Thursday, March 31, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၈)

https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg

“လူငယ်တွေမှာ ကျနော် မြင်နေတယ်ဗျာ။ Own Model ပျောက်နေသလိုမျိုးပဲ။ အတတ်ပညာရှင်ပဲ လုပ်ရ မလိုလို၊ Model Boy၊ Model Gril ပဲလုပ်ရ မလိုလို အဲဒီလိုဖြစ်နေတယ်ဗျ။ အဲဒီတော့ Individualism ပေါ့ဗျ။ ကိုယ့် တကိုယ်ထဲဝါဒ ကြီးထွားလာမယ်ဆိုရင် တကယ်တန်း ရေရှည်မှာလည်း တိုင်းပြည်အတွက် မကောင်းသလို။ ကိုယ်လည်း မကောင်းနိုင်ပါဘူး”

ကျနော်တို့က ရိုးရိုးသားသားပဲဗျ။ ဘာတခုမှ ကျနော်တို့ ရိုက်နှက်ဖျက်ဆီးမှုတွေ စိတ်ကူးထဲမှာတောင် မရှိဘူး။ ကျနော်တို့ ထွက်သွားတယ်၊ ကျနော်တို့ ထွက်သွားပြီးတော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျနော်တို့ ကျောင်းသား ရဲဘော်တွေကို ကျနော်တို့ခေါ်ပြီးတော့ ကျနော်တို့ချီတက်ပြီးတော့ လမ်းလျှောက်မယ်၊ ကျနော်တို့မှာ ဒီရည်ရွယ်ချက်နဲ့ သွားတာပဲ။

သွားတဲ့အခါကျတော့ ကျနော်တို့လိုလားတဲ့ သဘောထားတွေ ကျနော်တို့ ဆန္ဒတွေကို ကြွေးကျော်ပြီးတော့ ကျနော်တို့ ဖော်ထုတ်မယ်။ ဒါပဲရှိတယ် ဒီတော့ ဒီနေရာမှာ ကျနော်တို့ ဆင်နွှဲခဲ့တဲ့ နည်းက ငြိမ်းချမ်းစွာ ဆင်နွှဲခဲ့တဲ့နည်းပါ။

အဲဒါကို ကျနော်တို့မှာ အကြမ်းဖက်ပြီးတော့ ဖြိုခွင်းခံရတယ်။ ဆိုလိုတာကတော့ ကျနော်တို့ရဲ့ သဘောထားဆန္ဒတွေကို ကျနော်တို့ ဖော်ထုတ်ပြနိုင်ဖို့က ကျနော်တို့ ရတဲ့နည်းတနည်း နောက်ဆုံးတနည်းနဲ့ပဲ ဖော်ထုတ်ခဲ့တာပါ။

ကျမ်းစူးမယ့်သူများ

 
 
 
မတ်လ ၃၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုနေတဲ့ ကြံ့ဖွတ်အစိုးရသစ်ရဲ့ သမ္မတ ဦးသိန်းစိန် နဲ့ ဒု သမ္မတများဖြစ်ကြတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း

သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် စစ်အစိုး၏ တာဝန်ပျက်ကွက်မှုများနှင့် ပတ်သက်၍ နှိုးဆော်ချက်

The Statement No-2-2011 of Abma+88gs+Abfsu

ဂျပန်အစိုးရ နှင့် ပြည်သူများသို့ စာနာဝမ်းနည်းကြောင်း သဝဏ်လွှာ

The Statement No-3-2011 of ABMA+88GS+ABFSU_Bur

Maung Maung Tinn - Water Colour Paintings

Few people care about their health, education or safety.

The children are small and thin. They have no toys, not many clothes. Often I think: "Why can't these children have the same opportunities as many others who can eat, go to school, have a nice house to live in?” By MMT

Wednesday, March 30, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၇)

"ကျနော်တို့ ကျောင်းသားတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ အဓိက ကတော့ နားလည်မှုတွေ အားနည်းခဲ့တယ်။ ထိတွေ့မှုတွေ အားနည်းခဲ့တယ်။ နိုင်ငံရေးပါး မဝဘူးပေါ့ဗျ။ အတွေ့အကြုံ အားနည်းမယ်။ နိုင်ငံရေးအတွေးအခေါ် အားနည်းမယ်။ ထိတွေ့မှုတွေ အားနည်းမယ်။ ဒါတွေက ရှိခဲ့တယ်။ အားသာချက်တွေအနေနဲ့ ပြောရရင် ..."

အားနည်းချက် အားသာချက်ဆိုတဲ့နေရာမှာ ကျနော်တို့ ကျောင်းသားတွေရဲ့ ပင်ကိုဗီဇပေါ့နော်။ အမှန်တရားကို လိုလားတယ် ပျော်ရွှင်မှုပေါ့နော်၊ စာပေကိုသင်ကြားမှု ဒါ ပင်ကိုသဘာဝကိုး။ နိုင်ငံရေးကို သိပ်နားမလည်ဘူးဗျ … ကျနော်က အစပေါ့ဗျ။

ကျနော်တို့ နားလည်တာ ဘာကိုနားလည်သလဲဆိုတော့ မမှန်တာကို နားလည်တယ်ဗျ။ မကောင်းတာကို နားလည်တယ်ဗျ။ အဲဒီ မမှန်တာကို စိတ်တိုတယ်ဗျ။ မကောင်းတာကို လက်မခံဘူးဗျ။

ဒီသဘောတရားပေါ့နော် အဲဒီ သဘောတရားအပေါ်အခြေခံပြီး လုပ်တဲ့အခါကျတော့ လုပ်နည်းလုပ်ဟန် အတိုင်းပေါ့နော်၊ ကျနော်တို့ ကျောင်းသားတွေမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။

ကြိုဆိုရမှာပေါ့လေ … (ကာတွန်း စောငို)

Tuesday, March 29, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၆)

https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg 
"ဆိုလိုတာကတော့ လူငယ်စိတ်နဲ့ ကျောင်းသားစိတ်နဲ့ ကျနော်တို့က ခံစရာရှိရင် ကျနော်တို့ ရင်ဆိုင်ပစ်လိုက်မယ်ပေါ့။ ရမယ့်အကျိုးအမြတ်ဟာ တိုင်းသူပြည်သားတွေ အားလုံးအတွက် ကျနော်တို့ နိုင်ငံအတွက် ကောင်းမယ်ဆိုရင် ကျနော်တို့ ရင်းသင့်တာကို အကုန်လုံးရင်းပြီးလုပ်မယ်လို့ ကျနော်တို့ ဒီလို အခြေခံစိတ်နဲ့ လုပ်တာပါ"

ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းတွေကို ဦးတည်ဖြစ်ပေါ်စေခဲ့တဲ့ မတ်လ ကျောင်းသား လှုပ်ရှားမှု ဖြစ်ပျက်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါပြီ။ ဒီ ၁၇ နှစ်တာ ကာလမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၁၆ နှစ် ကိုဇော်ဝင်း၊ ကိုပြုံးချို၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဆိုရင်လည်း ၁၄ နှစ် ၁၅ နှစ် နီးပါး နအဖရဲ့ အကျဉ်းထောင် တွေထဲမှာနေထိုင် ဖြတ်သန်းခဲ့ရပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး ဆိပ်ဖလူးရနံ့ အကျဉ်းထောင်ဆိုတာ ပစ္စုပ္ပန် ဆိုတာမရှိဘဲ အတိတ်ကိုပဲ ပြန်လည်တွေး မိတဲ့နေရာတခုပါလို့ ဆရာဒဂုန်တာရာ တင်စားခဲ့တာကို အရင် တင်ပြလိုပါတယ်ခင်ဗျာ။

တခုတည်းသော ခွေးကတက် (ကာတွန်း စောငို)

ရင်ငလျင် (မောင်လွမ်းဏီ)


တာလေမှာ
ကဗျာတွေ မတွေ့ဘူး၊
အနိဌာရုံ နဲ့ မသာတွေ့တယ်။

ကြေးစည်သံလား
မေတ္တာတရား နဲ့
စာနာစိတ်တွေ တောင်းခံနေစဉ်။

Monday, March 28, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၅)

"ကိုဌေးအောင်ရဲ့ ကဗျာတွေလိုပေါ့ဗျာ၊ ‘ဒီနေရာမှာ ငါတို့ ဆန္ဒပြခဲ့ကြတယ်၊ ဒီနေရာမှာငါတို့ စီတန်း လှည့်လည်ခဲ့ကြတယ်’။ ဟုတ်တယ် ဗိုလ်အောင်ကျော်တမ်းချင်း ကဗျာလိုပဲ ဒီနေရာမှာပဲ ကျနော်တို့ မတရားမှုကို ကျနော်တို့ ဆန့်ကျင်ခဲ့ကြတယ် တဲ့၊ ကျောင်းသားတွေ အရင်းအနှီး အများကြီး ပေးခဲ့ရတယ်၊ ဘဝတွေ၊ အသက်တွေ အများကြီး ပေးခဲ့ရတယ်” 

“မြန်မာနိုင်ငံကနေပြီးတော့ မတ်လ ၁၃ ရက်နေ့က စခဲ့တဲ့ အရေးအခင်းဟာ အရှေ့တောင်အာရှမှ ကျနော်တို့ ပထမဆုံးပဲ။ နောက်ပိုင်းမှာ အရှေ့ဥရောပ၊ နောက်ပိုင်းမှာ တရုတ် ‘တီဟီယန်ရင်ပြင်’ အရေးအခင်းပေါ့ဗျ။ စသဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှုတွေဟာ ဒီမိုကရေစီ တိမ်းညွှတ်မှုဘက်ကို ကမ္ဘာကြီး တခုလုံး ပြောင်းလဲသွားတယ်။

အခြား အရှေ့တောင်အာရှနိုင်ငံတွေအားလုံးမှာ မရှိခဲ့ဘူးတဲ့ သမိုင်းကြောင်းအရ ဖိနှိပ်သူ လူထုမှာ ရွေးချယ်ခွင့်မရှိတဲ့ လူထုရဲ့အခွင့်အရေး၊ လူတဦးချင်းဆီရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေး ဆိုတဲ့ဟာကို ဘာမှ ပြဌာန်းပိုင်ခွင့်မရှိတဲ့ နိုင်ငံတခုမှာ လူထုကနေပြီးတော့ ဦးဆောင်ပြီးတော့ အပြောင်းအလဲတခုကို စတင်ပြီး တောင်းဆိုတယ်။ အဲဒီဟာက မြန်မာနိုင်ငံကနေပြီးတော့ ကျနော်တို့ ၁၉၈၈ ခုနှစ်ကစခဲ့တာ”

အခုပဲ မွေးလိုက်တာ … အစိုးရသစ်ကလေးလေ … (ကာတွန်း ဟန်လေး - ဧရာဝတီ)

ca-mar-28-11

ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ (လူထုစိန်ဝင်း)

"အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရားဟာ ကျူးဘားလူမျိုးများရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက် ကက်စထရိုနဲ့ လက်တွဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဘော်လစ်ဗီးယား လွတ်မြောက်ရေးအတွက် ဘော်လစ်ဗီးယား လူမျိုးတွေနဲ့ လက်တွဲတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ ယုံကြည်ချက်ချင်း၊ ခံယူချက်နဲ့ ရည်မှန်းချက်ချင်းတူရင် လူမျိုးတူမှ မဟုတ်ဘူး၊ ဆွေမျိုးတော်မှ မဟုတ်ဘူး၊ ဘယ်သူနဲ့မဆို သွေးစည်းနိုင်တယ်။ ချစ်ခင်ရင်းနှီးနိုင်တယ်။ သံယောဇဉ် ဖြစ်နိုင်တယ် ..."

ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီကြပုံများကို ကြားရပြီး ဝမ်းမြောက်ဂုဏ်ယူမိတဲ့ အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ မလေးရှားပြန် လူငယ်တယောက် ရေးတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံအကြောင်းတွေ တွေးပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

ဒီတခါ နင့်အလှည့်ပဲ … (ကာတွန်း စောငို)

ငလျင်ဒဏ်ခံရသူတွေ အကူအညီ မလုံလောက်သေး


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးညက လှုပ်ခဲ့တဲ့ မြေငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်က တာလေ၊ မိုင်းလင်းဒေသတွေမှာ ငလျင်ဒဏ်ခံရသူတွေကို စစ်အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ပြည်လည် နေရာချထားရေး ဦးစီးဌာန၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ World Vision အပါအဝင် အစိုးရအဖွဲ့မဟုတ်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေက ကယ်ဆယ်ရေးပစ္စည်းနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်နေပေမယ့် အခုအချိန်ထိ အကူအညီတွေ လုံလုံလောက်လောက် မရရှိသေးဘူးလို့ သိရပါတယ်။

၆၆ နှစ်

 ကျပ်ပြေး နေပြည်တော်မှာကျင်းပတဲ့ နအဖ စစ်အစိုးရရဲ့ ၆၆ နှစ်မြောက် တပ်မတော်နေ့။

Saturday, March 26, 2011

ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရေး တောင်းဆိုချက်

The Statement No_1_2011 of bur

Demanding stipulation of minimum wage suited to times

The Statement No_1_2011 of eng

ပြည်သူများအပေါ် စစ်အစိုးရ၏ ပိတ်ဆို့ဖိနှိပ်မှုများ ချက်ချင်း ရုပ်သိမ်းပေး

Joint Statement No-1-2011 of ABMA+88+ABFSU_Bur

Immediately Withdraw Military Regime's Sanctions upon the People

Joint Statement No-1-2011 of ABMA+88+ABFSU_Eng

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၄)

https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg 
“နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျောင်းသားတွေ လုပ်ကြပြီဆိုလို့ရှိရင် ဘာမှ ဆုလာဘ်ဆိုတာ မရှိဘူးဗျ။ ကျနော်တို့က တုတ်ပဲရမယ်၊ ဘယ်တော့မှ ဆုရမယ်ဆိုတာမျိုးက မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ခဲ့ကြတာပဲ"

ကိုမိုးအေး ။ ။ ဟုတ်ကဲ့၊ အခု ကိုမင်းကိုနိုင် ကြုံခဲ့သလို မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် မင်းတို့က ခံဘက်ကချည်းပဲ ဆိုတဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က ပြောခဲ့တဲ့ အဲဒီ မှတ်ချက်ပေါ့လေ အဲဒီအပေါ် ကိုမင်းကိုနိုင်အခု ဘယ်လို ပြန်သုံးသပ်မိသလဲ ခင်ဗျ။

“ဆိုလိုတာကတော့ ကျနော်တို့အတွက် အဲဒီအချိန်မှာ ကျောင်းသားဆိုရင်လည်း ကျောင်းသား အခွင့်အရေးအတွက် အကာအကွယ်ပေးမယ့် ခိုင်ခိုင်မာမာ ဥပဒေလည်း မရှိဘူးပေါ့။ နောက်တခုက ကျနော်တို့ ဆန္ဒတွေ သဘောထားတွေကို ဖော်ထုတ်ပြနိုင်ဖို့ ဘာအခွင့်အရေးမှလည်း မရှိဘူး။ အဲဒီတော့ ပြဿနာ ဆိုတာတော့ဗျာ အကြောင်းရင်းတွေ စုံလို့ရှိရင်တော့ ပေါ်တတ်တာပေါ့ဗျ။

ပေါ်လာတယ်ဆိုရင် အာဏာပိုင်တွေဘက်က ဖြေရှင်းတဲ့နည်းလမ်းကလည်း အကြမ်းဖက်တာပဲ ရှိခဲ့တယ်။

လွှတ်တော် ၃ ရပ်ကို ဂုဏ်ပြုခြင်း (ကာတွန်း စောငို)

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁ (မောင်လွမ်းဏီ)

အာအက်ဖ်အေ သောတရှင်များခင်ဗျား။

ဒီလပိုင်းကတော့ မဲဆောက်ကိုအခြေပြုပြီး လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာပြည်သားတွေ ပြဿနာပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းကြရတဲ့လလို့ပဲ ပြောရပါလိမ့်မယ်။

အထူးသဖြင့် အလုပ်လုပ်ခွင့်လက်မှတ်လုပ်ကြမယ့် တနည်းအားဖြင့် မြန်မာအလုပ်သမားတွေ စကားအရ ဆိုရင်တော့ အသက်ဆက်ခွင့်လက်မှတ် လုပ်ကြရတော့မှာကိုး။

သူတို့ပြောတဲ့ အသက်ဆက်ခွင့်ဆိုတာ မနှစ်က ကိုင်ဆောင်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကို ဒီနှစ်ဆက်ပြီး အသက်ဆက်တာက အနက်တမျိုး။ လက်လှုပ်မှ ပါးစပ်လှုပ်ရမှာဆိုတော့ အူစိုမှ အသက်ကဆက်ရှင်သန်မှာ မဟုတ်ဘူးလားလို့ ဖွင့်ဆိုတဲ့ အဓိပ္ပာယ်က တသွယ်။

Friday, March 25, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၃)

"နောက်ဆုံးကျတော့ဗျာ ကျနော်တို့ အိမ်တအိမ်ထဲကိုဝင်ပြီးတော့ အဲဒီအိမ်က လူတွေက ဝိုင်းဆွဲထားပြီးတော့ အိမ်တံခါးပိတ်ပြီး ဖွက်ပေးထားတာပေါ့ဗျ။ အဲဒီမှာ ဘုန်းကြီးတပါးကနေပြီးတော့လည်း အာဂန္တုအနေနဲ့ သူက အလည်ရောက်နေတဲ့အချိန် သူတို့ မျက်စိအရှေ့တင် မြင်ရတာပေါ့ဗျ၊ ကျနော်တို့ကို ဖြိုခွင်းခံရတာ မြင်တဲ့အခါတော့ သူက စကားတခွန်း ပြောခဲ့တာရှိတယ် ..."

မတ်လ ၁၃ ရက်နေ့ ကိုဖုန်းမော် ကျဆုံးခဲ့ရတာကို မကျေနပ်တဲ့အတွက် မတ်လ ၁၆ ရက်နေ့မှာ ကျောင်းသူ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒီအပေါ်ကို အာဏာပိုင်တွေဘက်က တဖက်သက် အကြမ်းဖက် ချေမှုန်းခဲ့တဲ့အခါမှာတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းတဲ့ ‘တံတားနီ အရေးအခင်းကြီး’ ဖြစ်ပျက်ခဲ့ရပါတယ်။

ဒီဖြစ်ရက်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြစ်ပျက်ခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းစွာ ပါဝင်ဆန္ဒပြခဲ့တဲ့သူတွေ အကြမ်းဖက်ချေမှုန်း တိုက်ခိုက်ခံခဲ့ရသူတွေအနေနဲ့ကတော့ ဘယ်လိုမှ မေ့လို့ပျောက်လို့ရမှာ မဟုတ်ပါဘူး။ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာနဲ့ ကိုဌေးကြွယ်တို့ရဲ့ ပြန်ပြောင်း သုံးသပ်ချက်ကို ကျနော်တို့ အရင် နားဆင်ကြည့်ရအောင်လား ခင်ဗျာ။

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ - အရှင်ပညာဇောတ (ဒေလီ)


"ဖိတ်စာမရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး ..."

တလောက မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး Democr atisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီ တက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။

မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ဝင်တက်တာပဲ ဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ငြာထားတဲ့ ပိုစတာလေးတခုတွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ခေါင်းဆောင်တွေ မနည်းမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

မြေပုံ မှားတဲ့ည ... (ကာတွန်း စောငို)

မြန်မာငလျင် လူပေါင်း ရာနဲ့ချီ သေဆုံး

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြီးအတွင်း လူ ၇၀ ထက်မနည်း သေဆုံးသွားပါတယ်။

Thursday, March 24, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၂)

နောက်ရက် မတ်လ ၁၆ ရက်မှာတော့ မခံမရပ်နိုင်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ပင်မက ကျောင်းသူ ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စတင်ခဲ့ကြပါတော့တယ်။ အဲဒီ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းရာက မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်လိုမှ မေ့ပျောက်လို့မရတဲ့ “မတ်လ ၁၆ ရက် တံတားနီ အရေးအခင်းကြီး” ဖြစ်ပျက်ပါတော့တယ် ခင်ဗျ။

“ငါတို့အတွက် အာဏာပိုင်တွေက ထမီထုတ် နှစ်ထုပ် သုံးထုပ် ပို့ဖို့ စီစဉ်နေပြီ။ အခု ဒီမနက် ချက်ချင်း ပို့လိုက်လိမ့်မယ်။ ငါတို့ ဝတ်မလား ငါတော့ အဝတ်မခံနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်က ကိုလိုနီခေတ်ကတည်းက စပြီးတော့ သမိုင်းအစဉ်အလာ အင်မတန်ကြီးတဲ့နေရာ အခု ဒီကျောင်းက ကျောင်းသားတွေဖြစ်တယ်။ အခု ငါတော့ လက်မခံဘူး။ သူတို့နဲ့ ပူးပေါင်းမယ်။ အဲဒီတော့ အခု မဆလ ကို ဆန့်ကျင်တယ်လို့ အော်ဟစ်ပြီးတော့ အဓိပတိလမ်းကို ပြန်ချီတက်ကြတယ်။

အားကျလိုက်တာ … (ကာတွန်း စောငို)

Wednesday, March 23, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း) - နိဂုံးပိုင်း

တကယ်တော့ ဆရာကြီးကို ကွန်မြူနစ်များက ကြည်ညို၊ ဖဆပလ ကလည်း လေးစား၊ ဒါကြောင့် သူဟာ နှစ်ဖက်အကြားမှာ တကယ်ဝင်နိုင်သူ ဖြစ်ပါတယ်၊ အာဏာရနေတဲ့ အစိုးရထဲမှာရော၊ တောထဲက လူတွေထဲမှာရော အားလုံးက သူ့ တပည့်တွေ၊ သူ့ တိုက်ဖော်တိုက်ဖက်တွေ ဖြစ်နေတယ်။

သူ ပြောရင် မငြင်းဝံ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက အများကြီး ကွာပါတယ်။ အခုကာလက အဲဒီလို မဟုတ်ဘူး၊ ကြားဝင်နိုင်တဲ့ ဆရာကြီးလို သြဇာရှိတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလို ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ကိုယ်ကျိုးကလည်း တလှေကြီး ရှိတယ်။

သောက်သုံးရေ

 
ရန်ကုန် တဖက်ကမ်း ဒလမြို့မှာ သောက်သုံးရေအတွက် ဤသို့ စုဆောင်း သယ်ယူကြရပုံကို အေပီ သတင်းဌာနက မှတ်တမ်းတင်ထားတာပါ။

 မတ်လ ၂၂ ရက် အင်္ဂါနေ့က ရန်ကုန်မြို့ရဲ့တောင်ဘက် ၁၅ ကီလိုခန့်အကွာရှိ ဒလမြို့နယ်တွင် ဒေသခံများ ပလပ်စတစ်ပုံးဖြင့် ရေရယူနေပုံများဖြစ်ပါတယ်။

Tuesday, March 22, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း) - ၁


"တောထဲက လူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေ လိုက်ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံး လိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အဖမ်းခံသူ ခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ် ..."

သူရဲ့သက်တမ်းနဲ့အမျှ ကျင်လည်ရတဲ့ ခရီးကြမ်းကြီးတလျောက်မှာ သူနဲ့ လုပ်ဖော်ကိုင်ဖက် အမြောက်အများမှာ သူလို့ အတွေးအခေါ် မပြောင်းလဲနိုင်တဲ့အတွက် ပြတ်ကျန်ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးကတော့ သမိုင်းက ပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ်တွေအတွက် အယူအဆသစ်တွေကို လက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။

ဆရာကြီးက အသစ်ကို ဘယ်လောက်အထိ လက်ခံနိုင်စွမ်းရှိသလဲဆိုလိုရှိရင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ သူအရင်တုန်းက တွဲခဲ့တဲ့ ဒိုင်အာခီ စေ့စပ်တွဲခဲ့တဲ့ လူကြီးတွေနဲ့ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့တာရယ်၊ အမျိုးသားကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့ တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တွေနဲ့ တွဲခဲ့တာ၊ နောက်ဆုံး လွတ်လပ်ရေး ဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ်က တိုးတက်တဲ့လူငယ်တွေဖြစ်တဲ့ ဗန်းမော်တင်အောင် တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစုကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန် ခွဲနိုင်စွမ်းရှိမှုကိုပြသတဲ့ သာဓကတွေဖြစ်ပါတယ်။

ဒုက္ခကို ပျားရည်ဆမ်း၍ …. (မောင်လွမ်းဏီ)

အာရ်အက်ဖ်အေ သောတရှင်များ ခင်ဗျား။

တလောက သတင်းတခုမှာ တပ်ခ်ခရိုင်အတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ထိုင်းနွယ်ဖွား လူ ၁,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုတာ ခံရပေမယ့် နိုင်ငံသား လျှောက်ထားရာမှာ နှစ် ၂၀ ကျော် နှစ် ၃၀ ကျော် ကြာမြင့်လာခဲ့ပေမယ့် ထိုင်းပြည်ထဲရေးဌာနက အသိအမှတ်မပြုတာကြောင့် ထိုင်း ပြည်ထဲရေးဌာနကို တရားစွဲဖို့ လုပ်နေကြပါတယ်တဲ့။

မြန်မာနယ်ဘက်ခြမ်း မြဝတီမြို့နယ်အတွင်း ကွေ့ရှမ်းရွာတွေနဲ့ ကရင်ရွာတွေဘက်မှာ နေထိုင်တဲ့ ထိုင်းနွယ်ဖွား မြန်မာနိုင်ငံသားတွေဟာ မဲဆောက်မြို့နဲ့ မဲဆောက်အနီးက မဲလမတ် မြို့နယ်တွေမှာ အဓိက နေထိုင်ကြသူတွေ ဆိုပါတော့။


Monday, March 21, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ် ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ သူ့ကို ဗမာပြည်နိုင်ငံရေး လိုအပ်ချက်က ပြဋ္ဌာန်းဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ သူလို့လူ နောက်ထပ် မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကို ပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။

စာပေပညာရှင်ကြီးအနေနဲ့ ပြောမလား၊ လွတ်လပ်ရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေး ဗိသုကာကြီးအနေနဲ့ ပြောမလား ပြောစရာတွေ အများကြီးပါ။

သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင်သူတဦး ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော်ရှုထောင့်ကပြောရရင်တော့ ဆရာကြီးရဲ့ဂုဏ်သရေဟာ သူရဲ့ နိုင်ငံရေး လုပ်ရပ်တွေကြောင့် ပိုမိုကြီးလာရတယ်လို့ ပြောချင်ပါတယ်။

အဘိုး သခင်ကိုယ်တော်မှိုင်း ရဲ့ ၁၃၅ နှစ်မြောက် မွေးနေ့



“လောကီသူ လောကီသားတို့ ကြီးပွားဘို့ လွတ်လပ်ဘို့ စသော ဂီဟိကမ္မ လူ့ကိစ္စ ဟူသမျှတို့မှာ မူလအားဖြင့် အများတည်းဟူသော အသင်းအပင်း ဂိုဏ်းဂဏတို့နှင့် ဝိုင်းမ ရုန်းဆောင်ကြမှသာလျှင် အောင်မြင် ထမြောက်နိုင်ရာသည် …” 

၁၉၂၆၊ ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် အောင်မြန်မာ သတင်းစာ ပထမတွဲ အမှတ် ၁ ရိုင်းပင်းအပ်သော ဆောင်းပါးမှ …

သရုပ်ဖော် ပန်းချီ - စံတိုး 

Sunday, March 20, 2011

ဂျပန်ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား (လူထုစိန်ဝင်း )

ဂျပန်ငလျင်ကြီးလှုပ်ပြီး သုံးရက်မြောက်နေ့မှာ တိုကျိုရောက် တပည့်မတယောက်က ဖုန်းဆက်ပြီး ဘေးမသီရန်မခ ရှိနေတဲ့အကြောင်း သတင်းပေးတယ်။ တိုကျိုမှာနေကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဘာမှ မဖြစ်ကြဘူးလို့ ပြောကြတယ်။

ဖုန်းလေးတဆက်ကြောင့်

ကျောင်းသူကျောင်းသား တပည့်တွေ အများစုက တိုကျို၊ တိုင်ပေနဲ့ အမေရိကမှာ ရှိနေကြလေတော့ ငလျင်သတင်းကြားတာနဲ့ သူတို့တတွေအတွက် စိတ်ပူရတယ်။ အင်တာနက်နဲ့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေတော့ ပူရုံအပြင် ဘာမှမတတ်နိုင်ဘူး။ မိသားစု တချို့ကလည်း စိတ်ပူပြီး အဆက်အသွယ်များ ရသလားလို့ လှမ်းမေးကြတယ်။

တပည့်မလေးက ဖုန်းဆက်အကြောင်းကြားလို့ ဝမ်းသာရသလို ကျေးဇူးလည်း တင်မိတယ်။ လက်လှမ်းမီရာ မိသားစုများကိုလည်း မြန်မာတွေ ဘေးမသီရန်မခ ရှိကြတဲ့အကြောင်း သတင်းကောင်းပါးရတယ်။ ဒါကြောင့် ဖုန်းဆက်တဲ့ တပည့်မကို ကျေးဇူးတင်မိတယ်လို့ ပြောရတာ ဖြစ်တယ်။ သူ့ဖုန်းလေ တဆက်က ကြောင့်ကြစိတ်တွေနဲ့ ပူပင်သောက ရောက်နေကြရှာတဲ့ မိသားစုပေါင်းများစွာရဲ့ ရင်တွေကို အေးသွားစေတယ်လေ။

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၁)

"မနက်ပိုင်းကျတော့ ကျောင်းသားတွေ ပြေးလွှားပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေ ကျနော့်ဖိနပ်ပါ ပါသေးတယ်၊ မြမာလာ အဲဒါမျိုးတွေကိုပေါ့။ အားလုံးကို ကျနော်တို့ စုပြီးတော့မှ အုတ်ဂူထဲမှာ ထည့်တယ်။ နောက် ကျနော်တို့ကို ပစ်ထားတဲ့ မျက်ရည်ယို ဗုံးအခွံတို့ ဝင်ဘယ်လ်တန် ၁၂ လုံးဗို့ ကျည်အခွံတို့ကို ကောက်ပြီး အုတ်ဂူအပေါ်မှာ တင်ထားကြတယ်"

အဲဒီနေ့ ၁၃ ရက်နေ့ ညပိုင်းနဲ့ နောက်ရက် ၁၄ ရက်နေ့တွေက အခြေအနေတွေကိုလည်း ကိုကျော်ထင်က အခုလို ပြောပြထားပါသေးတယ်။

“ကြမ်းပြင်ပေါ်မှာ ကြယ်ပုံလေးတပုံက ရှိပြီးသားဗျ။ အဲဒီအပေါ်မှာ ကျနော်တို့ ကြယ်ပုံ အုတ်ဂူလေးတခု ကျနော်တို့ လုပ်လိုက်ကြတယ်။ လုပ်လိုက်ကြတော့ ကျနော်တို့မှာ ဘာတခု ကျန်ခဲ့သလဲဆိုတော့ ကိုဖုန်းမော်ရဲ့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ။ 

အဲဒီအချိန်တုန်းက ကိုဖုန်းမော်ရဲ့ ဒီ ကယ်မီကယ် တံဆိပ်ပါတဲ့ ဋ္ဌာနတံဆိပ်ပါတဲ့ အင်္ကျီလေး ဝတ်ထားတယ်ဗျ။ ကြည့်လိုက်တော့ အဲဒီအင်္ကျီလေးမှာ သွေးတွေစွန်းသွားတာကိုး။ အဲဒီ ကိုဖုန်းမော်ရဲ့ ဒီ ကယ်မီကယ်ဋ္ဌာန တံဆိပ်ပါ တီရှပ်လေးကို ကျနော်တို့ ယူခင်းလိုက်နိုင်တယ်။ အဲဒီဟာကို အုတ်ဂူလေးထဲမှာ ကျနော်တို့ ထည့်ထားနိုင်တာပေါ့ဗျာ။ 

အလိုင်းပြု … (ကာတွန်း စောငို)

သောကြာ၊ စနေ ရန်ကုန်မြင်ကွင်း

သောကြာ၊ စနေနေ့များတွင် AP နှင့် Reuters သတင်းဌာနများက ရိုက်ကူးထားသည့် ရန်ကုန်မြို့ ပုံရိပ်တချို့


ယမန်နေ့က တပေါင်းလပြည့်နေ့ ဖြစ်သောကြောင့် ရွှေတိဂုံတွင် ဘုရားဖူးများဖြင့် အထူး စည်ကားနေသည်။ (AP)

Saturday, March 19, 2011

ကျပ်ပြေးက ထုတ်ဝေတော့မယ့် မြဝတီ

 
မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်မှာတွေ့ရတဲ့ ဂျာနယ် လက်ပွေ့အရောင်းသမားတဦး။

နအဖ စစ်အစိုးရက ‘မြဝတီ နေ့စဉ်’ အမည်နဲ့ သတင်းစာတစောင်ကို လာမယ့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှာ ကျပ်ပြေး နေပြည်တော်ကနေ ထုတ်ဝေတော့မယ်လို့ ဆိုပါတယ်။

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၄

ရဲဘော်ကျော်ဆွေအကြောင်း ကြားရတာကတော့ သတင်းကောင်းပဲ။ အလယ်ပိုင်း ၁ဝ၈ စစ်ဒေသဘက် ရောက်သွားပြီ တဲ့။ တယောက်က ဆီဆိုင်ဘက်မှာ တိမ်းရှောင်နေသတဲ့။ ရဲဘော်တွေကိုယ်စီဟာ ကိုယ့်ဘာသာ တီထွင်ပြီး လမ်းဖောက်နေကြတာကတော့ အားရစရာ။

တဦးတည်းသော အမျိုးသမီး မြင့်မြင့် ကျန်သေးတယ်။ သူ ဘယ်နေရာမှာရှိတယ် ဆိုတာလဲ သိပြီးသား။ ရခိုင်ကပေးလိုက်တဲ့ လမ်းပေါက်က နီးနီးလေးရယ်။ မေမြို့ကနေ ကံကြီးရွာဘက်ဆင်း။ ဒုဌာဝတီကူးတို့ကို ဖြတ်။ ဟိုဘက်မှာ ဘယ်လိုဆက်သွယ်ဆိုပြီး အသေးစိတ် အစီအစဉ် ကျနော့်ဆီ ပါလာခဲ့ပြီ။

ဒါ့ကြောင့် မြင့်မြင့်ကို နောက်မှ ပြန်ခေါ်မယ်။ ခု မေမြို့ ကံကြီးလမ်းပေါက်အောင် အရင်ဖောက်လိုက်ဦးမယ် … ပေါ့။

ရန်ကုန်က အိုင်တီပြပွဲတခု

မတ်လ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်က အိုင်တီပြပွဲမှာ တွေ့ရတဲ့ 3D မျက်မှန်နဲ့ ဦးဇင်းတပါး။ အဲဒီ အိုင်တီ ပြပွဲကို မတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ခင်းကျင်းပြသသွားမယ်လို့ ဆိုပါတယ်။

Friday, March 18, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု

၂၀၀၅ ခုနှစ် မတ်လမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို ပြန်လည်ဖော်ပြပါတယ်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတာ ၁၇ နှစ်ပြည့်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းများတွေကလည်း လွန်ခဲ့တဲ့ ၁၇ နှစ်၊ မတ်လ ကိုဖုန်းမော် ကျဆုံးခဲ့ရတာနဲ့ တိုက်ရိုက် ဆက်စပ်နေသည်ဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံ၊ ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ နှစ်ကာလက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဒီကနေ့ခေတ် လူငယ်မျိုးဆက်သစ် ကျောင်းသူကျောင်းသားတွေက သိချင်မှ သိရပါလိမ့်မယ်။

အဲဒီအတွက် လွန်ခဲ့တဲ့ ၁၇ နှစ်က ကျောင်းသားလှုပ်ရှားမှုတွေကို အဓိက ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး မတ်လ ကျောင်းသားလှုပ်ရှားမှု အထူးအစဉ်အဖြစ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေရဲ့ ပြန်ပြောင်းပြောပြချက် သုံးသပ်ချက်တွေကို ထုတ်လွှင့်မပေးခင်မှာ မတ်လရဲ့ ထူးခြားတဲ့ ဝိသေသကို ကျနော်တို့ လေ့လာကြည့်ရအောင်လား ခင်ဗျ။

ရှမ်း သမ္မတကြီး ဖြစ်လာမှပဲ … (ကာတွန်း စောငို)

Thursday, March 17, 2011

လက်မ ထောင်နေနိုင်သေးတဲ့ ကတုံးကြီး

 
 
ငွေများ တရားနိုင်တဲ့ မြန်မာပြည်မှာ မြန်မာနိုင်ငံသားတဦး အမျိုးသမီးတဦးကို အနိုင်ကျင့် စော်ကားပြီး အချုပ်ထဲရောက်နေတာတောင်မှ လက်မထောင်နေနိုင်သေးတဲ့ ကတုံးကြီး (သူ့အတွက် အဖြေက ဘာလဲ?)

ဂျမ့်ဖြစ်နေတဲ့ မန္တလေး

မတ်လ ၁၅ ရက်နေ့ကတွေ့ရတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ယာဉ်ပိတ်ဆို့မှုဖြစ်နေတဲ့ မန္တလေးက လမ်းတလမ်း။

အုန်း ငှက်ပျောပွဲနဲ့ ကန်တော့ရတော့မယ့် အုပ်ရှောင်နတ်ကြီး (ကာတွန်း စောငို )