Saturday, February 28, 2015

မိုးလေထဲက အူဝဲထာ (ခိုင်မာကျော်ဇော)

မြန်မာနိုင်ငံဘက်ခြမ်းကနေပြီး သံလွင်မြစ်ကြီးထဲကို တသွင်သွင်စီးဆင်းနေတဲ့ အူဝဲချောင်းရိုးလေးအတိုင်း မိနစ် ၂၀ ကျော်ကြာ လမ်းလျှောက်ပြီးရင်တော့ ကရင်ဒုက္ခသည် ၂၅၀ ကျော် ခိုလှုံနေကြတဲ့ အူဝဲထာ ဆိုတဲ့ ဒုက္ခသည်စခန်းလေးကို ရောက်ပါပြီ။ 

ဒီစခန်းလေးဟာ ၂၀၀၇ ခု၊ ဇွန်လလယ်လောက်ကမှ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ မိုးထဲလေထဲမှာ ကျိုးတိုးကျဲတဲ ဆောက်လုပ်ထားတဲ့၊ ဆောက်လုပ်နေဆဲဖြစ်တဲ့ အသစ်စက်စက် တဲအိမ်လေးတွေကတော့ မိုးမိထားတဲ့ နှံပြီစုတ်ငှက်ကလေးတွေလို ကုပ်ကုပ်ချိချိ။ ခရီးပမ်းလာတဲ့ မျက်နှာတွေ၊ ဖြူဖတ်ဖြူရော် အသားအရေတွေ၊ ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို အားလုံးလိုလိုဟာ မှုန်စုပ်စုပ်၊ ညစ်ကြေကြေ အဝတ်အထည်တွေကို ဝတ်ဆင်ထားကြပြီး တိတ်ဆိတ်စွာ လှုပ်ရှားသွားလာနေကြပါတယ်။ 

တဲအိမ်လေးတွေကို မိုးထား၊ ကာထား၊ ခင်းထားတဲ့ ဝါးတွေ၊ ဖက်တွေနဲ့ လောလောလတ်လတ် ခုတ်ထားတဲ့ ထင်းပုံတွေကတော့ သူတို့အားလုံးနဲ့ ဆန့်ကျင်စွာ စိမ်းစိုလတ်ဆတ်လို့။ မိုးစိုထင်းတွေကတော့ တဲအိမ်လေးတွေထဲက မီးခိုးငွေ့တွေ အူထွက်နေအောင် အစွမ်းကုန် တန်ခိုးပြနေပါတယ်။ ‘တဒုတ်ဒုတ်’ နဲ့ အဆက်မပြတ် ကြားရတာကတော့ စခန်းလေးရဲ့ ဘယ်ညာတဝိုက်က သစ်ခုတ်၊ ဝါးခုတ်သံတွေပါ။ 


ဝဋ် ... နဲ့ ဝတ် ... (ကာတွန်း ဝင်းထွန်း)


နှစ် ၅ဝ ပြည့် လီဆူး နှစ်သစ်ကူးပွဲတော်


မိုးကုတ်မြို့မှာ ဖေဖော်ဝါရီ ၂၆ က ကျင်းပခဲ့တဲ့ နှစ် ၅ဝ ပြည့် လီဆူး နှစ်သစ်ကူးပွဲတော်မှ ပုံရိပ်များဖြစ်ပါတယ်။

Friday, February 27, 2015

အဖိုးကြီးအို ခါးကိုင်းကိုင်း... (သစ်ကောင်းအိမ်)

ဂိုဒေါ့တို့
ပိုပေါ့ပ်တို့ကို စောင့်မျှော်နေခဲ့တာလည်း
မဟုတ်ပါဘူး...

ညနေခင်း ခုံတန်းလျားပေါ်မှာ
ငါက ကေခိုင် အိမ်ပြန်လာချိန်ကို
စောင့်နေတာ...

သား ကောင်မလေးက
အဲလက်စ်စစ်တဲ့...


Wednesday, February 25, 2015

ပုဂံ




ယူဂျီ (စမ်းစမ်းတင်)

လန်ဒန် တရက်မှာ ဆရာဂျွန်ကဲလ်နဲ့ အိမ်တအိမ်သွားဖို့ မြို့ထဲမှာ ချိန်းပါတယ်။ ဂျွန်အိုကဲလ်ဆိုတာ လူမမြင်ဘဲ သူ့စကားပြောသံကြားရရင် ဗမာတယောက်လို့ပဲ ထင်ရလောက်အောင် ဗမာစာ ဗမာစကားကျွမ်းတာပါ။ နိုင်ငံခြားသားတွေ ဗမာစာသင်ရင် သူ့စာအုပ်ကို လက်ကိုင်ထားတာ။ ကွန်ပျူတာ ပေါ်ဦးပေါ်ဖျားကာလက မြန်မာစာလုံးဖောင့်ကို သူ အရင်ဆုံး ရေးတာပါပဲ။ ထုံးစံအတိုင်း မြန်မာဖောင့်အမျိုးမျိုးပေါ်လာတော့ သူ့ဖောင့်ကို သိပ်မသုံးတော့ဘူးလည်း ထင်ပါတယ်။ 

ကမ္ဘာ့စာကြည့်တိုက်ကြီးတွေမှာ ကက်သလောက် တညီတည်းဖြစ်အောင် အက္ခရာနဲ့ရေးကြတော့ ဗမာစာအတွက် ဆရာဂျွန်ပဲ တာဝန်ယူပြီး သူ တီထွင်ထားတဲ့အတိုင်း ကက်သလောက် ရေးကြပါတယ်။ နည်းနည်း ရှင်းအောင်ပြောရရင် ဗမာစာ တတ်တတ် မတတ်တတ်၊ ဗီယက်နမ်စာ တတ်တတ် မတတ်တတ်၊ ကက်သလောက်ကိုကြည့်ရင် စာကြည့်တိုက်မှူးတွေ ဖတ်တတ်အောင် စာကြည့်တိုက်မူ တမူတည်းထားတာပါ။ 

လူထုဦးလှရဲ့ ထောင်နဲ့လူသား စာအုပ်ကက်သလောက် ဆိုပါတော့။ အမေရိကန်၊ လန်ဒန်၊ သြစတေးလျ၊ နယ်သာလန်၊ ဂျပန် စတဲ့နိုင်ငံတွေက စာကြည့်တိုက်ကြီးတွေက စာကြည့်တိုက်မှူးတွေ မှန်သမျှ မြန်မာစာ မဖတ်တတ်ပေမယ့် လူထုဦးလှ ထောင်နဲ့လူသား... ဆိုတာ အသံထွက်လည်း ဖတ်နိုင်၊ တယောက်ယောက်က စာအုပ်လာငှားရင်လည်း ရှာပေးနိုင်အောင် တညီတည်း လုပ်ထားတာ။ 


ကမ္ဘာလှည့် ခရီးသည်တင် ယာဉ်တန်း ပုဂံမြို့သို့ရောက်ရှိ


ရှေးဟောင်းကား ၇၆ စီးပါဝင်တဲ့ ကမ္ဘာလှည့် ခရီးသည်တင် ယာဉ်တန်း မြန်မာနိုင်ငံ ပုဂံမြို့သို့ ဖေဖော်ဝါရီ ၂၄ ရက်က ရောက်ရှိလာပါတယ်။ 

ရင်နဲ့ ဘဝ (မောင်လွမ်းဏီ)

သံဆူးကြိုးကို 
တိုးဖြတ်ရတာ ဘဝတစ်ခုလုံးပါပဲ 
ဒီဘဝပဲ ရင်းစရာရှိတော့တယ်လေ။ 

ကျွန်မတို့ အုံကြွရင် 
သူပုန်ထင်သလား၊ 
စားရမဲ့ သောက်ရမဲ့ ကျူးကျော်တဲရိပ်ညက 
ခြင်ဆေးခွေ ထွန်းညှိရုံနဲ့ 
အနာဂတ်ကို သွန်းထုလို့ မလုံလောက်ဘူးထင်တယ်။ 


ဗုံးပေါလအော မငတ်ကြနဲ့ ... (ကာတွန်း ဝင်းထွန်း)


Tuesday, February 24, 2015

တရားဥပဒေစိုးမိုးရေး ဆိုရာဝယ် (ခင်မမမျိုး)

တရားဥပဒေစိုးမိုးရေးဆိုတဲ့ သဘောတရားဟာ တစတစနဲ့ နိုင်ငံလုံးဆိုင်ရာနဲ့ နိုင်ငံတကာဆိုင်ရာ သဘောတရားတခုအဆင့်ကို တိုးမြင့်ရောက်ရှိလာခဲ့ပါတယ်။ ဒီသဘောတရားကို ကမ္ဘာတဝှမ်းက ပြည်သူလူထု၊ အစိုးရများနဲ့ အဖွဲ့အစည်းများက လက်ခံကျင့်သုံးလာကြပါတယ်။ နိုင်ငံများရဲ့ နိုင်ငံရေးစနစ်နဲ့ ဥပဒေရေးရာ စနစ်များရဲ့ အခြေခံအုတ်မြစ်အဖြစ်လည်း ယူဆလာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ လိုအပ်ချက်တရပ်အဖြစ်လည်း အသိအမှတ်ပြုလာကြပါတယ်။ 

၂၀၀၅ ခုနှစ်မှာကျင်းပတဲ့ ကမ္ဘာ့ညီလာခံမှာ တရားဥပဒေစိုးမိုးရေးကို နိုင်ငံအဆင့်နဲ့ ကမ္ဘာ့အဆင့်တွေမှာ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံအကြီးအကဲများစွာက အသိအမှတ်ပြုခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်တဲ့ ညီလာခံများကျင်းပဖို့ ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 


ကျောင်းသားနဲ့ လွှတ်တော် ရက်ချိန်းကွာဟ

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမယ့် အစီအစဉ်ကို အမျိုးသားလွှတ်တော်က ထုတ်ပြန်ခဲ့ပြီး ကျောင်းသား ကိုယ်စားလှယ်အဖွဲ့တွေက မတ်လ ၅ ရက်နေ့မှာ ဆွေးနွေးတင်ပြရမှာ ဖြစ်ပါတယ်။ 

အမျိုးသားပညာရေးဥပဒေကို ပြုပြင်ဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ ကျောင်းသားသပိတ်ဟာ လက်ပံတန်းမှာ ၁ဝ ရက် နားနေကြပြီး တကယ်လို့ တောင်းဆိုချက်တွေမရရင် မတ်လ ၁ ရက်မှာ ရန်ကုန်ကို ချီတက်ကြမှာဖြစ်ပါတယ်။ 

ဒီလို လွှတ်တော်ဘက်က တွေ့ဆုံမှုကို စောစောခေါ်ရင် ရနိုင်လျက်နဲ့ သတ်မှတ်ရက်ချိန်းထက်ကျော်ပြီးမှ ခေါ်တဲ့အတွက် ကျောင်းသားတွေရဲ့ မူလသဘောတူညီချက်အတိုင်း ၁ ရက်နေ့မှာ တောင်းဆိုချက်တွေ မရခဲ့ရင် ရန်ကုန်ကို ဆက်ချီတက်ရမှာဖြစ်တယ်လို့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းက ဗကသ ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။ 


ဒါလေးများ ... (ကာတွန်း အာကျယ်)


အလုပ်သမား စုပေါင်းသပိတ်မှာ ကူညီနေတဲ့လူတချို့ကို ဖမ်းဆီးခံရ

ရန်ကုန် အလုပ်သမား စုပေါင်းသပိတ်မှာ ကူညီနေတဲ့လူတချို့ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းက အာဏာပိုင်တွေ ဖမ်းဆီးသွားတယ်လို့ အလုပ်သမား သပိတ်ကော်မတီက ပြောပါတယ်။ 

သပိတ်မှောက် အလုပ်သမားတွေဟာ ပြင်ပက ဆူပူလိုသူတွေနဲ့ပေါင်းပြီး ရပ်ရွာအေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ အစိုးရက မနေ့က သတင်းထုတ်ပြန်ခဲ့အပြီးမှာ စုပေါင်းသပိတ်မှာ ကူညီနေတဲ့သူတချို့ အခုလို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အဖမ်းခံခဲ့ရတဲ့သူတဦးက ကိုနိုင်ဇော်ကြည်ဝင်း ဆိုသူဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ အလုပ်သမား စုပေါင်း သပိတ်စခန်းကို အားပေးကူညီခဲ့မှုနဲ့ ရဲက ဖမ်းသွားတာလို့ သိရပါတယ်။ 


၇ ရက် သားသမီးများအတွက် ၁ ပတ်စာ မနောမယ ဟောစာတမ်း (ဇင်ယော်နီ)




Monday, February 23, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၁) - ဝင်းနိုင်ဦး (ဆေး ၂)

(၂) 

နေရာ က All Burma Students Democratic Front (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဗဟို ရုံးခွဲဖွင့်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆင်ခြေဖုံးဘက်မှာရှိတဲ့ လုံးချင်းအိမ်လေးတခုထဲမှာပါ။ ၁၉၉၀ သင်္ကြန်အလွန် ရက်ပိုင်းကာလပေါ့။ အဲဒီတုန်းက ကျနော်ရော၊ ဇော်ထွန်းရော ဝင်ထားတဲ့ ABSDF ရဲ့ ဥက္ကဋ္ဌ က ကိုမိုးသီးဇွန်။ သူက အခန်းတခုထဲ ကျနော်နဲ့ ဇော်လွင်စိုး (သူက နောက်ပိုင်းမှာ ABSDF တပ်ရင်း (၁၀၂) တပ်ရင်းမှူး ဖြစ်လာခဲ့သူ၊ ကျနော်တို့တော့ သူ့ကို တရင်းတနှီး နာမည်ဖြစ်တဲ့ ကိုပိန် လို့ပဲ ခေါ်ကြတယ်) ကို ဝ နယ်မြေဘက်သွားရေး၊ စည်းရုံးရေး စကားတွေ စပျိုးနေခဲ့ပေါ့။ 

“ဝ တပ်တွေ က အင်အားကောင်းတယ်။ ၂ သောင်း ကျော်တောင်ရှိတာ၊ သူတို့တွေ နဝတ ကို ပြန်တိုက်လာရင် သိပ်ကောင်းမယ်၊ ပြန်တိုက်အောင်လည်း တို့ လုပ်ရမယ်၊ ဟေ့ရောင်တွေ ငါတို့ ကြိုးစားရမယ် ထင်တယ်ကွ။ အဲဒါ ငါတို့ဘက်က စည်းရုံးရေးအဖွဲ့တွေ လွှတ်တယ်။ သူတို့ပညာရေးဌာနဘက်မှ တို့တွေဆီက အင်္ဂလိပ်စာ သွားသင်ပေးတာမျိုး၊ နောက် သူတို့ ကျန်းမာရေးဌာနမှာလည်း တို့ အခု ၆ လစီမံချက် နဲ့ ဆေးမှူးတွေ လွှတ်ထားတယ်။ သူတို့ဆီမှာ ဆေးမှူးသင်တန်းပေးရင်း သူတို့ ဆေးရုံမှာ ကူရင်းပေါ့။ အခု ဆရာ ဒေါက်တာ ပါကျင် နဲ့ ဇော်ထွန်း ရောက်နေပြီ။ အဲဒါ မင်းတို့လည်း လိုက်သွားစေချင်တယ်” 


ဘဝတွေ အေးချမ်းလုံခြုံစေဖို့ ... (ကာတွန်း အောင်မော်)


Sunday, February 22, 2015

ကိုးကန့်ဒေသ အပေးအယူ နဲ့ အရှုပ်အထွေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာတော့ ရှစ်လေးလုံးကာလ စစ်အစိုးရအနေနဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာဟာ နောင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို ထည့်မစဉ်းစားဘဲ ဆူလွယ်နပ်လွယ်သဘောမျိုး လုပ်ခဲ့တာလား၊ နိုင်ငံရေး ပြေလည်မှုမရှာဘဲ ဘာကြောင့် စစ်ရေး စီးပွားရေး အခွင့်အရေးတွေ ပုံအောပေးခဲ့ရသလဲဆိုတာကို ထိုစဉ်က စစ်ထောက်လှမ်းရေးအရာရှိ ဦးအောင်လင်းထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ထိုစဉ်က ဗကပ တပ်မှူး ဦးဖုန်ကျားရှင်နဲ့ စတင်ဆက်သွယ်ဖြစ်ခဲ့ပုံကို ဦးအောင်လင်းထွဋ် က အခုလို စပြောပါတယ်။ 

ဦးအောင်လင်းထွဋ် ။ ။ ၈၈ နောက်ပိုင်း မိုင်းယန်တိုက်ပွဲမှာ ဗကပတွေရဲ့ ရည်မှန်းချက်က သံလွင်မြစ်အရှေ့ခြမ်း သိမ်းပိုက်ရေးဆိုတာ ပျောက်သွားပြီး ဗကပ အတွင်းပိုင်းမှာလည်း ခေါင်းဆောင်မှုအပိုင်းကို မယုံကြည်တဲ့အပိုင်းတွေ ဖြစ်လာတယ်။ နောက်တချက်က တရုတ်ပြည်ကလည်း ဗကပကို ထောက်ခံမှုက သိသိသာသာ လျော့ကျသွားတယ်။ နောက်ပိုင်းမှာ လုံးဝ မပေးတဲ့ အနေအထားမျိုးရှိတယ်။ 


Saturday, February 21, 2015

ဗျောက်ကိုင်တို့၏ ငြိမ်းချမ်းရေး ... (ကာတွန်း အာကျယ်)


ကိုးကန့်တပ်ဖွဲ့ဘက်က တရုတ်ကြေးစားစစ်သားတွေ ဝင်တိုက်ပေးနေ

ကိုးကန့်တိုက်ပွဲတွေမှာပါတဲ့ တရုတ်ကြေးစားစစ်သားတွေကို ဥပဒေနဲ့အရေးယူသွားမယ်လို့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ 

ဒါပေမဲ့ ဘယ်လို ကြေးစားတွေ ပါဝင်နေတာဆိုတာကို တိတိကျကျ ပြောမသွားပါဘူး။ 

ဒီပြောကြားချက်ကို ကိုးကန့်ဘက်က ပယ်ချခဲ့ပါတယ်။

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် - ဝင်းနိုင်ဦး (ဆေး-၂)

(၁) 

ဆေးတက္ကသိုလ် (၂) စာသင်ခန်းခန်းမ တခုထဲမှာ တာဝန်ကျဆရာ လာတော့မယ့်အချိန်လည်း နီးလာတာနဲ့အတူ ကျောင်းသားတွေ အတော်စုံနေပေပြီ။ စုစုပေါင်းမှ တရာကျော်ကျော်လေးလောက်ရှိတဲ့ အတန်းမို့ လူကလည်း သိပ်မများ၊ ဝင်းကျယ်တဲ့ ကျောင်းကိုယ်တိုင်ကလည်း လူရာချီလောက်သာရှိတတ်တဲ့ ကျောင်းမို့ တိတ်ဆိတ်ခြင်း၊ ငြိမ်းအေးခြင်း၊ ပုံမှန်လှုပ်ရှားမှုတွေနဲ့သာ သက်ဝင်တတ်ခြင်းတို့က ဒီ ကျောင်းရဲ့ပြယုဂ်တွေလို့ ဆိုနိုင်ပါတယ်။ 

စာသင်ခန်းထဲက ဖိုင်နယ်တန်း ကျောင်းသားတွေ ထိုင်နေရာနေရာတွေအလိုက် အစုဖွဲ့ရင်း ခပ်တိုးတိုး စကားတီးတိုးဖွဲ့နေကြတဲ့ အသံတွေနဲ့အတူ ကျောင်းရဲ့နာရီက အပြင်ကနေ တချက်တချက် ခပ်သဲ့သဲ့လွင့်လာတဲ့ ပုစဉ်းရင်ကွဲသံတချို့ အရင်နေ့တွေကထက် တိုးလာနေတာကလွဲလို့ အရင်နေ့တွေကအတိုင်း။ လူက နည်း၊ ဒီကြားထဲ အများစုက အဆောင်တွေမှာနေရင်း ကျောင်းတက်ကြတာဆိုတော့ တို့ထဲက တယောက် (ပုံမှန်မဟုတ်တာ) ဘာလုပ်နေတယ်ဆိုတဲ့သတင်း တတန်းလုံးပျံ့ဖို့က အလွန်ဆုံးကြာလှ တရက် နှစ်ရက်ပေါ့။ 


Thursday, February 19, 2015

ပညာရေး ဥပဒေ ဒီလကုန် ပြဋ္ဌာန်းရေး တောင်းဆို

အမျိုးသား ပညာရေးဥပဒေသစ်ကို လာမယ့် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ နောက်ဆုံးထား ပြဋ္ဌာန်းပေးရမယ်လို့ ပညာရေး ဥပဒေပြင်ဆင်ရေး မန္တလေး ရန်ကုန် ပင်မသပိတ်စစ်ကြောင်းက တောင်းဆိုလိုက်ပါတယ်။ 

အဲဒီလိုမဟုတ်ခဲ့ရင်တော့ ရန်ကုန်အထိ ဆက်လက်ချီတက် သပိတ်မှောက်သွားမှာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။ 


အချုပ်အခြာအာဏာကို အထိပါး မခံ၊ မြန်မာ့မြေကို တလက်မ အထိမခံဆိုသူများအတွက် (အောင်ဟိန်း)

လောက်ကိုင်တိုက်ပွဲမစမီ တရက်အလိုမှာ အစီအစဉ်မရှိဘဲ ဝအထူးဒေသ ပန်ဆန်းကို အလုပ်တခုနဲ့ ရောက်သွားပါတယ်။ 

လားရှိုး-တန့်ယန်းလမ်းကနေ သံလွင်မြစ်တံတားကျော်ပြီး မကြာခင် မြန်မာစစ်တပ်ဂိတ်ကို ရောက်တယ်။ ဘာမှ သိပ်မစစ်ဘူး၊ အလှူငွေထည့်ပါဆိုလို့ ငါးထောင် ပေးခဲ့တယ်။ ခဏဆက်သွားတော့ မြန်မာရဲဂိတ် ရောက်တယ်။ ပြတ်ပြတ်ပဲ၊ ငါးထောင်ပေးပါ တဲ့။ ဘယ်ရမလဲ ပေးလိုက်တာပေါ့။ 

နည်းနည်းဆက်သွားတော့ ဝ လုံခြုံရေးဂိတ်။ ကားပေါ်က တယောက်မကျန် အောက်ဆင်းခိုင်းတယ်။ ဂိတ်နောက်မှာ ဘန်ကာထဲက စက်သေနတ်ကြီးက အသင့်ချိန်ထားတယ်။ ဝ လို မေးတယ်။ ဘယ် ဖြေတတ်မှာလဲ၊ တရုတ်လို မေးတယ်။ အတူပါသူတွေက ဖြေပေးတယ်။ မရဘူး၊ မဝင်ရဘူး တဲ့။ တော်သေးတယ်။ ပန်းဆန်းက ဖုန်းဆက်ပြီး ကားနံပါတ်ပေးထားလို့ အရာရှိတယောက်လာပြီး ဝင်ခွင့်ပေးလိုက်တယ်။ 


လှိုင်သာယာစက်မှုဇုံ အလုပ်သမားသပိတ်



လ ပဲ သာနေကြတယ်လေ ... (ကာတွန်း အာကျယ်)


လက်မှတ်ထိုးတာ ဆင်းရဲလို့လား ... (ခိုင်မာကျော်ဇော)

ဖိုးခွားရေ 
အဖျား မြန်မြန်ကျတော့ 
အမိုးတို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတော့မယ်။ 

မင်းတို့အဖိုးတွေကတော့ 
လက်မှတ်ထိုးပြီး သူတို့ကြမ္မာ သူ့တို့ဖန်တီးတယ် 
အမိုးတို့ကတော့ 
ဓားမ ကိုင်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြမယ်။ 

သူတို့ စစ်မတိုက်တော့ဘူး ဖိုးခွား 
သူတို့ ချမ်းသာသွားပြီ။ 

ဒါဆို... ရွာကို ပြန်မယ်ဟုတ်လား 
ဘယ်ရွာကို ပြန်မှာလဲ ဖိုးခွား 
အမိုးတို့ရွာတွေဟာ 
သူတို့ပြောပြောနေတဲ့ 
နေပြည်တော်ဆိုတာကြီး ဖြစ်သွားပြီ။ 


Wednesday, February 18, 2015

ချမ်းအေးတဲ့ ရာသီဝယ် ... (ကာတွန်း မောင်မောင်ဖောင်တိန်)


စက်သေနတ် (မင်းသိုက်)

အမှတ်တရပါပဲ၊ ဘဝမှာ စက်သေနတ်ကို တစ်ကြိမ်တိတိသာ ကိုင်ကြည့်ဖူးခဲ့သည်။ တစ်မိနစ်တောင်မပြည့် လေးလို့ ပြန်ချထားမိသည်။ “ကာဘိုင်” 

အမှတ်တရပါပဲ၊ ဘဝမှာ ပထမဦးဆုံး တပ်မတော်သားမိတ်ဆွေကား ဒု တပ်ကြပ် လှမွန်ခိုင် (စာကြည်တိုက်မှူး၊ ဗဟိုပြည်သူဆက်ဆံရေးတပ်)၊ အိမ်က တပ်ချုပ်မကြီးနဲ့ ကျွန်တော့်ကြား အောင်သွယ်လုပ်ပေးခဲ့ဖူးသူ။ 

လှမွန်ခိုင်က ကျွန်တော့်ထက် အသက်ကြီးတယ်။ အရပ်သားတွေကို ပိုခင်တယ်။ တပ်ထဲမှာ ဘော်ဒါ သိပ်မထားဘူး။ ဘယ်လောက် ဘော်ဒါ ခင်သလဲဆိုရင် တပ်စည်းကမ်းဖောက်ပြီးတော့ကို အရပ်သားဘော်ဒါတွေကို ခင်တာ။ ၁၉၈၈ မတိုင်ကာလတွေတုန်းက ကမ္ဘာအေးဘုရားလမ်း ချော်တွင်းကုန်းမီးပွိုင်နဲ့ ပြည်လမ်း အေဒီလမ်း မီးပွိုင့်ကြားလမ်းက အခု လူသိသူသိများတဲ့ ပါရမီလမ်းပိုင်း မဟုတ်သေးဘူး။ မညီမညာ မြေနီလမ်း၊ ချော်တွင်းကုန်းဘက်ကနေတက်ရင် စိုက်ခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ ဗဟိုပြည်သူ့ဆက်ဆံရေး တပ်ဂိတ်ကျော်တာနဲ့ လမ်းက ကြပ်သွားပြီ။ 

၇ ရက် သားသမီးများအတွက် ၁ ပတ်စာ မနောမယ ဟောစာတမ်း (ဇင်ယော်နီ)



ပြည်ထောင်စုကံကြမ္မာနဲ့ လောင်းကစားနေတဲ့ စစ်အုပ်စု (သို့) ကျောင်းသားသပိတ်၊ ကိုးကန့်စစ်ပွဲနဲ့ သွေးစွန်းခဲ့ရင် ပူးတွဲသမိုင်းတရားခံ (ရဲဘော်ကျော်သန်း)

သိန်းစိန် အရပ်ဝတ်စစ်အစိုးရဟာ သူတို့စစ်အုပ်စု အာဏာတည်မြဲဖို့ ကိုးကန့်အရေးကို လူမျိုးရေးအသွင် ဖန်တီးပြီး ပြည်ထောင်စုကံကြမ္မာကို လောင်းကြေးထပ်ကာ မီးနဲ့ ကစားနေတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးတည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်တဲ့အထိ အန္တရာယ်ကြီးတဲ့ နိုင်ငံရေး လုပ်ကြံကစားကွက်ဖြစ်တယ်။ 

တကယ်က ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာကို အဓမ္မလုယူသိမ်းပိုက်ထားတဲ့ စစ်အုပ်စုကသာ တကယ်က ပြည်ထောင်စုကို ဖြိုခွဲနေသူတွေဖြစ်တယ်။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ် ဗိုလ်ကျတာတွေကြောင့် ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပြည်ထောင်စုသဘောထားအပေါ် ယုံကြည်သူ လူနည်းစု တိုင်းရင်းသားရယ်လို့ မရှိသလောက် ဖြစ်နေပါပြီ။ ပြည်ထောင်စုဆိုတာ လူတစု၊ လူမျိုးတမျိုးက ကြီးစိုးဗိုလ်ကျ ချယ်လှယ်ပြီး နယ်မြေတွေကို တည်တံ့အောင် အင်အားသုံး စုစည်းထိန်းချုပ်ထားတဲ့နိုင်ငံ မဟုတ်ပါဘူး။ မှီတင်းနေထိုင်ကြတဲ့ ဘာသာဓလေ့မတူကြတဲ့ မျိုးနွယ်စုတွေအကြား အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ အပြန်အလှန် ယုံကြည်အမှီသဟဲပြုမှုနဲ့ လူတဦးချင်းစီကစလို့ လူမျိုးတိုင်း အခွင့်အလန်းတူမျှတဲ့အခြေခံနဲ့ တည်ဆောက်မှ ပြည်ထောင်စုဖြစ်ပါတယ်။ 


မမှန်လိုသူ ... (ကာတွန်း အာကျယ်)


Tuesday, February 17, 2015

မိုင်းတင်း၊ မိုင်းငေါ့ နဲ့ ကျနော်... (ကိုညို)

မိုင်းတင်း ၁၉၈၀...။ 

ကျနော်နေထိုင်ရာ ကျောက်မဲမြို့နယ်ထဲက ရှမ်းရွာကြီးတရွာပေါ့။ ရှမ်းသူပုန်တွေ ကျက်စားသွားလာတတ်တယ်လို့ ကြားဖူးနေကျ။ ၁၉၈၀ မှာ ကျနော် ၁၀ တန်းအောင်တော့ မြို့နယ်လူကြီးတွေက လုပ်အားပေးဖို့ခေါ်တယ်။ 

ဒါနဲ့ စာရင်းပေးပြီး တောရွာတွေကို ကွင်းဆင်းကြတယ်။ လုပ်ရမယ့်အလုပ်က စီးပွားရေးစစ်တမ်းကောက်ဖို့တဲ့...။ 

ကျနော်တို့ကို ကွင်းမဆင်းခင် အတွေ့အကြုံရှိတဲ့ တာဝန်ရှိလူကြီးက ရှမ်းတိုင်းရင်းသားတွေ ရွာကိုဝင်မယ်ဆို ရွာသူကြီး (သို့မဟုတ်) ရွာထဲက သြဇာရှိတဲ့ လူကြီးတွေကို အရင်ဆုံး သွားရောက်ဂါရဝပြုမိတ်ဆက်ဖို့ မှာထားတယ်။ 


ကြက်ခြေနီအဖွဲ့ဝင်များကား ပစ်ခတ်ခံရ



လောက်ကိုင်ကနေ ကွမ်းလုံကိုပြန်လာတဲ့ ကြက်ခြေနီ အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားလည်း ပစ်ခတ်ခံရတဲ့အတွက် ထိခိုက် ဒဏ်ရာရသူတွေရှိတယ်လို့ ကိုးကန့်ဒေသ သတင်းရယူဖို့ လားရှိုးမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ 

ဖျာခင်းမလိုကြံရွယ် ... (ကာတွန်း အာကျယ်)