Wednesday, July 24, 2013

နိုင်ငံရေးခံတွင်းက ခပ်ပျက်ပျက်၊ ဘဲနာဘဲပြုတ်သံတွေက တရစပ်ထွက် (ဟံသာဝတီ ဦးဝင်းတင်)

ဒီအတောအတွင်း သတင်းတွေတယ်စုံသကိုးဗျာ။ ကြားရကြားရ နားဝမသက်သာ ဆိုတာမျိုးတွေလည်း ပါရဲ့။ နားဝသကာလောင်း ဆိုတာမျိုးတွေလည်းပါရဲ့။ နားဝ ကြက်မွေးကျပ် ဆိုတာမျိုးလည်း ပါရဲ့။ (အပိာ အပိာ ယားကျိကျိပါလားဗျို့ ဆိုတာမျိုးပေါ့လေ။) 

အမျိုးသားလွှတ်တော်မှာ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကြမ်းဆွးနွေးတယ်။ ဥက္ကဋ္ဌကြီးက စာပိုဒ်အလိုက် အမတ်မင်းတွေ သဘောတူ-မတူမးတယ်။ တစ်မတ်သားအမတ်များ (အဲမွှားလို့ ဘွာ ဘွာ) တပ်သားအမတ်များက တေမိဇာတ်ခင်း ပာင့်အင်း မလုပ်၊ အင်း မလုပ် နှုတ်ပိတ်နေသတဲ့။ အဲဒီလို တပ်အမတ်တွေ ပါးစပ်ပိတ်နေတာကို ဥက္ကဋ္ဌက မာန်မဲလိုက်သတဲ့။ ဒီလို အစုလိုက်မေးတာ မဖြေရင် လွှတ်တော်ထဲက အစုလိုက် မောင်းထုတ်မယ်တဲ့။ 

စကားလုံးတွေကတော့ အပ်ကျမတ်ကျ မပာုတ်ဘူးပေါ့။ ဥက္ကဋ္ဌကြီးက ထန်ထန်ခြောက်ခြောက် မာန်ကာ ငေါက်လိုက်တာကတော့ အသံလွှင့်မီဒီယာတွေမှာ အတိုင်းသား ကြားလိုက်ရသပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော် နာယကကြီးရဲ့ နာယက အသိဉာဏ်ကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ပဲ ကျုပ်ကတော့ မှတ်ယူသဗျာ။ ပါဠိလိုတော့ ပရိသညူလို့ ဆိုသပေါ့။ ပရိသတ်ရဲ့ စိတ်ထားကိုသိခြင်း အသိဉာဏ်ပေါ့ဗျာ။ 


နာယကကြီးက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စာရေးပို့ထားတဲ့ ပီအာ (အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်) ကိစ္စ လွှတ်တော်မှာ ဆွေးနွေးရေးကိုလည်း ပယ်ချလိုက်သဗျ။ စည်းမရှိ ကမ်းမရှိ ဘာလာလုပ်တာလဲလို့ (ကျုပ်တို့အရပ်ထဲမှာ ပြောသလိုမျိုး) ပြောလိုက်တာဗျ။ လွှတ်တော်မှာ ဆွေးနွေးချင်ရင် အမတ်က တင်ရမှာလေဗျာ။ နာယကကြီးငေါက်တာ နည်းတောင်နည်းသေး။ ကော်မရှင် ဥက္ကဋ္ဌနှယ် ဒီလောက်တောင် မသိသား ဆိုးဝါးရသလားဗျာ။ အံ့ရော။ 

အရေးထဲ ပာတ်ချိုးဆိတ်ဖွားကိစ္စကလည်း လာချည်သေး ပါချည်သေးသဗျ။ အဲဒီကိစ္စက ဒီလိုဗျ။ ဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်ကို ဇွတ်အော်ပြီး ကချွတ်ကချော် ရေးလား ဘာလား သေချာမသိပါဘူး။ လွှတ်တော်သိက္ခာ ထိပါးတယ်ဆိုပြီး ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဆိုတာကြီး ဖွဲ့ပါကရောလား။ လူတွေ ခေါ်စစ်ပေါ့လေ။ ငွေကုန်လူပန်း နောက်ဆုံးစခန်းသတ်တော့ ပာတ်ချိုးသံကြီး နားညည်းအောင်ကြားရတာပဲ အဖတ်တင်တယ်။ ဆိတ်ဖွားကိုတော့ အမွေးတောင်ဆွဲမပြနိုင်ရှာကြဘူး။ 

ဘာရမလဲ။ လွှတ်တော်ကတော့ အခြိမ်းအခြောက်ကလေးနဲ့ အပိာန်းအပောာက်ကလေးတော့ စတိလုပ်လိုက်သေးတာပေါ့။ နောက် ဒါမျိုးမရေးနဲ့။ သတိပေးပါရဲ့နော်။ ဒါပဲတဲ့။ (ဘယ်သူမှန်းမသိသူကို ဘာလုပ်မယ်မှန်းမသိတဲ့ ဝမ်တိန်မျိုး ပေးလိုက်သေးသဗျ။ ပျော်စရာကြီးနော်။) 

အဲ… အဲ ပြောရဦးမယ်။ ဆိတ်ဖွားကိစ္စမှာ သတင်းသမားတို့ မှတ်သားစရာလေးတွေကလည်း တစ်နွယ်ငင်တစ်စင်ပါ တရွတ်တန်းလန်းကြီးပါ ဖြစ်ရသေးသဗျ။ 

ဒါက်တာဆိတ်ဖွား ဆောင်းပါးတွေကို အင်တာနက်ကတစ်ဆင့်ယူပြီး ဂျာနယ်မှာထည့်ခဲ့တဲ့ အယ်ဒီတာကိစ္စဗျ။ စုံစမ်းရေးကော်မရှင်က အယ်ဒီတာကို မေးတယ်။ ဆိတ်ဖွား ဘယ်သူလဲ။ အယ်ဒီတာက ဖြေတယ်။ စာနယ်ဇင်းကျင့်ဝတ်အရ မပြောနိုင်ဘူး။ 

ပစ်မှုမြောက်တဲ့ ဆောင်းပါးမျိုးရေးသားသူကို မဖော်ထုတ်ခြင်းဟာ ဥပဒေနဲ့ငြိစွန်းတယ်တဲ့။ အယ်ဒီတာမှာ ကျင့်ဝတ်ရှိသင့်တာ မှန်တယ်တဲ့။ ဒါပေမယ့် ကျင့်ဝတ်နဲ့ဥပဒေ မတူညီဘူးတဲ့။ ဥပဒေချိုးဖောက်သူကို အကာအကွယ်ပေးလို့ မရဘူးတဲ့။ သဘောထား ချမှတ်လိုက်တယ်။ လွှတ်တော်ရဲ့သဘောထားဟာ နောင်အခါ ရေးသူအမည်ဖော်ရမယ်ဆိုတဲ့ တရားခွင်မေးခွန်းကိစ္စမျိုးပေါ်မယ်၊ ပေါ်တဲ့အခါ ကျင့်ထုံးအညွှန်းလို ဖြစ်လာနိုင်တယ်။ 

ဒီကိစ္စမှာလည်း လွှတ်တော်က လျှော့လျှော့ပေါ့ပေါ့ပါပဲ။ နသားဖားယား မမေးပါဘူး။ မမေးတဲ့အကြောင်းကလည်း နှစ်ဆယ့်တစ်ရာစု ကိုရွှေအယ်ဒီတာ သတ္တိခဲလေး နှစ်ဆယ်ရာစု အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းလို ဖြစ်သွားမှာစိုးလို့ ဆိုလားပဲ။

ကြားဖူးတယ် မဟုတ်လား။ ကိုအောင်ဆန်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း အယ်ဒီတာလုပ်တုန်းက ကိစ္စလေ။ အိုးဝေမဂ္ဂဇင်းမှာပါတဲ့ ငရဲခွေကြီးလွတ်နေပြီ ဆောင်းပါးရေးသူကို တက္ကသိုလ်ကျောင်းအုပ်ကြီးက နာမည်ဖော်ခိုင်းတယ်။ ကိုအောင်ဆန်း ငြင်းတယ်။ ကိုအောင်ဆန်း ကျောင်းထုတ်ခံရတယ်။ နိုင်ငံရေးဟီးရိုးဖြစ်သွားတယ်။ 

လာပြန်ဦးမှာလား။ နောက်ဟီးရိုးတစ်ယောက်။ တော်တော့။ ဟိတ်ကြွားတဲ့ ဆိတ်ဖွားတောင် ဘိတ်နားရောက်သွားတယ်။ 

ဒါတွေထက် ပိုပျော်စရာကောင်းတဲ့သတင်းမျိုးက ကြားရသေး။ 

ပည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းက သတင်းထောက်တွေနဲ့ တွေ့ရှင်းတယ်။ (နောင်လည်း ပုံမှန်တွေ့သွားမယ်တဲ့။ သမ္မတရဲ့ ပုံမှန်ခြွေ ရေဒီယိုမိန့်ခွန်းနဲ့ အပြိုင်ပေါ့။) ဦးရွှေမန်းက ပြောတယ်။ သူနဲ့ သမ္မတ ရန်ဖြစ်နေကြသလားဆိုတဲ့ ပြောသံတွေ ထွက်နေသတဲ့။ ရန်မဖြစ်ဘူးတဲ့။ (ကလေးတွေမှ မဟုတ်တော့တာကွယ်။) သဘောထပ်တူ မဖြစ်ကြရုံပါပဲတဲ့။ 

ဒီလိုသတင်းမျိုးကြားရတော့ ဝမ်းသာသဗျာ။ 

သမ္မတကြီးနဲ့ ဥက္ကဋ္ဌကြီးဆိုတာက ရန်သူတော်ကြီးတွေ မဟုတ်လား။ အကြံတူ ရန်သူ ဆိုတဲ့စကားရှိ မဟုတ်လား။ နှစ်ယောက်စလုံးက ၂၀၁၅ မှာ သမ္မတလုပ်မယ်တကဲကဲ ကြံနေကြတာလေ။ 

ဦးသိန်းစိန်က နောက်သမ္မတတစ်ဆက် နန်းတက်ချင်နေတဲ့သူ။ အရင်ကတော့ ဟင့်အင်း ငြင်းလာခဲ့တာ။ ခုလည်း ငြင်းချင်ငြင်းနေဦးမှာ။ သမ္မတလူချောအဖွဲ့တွေက လှော်ကြလွန်းလို့သာ ဒုတိယမ္ပိသက်တမ်းကို မျှော်ကာမှန်းမိတာနဲ့ တူပါရဲ့။ တကယ်တော့လည်း သူ့ခမျာ ဒီစကားမျိုးပဲ ဖြေရမှာ။ တစ်သက်တမ်းပဲဟေ့ ပြောလိုက်ပြန်ရင်လည်း ‘ဘဲနာ’ ဖြစ်သွားမယ်လေ။ (ဘဲနာ-Lame Duck ဆိုတာ အမေရိကန် နိုင်ငံရေးဝေါဟာရ။ တစ်သက်တမ်းပြတ် တစ်ဇာတ်သိမ်းတဲ့ အမတ်ကို ခေါ်တာ။) 

ဦးရွှေမန်းကလည်း အသစ်စက်စက် သမ္မတနန်းတက်ချင်တဲ့သူပဲလေ။ သမ္မတထက်အရေးပါတဲ့ ရာထူးတောင် လိုချင်တယ်လို့ ရင်ဖွင့်ထားတယ်လေဗျာ။ ကြားလိုက်ကြမှာပေါ့။ သမ္မတဖြစ်ဖို့လောက်တော့ သူက စပျော့ (အလွယ်လေး) ထင်တာ။ ဥုံဖွဆို ပြီးပြေ မီးသေမယ်လို့ ယုံတာ။ အင်္ဂလိပ်ဗန်းစကားနဲ့ဆို ဘဲပြုတ် (Duck Soup) ပေါ့။ 

အးဗျာ။ ထောင်နှုတ်ခမ်းနင်းခဲ့တဲ့ကျုပ်က အခုတော့ သင်္ချိုင်းနှုတ်ခမ်းနင်းနေပြီလေ။ ဒီတော့ သမ္မတကိစ္စ ဘာညာဆိုတာမျိုးတွေမှာ ဟုတ်တိပတ်တိ အာရုံမရောက်တော့ပါဘူး။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး ဆိုတဲ့စကား ကြားဖူးကြမဟုတ်လား။ ကျုပ်က နိုင်ငံရေး ခံတွင်းပျက်နေပြီဗျ။ ‘ဘဲနာ’တွေ၊ ‘ဘဲပြုတ်’တွေ ဆိုတဲ့ အော့နှလုံးနာစရာတွေ လာမပြောကြပါနဲ့ကွယ်ရို့။ ကျုပ်အဖို့ အာမစို လျှာမစိမ့်ပါဘူး။ ကန်တော့ပါရဲ့ဗျို့။ ကန်တော့ ကန်တော့။ အန်ချင်စိတ်တောင် ပေါက်ပါ ရဲ့။ ဝေါ့… ဝေါ့…။ 

ကျုပ်သဘော ပြောမယ်နော်။ သမ္မတဟိတ်ကို တံဆိပ်နှိပ်စတမ်းဆိုရင် ဒေါင်းနွယ်ဝင်မှပဲ ကောင်းမယ်ထင်ရဲ့။ သမ္မတဘိသိက်သွန်းပွဲမှာ ဘဲချေးစော် မနံစေချင်ပါဘူး။ ဒေါင်းရနံ့ဆန်းကြည် အေးသာ မွှေးမြစေချင်သဗျာ။ ။ 

ဟံသာဝတီ ဦးဝင်းတင် 

ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ်(၂၆) 


 

No comments: