ဒီနေ့မနက်
ငါနေရာ မြို့ကြီး ပြကြီးမှာ ...
ငါးတွေ ဖျတ်ဖျတ်လူးနေကြတယ် ...
ရေများလို့တဲ့ ...။
ကြည့်ရတာ သူတို့
ရေများရာအရပ်ကနေ
ရေနည်းရာအရပ်ကို
မျဉ်းကျားတွေဆီကနေ
ဒေါင်လိုက် ရွေ့လျားနေပုံရတယ် ...။
ငါးတွေမှာ
ဟိုသွား ဒီသွားစရာ
မှတ်ပုံတင်မလိုဘူး ...
ငါးတွေမှာ
ဟိုသွား ဒီသွားစရာ
ဆိုင်ကယ်တွေမရှိဘူး ...
ငါးတွေမှာ
ဟိုသွား ဒီသွားစရာ
ကားတွေမရှိဘူး ...
ငါးတွေမှာ
ဟိုဆက် ဒီဆက်စရာ
ဟိုကလိ ဒီကလိစရာ
စမတ်လ်ဖုန်းတွေ မရှိဘူး ...
ငါးတွေမှာ
ဂုဏ်ပြိုင်စရာ
ပကာသနတွေ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ငါးမျိုးရေး ခွဲခြားမှုတွေ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ပျော်ပါးစရာ
နိုက်ကလပ်တွေ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ဟိုကင်ပွန်းတပ် ဒီကင်ပွန်းတပ်
ဟို မွေးနေ့ ဒီ မွေးနေ့
ဟိုပါတီ ဒီပါတီ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
သောက်စရာ
ယမကာ ဘီယာ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ညည သွားစရာ
အပျော်မယားတွေ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
တက်စရာ
လွှတ်တော်ဆိုတာကြီး ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ရွေးချယ်စရာ
အမတ်ဆိုတာကြီးတွေ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ဝိဝါဒကွဲစရာ အသင်းအပင်းတွေ ရှိမယ်မထင်ဘူး ...
ငါးတွေမှာ
ဝိဝါဒကွဲစရာ ကိုးကွယ်မှုတွေ ရှိမယ်မထင်ဘူး ....
ငါးတွေမှာ
အမျိုးမျိုးပြောင်းတပ်စရာ
မျက်နှာဖုံးတုတွေ ရှိမယ်မထင်ဘူး ...
ဒီမနက်စောစောတွေ့လိုက်ရတဲ့ ငါးများကတော့
တဖျတ်ဖျတ်ခုန်ရင်း ...
လွတ်ရာ လွတ်ကြောင်း ...
ရန်သူကိုတော်လှန်တယ် ...
ငါးနဲ့မတူ
လူဟူသော ငါတို့မှာသာတကား ...။ ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment