Wednesday, August 31, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reith Lectures 1

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာ ဟောပြောချက်နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်မှာတော့ လွတ်လပ်ခွင့်အကြောင်း ဟောပြောချက် ပထမပိုင်းကို နားဆင်နိုင်ကြပါတယ်။

လွတ်လပ်ခွင့် အကြောင်း

ဘီဘီစီကတဆင့် အခုလို မိတ်ဆွေတို့ကို စကားပြောရတာ ကျွန်မအဖို့မှာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ကျွန်မဟာ တရားဝင်အားဖြင့် လွတ်လပ်မှုရှိသော လူပုဂ္ဂိုလ်တယောက် တဖန်ပြန်လို့ဖြစ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျွန်မဟာ တရားဝင်အားဖြင့် လွတ်လပ်မှုမရှိသော လူတယောက် ဖြစ်နေခဲ့တုန်းက ဆိုလိုတာက နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရစဉ်တုန်းက ကျွန်မကို စကားပြောခဲ့သူဟာ ဘီဘီစီ ဖြစ်ပါတယ်။ ကျွန်မက နားထောင်ခဲ့ရသူပါ။ ဒါပေမယ့် အဲဒီလို နားထောင်ရတဲ့အတွက် လွတ်လပ်မှုတမျိုးကိုလည်း ကျွန်မ ရခဲ့ပါတယ်။ အခြားသော လူပုဂ္ဂိုလ်တို့ရဲ့ အတွေးအမြင်ကို စူးစမ်းနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ချင်း အတွေးအမြင် ဖလှယ်ရတာမျိုးနဲ့တော့ တထပ်တည်း တူညီတယ်လို့ မခေါ်နိုင်ပါဘူးပေါ့။ ဒါပေမယ့် လူသားချင်းဆက်သွယ်မှု ပုံစံတမျိုး ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

ဤခရီး နီးသလား (ကာတွန်း စောငို)

ရန်ကုန်က ရာမာဒန်

 
 သြဂုတ် ၃၁ ရက်နေ့က ရန်ကုန်မြို့က မူဆလင်ဘာသာဝင်တွေရဲ့ ရာမာဒန်နေ့ ပုံရိပ်တချို့။

Tuesday, August 30, 2011

မီးပင်လယ်ကို ဖြတ်ခဲ့သူ ကရင် ခေါင်းဆောင် မန်းငြိမ်းမောင် အဖမ်းခံရပြီ

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ မြန်မာအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။

တရုတ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကနဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ပိုင်း မြန်မာအစိုးရ လက်ထဲကို တရုတ်အာဏာပိုင်က လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Monday, August 29, 2011

နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့် (လူထုစိန်ဝင်း)

"အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သွားသူတွေကို ပြန်လာခွင့်ပြုမယ်လို့ 
ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှ ထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ်ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာဆိုတာကိုလည်း ..."

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်းအတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်း သိ၊ ဖက်ဆစ်တွေလည်း သိတယ်။

စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ

သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတခုဖြစ်ပြီဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက သတင်းမီဒီယာရဲ့ တန်ဖိုးကိုသိပေမယ့် တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။


Sunday, August 28, 2011

နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်တယ် ထင်သလား (လူထု စိန်ဝင်း)


 

သင်္ကြန်ပြီးစ တရက်မှာ ကျောင်းသားဟောင်း သုံးလေးဦး ရောက်လာပြီး ထူးထူးဆန်းဆန်း စကားဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် သူတို့ ပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်လို့ သူတို့ပါတီရဲ့ နာယက အဖြစ် တင်မြှောက်တာကို လက်ခံပေးပါဆိုတဲ့ စကားဖြစ်တယ်။ ကြားကြားချင်း အံ့အားသင့်သွားပေမယ့် နောက်တော့ ပြုံးလိုက်မိပါတယ်။

နိုင်ငံရေးဆိုတာ

နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်လွယ်လေး ထင်မှတ်နေကြတာကိုးလို့ တွေးမိပြီး ပြုံးမိတာပါ။ သူတို့အားလုံးကို သင်တန်း လာတက်စဉ်ကတည်းက လက်ပွန်းတတီး ရှိခဲတာကြောင့် ကောင်းကောင်းကြီး ရင်းနှီးပါတယ်။ သင်တန်း မတက်ကြတော့တဲ့အခါမှာ စီးပွားရေးနယ်ထဲ ရောက်သွားကြပေမယ့်လည်း ပညာဒါနကိစ္စတွေမှာ အတူတူ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတာကြောင့် သူတို့တတွေမှာ စိတ်ကောင်းစေတနာရှိကြတယ်ဆိုတာ ကောင်းကောင်း သိပါတယ်။

ဒါပေမယ်လို့ နိုင်ငံရေးလုပ်တယ်ဆိုတာက ပရဟိတလုပ်ငန်းလုပ်သလို စိတ်ကောင်းစေတနာ တခုတည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူးလေ။ စီးပွား ကုန်သွယ်ရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့၊ စက်မှုလုပ်ငန်းတို့၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ဆိုတာတွေ နှံ့နှံ့စပ်စပ် လေ့လာသိရှိထားဖို့လိုတယ်။
ဒါတင်မက နိုင်ငံတကာရေးရာတို့၊ တရားဥပဒေအရေးတို့ဆိုတာလည်း တီးမိခေါက်မိဖို့ လိုသေးတယ်။


ဧရာဝတီ (မောင်အောင်ပွင့်)

ရေကိုသားလို့အကြားမထင်တဲ့
မြစ်မကြီးလေ၊

နွေရေခန်းခြောက်
သောင်ပြင်တလျှောက်
ရေတွေ ရေတွေ
ရှင်ကွဲ ကွဲကျကုန်ရော …။

IMAGE မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

အီလက်ထနစ် ပုဒ်မ (ကာတွန်း အောင်မော်)



သမဂ္ဂ အမှတ်တရ စာစု

Union Computer

ဗကသ ပြန်လည်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်

The Statement No-1-2011 of ABFSU

တတ်လည်းတတ်နိုင်ပါပေ့ရယ် … (ကာတွန်း တင်ကိုကိုဦး)




ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၇ ( မောင်လွမ်းဏီ)

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ထိုင်း-မြန်မာနယ်စပ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဝင်လူထွက် စာရင်းဇယားတွေ ရှုပ်ထွေးမှုတွေရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ စိစစ်မှုတွေပြုလုပ်ပြီး မှတ်ပုံတင်လုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင်မယ်ဆိုတဲ့ သတင်းဟာ မေလဆန်းပိုင်းက စတင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒုက္ခသည် လူဦးရေကို အတိအကျသိရှိနိုင်ဖို့အတွက် ခုလို စိစစ်စစ်ဆေးမှုတွေပြုလုပ်တာလို့ ပြောရမှာပါ။ ဒုက္ခသည် စခန်းဆိုတာကလည်း ခြံစည်းရိုး အထပ်ထပ်၊ အစောင့်အကြပ် ထူထူ၊ အကန့်အသတ် စည်းမျဉ်းဥပဒေ အမျိုးမျိုးတွေကြားကပဲ ဝင်သူ ထွက်သူတွေက ဥဒဟို ပျားပန်းခတ်နေတာကိုး။


Saturday, August 27, 2011

ဥက္ကဋ္ဌ ဖြစ်ရချည့်သေးရဲ့ … (ကာတွန်း စောငို)






ရန်သူနှင့် စကားပြောခြင်း (ဂါမဏိ)

MDL

Thursday, August 25, 2011

ဧရာဝတီ (ကာတွန်း တင်ကိုကိုဦး)



နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကင်တားနား တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ၅ ရက်ကြာ ခရီးစဉ်ပြီးဆုံးလို့ ပြန်မထွက်ခွာမီ သတင်းစာရှင်းပွဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာနိုင်ငံမှာ အများအပြား ဆက်ဖမ်းထားတဲ့အပေါ် နိုင်ငံတကာကရော သူ့အနေနဲ့ပါ အလွန်စိုးရိမ်တယ်လို့ ပြောပါတယ်။

Wednesday, August 24, 2011

ဧရာဝတီ (၁) - ကာတွန်း စောငို





ကင်တားနား စွမ်းဆောင်ရည် ဒေါ်စု ယုံကြည်

 
မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

Tuesday, August 23, 2011

ပြည်တော်ပြန် (ကာတွန်း စောငို)



လွှတ်တော် အမတ်တွေနဲ့ ကင်တားနား တွေ့ဆုံ

 
ယနေ့ သြဂုတ် ၂၃ ရက်နေ့က ကြံ့ဖွံ့ လွှတ်တော်မှာတွေ့ရတဲ့ သောမတ် အိုဟေး ကင်တားနား နဲ့ ကချင်တိုင်းရင်းသူ လွှတ်တော်ကိုယ်စားလှယ်တဦး 

မြန်မာနိုင်ငံကို ၅ ရက်ခရီးစဉ်အဖြစ်ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ အစိုးရ အရာရှိကြီးတွေအပြင် နိုင်ငံရေး ပါတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို အင်္ဂါနေ့ မနက်က တွေ့ဆုံခဲ့ပါတယ်။

Monday, August 22, 2011

ဘင်သံ (မောင်တောက်)

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ စစ်အစိုးရတို့ လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးနေတာ (၁ဝ) လကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် …”

အတူနေ သူငယ်ချင်း၏ ရေဒီယိုလေးမှ ညဦးပိုင်း သတင်းကြေညာနေပြီဖြစ်သော်လည်း ကျနော်ကတော့ တွေးလက်စ ငယ်ဘဝအရိပ်ထဲက ဘင်သံလေးနောက်သို့ အကြားအာရုံဖြင့် ဆက်လိုက်နေမိတော့သည်။ 

မှတ်မှတ်ရရ။

ကျနော်တို့ရွာရှိတခုတည်းသော ဈေးကြီးအဝင် ကုက္ကိုပင်အောက်မှ ထို ဘင်သံကို ပထမဆုံး စတင်ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ကလေးဘဝ၏ ပထမဆုံးကြားဖူးသော ဘင်သံမို့ မည်သည့်ကိစ္စကြောင့်ဟု မသိတတ်သေးသော်လည်း အပြေးအလွှားစုရုံးမိကြသော လူကြီး၊ လူငယ်၊ ကလေးအရွယ်များထဲတွင် ကျနော်လည်း ပါဝင်ခဲ့သည်။

လွှတ်တော်တွေမှာ ကော်မီတီတွေ ဖွဲ့

နေပြည်တော်မှာ ဒီကနေ့စတဲ့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးတွေမှာ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မီတီ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများဆိုင်ရာ ကော်မီတီ၊ အမျိုးသားစီမံကိန်းနဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကော်မီတီ၊ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မီတီ၊ ပြည်သူများရဲ့တိုင်ကြားစာနဲ့ အသနားခံလွှာ ကော်မီတီ အပါအဝင် ကော်မီတီ ၈ ခုစီ ဖွဲ့ခဲ့ပါတယ်။


Sunday, August 21, 2011

ဧရာဝတီ (ကာတွန်း စောငို)




မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၇)

သခင်စိတ်မွေးလျှင် လူတိုင်းသခင်
ထိန်လင်း

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်လည်လေ့လာမယ်ဆိုရင် စာပေနဲ့ အနုပညာရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားလို့မရပါဘူး။ အထူးသဖြင့် ခေတ်အလိုက်ထွက်ပေါ်ခဲ့တဲ့ စာပေအနုပညာတွေက အဲဒီခေတ်ရဲ့ သရုပ်သကန်တွေကို ဖော်ပြနေသလို တခြားသောအချိန်ကာလများရဲ့ ပုံရိပ်တွေကိုလည်း ရှာဖွေနိုင်ကြမှာဖြစ်ပါတယ်။ 

ဒီလို လေ့လာမှုတွေကနေရရှိတဲ့ အတိတ်က အဖြစ်အပျက် အကြောင်းအရာတွေဟာ သက်ဆိုင်ရာအချိန်ကာလတွေမှာ ရှင်သန်လှုပ်ရှားခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ မှီတွယ်ပြီး ဖြစ်ပျက်နေခဲ့တယ်ဆိုတာကတော့ အလွယ်တကူ ကောက်ချက်ချနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအဖြစ်အပျက်တွေကို ဘယ်လိုပုဂ္ဂိုလ်တွေက လုပ်ဆောင်ခဲ့တယ်၊ ဘယ်လုပ်ဆောင်မှုတွေဟာဖြင့် ခေတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ် ဆိုတာကို အဲဒီလူပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေကနေ ချဉ်းကပ်ရှာဖွေမှ ရရှိနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် သူတို့တွေရဲ့စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေကသာ သမိုင်းကို ပြောင်းလဲပစ်ကြတာဖြစ်ပါတယ်။

Friday, August 19, 2011

ဒေါ်စု ကိုယ်တိုင် သွားပြင်ပေးတဲ့ ကျပ်ပြေး ဝပ်ရှော့

 
ဒီနေ့ သြဂုတ်လ ၂၀ ရက်နေ့ကတွေ့ရတဲ့ ကျပ်ပြေး နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတချို့ပါ။ 

စောငို ကာတွန်းတကွက်ကို ဘယ်လိုရေးလဲ

ကာတွန်း စောငိုရဲ့ ကာတွန်းတကွက် ရေးဆွဲနေတဲ့ စတိုင်ပါ။

 

နေပြည်တော်က ဝပ်ရှော့


 
ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့က ကျပ်ပြေး နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှ မှတ်တမ်းဓာတ်ပုံတချို့ပါ။

ဒီဝပ်ရှော့ကို မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်စုလည်း တက်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန် နဲ့ ဒေါ်စု တွေ့ဆုံ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်က သမ္မတအိမ်တော်မှာ ဒီကနေ့ တနာရီကြာ သီးသန့်တွေ့ဆုံခဲ့ပြီး နိုင်ငံ့ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Wednesday, August 17, 2011

မြစ်ကော - မောင်စိန်ဝင်း (ပုတီးကုန်း)

- မြစ် မကောအောင်လို့
သစ်တောတို့ စိမ်းပေမည်။

- ရေဝေတောတွေ ဆိုင်းဆို့ဆို့
မှိုင်းညို့ညို့ မှုံရီ။

ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။

- တတောလုံး ပြောင်
တတောင်လုံး လင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘော
မြစ်ကောတဲ့နေ့။



 

ငှက်တို့၏တေး - မောင်စိန်ဝင်း (ပုတီးကုန်း)

- မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲကျန်ခဲ့လေ . . . ။

- တနေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
ငှက်ဆိုတာက ပျံရင်းသေ . . . ။

- ခြင်္သေ့က မြက် မစား
ကျားက ကြွက် မချောင်း
ဖွတ်တွေက မိချောင်းလို့ မနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါ … ငှက်တို့ရဲ့သမိုင်း။



 

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 17 သြဂုတ် 2011

ဒီသီတင်းပတ်အတွက် လက်ခံရရှိခဲ့တဲ့ မေးခွန်းလေးခုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာမှာ နိုင်ငံရေးသမားတယောက် လိုက်နာရမယ့် ကျင့်ဝတ်တွေက ဘာတွေလဲ၊ နိုင်ငံရေးသမားဆိုတာ ဘယ်လိုလူမျိုးဖြစ်ပြီး နိုင်ငံရေး လုပ်စားသူဆိုတာက ဘယ်လိုလူမျိုးလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ တွေ့ဆုံဆွေးနွေးရေးဆိုတာကို သံသယအမြင်နဲ့ ချဉ်းကပ်ပြီး မေးထားတာပါသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီးတော့လည်း မေးထားပါတယ်။

နိုင်ငံရေးသမားကျင့်ဝတ်၊ ပါတီအပေါ် သစ္စာရှိ၊ တာဝန်သိတာတွေနဲ့ပတ်သက်ပြီး မေးထားသူကတော့ ရွှေဘိုမြို့က ကိုသူရအောင် ဖြစ်ပါတယ်။

မေး။ ။ အန်တီခင်ဗျား၊ နိုင်ငံရေးသမားဟောင်းကြီးတွေ ပြောဖူးလို့ မှတ်သားဖူးပါတယ်၊ စာအုပ်တအုပ်လည်း ဖတ်ဖူးပါတယ်၊ နိုင်ငံရေးသမားတယောက် လိုက်နာရမယ့် ကျင့်ဝတ်၊ သီလ၊ သိသင့်သိထိုက်တဲ့ အချက်အလက်၊ ပါတီအပေါ် သစ္စာရှိခြင်း၊ တာဝန်သိခြင်း စသဖြင့်ပါ။ ကျွန်တော်မေးချင်တာက ပါတီဝင်တွေ အထူးလိုက်နာဖို့ စာအုပ်တအုပ်သော်လည်းကောင်း၊ အန်တီ့အနေနဲ့ နိုင်ငံရေးအခြေပြ မိန့်ခွန်းသော်လည်းကောင်း ပြောကြားဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။ ကျွန်တော် ဒီမေးခွန်းကို မေးရတာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံရေး လုပ်ဆောင်နေသူတွေမှာ ပါတီရဲ့မူဝါဒကိုသွေဖီတဲ့ အပြောအဆို အပြုအမူတွေ မြင်တွေ့နေရလို့ပါ။ ကျေးဇူတင်ပါတယ်၊ အန်တီစု ကျန်းမာချမ်းသာပါစေ။

ဖြေ။ ။ အန်တီတို့ NLD က အနှစ်နှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးပါတီတခုလို လှုပ်ရှားလုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝရတဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒါ့ကြောင့်လည်း နိုင်ငံရေးပါတီဆိုတာ သူ့စည်းမျဉ်း သူ့စည်းကမ်းတွေနဲ့ ရှိတယ်ဆိုတာကို တချို့က နားမလည်ကြတာပါ။

Tuesday, August 16, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့ (၂) - လူထုစိန်ဝင်း

ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ် ဝမ်းသာအားရ ဖော်ပြကြတယ်။ ဒါတင်မက ဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြတာ တွေ့ရတယ်။

အားလုံး ကြိုဆိုထောက်ခံ

ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာ အားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။ ‘အလဲဗင်း’ အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့
စာရေးသူရဲ့ ‘တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့’ ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ 

မိခင် ဧရာဝတီမြစ်ကြီး ထာဝရ ရှင်သန်စေရေး မြန်မာတမျိုးသားလုံး အရေး


The Statement of 88GS on Irrawaddy Dam Issue

Saturday, August 13, 2011

ငှက်ကြီး (ထူးအိမ်သင်) အတွက် အမှတ်တရ ... ... (မင်းကျော်ခိုင်)

ငှက်ကြီးရေ ...

ဒီနေ့ သြဂုတ်လ ၁၄ ရက်နေ့။

မင်း ငါတို့အားလုံးနဲ့ ခွဲခွာသွားခဲ့တာ ၇ နှစ် ရှိခဲ့ပေမယ့် ရင်ထဲမှာ သတိတရရှိနေဆဲပါ။

မင်းနဲ့ ငါ စတွေ့တာ ၁၉၈၁ ခုနှစ် မြင့်မိုးအောင်ရဲ့ ခပေါင်းဆောင်က အခန်းမှာ၊ အဲဒီတုန်းက မင်းယူလာတဲ့ ထန်းရည် နှစ်ပုံးကိုလည်း ပြန်သတိရတယ်။

ရာဇဝင်များရဲ့သတို့သမီး ... ဧရာဝတီကို ချစ်ခဲ့သူ (နေထွန်းနိုင်)

ရာဇဝင်ဟောင်းရဲ့ သင်္ချိုင်းရာ
ရာဇဝင်သစ်တို့ မွေးဖွားရာ
ရွှေရောင် နေ့သစ်များ အတွက်
ရင်ခုန်သူတို့ရဲ့သီချင်းတွေ
ပျိုမြစ် စိမ်းလန်းရေး အတွက်
ယုံကြည်သူတွေ အသက်နဲ့
ထုဆစ်ခဲ့တဲ့ အိပ်မက်များ
ဧရာဝတီ . . . .
ရာဇဝင်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင်
ဧရာဝတီ . . . .
ရာဇင်ဝင်များရဲ့ သတို့သမီး ငါတို့ရဲ့ ဝိညာဉ်
ဧရာဝတီ . . . .

ဧရာဝတီနှင့်ပတ်သက်၍ စာများစွာ ရှိခဲ့ဖူးသည်။ ထိုစာများထဲ၌ ဆရာတိုက်စိုး၏ ‘ဧရာဝတီ’ ကို ပထမဆုံး ဖတ်ရှုခဲ့ရဖူးသည်။ ‘ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေကာလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာ မမြင်သော်လဲ့ မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့။’ ဆရာဇော်ဂျီ၏ ကဗျာဖြင့် ဧရာဝတီ စာမျက်နှာများကို ဆရာတိုက်စိုးက စတင် ရေးသားခဲ့ပါသည်။ နောက်ထပ် ဖတ်ခဲ့ရသည်က ဆရာဗန်းမော်တင်အောင်၏ ‘မြစ်ဧရာပေါ်ဝယ်’ ဖြစ်ပါသည်။

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၁၀ သြဂုတ် ၂၀၁၁

ဒီသီတင်းပတ်အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့တဲ့ မှတ်ချက်နဲ့ မေးခွန်းတွေထဲမှာ နိုင်ငံ့ဝန်ထမ်းနဲ့ ပါတီနိုင်ငံရေး၊ ၉၀ ရွေးကောက်ပွဲပြီးတဲ့နောက် NLD ကို အာဏာမလွှဲခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့မေးခွန်း၊ NLD ရွေးကောက်ပွဲဝင်ရေး တိုက်တွန်းချက်နဲ့ ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းနဲ့ လူထုထောက်ခံမှု၊ ပြည်နယ်ထူထောင်ခွင့် မရသေးတဲ့ တိုင်းရင်းသားတွေရဲ့ အနာဂတ်အရေးတွေ အပါအဝင် ယိုယွင်းပျက်စီးလာနေတဲ့ ဧရာဝတီမြစ်ကြီး ပြုပြင် ထိန်းသိမ်း ကယ်တင်ရေးဆိုင်ရာတွေ ပါဝင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်ဆိုပေမဲ့ သူ့အမြင်မှာ မကင်းတာတွေကို တွေ့ခဲ့ရလို့ ရှင်းပြပေးဖို့ မေးထားသူကတော့ သောတရှင် ကိုသက်တင်ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံ့ဝန်ထမ်းမှန်သမျှ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ စစ်အစိုးရရဲ့အမိန့်အပေါ် ဘယ်လို သဘောရပါသလဲ၊ လက်ရှိ ဝန်ထမ်းလောကမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးပါတီကြီးတစ်ခုက ဝန်ထမ်းတွေကို အသုံးချတာ၊ ဝန်ထမ်းတွေကိုယ်တိုင်က နိုင်ငံရေးပါတီ ထ ထောင်တာတွေဟာ ဝန်ထမ်း မှန်သမျှ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ အချက်အပေါ် ငြိစွန်းခြင်း ရှိ မရှိ ပြန်ကြားပေးစေလိုပါတယ်။

Sunday, August 7, 2011

တိမ်ရောင်စုံချိန်မှာ (ဇာတ်သိမ်းပိုင်း )

 

အခန်း (၅)

ကျမဆီမှာ အမေနဲ့အဖေတို့ရဲ့ နောက်ဆုံးအချိန် တယောက်နဲ့တယောက် ရေးထားတဲ့ စာလေး နှစ်စောင် ခုထိ ရှိပါသေးတယ်။ ဘဝမှာ ကိုယ့်အတွက် ဘာအခွင့်အရေးကိုမှ ရယူမသွားဘဲ တတ်နိုင်သလောက် စွန့်လွှတ်သွားနိုင်တဲ့ ကျမရဲ့မိဘတွေက ကျမအတွက် စံပြလူသားတွေပါပဲ။
…………………………….
………………………………………..


Friday, August 5, 2011

တိမ်ရောင်စုံချိန်မှာ (အပိုင်း - ၄)

 
အပိုင်း(၄)

အမေ ဆုံးပြီးတော့ အဖေ့အတွက် အမေရေးခဲ့တဲ့ စာလေးကိုသိမ်းထားရင်း အဖေ ရှိနိုင်မယ့် တော်လှန်ရေးနယ်က သတင်းတွေကို ရသလောက် စုံစမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတယောက် အဆက်အသွယ်နဲ့ ငြိမ်းချမ်းရေးအဖွဲ့ တခုနဲ့ ဆက်သွယ်မိပါတယ်။ သူတို့အဖွဲ့ထဲမှာ ပါဝင်လာတဲ့ ကျောင်းသားတွေက ကျမအဖေကို သိတဲ့သူတွေဖြစ်တာကြောင့် အဖေ့ကိုရှာဖို့ နယ်စပ်ဒေသကို ရောက်ရှိခဲ့ပါတော့တယ်။

ကျမ နယ်စပ်စခန်းတခု ရောက်တဲ့အခါမှာ ကျမ အဖေသတင်းက စုံစမ်းလို့ မရတော့ပြန်ပါဘူး။  ကျောင်းသားစခန်းတခုမှာ ၂ နှစ်ကျော် ကြာခဲ့ပါတယ်။ အဲဒီ စခန်းထဲက ကျောင်းကလေးမှာ စာသင်တဲ့ ဆရာမ လုပ်ရင်းနဲ့ အဲဒီစခန်းမှာပဲ ကျမက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် ရဲဘော်တဦးနဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။ စခန်းတွေ တခုပြီးတခု အခြေအနေတွေအရ ပြောင်းရွှေ့ကြရင်းနဲ့ ထိုင်း - မြန်မာ နယ်စပ်ကို ရောက်ရှိလာပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ အဖေ့သတင်းကိုကြားလိုက် ဆက်စုံစမ်းလိုက် ပျောက်သွားလိုက်နဲ့ တော်တော် ကြာသွားပါတယ်။ သိတဲ့လူတွေများပေမယ့် မာနယ်ပလော ကျပြီး ကွဲသွားတာမို့ ဘယ်ရောက်သွားတယ်ဆိုတာ မပြောနိုင်ကြပါဘူး။


၈၈ မျိုးဆက်ကျောင်းသားများရဲ့ ၈ လေးလုံး ၂၃ နှစ်မြောက် အထိမ်းအမှတ် ကြေညာချက်

The Statement of 88GS on 23rd Anniversary Day of 8888

ရက္ခအလင်းတန်း ဂျာနယ် (အမှတ် ၂)

Arakan Ray No 2

မိုးကြိုး သတင်းစဉ် (အမှတ် ၁၁၈)

Mojo-118

ဘဝ ၈၈ ဂါရဝ (ဒေါင်းနီ)



အိပ်မက်ဒီရေတွေ တရွေ့ရွေ့ အောင်မြင်စွာ ခွဲခွာ
ဒေါသရင်ကျိုးအင်းတွေသာ တခုပြီးတခု ဖြစ်တည်
ဆန္ဒမိုးမခတောမှာ ပဉ္စမံမြွေတွေ မြူးကခုန်နေကြ၊

သူရဲကောင်း ကြယ်စင်တွေ အတိတ်ပြန်တူးဖော်ဆွ
အာဂ မဟာ လူထုအရေးတော်ပုံ မေ့ချန်ဖုံးမရ
အခါအခါ သိက္ခာရှိစွာ ရှင်သန် ထမြောက်လာရ၊

ထားပါတော့ … ကျဆုံးလေပြီးသော ရာဇဝင်ထဲမှာသာ ထားလိုက်ပါတော့ … (ဆောင်းလူ)



ထားပါတော့ ..
ဘဝမှာ ကိုယ့်ဘာသာ စိတ်နာနေရတာနဲ့
လုပ်သင့်တာ မဖြစ်ခဲ့ရဘူး …။

ထားပါတော့ …
တောကြောင်တွေ လက်ခမောင်းခတ်ပွဲမှာ
မြှားပစ်သူမုဆိုး ကျွန်တော်မျိုး ဘယ်နည်းနဲ့မှ မဖြစ်လိုဘူး။

ထားပါတော့ …
ဆည်ဝကစောင့်တဲ့ ဗျိုင်း* တွေကို အငြိုးတကြီးမုန်းနေလို့
ဒီစနစ်ဆိုးကို တွန်းလှန်မပစ်နိုင်ဘူး ...။

(၈. ၈. ၈၈) ရှစ်လေးလုံး - နီလွင်သွေး (ဒဿနိက)

ခေါင်းလောင်းသံတွေ
တိတ်ဆိတ်နေခဲ့တယ်။

ဧရာဝတီလည်း
မျက်ရည်တွေနဲ့ စီးဆင်းခဲ့။

ရိုးမတောတောင်တွေက
တက်ခေါက်သံတွေနဲ့ နီမြနေခဲ့ပေါ့။

Thursday, August 4, 2011

ရှစ်လေးလုံးကို ပြန်ကြည့်ခြင်း (ထိန်လင်း)

စောင့်ကြရင်း မျှော်ကြရင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။ ၈၈ တုန်းက အသက် ၂၀ ကျော် ကျောင်းသားများက ယနေ့ ၄၀ ကျော် ၅၀ အတွင်း ဖြစ်ခဲ့ပါပြီ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ၊ သခင် သခင်မကြီးတွေ အပါအဝင် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။ အုပ်စိုးသူဆိုရင်လည်း န၀တ၊ နအဖ၊ ကြံ့ဖွံ့ စသဖြင့် အဆက်ဆက် အဆင်းအတက်တွေ လုပ်ခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသား အရေအတွက်တွေကလည်း နည်းလိုက်များလိုက်၊ နိုင်ငံရေးလှုပ်ရှားသူတွေကလည်း ဝင်လိုက်ထွက်လိုက်နဲ့ တကယ့်ကို သံသရာရထားကြီး ခုတ်မောင်းနေတာပါပဲ။

Wednesday, August 3, 2011

တိမ်ရောင်စုံချိန်မှာ (အပိုင်း - ၃)

 
အပိုင်း(၃)

ကျမတို့အတွက် ၇ နှစ်ကျော်ကာလကို အားတင်းဖြတ်ကျော်ရင်း ကျမထောင်က လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မယ့်ရက်ကို ကြိုမသိဘဲ လွတ်ခဲ့တဲ့ ကျမက အမေ့ဆီကို ကြိုအကြောင်း မကြားနိုင်ခဲ့ပါဘူး။ နေ့လည်လွတ်တာမို့ ကျမထက် အရင်စောလွတ်သွားတဲ့ မြို့ခံထောင်ကျဖက် သူငယ်ချင်းအိမ်တွေ ခဏသွားရင်း နောက်တနေ့မှာ ကျမတို့ မြို့လေးဆီကို ရထားစီးလို့ ပြန်ခဲ့ပါတယ်။

ဘူတာကနေ ကျမတို့အိမ်ကို အပြန်လမ်းတလျှောက်မှာ သိတဲ့လူတွေလည်း သိသလို နှုတ်ဆက်၊ မသိတဲ့ လူတွေကိုလည်း မသိသလိုကြည့်ပြီး ပျော်ရွှင်စွာ ပြန်ခဲ့တာပေါ့။ ဒါပေမယ့် ကျမတို့ရပ်ကွက်ထဲရောက်တော့ အိမ်ပုံစံတွေက အရင်နဲ့မတူ၊ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရတဲ့အပြင် ကျမတို့ အိမ်ဝန်းနားရောက်ခါနီးမှာတော့ ထူးခြားချက်ကို ကျမ သိလိုက်ရပါပြီ။ ကျမတို့ရပ်ကွက် မီးလောင်ခံထားရပြီလို့။ စိတ်ထဲကပူပူပင်ပင်နဲ့ အိမ်ဘက်ဆီ အမြန်လျှောက်လာတော့ ကျမတို့ခြံဝန်းထဲမှာ အိမ်မည်ကာရှိတဲ့ အိမ်လေးတလုံးကို တွေ့လိုက်ရပါတယ်။ အိမ်ရှေ့မှာ အမေက ခြံဝန်းလေးကို အမှိုက်လှဲနေတယ် ထင်ရပါတယ်။ ကုန်းကုန်း ကုန်းကုန်းနဲ့ လုပ်နေတာ တွေ့လိုက်ရတယ်။


ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၀၃ သြဂုတ် ၂၀၁၁

ဒီသီတင်းပတ်အတွက် မေးခွန်း ၆ ခုထဲမှာ၂ ခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အပေါ် မေးမြန်းထားတာဖြစ်ပြီး ကျန်တဲ့မေးခွန်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပဲခူးဘက် ခရီးထွက်မယ်ဆိုတဲ့အပေါ် စိုးရိမ်စိတ်နဲ့ ပန်ကြားချက်၊ မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအရေး၊ မြန်မာလူငယ်တွေရဲ့ အနာဂတ်အတွက် အကြံပေးစကား တောင်းခံချက်၊ ဒီမိုကရေစီတိုက်ပွဲနဲ့ လူမျိုးစု တန်းတူညီမျှရေး တိုက်ပွဲနှစ်ရပ်မှာ ဘယ်တိုက်ပွဲက အဓိကကျပါ သလဲဆိုတဲ့မေးခွန်းတွေ ပါဝင်ပါတယ်။


Tuesday, August 2, 2011

တိမ်ရောင်စုံချိန်မှာ (အပိုင်း - ၂)

 
အပိုင်း (၂)

ဖေဖေပြောခဲ့တဲ့ ကိုယ့်တာဝန်ကို ကျေအောင်ထမ်းတဲ့အနေနဲ့ ကျမကလည်း ကျောင်းသားလူငယ် နိုင်ငံရေးပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာ အဖွဲ့ဝင်အဖြစ် ဝင်လိုက်ပါတယ်။ အမေကတော့ အဖေကလည်း တောခိုသွား၊ သမီးကလည်း ပါတီဝင်အဖြစ် စည်းရုံးရေးတွေဆင်းနဲ့ တော်တော် စိတ်ဆင်းရဲဖြစ်လို့ပါပဲ။ အမေက ကျမကိုလည်း နိုင်ငံရေး မလုပ်စေချင်ပါဘူး။ အဖေ့ကို တားမရသလို ကျမကို တားမရတဲ့အခါ အမေ့စကားသံတွေဟာ တဖြည်းဖြည်း တိုးတိတ်လာသလို အမေ့တရားမှတ်ချိန်တွေလည်း တိုးတိုးလာနေပါတယ်။


Monday, August 1, 2011

တိမ်ရောင်စုံချိန်မှာ (ခင်မင်းဇော်)


မခင်မင်းဇော် ခံစားရေးဖွဲ့ထားခဲ့တဲ့ မသန္တာရဲ့ ဘဝတစိတ်တပိုင်းကို ၈၈၈၈ နှစ်ပတ်လည် အမှတ်တရ အနေနဲ့ ပြန်လည် ဖော်ပြလိုက်တာပါ။ အမတို့ မိသားစုကိုလည်း အမှတ်ရရင်းနဲ့ပါ ...။
(အမ ခွင့်ပြုမယ် ထင်ပါတယ်)

ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ရက်ကို နီးလာပြန်ပြီ။ အဲဒီနေ့ကစလို့ ဘဝတွေ တဆစ်ချိုးသွားခဲ့ကြတဲ့ မိသားစုတွေ ကျမတို့တိုင်းပြည်မှာ ဒုနဲ့ဒေးပါပဲ။ ဘာလိုလိုနဲ့ ၁၉ နှစ်ပြည့်တော့မယ်နော်။

ကျမ ကိုယ်တိုင်လည်း အဲဒီကစလို့ ရည်မှန်းချက်တွေ ပြောင်း၊ မျှော်လင့်ချက်တွေ ပြောင်း၊ ဘဝတွေ ပြောင်းလဲသွားလိုက်တာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ဝန်းကျင်တွေမှာ ကျင်လည်ရှင်သန်နေရတာ ခုထိဆိုပါတော့။ အဲဒီလိုပဲ ကျမ သူငယ်ချင်းတယောက်ရဲ့ဘဝလေးကို သတိတရနဲ့ရေးမိတဲ့ ရသစာစုလေးတပုဒ်ကို တင်ပေးလိုက်ပါတယ်။ မျှဝေခံစား ကြည့်ပေးပါဦး။ နည်းနည်းရှည်သွားလို့ အပိုင်းခွဲ တင်ပေးလိုက်ပါတယ်။

အပိုင်း (၁)

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပြီး နေ့နဲ့ည မကွဲပြားတဲ့၊ ကမ္ဘာမှာ ထိပ်တန်းနာမည်ကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ သမီးရောက်နေတယ် အမေ။ သမီးတို့နေတဲ့ အထပ်မြင့် အိမ်ယာတခုရဲ့ အပေါ်ထပ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ရင် ရောင်စုံမီးတွေနဲ့ လှလိုက်တာ။ ဒီနေ့ ဘယ်လိုမှ အိပ်မရဘဲ ကောင်းကင်က ကြယ်တွေ စုံညီနေတဲ့ညကိုကြည့်ရင်း အဖေနဲ့ အမေ့ကို သမီး သတိရနေပါတယ်။ အခုချိန်မှာ အမေသာ သမီးအနားမှာရှိနေရင် သိပ်ကောင်းမှာပဲ။ သမီးလုပ်နေရတဲ့ အလုပ်တွေကိုမြင်ရင် အမေက ဘာပြောနေမလဲ ဟင်၊ အမေ့တသက်တာမှာ အဖေ့ တသက်တာမှာ ဘယ်လိုမှ တွေးထင်မထားတဲ့ အလုပ်အမေရဲ့ ။ သမီးကြီးလာရင် တက္ကသိုလ်က ဆရာမ လုပ်မယ်နော် အမေလို့ ငယ်ငယ်တုန်းက ပြောခဲ့ဖူးတာလည်း မေ့ထားလိုက်ပါပြီ အမေရယ်။

အခု သမီး လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ အရောင်းစာရေးမပေါ့။ ဒါတောင်မှ သမီးက အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်လို့ အမေရဲ့။ သမီးတယောက် ဒီမှာ အဆင်ပြေနေတယ်လို့ ပြောလို့ရပေမယ့် အနာဂတ် မျှော်လင့်ချက်ဆိုတာကတော့ သမီးရဲ့ မွေးဖွားရာ ဇာတိတိုင်းပြည်ရဲ့ အနာဂတ်ပေါ်မှာပဲ ပုံအောထားဆဲပါ အမေရယ်။

တကယ်တော့ … …


ဘုန်းဘုန်း တာ့တာ - (လူထုဒေါ်အမာ)


ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

“ဘုန်းဘုန်း တာ့ - တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။

ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့ - တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။ မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။


ရေလျှံနေတဲ့ ရန်ကုန်