွေ ချောင်းစီးအောင် ညစာစားပွဲကြီးတွေ ကျင်းပပျော်ပါးနေကြတော့ နိုင်ငံကလူတွေ ဆင်းရဲငတ်မွတ်နေကြတာ မသိကြဘူး။

ပါရီက ပေါင်မုန့်တောင် စားစရာမရှိလို့ ငတ်နေတဲ့လူတွေက နန်းတော်ရှေ့သွားပြီး ပေါင်မုန့်ပေးပါလို့ အော်တော့ – မေရီက “ဒီလူတွေ ဘာဖြစ်နေတာလဲ၊ ပေါင်မုန့်မရှိရင်လည်း … ကိတ်မုန့် စားနေကြပါလား” လို့ ဆိုသတဲ့။ မစာနာတတ်ပုံများ။ နောက်ဆုံး တော်လှန်ရေးသမားတွေက ဒီလိုစကားတွေ မပြောနိုင်အောင် လျှာဖြတ်ပစ်ရင်ရရဲ့သားနဲ့ (သူ့ခေါင်းထဲက အတွေးအခေါ်တွေပါ မလိုချင်ဘူး ထင်ပါရဲ့) ခေါင်းဖြတ်ပစ်လိုက်ကြတယ်။

၂၁ ရာစုအဝင် မြန်မာဒီမိုကရေစီနိုင်ငံတော်မှာလည်း မေရီအင်တွိုင်းနက်လက်သစ်တွေရဲ့ လေသံမျိုးတွေကြားရတော့ လူတွေ အံ့အားသင့်ကုန်တယ်။ တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်ချင်တဲ့ သမ္မတကြီး၊ ပြည်သူတွေကို ‘မိဘပြည်သူများ’ လို့ လေးစားရိုသေတဲ့ သမ္မတကြီး၊ သူ့အစိုးရကို ကောင်းစေချင်လွန်းလို့ ‘သန့်ရှင်းသော အစိုးရ’ လို့ မကြာခဏ အမည်တပ်တတ်တဲ့ သမ္မတကြီး။ အဲဒီလို သမ္မတကြီးရဲ့ခေတ်မှာ ဒီလိုစကားသံတွေ ကြားရတာကတော့ နားလည်ရခက်အောင် ဖြစ်ရပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၈၊ ဓနုဖြူမြို့နယ် လယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေ သူတို့တင်နေတဲ့ (အစိုးရကို ပေးစရာရှိတဲ့) အကြွေးတွေကို ကျေအောင် ထမင်းတနပ် လျှော့စားကြ” ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက အကြံကောင်း ဆက်ပေးတယ်။ “နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့ (အမယ် … ဖြဲခြောက်လိုက်သေးတယ်) အကြွေးမကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်” တဲ့။


Tuesday, February 5, 2013

ရာဇသံ (ကာတွန်း စောငို)

လွမ်းစိတ် (ဆောင်းလူ)

… … …
… … …
ပစ်မခွာချင်စိတ်နဲ့
ဝေး …
... ခဲ့ … …။
… … …
တိမ်ရောင်စုံ စစ်ထိုး
မာယာမြစ်ရိုး ကောက်ကြောင်းအောက်
ဤဝေဒနာတွေ
ဇာတ်ပျက် …
… …
ဒီမယ် …
ဒီမယ် ...
… …


Sunday, February 3, 2013

အချစ် ( ၁ ) - ကမာပုလဲ

ငါးပါးသီလ မလုံဘူး ...
( တခါ တခါ အရက်သောက်တတ်လို့ပါ )
လူချစ်လူခင် မများဘူး ...
( ဟန်ဆောင်ပြုံးရတာတွေကို ရွံတတ်တယ် )
လူရိုသေ ရှင်ရိုသေလည်း မလုပ်တတ်ဘူး ...
( အယုံအကြည်ကို မရှိလို့ ဖြစ်တယ် ) ...။

ကိုယ်အိပ်ရင် ကိုယ့်ခေါင်းအုံး ကိုယ်ပြန်နမ်းရတဲ့
အလွမ်းညတွေနဲ့ ကြီးပြင်းခဲ့တယ် ...။