“ဘဏ်လုပ်ငန်းဆိုတာ လူမှုရေးရည်ရွယ်ချက်နဲ့ လုပ်တာဗျ။ ဒီဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာတော့ ပုံပျက်ပြီး အပြောင်းအလဲတွေ ကြုံရတာတွေရှိတယ်။ ဒီလိုဖြစ်ရတာက ဘဏ်လုပ်ငန်းရှင်တွေချည်းကြောင့်ပဲ မဟုတ်ဘူး၊ နိုင်ငံရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာကပုဂ္ဂိုလ်တွေ အထူးသဖြင့်ပေါ့ဗျာ … အင်္ဂလန်တို့၊ အမေရိကန်တို့၊ ယူရိုဇုန်အတွင်းကနိုင်ငံတွေရဲ့ အစိုးရပိုင်းတွေက နေအိမ်ခြံမြေ အဆောက်အအုံပိုင်းဆိုင်ရာတွေမှာ မြှုပ်နှံမှု တိုးတက်လာအောင် ဘဏ်တွေကို တွန်းလာခဲ့တာတွေ ရှိတယ်ဗျ”
- ခင်ဗျားအခုပြောနေတဲ့ပုံစံက နိုင်ငံရေးသမားတွေရဲ့အပြစ်ပေါ့လေ၊ ဟုတ် ဟုတ်သေးတော့ဗျာ။

