Thursday, June 30, 2011

Maung Maung Tinn - Water Colour Paintings - 49

Please … a safe place

The rain is so heavy. It has not stopped since yesterday. The trees are like a roof, but they are not enough to protect us from heavy rain. The piece of plastic sheet we are using is too small. We are all getting so cold. All of our clothes are wet, but not our minds. Our minds are burning, empty but for feelings of insecurity. We know that we will be in our village, if we walk for a while. But nobody thinks about that, because it is very risky and government soldiers have arrived over there. Also we should not move forwards from these trees, as the place we are staying used to be a front-line. Landmines can be somewhere... maybe around us. We can not move any distance from here without a guide who knows this place. The sky is more and more becoming grey. The forest is more and more becoming dark. Where can we find a safe place? By MMT



 

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၁ ရက်)

မန္တလေး (ကာတွန်း စောငို)

Wednesday, June 29, 2011

Maung Maung Tinn - Water Colour Paintings - 48

To smile

I am not young any more. When I was a child, I did not realise what was going on in my community. I could smile easily. But not right now. Fear, poverty and illness are always with me. They make me depressed and sad. To smile … I must forget my current situation for a while. By MMT The photo that inspired this portrait was taken by Partners.



 

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်


ဗုဒ္ဓဟူး, 29 ဇွန် 2011

ဒီကနေ့အစီအစဉ်မှာ အရင်အကြိမ်တွေတုန်းကလည်း အမြဲလိုမေးလေ့ရှိကြတဲ့ လာဘ်ပေး လာဘ်ယူကိစ္စ၊ NLD အနေနဲ့ ပါတီအသစ်ထောင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ရှိ-မရှိ၊ အစိုးရအဖွဲ့ ပြောင်းသွားတယ်ဆိုပေမယ့် ဘာမှ ပြောင်းတာ မတွေ့ရသေးတာကြောင့် ပါတီစုံခေတ် အရပ်ဘက် အုပ်ချုပ်ရေးကို ဘယ်လို ရွေးချယ် တာဝန်ပေးတယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်နက်စွဲကိုင် တော်လှန်တာ အကြမ်းဖက်မှုမြောက်မမြောက်၊ ဒီမိုကရေစီနိုင်ငံတခုဖြစ်လာဖို့ လုပ်ရမယ့် အဓိကလိုအပ်ချက်၊ မြန်မာနိုင်ငံကို သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်း တိုးတက်လာနိုင်အောင် ဘာတွေ ပြုပြင်ရမလဲ၊ တိုင်းပြည်ထုတ်ကုန်တန်ဖိုး GDP အစစ်အမှန်သိရရေး စတဲ့မေးခွန်းတွေ ပါဝင်ပါတယ်။

Tuesday, June 28, 2011

Maung Maung Tinn - Water Colour Paintings - 47

I really want that my baby sleeps between mom and dad in peaceful surroundings

There was singing my son enjoyed even though it was out of tune. There was a cradle my son enjoyed even though it was my husband’s dirty sarong. My son really likes to listen to my singing before he sleeps in the cloth of the sarong. But, he cannot sleep anymore as before. This place where we are is not my home. It is not safe to sing and there is nowhere to hang the sarong. We must all keep quiet as much as we can while running and hiding. There is no more singing because of war. There is no more cradle because of war. By MMT



 

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး

Tin Maung Oo ~ a Forgotten Hero of Asia - By U Aung Htoo - Burmese

Monday, June 27, 2011

Maung Maung Tinn - Water Colour Paintings - 46

Away from home ... ... forever

There is a place among the forest and rocky mountains, quite isolated, where we have lived for most of our lives. It is a refugee camp. A fence is around the camp and it is like a strong barrier between the local and us. Food, shelter and health care are available to those inside, but they are not really complete. Still they are better than in our village in Burma. Whether we work here or not.... it doesn' t matter, the food will come to us. But we are made as human beings, not only to survive. we are made for other things; happiness, relationships, community pride. Here we often feel lonely and lost, but we must stay. If we go back to our native land we will face poverty, abuse, killing, again. If we leave for a third country we will face great challenges, strange people in a strange society in a strange land. We did not leave home to wait to resettle. We left home to wait for peace in our land. This place is already far from our home, please don't make us move further away. Everyone who is away from their home forever, knows how much pain this gives to the heart. By MMT


 

မိုးကြိုးသတင်းစဉ် - (အမှတ်စဉ် - ၁၁၇)

MOJO

Sunday, June 26, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၃)

သခင်ကိုယ်တော်မှိုင်း၏ လေးစားဖွယ်စိတ်ဓာတ်
ထိန်လင်း

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း ရေးသားနေစဉ်မှာပဲ ဆရာကြီးရဲ့စာတွေကို ကျောင်းသုံး စာအုပ်တွေထဲကနေ ဖြုတ်ပစ်လိုက်တဲ့ သတင်းဆိုးကို ကြားလိုက်ရပါတယ်။ အခြေခံပညာ အထက်တန်းမှာ ပြဋ္ဌာန်းထားတဲ့ ဆရာကြီးရဲ့ အညာမင်္ဂလာဆောင် နဲ့ သပြေနုချိန်ဆိုတဲ့ လေးချိုးကြီးတွေကို ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုပြုလုပ်လိုက်ခြင်းဟာ သမိုင်းကိုဖျောက်ဖျက်ဖို့ ကြိုးစားတဲ့သဘောဖြစ်တယ်လို့ ယူဆနိုင်သလို ဆရာကြီးရဲ့ စာပေအရှိန်အဝါကို စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူ့ရဲ့စာပေတွေကို မြင်တွေ့နေရရင် သူ့အကြောင်းကို မမေ့မလျော့တွေးမိပြီး သူ့ကို တမ်းတတဲ့စိတ်တွေ၊ သူ့ရဲ့စိတ်ဓာတ်မျိုးတွေ ဝင်သွားမှာ စိုးရိမ်တာဖြစ်နိုင်သလို သူနဲ့ဆက်စပ်ပတ်သက်ခဲ့သူတွေအကြောင်း အာရုံရောက်ကုန်မှာ စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။

ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် အမှတ်တရ (ပန်းချီ မင်းကျော်ခိုင်)

ဖွင့်ပေးကြပါ … (ကာတွန်း စောငို)

ညီမလေး ဈေးကောင်းရပါစေ … မားဆိုး

ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Tuesday, June 21, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၂၂ ရက်)

SUU66

Suu66-moemaka-2011-l

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (မောင်မောင်ဝမ်း)

mgmgone_suu66

ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား (လူထုစိန်ဝင်း)

“ရွှေ မရှိတာက ဘာမှ မဖြစ်ဘူး။ ဆန် မရှိရင်တော့ ဒုက္ခအကြီးအကျယ်ရောက်မှာ ..."

အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီးရင်ဖွင့်တာပါ လို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ရွှေရှာ ကျောက်တူး

နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျားဒေသက တပင်တပန်း လာခဲ့ရရှာတာဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင်ပေးခဲ့တယ်။ စကားပြောရင်သာ မောပြီး နားထောင်တာက မောမှမမောတာ။ သူ ပြောတာက သူတို့ဒေသတဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုးတလျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ဝယ်စားရတဲ့အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်နေရပါတယ် တဲ့။ “ရွှေမရှိတာက ဘာမှ မဖြစ်ဘူး။ ဆန် မရှိရင်တော့ ဒုက္ခအကြီးအကျယ်ရောက်မှာ ခင်ဗျ”

ထုံးစံအတိုင်း နိုးပဲပေါ့ … (ကာတွန်း စောငို)

မောဟတခုကို ဖယ်ခွာလိုက်နိုင်ခြင်း (ရွှေဇီးကွက်)

ဗုဒ္ဓဘာသာမိဘနှစ်ပါးမှ ပေါက်ဖွားဆင်းသက်လာသူပီပီ ကံကံ၏အကျိုးကို ငယ်ငယ်လေးကတည်းက ကျွန်မ ယုံကြည်လက်ခံခဲ့ပါတယ်။
အဘိဓမ္မာသင်တန်းတွေကို တက်ရောက်ခဲ့တဲ့နောက်မှာ ကံရယ်လို့ဖြစ်လာမယ့် စေတနာ၊ သင်္ခါရတို့ရဲ့အကြောင်းတွေ၊ ကံရဲ့အကျိုးပေးပုံတွေ၊ ကမ္မနိယာမတွေကို ပိုပြီး အသေးစိတ် နားလည်လာခဲ့ပါတယ်။

ကံအကြောင်းကို အသေးစိတ် အကျယ်တဝင့် ဟောဖော်ညွှန်ကြားနိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးမားပုံကိုလည်း အံသြကျေးဇူးတင်ပြီး ရှိခိုးပူဇော်လို့ မဝနိုင်ဖြစ်နေရပါတယ်။
ကျွန်မတို့အားလုံး အလွယ်တကူနားလည်ထားကြတဲ့ ကုသိုလ်၊ အကုသိုလ်၊ စေတနာ၊ ကံ (ကမ္မ)ကို -

Saturday, June 18, 2011

ဒေါနတောင်တန်း အလွမ်းတိုင်းပြည် - ခင်လွန်း (ဒုက္ခသည်စခန်းတနေရာ)

ဟော … ဝဿန္တတဲ့သဘာဝတရားဟာ
ပဉ္စလက်ဆရာကြီး ကော့ပါးဖီးဝင်စားသလို
ငါ့တောင်တန်းတွေကို ဖျောက်လိုက်ပြီ။

အနာဂတ်ဆိုလို့
သံကန့်လန့်ကာဖြစ်နေတဲ့
ဟောဒီ့ဒေါနတောင်တန်းကိုပဲ မျှော်ငေးကြည့်နေရ။

Wednesday, June 15, 2011

ကာတွန်းစောငိုရဲ့ ဒေါ်စု ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၂ ( မောင်လွမ်းဏီ)


အာအက်ဖ်အေ သောတရှင်များခင်ဗျား

နှစ် ၇၀ ကျော် စီမံအုပ်ချုပ်လာခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရတွေ၊ အုပ်ချုပ်သူတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်မရှိပါဘူးလို့ ပြည်တွင်းပြည်ပကို ကြုံကြိုက်တိုင်း ပြောလေ့ရှိပါတယ်။ ပြည်တွင်းစစ်မရှိပေမယ့် ပြည်တွင်းမှာဖြစ်နေတဲ့ စစ်တွေကတော့ တရံမဆိတ် မြင်နေကြားနေရတဲ့ သတင်းတွေ မဟုတ်ပါလား။

သတ်ပုံ မှားသွားတယ် … (ကာတွန်းစောငို)

Saturday, June 11, 2011

တူနှစ်ဖြာ ရွှေဂဟေဆက်လို့ …

 
 တကယ် လက်ထပ်ကြတာ မဟုတ်ဘူးနော်။ ဖက်ရှင်ရှိုး။

ဇွန် ၁၁၊ စနေနေ့က အေပီသတင်းဌာနမှာ တင်ထားတဲ့ ပုံတွေပါ။ သူများတွေလို ဘာသာမပြန်တတ်လို့ ... ဟီး ... ဟီး ..။။

သူ့ရဲ့ မူရင်း ပုံစာက ဒီလို။

နေပြည်တော်ဈေးမှာ ဗုံးပေါက်ကွဲ

နေပြည်တော်မှာရှိတဲ့ မြိုမဈေး အိမ်သာမှာ မနေ့ည ၉ နာရီခွဲက ဗုံးပေါက်လို့ လူ ၃ ဦး ဒဏ်ရာရှိသွားပါတယ်။

ဒဏ်ရာရှိသူ ၃ ဦးကို နေပြည်တော် ဆေးရုံမှာတင်ထားရပြီး၊ အဲဒီထဲက ၂ ဦးကတော့ ခွဲစိတ်ဆောင်မှာ ဆေးကုသခံနေကာ၊ ကျန်တဦးကတော့ အရိုးဆောင်မှာ ကုသခံနေတယ်လို့ ဆေးရုံဝန်ထမ်းတဦးက ဘီဘီစီကို ပြောပါတယ်။

ဒေါ်လာဈေးပြန်တက်ဖို့ လောလောဆယ်မမြင်

မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်းထားမှာ အမေရိကန် ဒေါ်လာဈေးက အလွန်ကျဆင်းနေပြီး ဒီကနေ့ ပေါက်ဈေးဟာဆိုရင် ဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၇၆၀၊ ၇၇၀ ကျပ်ပဲ ဈေးပေါက်တယ်လို့ သိရပါတယ်။

ပန်းချီမင်းကျော်ခိုင်ရဲ့ ဒေါ်စု ပုံတူကောက်ကြောင်းများ


Friday, June 10, 2011

မြန်မာတွေကြား စာနဲ့စကား (မောင်ဧရာ)

နှုတ်ပြောမှာ “တွေ”ကို သုံးပေမယ့် အရေးကျတော့ “တို့”ကို သုံးရတယ်။ “နဲ့” ကို “နှင့်” သုံးတယ်။ ဒါကို စာရေးတဲ့ ဟန်နဲ့ ရေးကြည့်မယ်ဆိုရင် “မြန်မာတို့ကြား စာနှင့် စကား”လို့ ရေးရမှာပါ။ မြန်မာစာကို နေ့တိုင်း ရေးနေကြတယ်။ မြန်မာစကားကို နေ့တိုင်း ပြောနေကြတယ်။

“စကားပြောသလို ရေးရမယ်” ဆိုတဲ့ လှုပ်ရှားမှုဂယက်ဟာ တစ်ခါက တော်တော်လေး ရိုက်ခတ်ခဲ့ပါတယ်။ အပြောနဲ့ အရေးစကား မြန်မာ အဘိဓာန် အကျဉ်းချုပ်မှာ ဒီလို ဖွင့်ဆိုတယ်။

အပြော-န(အပျော)
၁။ နှုတ်ဖြင့် ထုတ်ဖော် မြွက်ဆိုခြင်း၊ နှုတ်ဖြင့် ထုတ်ဖော်မြွက်ဆိုသော စကား
၂။ နှုတ်ဖြင့် ထုတ်ဖော် ပြောဆိုပုံ။ “အပြောစကား”လို့ ရေးတာ မတွေ့ရဘူး။ “နှုတ်ပြော”လို့ ရေးရမယ် ထင်ပါတယ်။

အရေးစကား-န(အယေးစကား)
အကြောင်းကိစ္စ၊ အဖြစ်အခင်း တစ်စုံတစ်ရာနှင့် သက်ဆိုင်သော စကား။ ဒါက “စကား”ကို စာနဲ့ရေးတာလို့ အဓိပ္ပာယ် မရဘူး။ “အရေး”လို့ပဲ ပြောရမှာ ထင်ပါတယ်။ “စကား ပြောသလို ရေးရမယ်”ဆိုတာ စကားပြေကို စကားပြောတဲ့ အသံထွက် အတိုင်း ရေးရမယ်လို့ ဆိုလိုတာ နေမှာပါ။

လူထု နဲ့ လူတစု (ကာတွန်းစောငို)

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၁၁ ရက်)

- သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဒေါ်စုဘီဘီစီမှ ပြောမည်
- ကချင်နဲ့အစိုးရ စစ်တပ်ကြား ဖမ်းဆီးသူများ လဲလှယ်
- နေပြည်တော် ဥမင်လှိုဏ် အဆုံးသတ်ဖို့ ဒေသခံတွေကို အာဏာပိုင်တွေ ငှားရမ်းခိုင်းစေ
- အလုပ်သမားများ တောင်းဆိုမှု ဦးထုပ်စက်ရုံအုပ်ချုပ်ရေးက အလျှော့ပေး
- ဆီးရီးယား စစ်တပ်က သူပုန်မြို့မှာ စစ်ဆင်ရေးစတင်
- အစိုးရရဲ့ နှိပ်ကွပ်မှုတွေကို အိမ်နီးချင်းတွေ ဝေဖန်
- မလေးရှားရှိ တရားမဝင်မြန်မာများ လက်မှတ်ရရေး ဈေးကွက်ပေါ်နေ
- အင်တာနက် သုံးစွဲခွင့်ဟာလည်း အခြေခံ လူ့အခွင့်အရေး
- မိုးကြီး တောင်ပြို၍ ဘူးသီးတောင်- မောင်တော ကားလမ်း ပိတ်သွားပြီ
- KIA နှင့် တိုက်ပွဲ အစိုးရတပ်မှ ဗိုလ်မှူး အပါအဝင် ၃ ဦးသေ ၆ ဦးဒဏ်ရာရ
- ဖားကန့်တွင် ကျောက်စိမ်းကြောသစ်တွေ့
- ကချင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ
- ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာအစိုးရသစ် တောင်းဆို
- ဒေသခံ လူထုအား သစ်ခုတ်ခွင့်တားမြစ်ပြီး မယက ကိုယ်တိုင်မီးသွေးဖုတ်ရောင်း
- ရဲ အလှူငွေကြောင့် ရေနံချောင်းသားများ အခက်အခဲဖြစ်
- ပြည့်တန်ဆာဆီက ရပ်ကွက်လူကြီး လာဘ်စား

Wednesday, June 8, 2011

ဗွီအိုအေ ပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၈ ဇွန် ၂၀၁၁

ဒီကနေ့ နားဆင်ကြရမယ့် အမေးအဖြေတွေထဲမှာ စစ်သည်ဟောင်းတွေရဲ့ အကျပ်အတည်း၊ အကြမ်းဖက် နှိမ်နင်းခံရလို့ သေဆုံးဒဏ်ရာရသူတွေစာရင်း ပြုစုထားတာ ရှိ-မရှိ၊ အဖြစ်အပျက် အမှန်အတိုင်းသိအောင် ဘယ်လိုလုပ်နေတယ်၊ ဒီမိုကရေစီ အင်အားစုတွေ မကွဲမပြားဘဲ တစည်းတလုံးထဲ ရပ်တည်ရေး၊ လူမှုရေး အကူအညီပေးကိစ္စ၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ လူထုရဲ့အခန်းကဏ္ဍ စတဲ့မေးခွန်းတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြုကဗျာတပုဒ်လည်း ပါဝင်ပါတယ်။

ဒီကနေ့ မေးမြန်းထားတဲ့ မေးခွန်းအများစုဟာ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၁ ခုနှစ် မတ်လအတွင်း စာတိုက်ကနေတဆင့် ဗွီအိုအေဆီပေးပို့ခဲ့တဲ့မေးခွန်းတွေ ဖြစ်တယ်ဆိုတာကို ကြိုတင်အသိပေးပါရစေ။

မမစုကို ပြောပေးပါလို့ အစချီပြီး စစ်သည်ဟောင်းများရဲ့ မ၀ရေစာ ပင်စင်လစာငွေကိစ္စ အကြံ ပေးထားသူကတော့ အညတရ ဖိုးထူး ဆိုသူဖြစ်ပါတယ်။

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၈ ရက်)

- လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့်ရှိဖို့ ဒေါ်စု ပြော
- ဒေါ်အောင်ဆန်းစုကြည် ကနေဒါ လူ့အခွင့်အရေးဆု ရရှိပြန်
- လှိုင်သာယာမှာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
- DKBA၊ KNU ပူးပေါင်းတပ်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်
- မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR အဆင့်တခု ဖြစ်နိုင်
- ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုဘေး မြို့ခံတွေ စိုးရိမ်
- ကျောင်းနှင့် ဆေးခန်းအတွက် ဆိုပြီး အာဏာပိုင်များက မတရား ငွေကောက်
- ဂျာမဏီနိုင်ငံ လူအခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
- ကမ္ဘာ့အခြေအနေကို အစိုးရသစ် နားလည်ပေမယ့် ပြောင်းလဲမှု မမြန်ဆန်နိုင်
- စစ်ဘက် အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ
- ၇၄ မျိုးဆက်များ ရန်ကုန်တွင် တွေ့ဆုံ
- ရှေးဟောင်းဘုရား နေပြည်တော်သို့ မပင့်၍ ရခိုင်လူထု ဝမ်းမြောက်
- လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများကို မကျေနပ်၍ အလုပ်သမားများဆန္ဒပြ
- လက်ဖက်လုပ်ငန်း လက်ဝါးကြီး အုပ်ခံရမှုအပေါ် တအာင်းလုပ်ငန်းအဖွဲ့ စာတမ်းထုတ်ပြန်

Tuesday, June 7, 2011

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ (လူထုစိန်ဝင်း)


"အင်တာနက်ခေတ်မှာ တဦးနဲ့တဦး ထိတွေ့ဆက်သွယ် ဆောင်ရွက်ဖို့ မခက်လှပါဘူး။ လူမှုရေးစိတ်ဓာတ် စစ်စစ်နဲ့ ပရဟိတစိတ်ဓာတ် စစ်စစ် ရှိဖို့ပဲလိုတယ်။ အင်ဂျီအို ဆိုင်းဘုတ်တခုကိုင်ပြီး ကိုယ်ကျိုးရှာတဲ့ လူတွေပါမလာအောင်တော့ သတိကြီးစွာထားပြီး စိစစ်ဖို့ လိုတယ် ..."

အပူဒဏ်ကြောင့် နေမကောင်းဖြစ်လို့ နှစ်လလုံးလုံး စာမရေးနိုင်ခဲ့ဘူး။ မိုးဦးလေးကျလာတာကြောင့် နေသာထိုင်သာ ရှိလာတဲ့အတွက် စာရေးစားပွဲမှာ ပြန်ထိုင်လိုက်တယ်။ ခေါင်းထဲမှာ တေးမှတ်ထားတဲ့ အကြောင်းအရာတခုက ချက်ချင်း ပြန်ပေါ်လာတယ်။

ငါ့သား ... မင်း လူလားမြောက်ပြီ (သားကြီးမောင်ဇေယျ)


သားကြီးမောင်ဇေယျဟာ မြန်မာစာပေလောကမှာ အထူးထင်ရှားတဲ့ ကွယ်လွန်သူစာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့ သားကြီးဖြစ်သလို မြန်မာမော်ဒန်ကဗျာ ခေတ်ဦးပိုင်းလှုပ်ရှားမှုတွေမှာ မင်းလူ၊ တိုးမိုး၊ မောင်မောင်စနေတို့နဲ့အတူ တက်ကြွစွာပါဝင်ခဲ့တဲ့ ကဗျာဆရာတဦးဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကိုဇေယျ ကဗျာကိစ္စဘက်မှာရပ်နားပြီး ပန်းချီ အနုပညာဘက်မှာ ကျောက်စီပန်းချီကားတွေကို စိုက်လိုက်မတ်တတ် ဖန်တီးလာရာက ၂၀၀၀ ခုနှစ်လွန်နှစ်တွေမှာတော့ ဒီဂျစ်တယ် အနုပညာတွေကိုပါ ဖန်တီးလာတာတွေ့ရပါတယ်။ အထူးသဖြင့် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဖန်တီးဖြစ်ခဲ့တဲ့ ဒီဂျစ်တယ် အနုပညာလက်ရာများဟာ ထင်ရှားပါတယ်။

အမှောင်ချပြန်ပြီ ... (ကာတွန်းအောင်မော်)


သဘောထုတ်ဆိုမယ် သောနုတ္ထိုရ်တို့ရဲ့ မင်းကိုနိုင်ကို ရှက်ပါ ပြီးတော့ ဒီငြိမ်းလင်း ကျော်ကိုကိုတို့ကို ရှက်ပါ (ရဲဘော်ကျော်သန်း)

တို့ဗမာ ဝေဒနာများကိုလ၊ ရင်နာနာ စာနာပွားလို့ရယ် စေတနာများနဲ့ ကျုပ်ရဲ့မနော၊ မာလောနွယ် နကပ် (NCUB) တို့ရဲ့
ဖောက်ပြန်တဲ့ ဓာတ်အကြောကို
လှစ်ကာပြောလိုက်ပါရဲ့၊ မှားမှန်သဘော။
အဟုတ်ကို ပလီညစ်လို့
အကောက်အကျစ် ထွေလာဆန်းပါဘိသနဲ့
စီဝရံသင်္ကန်းနဲ့ ဆဒ္ဒန်ဆင်သတ်
အစွယ်ဖြတ်တဲ့ သောနုတ္ထုရ်
ငုတ်တုတ်ကယ် ထိုင်ငိုလောက်အောင်
မျက်နှာပြောင်တိုက် ကြောင်တောင်နှိုက်နိုင်ကြရဲ့
မိုက်လိုက်ပါတဲ့ နကပ်တို့ရဲ့ အယုတ်တမာသဘော။
တို့ဗမာအရေးတော့ ဆန်းလဒ်ညှိုးလို့ ရေစုန်မျော။

Monday, June 6, 2011

မင်းကျော်ခိုင်ရဲ့ အလွမ်းများ

ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်နေတဲ့ ကိုဇေယျကြီး လေးစားတယ်ဗျာ …

ဟိုတုန်းက တရံတခါဆီကို သတိရမိတယ် ကိုနေဝင်းရေ …

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၇ ရက်)

- ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်
- နေပြည်တော်နှင့် ရန်ကုန်ဘူတာများ ဗုံး ပိုက်စိတ်တိုက်ရှာ
- အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား
- KIO ပြည်သူများအတွက် မှတ်ပုံတင်ကဒ်ပြား လုပ်ပေး
- ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ
- နိုင်ငံရေးအကျဉ်းသားများအား ထိန်းချုပ်ရန် ရာဇဝတ်သားများကို အသုံးချ
- အာဏာပိုင်ဖိအားပေးမှုကြောင့် လူငယ်ကွန်ရက်အဖွဲ့ သင်တန်း ဖျက်ရ
- ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်
- လစာအပြည့်မရသည့် ကုမ္ပဏီဝန်ထမ်း ၉ ဦး ရန်ကုန်တွင် ဆန္ဒပြ
- အာဏာပိုင်များ ချယ်လှယ်မှုကြောင့် လက်ဖက်ဈေးကွက်ပျက်
- ဘုရားသုံးဆူ ထောက်လှမ်းရေးရုံး တိုက်ခိုက်ခံရ
- အလုပ်သမားဆန္ဒပြမှု ဖြစ်စေသည့် အလုပ်ရှင်များ အရေးယူ ခံရမည်
- စည်ပင်ရဲများ ဖယ်ရှားရန် မဝံ့
- မြန်မာမှ အဆင့်မီလေဆိပ်တခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ်တစီး ညအိပ်ရပ်နားခဲ့ရ
- ဦးသိန်းညွန့်ကို တသီးပုဂ္ဂလအဖြစ် သတ်မှတ်ဟုဆို

ငါ့လက်ကလွတ် ဗြွတ် … (ကာတွန်း စောငို)

Sunday, June 5, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၂)

သခင်ကိုယ်တော်မှိုင်း၏ ဘဝနှင့် စာပေ
ထိန်လင်း

မြန်မာပြည်ရဲ့ နိုင်ငံရေးစာပေတွေအကြောင်း ပြောကြမယ်ဆိုရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ သူ့ရဲ့စာ သူ့ရဲ့ကဗျာတွေကို ချန်လှပ်လို့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဆရာကြီးက လူပုဂ္ဂိုလ်အနေနဲ့ရော၊ စာပေအရပါ ဦးဆောင်မှုအခန်းက ပါဝင်ခဲ့လို့ပါပဲ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့တဲ့အချိန်မှာ အသက် ဆယ်နှစ်ကျော်နေပါပြီ။ အဲဒီအပြင် သီပေါမင်းနဲ့ စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကို တိုင်းတပါးအောက်က လွတ်မြောက်ဖို့ ကြိုးပမ်းရမယ်ဆိုတဲ့အသိ ငယ်ငယ်ကလေးတည်းက ကိန်းအောင်းခဲ့သူဖြစ်ပါတယ်။

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၆ ရက်)

- ဘုရားသုံးဆူမြို့မှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ ရန်ကုန်မှာ ပြန်စ
- ဆန္ဒပြမယ်ဆိုလို့ မြို့တော်ခန်းမ ရှေ့မှာ လူတွေ စောင့်ကြည့်နေ
- ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရွှေ့ပြောင်းကလေးတွေကို ပညာပေး
- လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ပြန်ထုတ်ပေး
- မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုအခြေအနေ ILO မှာ ဆွေးနွေး
- E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်
- အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး
- ယီမင် သမ္မတ ဒဏ်ရာ အစိုးရ တရားဝင် ပြောကြား
- အမေရိကန်-မြန်မာ နှစ်နိုင်ငံ အပေးအယူ ရှိဖို့လို

ဗွီအိုအေ ပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒီသီတင်းပတ်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေပရိသတ်က မေးထားတဲ့ မေးခွန်းတွေထဲမှာ NLD အပေါ် အစိုးရရဲ့အမြင်၊ ပြဿနာတွေ ပြေလည်ရေး လက်ရှိအစိုးရနဲ့ ဆွေးနွေးဖို့ NLD ရဲ့ ကြိုးပမ်းအားထုတ်မှု၊ လာဘ်စားမှု တိုက်ဖျက်ရေးအခြေအနေ၊ မြန်မာပြည်ကြီး မရှိတော့မှာ ပူမိသူရဲ့ စိုးရိမ်စိတ်၊ စီးပွားရေးဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတတွေ မျှဝေပေးဖို့ ကမ်းလှမ်းချက်၊ မြန်မာငွေ ဈေးတက်လို့ အခက်ပွေနေရတဲ့ အခြေအနေနဲ့ စီးပွားရေးကျ၊ ဆင်းရဲတွင်းနက်၊ လူသားအရင်း အမြစ်ချို့တဲ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်း စတာတွေနဲ့ပတ်သက်ပြီး မေးမြန်း ဖြေဆိုထားပါတယ်။

ပထမဆုံးမေးခွန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပေါ် အစိုးရရဲ့အမြင်ကို ဖိုးသားငယ်ဆိုတဲ့ သောတရှင်က မေးထားတာဖြစ်ပါတယ်။

မေး။ ။ အစိုးရက NLD ကို ဘယ်လိုထင်ပါသလဲ။ မတရားအသင်းအဖြစ် မကြေညာရဲသလို တရားဝင် နိုင်ငံရေးပါတီအဖြစ်လည်း အသိအမှတ်မပြုနိုင်ဘူး ဖြစ်နေတယ်။ လက်ရှိအခြေအနေအရ အစိုးရကပဲ အမြတ် ထွက်နေပါတယ်။

စားနေကျပဲ စားတတ်တယ် … (ကာတွန်း စောငို)

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၁ ( မောင်လွမ်းဏီ)

“ကွမ်းနံ့ ဆေးပေါ့လိပ်နံ့နဲ့ ဆေးရွက်ကြီးနံ့က မကြိုက်သူတွေအတွက်တော့ ဆိုးဆိုးရွားရွားခံစားရမယ့် အနံ့အသက်တွေ ဆိုပါတော့။ အဲဒီအနံ့အသက်တွေကြားကပဲ သနပ်ခါးနံ့ မွှေးမွှေးစူးစူးလေးကိုလည်း ရှူရှိုက်ရမိပါတယ်။ မြန်မာပြည်ဖွား မိန်းကလေး အလုပ်သမတသိုက်ရဲ့ ပါးပြင်ပေါ်မှာ နေလောင်ခံဖို့ ပိန်းထူနေအောင် လိမ်းခြယ်ထားတဲ့ သနပ်ခါး ပါးကွက်ကြားက လွင့်မျောလာတဲ့ သနပ်ခါးနံ့လေးတွေပါပဲ …”

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ဘူဒိုဇာမြေထိုးစက်တွေနဲ့ ထိုးညှိပြုပြင်ထားတဲ့ မြေသားကွင်းပြင်ကြီးထဲမှာ ကားတွေ၊ လူတွေ၊ ယန္တယားတွေနဲ့ ပျားပန်းခတ် ထွေးယှက်နေတာကို တွေ့ရပါတယ်။ ၅ ဧကကျော် ကျယ်ဝန်းပြန့်ပြူးတဲ့ ဒီကွင်းကြီးထဲကို ကျောက်တိုက်တဲ့ကားနဲ့ ရောက်လာသူက ရောက်လာတယ်။ ကိုယ်ပိုင်စက်ဘီးတွေနဲ့ လာသူ လာကြတယ်။

အနီးအနားက လူတွေကတော့ ခြေလျင် ကုန်းကြောင်းလာကြသူတွေပေါ့။ သူတို့လက်နဲ့ ပခုံးတွေ ပေါ်မှာတော့ သံတူရွင်းတွေ၊ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေ၊ မြေကြီးသယ်တဲ့ ပလတ်စတစ်ရေပုံးတွေကို ထမ်းပိုးသယ်လာကြပြီး ယာယီဆောက်လုပ်ထားတဲ့ အလုပ်ခွင် ကြီးကြပ်ခန့်ခွဲတဲ့ရုံးရှေ့မှာ စုရုံးနေကြပါတယ်။

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၅ ရက်)

- အမေရိကန် အလုပ်လက်မဲ့ မြင့်တက်
- မြောက်ဦး ရှေးဟောင်းဘုရား နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်
- ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျား အတိုက်အခံမြို့ ရောက်ရှိ
- အခိုင်အမာ ခြေလှမ်းများ လှမ်းရန် ဂျွန်မက်ကိန်း တိုက်တွန်း
- ဦးသိန်းစိန်အစိုးရ၏လမ်းစဉ်သည် မဟာဗမာလူမျိုးကြီးဝါဒ ဖော်ဆောင်ခြင်းသာဖြစ်
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
- မြန်မာအမျိုးသမီးတွေ တရုတ်ပြည်မှာ သတို့သမီးအဖြစ် ရောင်းစားခံနေရ
- ယီမင် သမ္မတ ဒဏ်ရာ အစိုးရ တရားဝင် ပြောကြား

Saturday, June 4, 2011

ဒလ နဲ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်း

 
ဇွန်လ ၄ ရက်နေ့က တွေ့ရတဲ့ ဒလ နဲ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းက ပုံရိပ်တချို့။

ဆီနိတ်တာ ဂျွန်မက်ကိန်းရဲ့ ထုတ်ပြန်ကြေညာချက်

John McCain Press Release

Friday, June 3, 2011

အိုင်ပက် လိုချင်လို့ ကျောက်ကပ် ဖြုတ်ရောင်း

တရုတ် သတင်းမီဒီယာတွေထဲမှာ ဆယ်ကျော်သက်ရွယ် တရုတ် လူငယ်လေးတယောက်ဟာ tablet ကွန်ပြူတာ iPad 2 နဲ့ ကွန်ပြူတာ လက်ပ်တော့ပ် တခု ဝယ်ယူနိုင်ဖို့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် တဖက်ကို ရောင်းချခဲ့တယ်လို့ ဖော်ပြကြပါတယ်။

အကျန်စားသူများ (ကာတွန်း စောငို)

နိုင်ငံရေးအကျဉ်းသားများ အရေး ... ဒို့အရေး

Joint Statement No-5-2011 of ABMA+88G+ABFSU

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၄ ရက်)

- မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ အပြောထက် လက်တွေ့လုပ်ရပ်လိုအပ်
- SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓာတုလက်နက်ပါအသုံးပြု
- ရင်ကြားစေ့ရေးကိစ္စ အစိုးရ ကိုယ်တိုင် ဆန္ဒရှိမှ ဖြစ်မယ်
- မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်
- ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း
- မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ
- အကျဉ်းသားမလွှတ်ရင် မူဝါဒ မပြောင်းနိုင်ကြောင်း ဂျွန်မက်ကိန်းပြော
- ပြုပြင်ပြောင်းလဲရေးမလုပ်လျှင် တော်လှန်ရေးဆန်သည့် အပြောင်းအလဲနှင့် ကြုံရလိမ့်မည်ဟု မြန်မာအစိုးရကို ဂျွန်မက်ကိန်း သတိပေး
- ဂျာနယ်တွင် ထောင်အကြောင်း ဝါဒဖြန့်
- ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော
- ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျိုင်းတုံလူထုထံ သိန်းပေါင်းရာချီ ငွေကောက်ပြီး စီမံကိန်းရပ်ဆိုင်းပစ်
- ရန်ကုန်မြို့လယ် ဈေးမရောင်းရ တားမြစ်ပြန်
- နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတ ပြော

Thursday, June 2, 2011

တွေ့ဆုံဆွေးနွေးဖို့ မက်ကိန်း စွမ်းဆောင်နိုင်မလား

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့က သူ့ရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။