Wednesday, April 30, 2014

ဝလေးသို့ … (သစ်ကောင်းအိမ်)

ငါဆိုတဲ့ အညတြရဲ့အမိမြေမှာ 
မင်းဟာ ငါ့နိုင်ငံတော်ဈာပနပါ သူငယ်ချင်း… 

ငါ့ အသံလွှင့်ဌာနတွေက 
ဘရိတ်ကင်းနယူးဟာ 
မင်းအကြောင်းတွေနဲ့ပဲ အက်ကြောင်းထပ်လို့ 
ဖျင်ပင်နီဝတ် အမျိုးကောင်းသားသမီးတွေဟာ 
မင်းအထုပတ္တိကိုအထပ်ထပ်ဖတ်ကြားလို့ 
ငါ့ နိုင်ငံနဲ့ပတ်သက်တဲ့ 
သံရုံးတွေက 
မင်းအတွက် ဝမ်းနည်းသဝဏ်လွှာတွေပို့လို့ 


Sunday, April 27, 2014

ဦးဝင်းတင်ရဲ့ ကဏန်းမျက်စိ (ကိုညို)

ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာဖို့ ၃ လအလို၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ သွေးမြေမကျမီ တလခန့်အလို တနည်းပြောရရင် တပါတီအာဏာရှင် မဆလပါတီကြီး မူမမှန်၊ လူမမှန်လို့ ပြည်သူလူထုက လုံးဝမနှစ်မြို့တော့တဲ့ ၈၈ မေလမှာ သတင်းစာဆရာကြီး ဦးဝင်းတင်က အတွေးအမြင်စာစဉ် အမှတ် (၃၆) မှာ ကဏန်းမျက်စိဆိုတဲ့ ဆောင်းပါးတပုဒ် ရေးသားဖော်ပြခဲ့တယ်။ စာပေစိစစ်ရေး အားကောင်းနေဆဲကာလမှာ ပေါက်ထွက်လာတဲ့ ဆောင်းပါးပါ။ အဲဒီဆောင်းပါးမျိုးကို သာမန်လူတယောက်ယောက်ကတောင် ၁၉၈၈ ကနေ အနှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အစိုးရလက်ထက်မှာ ရေးသားမယ်ဆိုရင်လည်း ပုံနှိပ်ဖော်ပြခွင့် လုံးဝ မရနိုင်မယ့် ဆောင်းပါးပါ။ 

အဲဒီဆောင်းပါးက ခိုင်မာတောင့်တင်းပြီး အောင်မြင်တဲ့ ကမ္ဘာ့ လူမှု၊ စီးပွား၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး အပါအဝင် နယ်ပယ်တိုင်းမှာ သေးငယ်တဲ့ အားနည်းချက်တွေ ရှိစမြဲဖြစ်သလို၊ အဲဒီမပြောပလောက်တဲ့ အားနည်းချက်ကလေးကနေ ခိုင်မာတောင့်တင်းတဲ့ လူ့အဖွဲ့အစည်းတခုလုံးကို ဖြိုလှဲနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်ဆိုတဲ့ Message၊ လမ်းညွှန် အတွေးအခေါ်တခုကို ချပေးလိုက်တာဖြစ်တယ်။ တနည်းပြောရရင် စာဖတ်သူတွေအကြား အာဏာရှင်ရဲ့ အားနည်းချက်ကို မြင်အောင်ကြည့်ပြီး ဖြိုလှဲဖို့ သတိပေးလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ 


Thursday, April 24, 2014

ကြယ်ပြောင်ကြီး (စောငို)

အာကာပြာလဲ့ 
ကဗျာဖွဲ့သည် 
အဘယ့်ကြယ်ပြောင် 
လူ့ဘောင်ခရီး ပြီးခဲ့ပြီ။ 

မဟာသတ္တိ 
ဗျတ္တိပိုင်ရှင် 
အကြင်အာဇာနည်ကား 
တိုင်းပြည်အလုံး၏ 
စိတ်နှလုံးကို 
သိမ်းကျုံး ဆောင်ယူသွားခဲ့ပြီ။ 


Wednesday, April 23, 2014

ဆရာကြီး ဦးဝင်းတင်ကို ဂူသွင်းမြှုပ်နှံ

ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီမှာ ဂူသွင်းမြှုပ်နှံ။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံစဉ်။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဂူသွင်းဖို့ ပြင်ဆင်။ 

Tuesday, April 22, 2014

ဦးဝင်းတင် ကွန်မြူနစ်မဟုတ်မှန်း စစ်အစိုးရ ကောင်းကောင်းသိပါတယ် (ဂါမဏိ)

ဂန္ဓွီနှင့်အောင်ဆန်း မြန်မာနှင့်ကမ္ဘာ 

ဒီကနေ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကြီးစိုးနေတာ ဗိုလ်ချုပ်အောင်ဆန်းက ဆပ်ဆော့ပြီး ဘီအိုင်အေထောင် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့တာကြောင့်လား။ ဗိုလ်ချုပ်အောင်ဆန်းတို့ကသာ စစ်တပ်မထောင် တော်လှန်ရေးမလုပ်ခဲ့ရင် အခုလို စစ်အာဏာရှင်စနစ် ပေါ်မှာမဟုတ်၊ ဒါမှမဟုတ်လည်း ဗြိတိသျှ ကိုလိုနီအုပ်ချုပ်သူတွေက လက်အောက်ခံ ကိုလိုနီ စစ်တပ်ထဲ ကရင်၊ ကချင်၊ ချင်းတွေသာမက ဗမာတွေကိုပါ ဝင်ခွင့်ပေးခဲ့ရင် လက်နက်ကိုင်တပ် အသစ်ထောင် တော်လှန်ရေးလုပ်စရာမလိုဘဲ အိန္ဒိယလိုမျိုး လွတ်လပ်ရေး အေးအေးဆေးဆေးရပြီး ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားနိုင်တယ်။ ဗြိတိသျှတွေ သူတို့အကျိုးစီးပွားကို အတွက်မှားခဲ့လို့ တခြား ကိုလိုနီတွေလို ဗမာပြည်ကို ဓနသဟာယထဲတောင် ဆက်ထည့်မထားနိုင်ဘဲ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ်ဆီရောက်သွားရတယ်လို့ ယူဆလို့ရမလား။ ဘီအိုင်အေ ထောင်တာ မှားသလား။ ရဲဘော် သုံးကျိပ်တို့ မှားသလား။ 

လက်နက်ဆိုတာ လူကိုသွေးကြွစေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကြောင့် ကမ္ဘာမှာ စစ်တပ်တွေက အရပ်သားတွေအပေါ် ဗိုလ်ကျလွှမ်းမိုးလာပြီး နောက်ဆုံးမှာ နိုင်ငံရေးအာဏာ သိမ်းယူတာတွေအထိ ဖြစ်လာကြတာပါ။ ဒါပေမယ့် အခြေခံ နိုင်ငံရေးအဆောက်အအုံကောင်းပြီး လူထုအင်အားရှိနေရင်တော့ ဒီလိုမဖြစ်တာလည်း အားလုံး အမြင်ပါပဲ။ လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ တိုင်းပြည်ထူထောင်ခဲ့တဲ့နိုင်ငံတွေထဲမှာ တချို့က စစ်တပ် အာဏာသိမ်းတာတွေဖြစ်သွားပြီး တချို့မှာတော့ အရပ်သားအစိုးရတွေ ခိုင်မာနေကြတယ်။ 


Monday, April 21, 2014

ဦးဝင်းတင်အတွက် မော်ကျူရီ နယူးစ် (ကိုညို)

ထင်ရှားကျော်ကြားတဲ့ လူတယောက် အိုမင်းမစွမ်း အသက်အရွယ်ကြီးမြင့်ချိန်၊ ကျန်းမာရေးချို့တဲ့ပြီး နာမကျန်းဖြစ်နေချိန် ဒါမှမဟုတ် အသဲအသန်ဖြစ်နေချိန်ဆို ကျနော်တို့သတင်းသမားတွေဟာ အဆိုပါပုဂ္ဂိုလ်နဲ့ဆက်ဆိုင်တဲ့ သတင်းကို ဦးဦးဖျားဖျား ဖော်ပြနိုင်အောင် သူ မတိမ်းပါးခင် ကြိုတင်ပြီး သူ့အကြောင်း လက်လှမ်းမီသမျှ၊ စုဆောင်းထား၊ ကြိုတင် ရေးထားရလေ့ရှိပါတယ်။ ကွယ်လူသူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သင်္ဂြိုလ်ခြင်းမပြုမီ လူသေအလောင်းထားတဲ့ ရေခဲတိုက် (mortuary)မှာ နောက်ဆုံးအနေနဲ့ထားရှိထားတာကို တင်စားပြီး အဲလို သတင်းအချက်အလက် ကြိုတင်စုဆောင်းရေးသားထားတာကို မော်ကျူရီသတင်းလို့များ နာမည်ပေးရမလား မသိ။ 

“နိုင်ငံခြားမှာဆို သတင်းစာတိုက်ကြီးတွေမှာ မြေအောက်ခန်းရှိတယ်၊ နာမကျန်းဖြစ်နေတဲ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို အသင့်ရေးပြီး၊ သိမ်းထားတယ်။ နောက်ဆုံးသတင်းအတွက်၊ နေ့ရက်နဲ့ အချိန်ကိုသာ ကွက်လပ်ချန်ထားတယ်။ အဲဒီမှတ်တမ်းတွေ သိမ်းဆည်းထားတဲ့ မြေအောက်ခန်းကို မော်ကျူရီလို့ ခေါ်တယ်” လို့ ဒေါ်ခင်မျိုးချစ်က ပြောဖူးကြောင်း ဆရာမကြီး သာယာဝတီ စန်းစန်းနွဲ့က သူ့ဆောင်းပါးတခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ 


Thursday, April 17, 2014

တည်ရှိခြင်း၏အဓိပ္ပာယ် (ခင်လွန်း)

မိုးကောင်းကင်မှာ 
ငါတို့ရဲ့အရုပ်တွေကို ရေးသွားကြတယ် 

မင်း၊ ငါ၊ သူ၊ သူများ … 

တယောက်တလှည့်ဆီကြည့်ကြ။ 

အရောင်အမျိုးမျိုးသုံးလို့ 
အလင်းအမှောင် အထူအပါး 
အနီးအဝေး … 


၂၀၁၄ သင်္ကြန် (ကာတွန်း စောငို)


ကျနော်တို့ ဒုက္ခသည် မဟုတ်ဘူး (၂) - ကိုညို


မြန်မာနယ်စပ်သို့ နှုတ်ဆက်ခရီး 

ကျနော်တို့မိသားစု နော်ဝေးမှာသွားနေတော့မယ်ဆိုတော့ အပေါင်းအသင်းတွေ ဆွေမျိုးသားချင်းတွေက လာနှုတ်ဆက်ကြတယ်။ နော်ဝေးမထွက်ခင် တလလောက်ကြိုပြီး ဇနီးသည်လင်းလင်းရဲ့ မိသားစုမောင်နှမတွေနေတဲ့ နယ်စပ်ကို ကျနော်တို့မိသားစု သွားလည်တယ်။ မြန်မာနဲ့ထိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်တွေက မဏိပူရ(တမူး)၊ မီဇိုရမ်(ချင်းပြည်နယ်)၊ နာဂလင့်(နာဂတောင်တန်း) ၊ အဒူနာချာ(ကချင်ပြည်နယ်)၊ အာသံ(ကချင်)၊ ထရီပူရ(ရခိုင်-ဘင်္ဂလား) တို့ဖြစ်တယ်။ အဲဒီနယ်စပ်ဒေသချင်း ထိစပ်နေတာကိုက ကီလိုမီတာ ၁၆၀၀ ကျော်လောက်ရှိတာကိုး။ ပြီးတော့ အိန္ဒိယ အရှေ့မြောက် ပြည်နယ် ၇ ခုဟာ အိန္ဒိယထက်စာရင် မြန်မာတွေနဲ့ ရုပ်ရည်ရော၊ ယဉ်ကျေးမှုရော၊ ဘာသာစကားရော၊ အစားအသောက်နဲ့ ဓလေ့စရိုက်ကအစ နီးနီးစပ်စပ်ရှိတယ်။

ရေခြားမြေခြား တို့သွေးသား 

အဲဒီ ၇ ပြည်ထောင်ကို အိန္ဒိယမှာတော့ ညီအမ ၇ ဖော် Seven Sisters လို့ ခေါ်တယ်။ အဲဒီက တိုင်းရင်းသားတွေဆိုရင် မြန်မာနဲ့ ဟိုဘက်ဒီဘက် ဆွေမျိုးတွေချည်းပဲ။ မဏိပူရ ကသည်းလူမျိုးတွေက ဗမာနဲ့ အတော်တူတယ်၊ စကားလည်း ခပ်ဆင်ဆင်။ အာသံမှာလည်း ရှမ်း၊ ကချင်နဲ့ ရှေးပဒေသရာဇ်ခေတ် မဟာဗန္ဓုလတပ်တွေ စစ်ချီစဉ် မိုးတွင်းကာလ စစ်နားတော့ စစ်ချီရာလမ်းကြောင်းက အာသံကျေးလက်ရွာတွေမှာ နားနေရာက ပြည်တော်မပြန်တော့ဘဲ ကျန်ရစ်ခဲ့တဲ့ ဗမာအနွယ်တွေလည်း ရှိကြတယ်။ 


Wednesday, April 16, 2014

နှစ်သစ်ကူး ဖက်ရှင်... (ကာတွန်း Mr Burma)


ကြိုက်တဲ့အချိန် သိမ်းမယ် ... (ကာတွန်း စောငို)


ကျနော်တို့ ဒုက္ခသည် မဟုတ်ဘူး (ကိုညို)


နိဒါန်း 

၂၀၁၃ ဖေဖော်ဝါရီလကုန်ပိုင်းမှာ သမ္မတကြီးဦးသိန်းစိန် နော်ဝေးနိုင်ငံ ရောက်လာတော့ သမ္မတကြီးခရီးစဉ်နဲ့ အတူပါလာတဲ့ မီဒီယာသမားတယောက်နဲ့ စကားလက်ဆုံကြခဲ့တယ်။ အဲဒီပုဂ္ဂိုလ်က ဒီမှာ မြန်မာဒုက္ခသည်တွေ ဘယ်လောက်ရှိသလဲလို့ မေးတယ်။ ကျနော် အံ့သြသွားတယ်။ “ဒီမှာ ဒုက္ခသည်တယောက်မှ မရှိဘူး” လို့ ဖြေလိုက်တယ်။ ပြီးတော့ “တတိယနိုင်ငံရောက်လာရင် ဒုက္ခသည်လို့ သတ်မှတ်လို့မရဘူး၊ ဒီနိုင်ငံမှာ ဒီနိုင်ငံသားလူမျိုးတွေလိုပဲ သူတို့ဥပဒေအတိုင်း တန်းတူရည်တူ နေထိုင်ကြတာပါ” လို့ စိတ်မသက်မသာနဲ့ ဖြေလိုက်ရတယ်။

မြန်မာပြည်က လူတွေ နှစ်ပေါင်းများစွာ တံခါးပိတ်ခံရ၊ အမှောင်ထဲနေခဲ့ရတော့ ပြည်ပရောက် မြန်မာတွေအကြောင်း သိပ်မသိကြပါလား။ ပြည်ပရောက်မြန်မာတိုင်းကို တချို့က ဥစ္စာစီးပွားရှာသူတွေလို့ ထင်ချင်ထင်၊ တချို့က အထောက်အပံ့တွေနဲ့ ရပ်တည်ပြီး ဂုဏ်သိက္ခာမဲ့ ဒုက္ခသည်တွေလို့ ထင်ချင် ထင်နေတတ်ကြတယ်။ ဒါကလည်း စစ်အာဏာရှင်ဘက်တော်သားတွေရဲ့ တဖက်သတ် ဝါဒဖြန့်မှုတွေကြောင့် ဖြစ်မှာပါ။ ဒါနဲ့ပဲ ကျနော် စိတ်ထဲမှာ နော်ဝေးနဲ့ ဥရောပနိုင်ငံတချို့က မြန်မာနိုင်ငံသားတွေအကြောင်းတွေကို ကိုယ်တိုင်ဖြတ်ကျော်လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ မြန်မာစာဖတ်သူတွေသိအောင် ပြောပြချင်စိတ်တွေ ပေါ်လာတယ်။ တခုတော့ရှိတယ်။ ကိုယ့်အတွေ့အကြုံနဲ့ တခြားလူတွေ အတွေ့အကြုံ တူချင်မှလည်း တူမယ်။

Tuesday, April 15, 2014

ရှင် ယူသွားတဲ့ ပုရပိုဒ်ကော... (ကာတွန်း Mr Burma)


ပြည်သူမပြု ... မိမိအမှု (ကာတွန်း စောငို)


လူကြီးကဗျာ (နေဇော်နိုင်)

သူတို့လူကြီးဖြစ်လာရင် 
ကလေးတွေကိုချစ်တတ်ဖို့ 
အခု… လူကြီးဖြစ်နေတဲ့ ကျွန်တော်တို့က 
သူတို့တွေကို ချစ်တတ်ရမယ်။ 

သိဒ္ဓတ္တလို 
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ 
ကလေးတွေရဲ့နံရံပေါ်မှာ 
ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့။ 

ချစ်တတ်ရင် 
သေနတ်မောင်းဖြုတ်မယ့် 
ခင်ဗျားလက်ညှိုးကို ထိုးပေးလိုက် 
ကလေးတွေက
နို့ထွက်လာအောင် စုပ်ယူနိုင်တယ်။

Sunday, April 13, 2014

ကျနော့် အဖေ၊ သင်္ကြန်နှင့် လက်ဝှေ့ပွဲ (ညီစောလွင်)

ကျနော် လက်ဝှေ့ပွဲကို နတ်ပွဲတွေလောက် မကြိုက်ပါဘူး၊ တကယ် မကြည်ချင်တာပါ။ ထိုးကြ၊ ကျိတ်ကြ၊ သွေးထွက်သံယိုဖြစ်တာကို မကြည်ချင်လို့... ဘာညာ… အဲ့လိုလည်း မဟုတ်ဘူး။ လက်ဝှေ့ပွဲမှာ တီးတဲ့ ဆိုင်းဝိုင်းသံကို မကြိုက်တာ၊ ထိုးပုံကို မကြိုက်တာ။ အလွန်ပျင်းစရာကောင်းတယ်လို့ ကျနော် ထင်တယ်။ လက်ဝှေ့ပွဲက တော်တော်နဲ့ မပြီးတော့ဘူး၊ တပွဲချင်းလည်း ကြာတယ်။ ကာကွယ်နေတာ၊ ရှောင်နေတာနဲ့ တော်တော်နဲ့လည်း ချက်ကောင်းကို မထိဘူး၊ နာမည်ကြီးလေ ပိုပျင်းစရာကောင်းလေလို့ ထင်တယ်။ ကြည့်ရတာ အားမရဘူး၊ အရှိန်ရမယ် ရှိသေး၊ သံချောင်းသံကြားပြီး နားချိန်ကို ရောက်သွားပြန်ရော…။ ဒါကြောင့် လက်ဝှေ့ပွဲကို ကျနော် မကြည့်ချင်ဘူး။ 

လက်ဝှေ့ပွဲထက်စာရင် နတ်ပွဲကမှ သီချင်းသံက မြိုင်မြိုင်နဲ့ နတ်ကတော်ကြီးတွေ “အက” နဲ့ “အဟဲ” က ပျော်စရာကောင်းတယ်လို့ ကျနော် ထင်တယ်။ အဆင်ပြေရင် ငှက်ပျောသီးလည်း စားရသေးတယ်။ ဒါပေမယ့် ငယ်ငယ်က သင်္ကြန်ရောက်တိုင်း လက်ဝှေ့ပွဲ အမြဲကြည့်ရတယ်။ ကျနော့် အဖေ့ကြောင့်ပါ။ ကျနော့်အဖေက သင်္ကြန်ပိုးရှိတယ်လို့ ပြောရမယ်။ သင်္ကြန်နီးလာရင် ဇော်ဝမ်းသီချင်းအခွေတွေ ဝယ်တတ်တယ်။ အထက်တန်းကျောင်းသားဘဝမှာ သင်္ကြန်မှာ အပြင်ထွက်မလည်တဲ့ ကျနော့်ကို အပြင်ထွက်ဖို့ တိုက်တွန်းတတ်တယ်။ 


Friday, April 11, 2014

ဘုရားခေါ်သံ (ကံထွန်းသစ်)

မျက်နှာချင်းဆိုင်တွင်ရှိနေသော Burbank Park ကလေးသည် နိုးထ လူးလွန့်လာပြီ။ သူ့ကို ဖုံးလွှမ်းထားခဲ့သော Snow ထုကြီး ပြယ်သွားပြီမို့ မြက်ခင်းကလည်း မရဲတရဲ စိမ်းဖန့်စပြုပြီ။ မေပယ်လ် (Maple) နှင့် အခြားပင်ပျို ပင်အိုတို့ကမူ ပုရစ်မစီတတ်သေး။ သို့သော် မကြာမီ သူတို့လည်း ပွဲဝင်ကြတော့မည်။ ရှဥ့်မြီးဖွားလေးများက တက်သက်ပြေးလွှားနေကြသလို တဆောင်းလုံးပျောက်နေသည့် ငှက်လေးတွေလည်း စိုးစီသံပေးကြပြီ။ ဟိုး … ပန်းခြံထောင့် ကလေးကစားကွင်းလေးမှာတော့ ကလေးငယ်သုံးဦးက ဒါန်းကိုယ်စီ စီးလျက်။ 

ဒီဇင်ဘာ နှစ်ဆယ့်တစ်ရက်ကတည်းက ဝင်လာခဲ့သော Winter ရာသီသည် သူ့ စနိုးဝတ်ရုံကိုသိမ်းကာ ဖိုသီဖတ်သီ ထွက်ခွာသွားခဲ့ပြီကော။

နွေဦးရာသီ (Spring) သို့ ဝင်ရောက်ခဲ့သည်မှာလည်း ဒီနေ့ဆို ရက်သတ္တ သုံးပတ်မြောက်ခဲ့ပြီ။ သို့တိုင် ကိုယ့်ရင်သည် အေးခဲမှု မပြယ်သေး။

Wednesday, April 9, 2014

မြန်မာ့မီဒီယာလောက ဘယ်လောက် လွတ်လပ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုတလော မြန်မာနိုင်ငံမှာ သတင်းထောက်တွေ အဖမ်းအဆီးခံရတယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုတွေ ရင်ဆိုင်ရတယ်။ ထောင်ချခြင်းခံရတယ် စသဖြင့် ကြားနေရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေရဲ့လုပ်ငန်းဟာ ပြစ်မှုတရပ်၊ ရာဇဝတ်မှုတရပ် ဖြစ်နေပါသလား။ Is journalism a crime in Burma? ဆိုတာ မေးစရာဖြစ်လာပါတယ်။ ဦးကျော်ဇံသာ က DVB ဒါရိုက်တာ ဦးခင်မောင်ဝင်း နဲ့ မြန်မာပို့စ် ဂလိုဘယ်လ်ရဲ့ အယ်ဒီတာ ဦးစည်သူအောင်မြင့်တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှတ်ခြင်းခံရတယ်ဆိုတဲ့ သတင်းထောက်က ကိုခင်မောင်ဝင်းတို့ရဲ့ DVB က သတင်းထောက်လို့ သိရပါတယ်။ ပထမဦးဆုံး ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာကို အကျဉ်းရုံး အမှုသွားအမှုလာကို နည်းနည်း ရှင်းပြပါလား။ 

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ သတင်းထောက် ကိုဇော်ဖေ ပါ။ သူက ၂၀၁၂ ခုနှစ် မတ်လမှာ တရားစွဲခံရတယ်။ သူ့ရဲ့ ကျူးလွန်တဲ့ အစိုးရကစွပ်စွဲတဲ့ပြစ်မှုက ဘာလဲဆိုတော့ မကွေးတိုင်း ပညာရေမှူးရုံးကို သွားပြီးတော့ ပညာရေးမှူးရုံးက မြန်မာနိုင်ငံကိုပေးမယ့် နိုင်ငံခြားအထောက်အပံ့နဲ့ပတ်သက်ပြီးတော့ မကွေးတိုင်းပညာရေးမှူးရုံးက ဘယ်လိုမျိုး အသုံးချမလဲဆိုတဲ့ကိစ္စကို သူက သတင်းသွားမေးရင်နဲ့ အဲဒီမှာ သွားမေးတဲ့ကိစ္စကို ပညာရေးမှူးရုံးက မဖြေဘူးလို့ သူကို ငြင်းတယ်။ ငြင်းတော့ သူက သတင်းထောက်ဖြစ်တဲ့အတွက် ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းရိုက်တယ်။ 


Tuesday, April 8, 2014

မျိုးရိုး အမွေခံ နိုင်ငံရေး အိန္ဒိယမှာ ကျဆုံးတော့မလား (ညီစောလွင်)

ဒီနေ့ ကမ္ဘာမှာ နေရူး- ဂန္ဒီ မျိုးဆက်လို အရိုက်အရာ ဆက်ခံတဲ့ နိုင်ငံရေးမျိုးကို မတွေ့ရတော့ပါဘူး။ ဒါပေမယ့် အိန္ဒိယမှာတော့ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျလက်အောက်ကနေ အိန္ဒိယ လွတ်လပ်ရေးရခဲ့တဲ့အချိန်ကစလို့ အိန္ဒိယနိုင်ငံကို နေရူး မိသားစုထဲက တယောက်မဟုတ် တယောက်က အဓိက အခန်းကဏ္ဍက ဦးဆောင်လာခဲ့တာပါ။ အိန္ဒိယရဲ့ ဒီနှစ် ရွေးကောက်ပွဲဟာ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံမှာ မျိုးရိုးစဉ်ဆက် နိုင်ငံရေး ဆက်ပြီး ရှင်သန်နိုင်မလား၊ ကျဆုံးမလားဆိုတာကို မှတ်ကျောက်တင်ပါလိ့မ်မယ်။

နေရူး-ဂန္ဒီ မျိုးဆက်ရဲ့ အညွန့်အဖူး ရာအူး ဂန္ဒီဟာ ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီအနိုင်ရဖို့ ခက်ခက်ခဲခဲ ဦးဆောင်နေရပါတယ်။ ပြိုင်ဘက် ဟိန္ဒူ အမျိုးသားရေးဝါဒီ နရိန် ဒြာ မိုးဒီ ခေါင်းဆောင်တဲ့ ဘီဂျေပီ ပါတီအပေါ် လူကြိုက်များနေတယ်။ လက်ရှိ ကွန်ဂရက်ပါတီခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေ ထူပြောနေတာနဲ့ တိုင်းပြည်စီးပွားရေး နှေးကွေးနေတာကြောင့် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အားကောင်းလာခဲ့တဲ့ မျိုးရိုးစဉ်ဆက် နိုင်ငံရေးကို ပြည်သူ့အဆုံးအဖြတ် ခံယူရပါတော့မယ်။ ရာအူး ဂန္ဒီဟာ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ နေရူးရဲ့ မြစ်တော်သူ ဖြစ်ပါတယ်။ အကြိုစစ်တမ်းတွေအရတော့ ဒီရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီဟာ သမိုင်းမှာ အဆိုးရွားဆုံး အနေအထားနဲ့ရှုံးမယ့် အနေအထားမှာ ကျဆင်းနေပါတယ်။ 


Monday, April 7, 2014

တခြားအလုပ် ပြောင်းလုပ်ပါလား ... (ကာတွန်း အောင်မော်)


အိန္ဒိယက သင်္ကြန်သံချပ်ကို လွမ်းတယ် (ကိုညို)

အခါသင်္ကြန်ရက်မြတ်နဲ့ နီးလာပြီဆိုတော့ မြန်မာပြည်ထဲမှာ သင်္ကြန်သီချင်းနဲ့ ယိမ်းအက တိုက်တဲ့အသံတွေ၊ သံချပ်ဝိုင်းတော်သားတွေရဲ့ သံချပ်ထိုးသံတွေ၊ စည်း၊ ဝါး၊ ဒိုး၊ လင်းကွင်းသံတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိရော့မယ်ထင်ပါရဲ့။ 

ကျနော်တို့ အဝေးရောက် မြန်မာတွေအဖို့ မိခင်မြေကိုအလွမ်းဆုံးအချိန်ဟာ အခုလို အတာသင်္ကြန်ကာလပဲဖြစ်တယ်။ သင်္ကြန်သီချင်းလေးတွေနားထောင်ပြီး သင်္ကြန်တွင်း လည်ပတ်ပျော်မြူးခဲ့ရတဲ့ လူငယ်ဘဝလေးကို ပြန်လည် မြည်းစမ်းချင်လာတယ်။ ပြီးတော့ ပြည်ပမှာနေထိုင်ခဲ့စဉ် မိမိတို့ရိုးရာသင်္ကြန်ပွဲတော်ကို မမေ့မလျှော့ကျင်းပခဲ့ကြသလို သင်္ကြန်သံချပ်တွေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ကဘောက်ချိ၊ ကဘောက်ချာ အဖြစ်သနစ်တွေကို လွတ်လွတ်လပ်လပ် လှောင်ပြောင်ခဲ့ကြတာလည်း သတိတရဖြစ်မိတယ်။ 


Sunday, April 6, 2014

သို့ဆိုလျှင် ... (Mr Burma)


ခွေး နိုင်ငံရေး နဲ့ ခွေး သံခင်းတမန်ခင်း (ညီစောလွင်)

အမှန်ကတော့ ဇာတ်လမ်းထဲမှာ ခွေးက ကန့်လန့် ကန့်လန့် ကန့်လန့်နဲ့ ပါရတာပါ၊ နိုင်ငံအကြီးအကဲတွေရဲ့ ခွေးမှပဲ နိုင်ငံရေးနဲ့ သံခင်းတမန်ခင်းထဲကို ပါနိုင်မှာပေါ့။

ဆိုကြပါစို့။ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က သူနဲ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေ၊ ထင်ရှားသူတွေရဲ့ ဆီဆေး ပုံတူတွေ လူမသိအောင် ရေးဆွဲထားပြီး အခုရက်ပိုင်းမှာ ပန်းချီပြပွဲလိုက်တော့ နိုင်ငံတကာ ထိပ်တန်း သတင်းတပုဒ်ဖြစ်သွားတယ်။ ရိုးရိုး ပုံတူတော့ မဟုတ်ပါဘူး။ တဦးချင်းအပေါ် သူ ခံစားမိသလို ရေးဆွဲထားပါတယ်။ 

ဥပမာ အီရတ်စစ်ပွဲမှာ တိုက်ဖော်တိုက်ဖက်ဖြစ်တဲ့ တိုနီဘလဲကို ယုံကြည်ချက်အပေါ် ရပ်တည်တဲ့သူ၊ ယုံကြည်အားကိုးလောက်တဲ့ မိတ်ဆွေကောင်းဆိုတဲ့ ခံစားချက်နဲ့ ရေးဆွဲခဲ့တယ်လို့ ပြောတယ်၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဆိုရင်လည်း အလွန် ဂရုဏထားတတ်သူဆိုတဲ့ ခံစားချက်နဲ့ ရေးဆွဲခဲ့တာ စသဖြင့် ပြောထားပါတယ်။ အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်းရဲ့ပုံကတော့ စိုးရိမ်ပူပန်နေ မျက်နှာမျိုးနဲ့ တွေ့ရပါတယ်။ တခြား ခေါင်းဆောင်တွေကိုလည်း ခံစားချက်အမျိုးမျိုးနဲ့ ရေးဆွဲထားပါတယ်။ ထားပါတော့။ 


Saturday, April 5, 2014

ရန်ကုန် (နေဇော်နိုင်)

ပင်လယ်ကူးသင်္ဘောကြီးတွေ
ကတ္တရာလမ်းပေါ် ထိုးအန်ထားတော့
ကားကြိုကားကြားထဲ
လူတစ်ယောက် ကွေ့ကောက်ဖြစ်သန်းသွားပုံ
ရန်ခုန်လို့ မရတော့ဘူး
လမ်းတွေငတ်နေတဲ့ မြို့တစ်မြို့မှာ။

နေဇော်နိုင် 
၂၀၁၄ ခုနှစ်၊ ဧပြီလ၊ သရဖူမဂ္ဂဇင်း

ခေတ်သစ် ဘုရားကိုးဆူဆရာ (ကာတွန်း အောင်မော်)


Friday, April 4, 2014

သန်းခေါင်စာရင်း၊ ဖိုးလပြည့်၊ ဒေါ်စု နှစ်ယောက်၊ အိုင်ဒန်တတီ နဲ့ နိုင်ငံမရှိတဲ့ကောင် (စတုတ္ထပိုင်း)

၁၉၉၆-၇ လောက်မှာ ထိုင်းနယ်စပ်နား ပြန်ကပ်ရတယ်...။ ၁၉၉၇ နှစ်ကုန်ခါနီးလောက်မှာ ဒေါက်တာနိုင်အောင်နဲ့ နိုင်ငံခြား သွားရမတဲ့...။ ဒီနေရာမှာ ငိုအားထက် ရယ်အားသန် ဖြစ်ရပ်မှန်ကလေးတခုကို... ပြန်ပြောစရာက ရှိလာပြန်ရော...။ မကဒတ မှာ နိုင်ငံခြားသွားဖို့ ဗဟိုကော်မတီက ပထမဆုံး တရားဝင်အရွေးခံရတဲ့ ၃ ယောက်ထဲမှာ ကျနော် ပါတယ်..။ ၁၉၈၉ ခုနှစ်၊ မေ-ဇွန်လောက် အဲဒီအချိန်က ရေကျော်စခန်း၊ တပ်ရင်း ၂၀၇ မှာလုပ်တဲ့ အစည်းအဝေးကပေါ့...။ 

ပြောရရင် ကျနော်က အဲဒီအချိန်မှာ ဗဟိုကော်မတီဝင်တောင် တင်းပြည့်ကျပ်ပြည့် မဖြစ်သေးပါဘူး...။ အဲဒီတုန်းက တည်ဆဲ မကဒတ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်မြေကော်မတီများရဲ့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နှစ်ဦးစီဟာ အလိုအလျောက် ဗဟိုကော်မတီဝင် ဖြစ်ရမယ်တဲ့...။ ခုခေတ်စကားနဲ့ပြောရင် “အေဘီခြေဥ စီစီ” တွေပေါ့ဗျာ...။ အဲဒီလိုနဲ့ မကဒတ ကေအဲန်ယူနယ်မြေ ကော်မတီ ဥက္ကဋ္ဌ ကျနော်နဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ခင်တို့ ၂ ယောက် ရေကျော်ဗဟိုကော်မတီ အစည်းအဝေး တက်ခွင့်ရတာပါ။ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် နဲ့ အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း လက်ထက်မှာပေါ့...။ ထားပါတော့... သူတို့တွေ အပါအဝင် ကျန်ခေါင်းဆောင် အတော်များများသာ တတိယနိုင်ငံရောက်ကုန်ကြရော မှတ်မှတ်ရရ အဲဒီခေတ်မှာ တခါမှလည်း မတခါ ခဲ့ရပါဘူး...။

Thursday, April 3, 2014

ပုဂ္ဂိုလ်စွဲ နိုင်ငံရေးမှ အဖွဲ့အစည်းအခြေပြု နိုင်ငံရေးသို့

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာ့နိုင်ငံရေးမှာ လူပုဂ္ဂိုလ်ရေးဆန်တဲ့ နိုင်ငံရေးကနေ အဖွဲ့အစည်းအခြေပြုတဲ့ နိုင်ငံရေး ဖြစ်တည်ပြောင်းလဲလာနိုင်မယ့် အခြေအနေ၊ အလားအလာတို့ကို မြန်မာ့အရေးလေ့လာ စောင့်ကြည့်နေသူ ဝါရှင်တန်ဒီစီ Georgetown တက္ကသိုလ်မှ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ တနှစ်ပဲလိုပါတော့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဘယ်လို နိုင်ငံအကြောင်းအရာတွေ၊ ဘယ်လို issue တွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ ပြောသံဆိုသံကို သိပ်မကြားရဘဲနဲ့ ဘယ်သူနဲ့ ဘယ်သူဟာ မဟာမိတ်ဖွဲ့ကြတယ်။ ဘယ်သူနဲ့ဘယ်သူဟာ သိပ်မတည့်ကြဘူး။ ဘယ်သူနဲ့ဘယ်သူ ပြိုင်မယ်စသဖြင့် ဒီလူပုဂ္ဂိုလ်ရေးရာတွေပဲ လွှမ်းမိုးနေတာကို တွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရင် မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးဟာ personalized politics ဖြစ်နေတယ်။ Institutionalized politics ဖြစ်မနေပါဘူး။ အဲဒါ ဘာကြောင့်လို့... 

Prof. Steinberg ။ ။ ဒါကတော့ ဟိုအစကတည်းက မြန်မာ့နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့အာဏာ ဆက်စပ်နေပါတယ်။ ဒီနိုင်ငံရဲ့အာဏာဆိုတာ လူပုဂ္ဂိုလ်အပေါ် သိပ်ကိုမူတည်နေပါတယ်။ လူ့အဖွဲ့အစည်းတွေဟာ ပိုမိုရင့်ကြပ်တဲ့ နိုင်ငံရေးစနစ်ကို ရောက်ရှိလာတာနဲ့အမျှ အာဏာဆိုတာ အဖွဲ့အစည်းကို အခြေခံလာတတ်ပါတယ်။ အုံနဲ့ကျင်းနဲ့ ဖြစ်လာတတ်ပါတယ်။

Wednesday, April 2, 2014

သန်းခေါင်စာရင်း၊ ဖိုးလပြည့်၊ ဒေါ်စု နှစ်ယောက်၊ အိုင်ဒန်တတီ နဲ့ နိုင်ငံမရှိတဲ့ကောင် (တတိယပိုင်း)

အို င် ဒ န် တ တီ 

အိုင်ဒန်တတီကို New Oxford American Dictionary ထဲမှာ ဒီလို အဓိပ္ပာယ် ဖွင့်ထားတာပဲ...။ 

identity |īˈdentitē| 
noun ( pl. identities ) 
1 the fact of being who or what a person or thing is: he knows the identity of the bombers | she believes she is the victim of mistaken identity. 
• the characteristics determining this: attempts to define a distinct Canadian identity. 
• [ as modifier ] chiefly Brit.(of an object) serving to establish who the holder, owner, or wearer is by bearing their name and often other details such as a signature or photograph: an identity card. 
2 a close similarity or affinity: the initiative created an identity between the city and the suburbs. 
3 Mathematics (also identity operation )a transformation that leaves an object unchanged. 
• (also identity element )an element of a set that, if combined with another element by a specified binary operation, leaves that element unchanged. 
4 Mathematics the equality of two expressions for all values of the quantities expressed by letters, or an equation expressing this, e.g., ( x + 1)2 = x 2 + 2 x + 1. ORIGIN late 16th cent. (in the sense ‘quality of being identical’): from late Latin identitas, from Latin idem ‘same.’ 

ငယ်ငယ်တုန်းက အငြိမ့်ထဲက လူရွှင်တော်တွေပျက်သလို “ဟ... လူကိုယ်တိုင်လာတာပဲ... မပုတင် လိုသေးလို့လားကွ...” လို့ ကျနော်တို့ အမြဲပြောလေ့... နောက်လေ့ရှိတာ မှတ်မိနေတယ်...။ 

အိမ်မှာ ကျနော် အငယ်ဆုံး...။ ကျနော် ၁၂ နှစ်ပြည့်ခါနီးတော့ မပုတင် အကြောင်းစ ကြားဖူးတယ်...။ မွေးဇာတိ တောမြို့လေး တမြို့ကနေ နည်းနည်းကြီးတဲ့ နယ်မြို့တမြို့မှာပြောင်းပြီး ၆ တန်းတက်တော့ မပုတင် လုပ်ရမတဲ့...။ လုပ်ပေါ့...။ ဒါပေမယ့် ဒီမှာမရဘူး... မွေးတဲ့မြို့မှာပြန်လုပ်ရမတဲ့...။ အေး... ဒါဆိုလည်း ပြန်ပေါ့...။ ကျနော်နဲ့ ကျနော့် အထက်ကကောင်... အမေနဲ့အတူတူ မော်တော်စီးပြီး ပြန်လာ... နောက် မြင်းလှည်းစီးပြီး မြို့နယ်ရုံးစိုက်ရာ မြို့ကြီးကိုသွား...။ ၁ ရက်နဲ့ မပြီး... ၂ ရက်နဲ့ မပြီး... ထောက်ခံစာ တခုပြီးတခုတောင်း... ဓာတ်ပုံ ၂ ခါပြန်ရိုက်...။ (အကြောင်းပြချက် အကုန်လုံးတော့လည်း မမှတ်မိဘူး... ဒါပေမယ့် ဆံပင်ရှည်နေလို့ဆိုပြီး အောင်ဆန်းကေ ရှေ့တလက်မ နောက်ပြောင်ညှပ်ပြီး ပြန်ရိုက်ရတာတော့ မှတ်မိတယ်...)။ ထောက်ခံစာက အကျင့်စာရိတ္တကောင်းကြောင်းလည်း ပါတယ်...။ 


Tuesday, April 1, 2014

သန်းခေါင်စာရင်း၊ ဖိုးလပြည့်၊ ဒေါ်စု နှစ်ယောက်၊ အိုင်ဒန်တတီ နဲ့ နိုင်ငံမရှိတဲ့ကောင် (ဒုတိယပိုင်း)

ေ ဒါ် စု နှ စ်ေ ယာ က် 

ပ ထ မ ေ ဒၚ စု 

ဥရုဝေလတောမှာ နေတုန်းကပဲ။ ကျနော်တို့တောင်ပေါ်ကို ဈေးလာလာရောင်းတဲ့ အောက်ကျင်းက ဈေးသည်တွေ ရှိတယ်...။ ငါးခြောက်ငါးခြမ်းတွေ... အချိုမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ... မုန့်ပဲသားရေစာတွေ... တခါတလေလည်း အဝတ်အထည်တွေ... အိမ်အသုံးအဆောင်ပစ္စည်းတွေ... ဒါမှမဟုတ်လည်း တောင်ပေါ်က အော်ဒါမှာတဲ့ တိုလီမိုလီတွေ တပိုင်တနိုင် သယ်ပိုး ရွက်ထမ်းပြီးတက်လာ...။ တချို့ဆို အိမ်မိုးသွပ်၊ သံ၊ ဘိလပ်မြေ၊ ထုံး စတဲ့ အိမ်ဆောက်ပစ္စည်းတွေအထိ ထမ်းတက်ကြတယ်...။ တောင်ပေါ်ကနေ ရာသီအလိုက်ထွက်တဲ့ ဒညင်းတို့၊ ဖာလာတို့၊ ကော်ဖီတို့... စသဖြင့်တွေကို ပြန်သယ်ဆင်းသွားကြပေါ့လေ...။ ငွေနဲ့ အရောင်းအဝယ်လုပ်သလို ကုန်ပစ္စည်းချင်းဖလှယ်တဲ့ ဘာတာစနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် ကျင့်သုံးကြပါတယ်...။ 

ဒီဈေးသည်အများစုက ဒေသခံတွေနဲ့ရင်းသလို ကျနော်တို့နဲ့လည်း သိနေကြပါတယ်...။ တချို့ဆို ကျနော်တို့ ရဲဘော်တချို့ကိုတောင် အောက်ကျင်း သူတို့ရွာတွေအထိ တာဝန်ခံ အလည်ခေါ်သွားတဲ့အထိ ရင်းနှီးကြပါတယ်...။ အလားတူ အဲဒီဒေသမှာ အမြဲလှုပ်ရှားတဲ့ ရန်သူ့တပ်ကသူတွေနဲ့လည်း မျက်မှန်းတန်းကြ၊ သိကြတာပေါ့...။ တခါတလေလည်း ဒီဈေးသည်တွေထဲမှာ ရန်သူမွေးထားတဲ့သူတွေ... သတင်းပေးတွေ ပါလာတတ်တယ် ...။ ဒီလိုပဲ ကျနော်တို့ဘက်ကလည်း တတ်နိုင်သမျှ ဒီဈေးသည်တွေကို ကိုယ့်လူဖြစ်အောင် စည်းရုံးကြရတာပေါ့..။ အောက်ကျင်းသတင်း၊ ရန်သူတပ်သတင်း၊ ရွာတွေထဲက ရန်သူ့သတင်းပေးတွေ၊ အခြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေကိုလည်း သူတို့ကနေတဆင့် စုံစမ်းထောက်လှမ်းကြရတာပေါ့...။

အရှိန်လျော့ပါဦး... (ကာတွန်း မောင်မောင်ဖောင်တိန်)