Tuesday, May 31, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၁ ရက်)


- ဒေါ်စုကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုဖို့ ဂျွန်မက်ကိန်း တိုက်တွန်း
- အကျဉ်းသား မိသားစုတွေ ထောင်ဝင်စာတွေ့ခွင့် ပိုတင်းကျပ်
- ဆန်ဈေးများ မြင့်တက်လာမူ ဒေသခံများကို စိုးရိမ်မူပို
- အထက်ပေါင်းလောင်းကြောင့် လူ ၈ ထောင် ရွှေ့ပြောင်းရမည်
- သီရိလင်္ကာအပေါ် စစ်ရာဇ၀တ်မှု စွပ်စွဲ
- တန်ပြန်တော်လှန်မှုသာ ဒီကေဘီအေ၏ အနာဂတ်ပန်းတိုင်
- နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်
- အဓိက ကားလမ်း မပြုပြင်ပေးလို့ ခရီးသွားတွေ ကုန်သည်တွေ အကြပ်တွေ့
- ရန်ကုန်၌ တရားဝင် ဆန္ဒပြခွင့် တောင်းဆို
- အလှူငွေကြောင့် ကျောင်းသားမိဘများ စိတ်ညစ်

ကျေနပ်မိပါပြီ ( ရွှေဇီးကွက်)

ကျွန်မငယ်ငယ်ကတည်းက ရုပ်ရှင်မကြည့်တတ်ခဲ့ပါ။ တနှစ်နေလို့ တခေါက်ရုပ်ရှင်ရုံကို မရောက်ခဲ့ပါဘူး။ ရှင်းရှင်းဝန်ခံရရင် ကျွန်မ ရုပ်ရှင် လုံးဝ မကြိုက်ခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ရယ်လို့ ဖြစ်လာမယ့် ကျွန်မခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့စဉ်ကလည်း သူဟာ ရုပ်ရှင်သရုပ်ဆောင်တယောက် မဟုတ်သေးပါဘူး။ တက္ကသိုလ်ကျောင်းသားလေး မောင်ကျော်ဝင်း (ခ) မောင်မောင်ပါ။ သို့သော်လည်း ဘဝကံ အကျိုးပေးကြောင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ဇနီးအဖြစ်နဲ့ ဘဝလမ်းကို လျှောက်လှမ်းခဲ့ရပါတော့တယ်။

Monday, May 30, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၃၁ ရက်)

- ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား
- ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို
- ဒေါ်အောင်ဆန်းစုကြည် ဇွန်လမှာ ခရီးထွက်ဖွယ်ရှိ
- ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ပူပန်နေကြ
- ဆင်းရဲသော မိသားစုများသို့ UNDP မှ ထောက်ပံ့ငွေတချို့ အာဏာပိုင်များကို ပေးနေရ
- NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်
- တရုတ်မှ ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ အကျိုးခံစား ရနိုင်ဖွယ် မရှိ
- ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အသစ်ပြန်ဖွဲ့
- မြန်မာပြည် ဒေါ်လာဈေးကွက် အေးစက်
- ပစ်ခတ်မှုအပြီး အစိုးရတပ်နှင့် KIA ကြား အပြန်အလှန်စောင့်ကြည့်နေကြ
- တရုတ်အချောင်သမား ဝါဒနှင့် နားလည်ရခက်တဲ့ မြန်မာပြည်

အသံလွှင့်သတင်း (၆)

“တချို့အသံလွှင့်ဌာနတွေက သောတရှင်တွေအတွက် သတင်းတွေ၊ ပညာပေးအကြောင်းအရာတွေ ထုတ်လွှင့်နေတာတွေကို နားထောင်မိတဲ့အခါတိုင်း မတတ်ဘဲနဲ့တော့ ဆရာ မလုပ်ကြပါနဲ့၊ နားထောင်နေတဲ့သူတွေကို မစော်ကားကြပါနဲ့လို့ အော်ချင်စိတ်တွေ ပေါက်ပေါက်လာပါတယ်။ သူတို့က နားထောင်နေကြသူတွေ အားလုံးကို ‘နလပိန်းတုံး’ တွေလို့ ထင်ပြီး သူတို့က ပညာပေးမှဖြစ်တော့မယ်လို့ ယူဆနေကြတာကိုး …”

ဒီနေ့စာနယ်ဇင်းတွေမှာ အတွေ့ရများတဲ့ ‘ဒေါင်ဖန်း’ လယ်ထွန်စက်ဆိုတာကို အဓိပ္ပာယ် မဆဝါးနိုင်လို့ အင်္ဂလိပ် စကားလုံး ရှာကြည့်တော့ ‘Dong Fang’ လို့ ရေးတာကို တွေ့ရပါတယ်။ အဲဒီကျတော့မှ အဓိပ္ပာယ်ပေါက်လာပါတယ်။ တရုတ်ပြည်ကသုံးတဲ့ ဖိုနယ်တစ် အသံလှယ်တဲ့စနစ်က မြန်မာပြည်နဲ့ မတူပါဘူး။ နိုင်ငံအများစုနဲ့လည်း မတူပါဘူး။ တရုတ်စနစ်က ‘တ’ အသံကို အင်္ဂလိပ်စာလုံး ‘D’ နဲ့ သုံးပါတယ်။


ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၀ ( မောင်လွမ်းဏီ)

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
ကောက်နံ့လှိုင်နေတဲ့ ရိုးပြတ်ခင်းတွေရဲ့ ညီညာပြန့်ပြူးတဲ့ ကွင်းပြောင်ကြီးတွေထဲမှာ ကောက်ရိုးပုံကြီးတွေက ဟီးထမို့မောက်နေတာ တွေ့မြင်နိုင်ပါတယ်။ ရိုးပြတ်လယ်ကွင်းတွေက တမျှော်တခေါ် မျက်စေ့တဆုံး၊ ဟို့အဝေးမှာက ဆောင်းမြူလွှမ်းခြုံနေတဲ့ တောင်တန်းမှိုင်းမှိုင်း။ ပြောက်တိပြောက်ကျား ဆောက်လုပ်ထားတဲ့ လူနေတိုက်တာ ဖြူဖြူမြင့်မြင့်တွေနဲ့ အုတ်မိုးနီညိုရောင်တွေက ရိုးပြတ်ကွင်းတွေရဲ့ မနီးမဝေးတွေမှာ ထီးထီးမားမား။ ဆရာ ဒဂုန်တာရာ ရေးသားဖွဲ့သီခဲ့ဖူးတဲ့ စက်ရုံကျေးလက်ကဗျာ ရုပ်ပုံလွှာကို ပြန်ပြောင်းခံစားရမိသလိုပါပဲ။

ခြောက်သွေ့တင်းမာနေတဲ့ လယ်ကန်သင်းရိုးဘေးက ယာယီကားလမ်းလေးကတော့ ကောက်ကောက်ကွေ့ကွေ့နဲ့ပေါ့။ ကားလမ်းဆိုပေမယ့် ခါတော်မီ ထော်လာဂျီလမ်းလေးလို့ပြောရင် ရပါလိမ့်မယ်။ ခြွေထားတဲ့ စပါးပုံတွေကို အမိုးအကာအောက်ရောက်အောင် ထော်လာဂျီကားလေးတွေက သယ်ဆောင်မောင်းနှင်တဲ့ လမ်းကလေးမဟုတ်လား။

စပွန်ဆာဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာပဲ (လူထုစိန်ဝင်း)

“တချို့က လက်ဝဲသမား ယောင်ယောင် တော်လှန်ရေးသမား ယောင်ယောင်နဲ့ တောခိုတမ်း ကစားရာကနေပြီး နောက်တော့ ‘နှောင်ကြိုးမဲ့ကမ္ဘာ’ အကောင်းဆုံးလို့ အော်ပြီး ဖဆပလ အစိုးရက ဆုချတဲ့ ရာထူးလေးတခုနဲ့ ငြိမ့်နေတယ်။ သိပ်မကြာခင် မြန်မာ့ဆိုရှယ်လစ်ခေတ် ဆိုတာ ရောက်လာပြန်တော့ ဗုဒ္ဓအလိုကျ အညမညဟာ အမှန်ဆုံးပဲလို့ ကြွေးကြော်ပြီး ရာထူးတခု ရပြန်တယ်။ ဒီလူတွေပဲ ခုကျတော့ ဒီမိုကရေစီ ဂုရုကြီးတွေ ဖြစ်နေကြပြန်ပြီ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခါကမှ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိခဲ့ဘူး။ မရှိရုံသာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့အလုပ်လို့တောင် နှာခေါင်းရှုံ့ကြသေးတာ ...”

နေမကောင်း ဖြစ်နေတာကို လာမေးရင်းနဲ့ ဂျာနယ်သမား လူငယ်တယောက်က နိုင်ငံရေးပါတီတွေနဲ့ လူတွေအကြောင်း သိချင်တာလေးတွေကို နေကောင်းတဲ့အခါ လာမေးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဘယ်သူတွေရဲ့ နောက်ကြောင်းက ဘယ်လိုမှန်းမသိတော့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ပါလို့ အကြောင်းပြတယ်။

Sunday, May 29, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၃၀ ရက်)

- နယ်ခြားစောင့် လက်ခံတဲ့ DKBA ဌာနချုပ် သိမ်းပိုက်ခံရ
- အစာငတ်ခံ ဆန္ဒပြခဲ့သူတွေကို ပြစ်ဒဏ်တိုက် ပြန်ပို့
- နေတိုးတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှု အာဖဂန် အရပ်သား ၁၄ ဦးသေဆုံး
- ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်မှုတွေ စတင်
- ဝန်ကြီးတွေ လုံခြုံရေးကြောင့် ရပ်ရွာလုံခြုံရေး လျော့ကျ
- ကလေးထောင်တွင် သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ
- ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ကြောင်း ကရင်နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးဆုံးဖြတ်ခဲ့
- ကာတာနိုင်ငံသား ဘင်ဟာမန် FIFA ဥက္ကဋ္ဌလောင်း အဆိုပြုချက် ရုပ်သိမ်း

ခရီးထွက်မယ် (ကာတွန်း စောငို)

ဒီပဲယင်းက ညွှန်ပြခဲ့တဲ့လမ်း (ဗိုလ်ဓား)

“ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်သွားတုန်းက ‘ရရင် ရ မရရင် ချ’ ဆိုတဲ့ Alternative Program ရှိတယ်။ ကျနော်တို့လည်း ဒါမျိုး ရှိကို ရှိရမယ်၊ ဒါမျိုး မရှိရင် ရှုံးလိမ့်မယ်။
သည်နေ့အချိန်မှာကို ကျနော်တို့ အင်အားစုတွေက လူထုကိုပေးတဲ့ Message တွေက ရှင်းရမယ်။ ဝေ့လည် ကြောင်ပတ်လုပ်လို့ မရဘူး။ မစွန့်ပယ်ပေမယ့် ဒိုင်ယာလော့ကို မှိန်ထားရမယ်။ လူထုကို Awareness ရအောင် လုပ်ရမယ်။
အခွင့်အရေးရရင် လှုံ့ဆော်ရမယ်၊ နောက်ပြီး ကျနော်တို့ Movement ရဲ့ အာဏာပိုင်တွေက၊ ကုလသမဂ္ဂကိုပါ မေးခွန်းထုတ်ရလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက် လွှတ်လိုက်၊ နိုင်ငံရေးအကျဉ်းသမားအချို့ကို ဖမ်းလိုက် လွှတ်လိုက်၊ ကုလသမဂ္ဂအတွင်းရေးမှူး ကိုယ်စားလှယ်တွေ သွားလည်လိုက် ပြန်လာလိုက်၊ နိုင်ငံတကာ အစိုးရတွေက စစ်အုပ်စုကို Credit ပေးလိုက်၊ Pressure ပေးလိုက်၊ သည်ကစားပွဲကြီးဟာ ဘယ်တော့ဆုံးတော့မှာလဲလို့ ပြတ်ပြတ်သားသား မေးရလိမ့်မယ် …”

ခန္ဓာများနှင့် ကျွန်မ (ရွှေဇီးကွက်)

မိန်းမချော မိန်းမလှစာရင်းထဲမှာ ကျွန်မ မပါပါ။ မျက်နှာပေါက် မလှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်မကောင်းပါ။ ဒါပေမယ့် မိန်းမသားစစ်စစ်လည်းဖြစ်၊ ပုထုဇဉ် စစ်စစ်လည်းဖြစ်တဲ့ကျွန်မ အလွန်ပဲ လှချင်ပချင် ခဲ့ပါတယ်။ မိန်းကလေးများ လှချင်ပချင်လာတတ်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ကျွန်မကိုယ် ကျွန်မ လှအောင်ပအောင် အမျိုးမျိုး ကြိုးစားပြင်ဆင်ခဲ့ပါသည်။

အိမ်ထောင်ကျပြီးမှ ပိုဆိုးလာပါတယ်။ ကျွန်မရဲ့ အိမ်ထောင်ဖက်ဟာ အချောဆုံး၊ အလှဆုံးဆိုတဲ့ မင်းသမီးတွေနဲ့ တွဲဖက် သရုပ်ဆောင်နေရတဲ့ နှုတ်ခမ်းနီ၊ ပါးနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်တဦးဖြစ်လာတော့ ကျွန်မလည်း ကျွန်မရဲ့အိမ်ထောင်ဖက်နဲ့ လိုက်ဖက်ညီအောင် ပိုပြီးလှချင်ပချင်ခဲ့ပါတယ်။ ကလေးနှစ်ယောက် မိခင်တဦးအနေနဲ့ ပုံပျက်ပန်းပျက် ဖြစ်မသွားအောင် ကျွန်မကိုယ် ကျွန်မ အထူးဂရုစိုက်ပြုပြင်ခဲ့ပါတယ်။

Saturday, May 28, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁)

ဆီးပန်းနီဆရာတော်၏ စာပေသြဇာ
ထိန်လင်း

‘နိုင်ငံရေး’ ဆိုတဲ့ ဝေါဟာရဟာ သမားရိုးကျစကားစုတစ်ခုဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ သီးခြားလူတန်းစားအတွက် သုံးနှုန်းတဲ့ဝေါဟာရလို ဖြစ်နေပါတယ်။ ခေတ်အခြေအနေက မကောင်းတော့ နိုင်ငံရေး ဆိုတဲ့ စကားရပ်နဲ့ဆက်နွယ်ပြီး ခေါ်ဝေါ်သုံးစွဲခြင်းခံလိုက်ရပြီဆိုရင်ပဲ အန္တရာယ်တွေရှိနေပြီလားလို့ ထင်စရာပါ။

ဒီတော့ နိုင်ငံရေးသမားတို့၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကို ဆောင်ရွက်သူတို့ဆိုရင် ကြောက်စရာအဖြစ် တချို့က မြင်နေတတ်ကြပါတယ်။ အထူးသဖြင့် အရေးယူခံရမှာ၊ အန္တရာယ်အပြုခံရမှာတို့ကို ပိုပြီးစိုးရိမ်တတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့သမိုင်းမှာ အုပ်ချုပ်ရေးဆိုတဲ့အခန်းကဏ္ဍ တည်ရှိနေသရွေ့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရလည်း ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။

လိုက်ပါ့ရစေ ရွှေနွယ်ရိုးရယ် … (ကာတွန်း စောငို)

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၉ ရက်)

- ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
- မင်းဇေယျ၏ မိခင် ကွယ်လွန်
- ဆေးရုံပေါ်က ဦးဝင်းတင် ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး
- အစာငတ်ခံ ဆန္ဒပြခဲ့သူတွေကို ပြစ်ဒဏ်တိုက် ပြန်ပို့
- ဘာစီလိုနာအသင်း မန်ယူကို ဂိုးပြတ်အနိုင်ရ
- နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား
- အမေရိကန်အမတ် John McCain ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
- KIA နဲ့ မြန်မာအစိုးရ တိုက်ပွဲဖြစ်ပွား
- နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ
- ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှု မူဘာရက်ကို ငွေဒဏ်ချမှတ်
- မူးယစ်ဆေးဝါး သယ်ဆောင်သူ အမျိုးသမီးနှင့် ကားဒရိုင်ဘာ မောင်တောတွင် ဖမ်းဆီးခံရ
- လူနေကျေးရွာသို့ ခိုအောင်းလာသော တောဆင်ရိုင်းများ အသတ်ခံရ
- လွတ်ငြိမ်းချမ်းသာခွင့်ပြီးနောက် စစ်တွေမှာ သူခိုးတွေ အထူးသောင်းကျန်း
- အစိုးရ ကျောင်းတချို့ လာဘ်ယူနေဆဲ
- ဇေယျာသော်၏ သူရဲကောင်း
- မုန်တိုင်းမိလို့ ပင်လယ်ထဲမျောပါပျောက်ဆုံးသွားသည့် ရေလုပ်သားများရဲ့ ဇနီးသည်တွေ မိမိတို့လင်သားလုပ်အားခနဲ့ နစ်နာကြေးမရ

NDF ဒုတိယအကြိမ် ဗဟိုဦးစီးကော်မတီ အစည်းအဝေးကျင်းပ

 မေ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ရဲ့ ဒုတိယအကြိမ်မြောက် ဗဟိုဦးစီးကော်မတီ အစည်းအဝေး က ပုံရိပ်တချို့ပါ။

Friday, May 27, 2011

Myanmar (or) Burma

 
မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း ဖြစ်တဲ့ Burma ကနေ Myanmar လို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ်မပြုခြင်း ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အန်အယ်ဒီ ကျင်းပ

 
၁၉၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နဝတ အစိုးရ က ပြည်သူကိုပေးခဲ့တဲ့ ကတိကို ချဖျေက်ခဲ့တာဟာ မလုပ်အပ် မလုပ်ကောင်းတဲ့ ကိစ္စဖြစ်ပြီး လူထုကို မလေးစားတာဖြစ်တယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၈ ရက်)

- ၉၀ ရလဒ် အသိအမှတ် မပြုခြင်းကို NLD က အမြဲကန့်ကွက်မည်- စစ်အစိုးရပြောင်းလဲခဲ့သည့် Myanmar ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်မပြု
- နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာပို့
- ၉၀ ရလဒ် သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာ ပြော
- ရာဇသံကုန်ဆုံးပြီး KIAနှင့် မြန်မာတပ်ကြား ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား
- မြန်မာ့ ယာဘား ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းအဆီးများ
- အရပ်သားကို လူသားဒိုင်းအဖြစ် စစ်တပ်က ခိုင်းဟု KNU ပြော
- မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို
- ဂျွန်မက်ကိန်း NLD နှင့် တွေ့မည်
- မြောက်ကိုရီးယား - မြန်မာဆက်ဆံရေး တရုတ် ဘယ်အခန်းကဏ္ဍက ပါသလဲ
- Bangkok Post နှင့် The Nation မြန်မာပြည်၌ ဖြန့်မည်
- ဟောင်ကောင်-မြန်မာ ကုန်သွယ်မှု မြင့်လာ
- အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး

မြန်မာပြောင်းမယ့်ပုံစံ ကန်ရော တရုတ်ပါ စိုးရိမ်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ပထမဆုံး ချစ်ကြည်ရေးခရီးအဖြစ် မနေ့က စတင်သွားရောက်တာဟာ အရေးကြီးတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဘရွတ်ကင်း အင်စတီကျူ့၊ တရုတ်ဌာနရဲ့ အကြီးတန်း သုတေသီ ပါမောက္ခ ချန်းလီက ရှုမြင်ပါတယ်။

ဆွေပြ မျိုးပြ (ကာတွန်း စောငို)

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၇ ရက်)

- တရုတ်နိုင်ငံရောက် သမ္မတဦးသိန်းစိန် စီးပွားရေးနဲ့လုံခြုံရေး ဆွေးနွေး- ဆာဘီးယား စစ်ရာဇဝတ် ဝရမ်းပြေး မလာဒစ်ရှ် ဖမ်းမိပြီ
- စစ်ခွေးတိုက်ရောက် နိုင်ငံရေး အကျဉ်းသားတွေ မူလအဆောင် ပြန်ရပြီ
- ယီမင် အတိုက်အခံ ခေါင်းဆောင်ကို ဖမ်းမိန့်ထုတ်
- အမျိုးသားပြန်လည်သင့်မြတ်ရေး ဗြိတိသျှအစိုးရတိုက်တွန်း
- နှစ်ဖက် အကျိုးရှိမည့် နိုင်ငံရေးဖြေရှင်းမှု ကြိုးပမ်းမည်ဟု သမ္မတ၏ အကြံပေး ပြောကြား
- ဂျိုးဖြူရေသုံး ရန်ကုန် ရေပြတ်
- အင်တာနက်ဆိုင်များ လိုင်စင်ပြန်လျှောက်ရမည်
- မူလတန်း ကျောင်းသုံးစာအုပ် အခမဲ့
- KIA ရာဇသံအား မြန်မာအစိုးရ လစ်လျူရှု
- ကရင်ပြည်သူ ၂ ထောင်ကျော်အား စစ်တပ်က အကာအကွယ်အဖြစ် အသုံးပြုကြောင်း KNU ထုတ်ပြန်
- ဘရိုက်တန်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု နံရံပန်းချီများ ရေးဆွဲ
- ဆန္ဒပြအကျဉ်းသားများအရေး မှန်ကန်စွာ ဖြေရှင်းပေးဖို့ တောင်းဆို
- လူကုန်ကူးမူ တိုင်ကြားသော်လည်း အရေးယူ မခံရ
- သတင်းထောက်များ လွတ်မြောက်ရေးလှုပ်ရှားမှု ကျင်းပမည်
- ကရင် နယ်ခြားစောင့် အချင်းချင်း ပစ်ခတ်

Wednesday, May 25, 2011

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (နိဂုံးပိုင်း) - အောင်ငြိမ်း

(ငါး)

ဒီနောက် ကြားရတဲ့ သတင်းတွေက စိတ်ထိခိုက်စရာပါ။ ကိုနိုင်ဝင်း ဘုန်းကြီး ဝတ်တယ်။ စိတ်တည်ငြိမ်မှုကို ရှာတယ်။ နောက် လူဝတ်ပြန်လဲတယ်။ ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မာနယ်ပလောကျတဲ့ ဗရုတ်ဗရက်ကာလ သောင်းရင်းမြစ်နံဘေးမှာ ဗုံးဆန်ထိမှန် ကျဆုံးသွားခဲ့ပါတယ်။

ကိုနိုင်ဝင်း ဆုံးတော့ မဂျုံ ရလလဖ ကို ရောက်လာတယ်။ ‘ငြိမ်း’ ကာလပါ။ ကျွန်တော်လည်း မရှိတော့ဘူး။ ဘာကြောင့်လည်း မသိဘူး၊ မဂျုံက ဝနယ် မပြန်ချင်ဘူး။ ဝ တပ်မှုးတဦးက ဝအမျိုးသမီး ဝ ဒေသပြန်ရမယ်ဆိုပြီး ပြန်ခေါ်သွားလို့ မဂျုံ ဝနယ် ပြန်ရောက်တယ်။

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၆ ရက်)

- အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်
- တာဝန်သိသတင်းသမားတို့ ဆူညံသံကြား တိုးပေါက်ဖို့
- ၉ဝ ပြည့် ရွေးကောက်ပွဲနေ့ NLD ကျင်းပမည်
- မန္တလေး မြေသိမ်းမှု သမ္မတထံ ကန့်ကွက်စာတင်
- သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်
- ဂဒါဖီ အာဏာစွန့်တဲ့အထိ အမေရိကန်နဲ့ ဗြိတိန် ဖိအားပေးသွားမည်
- ရှမ်းပြည်တပ်မတော် ပူးပေါင်းမှု တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို
- တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား
- ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့်ပိတ်
- ချင်းပြည်နယ်မှာ အဓမ္မအလုပ်ခိုင်းစေမှု ကျဆင်းရေး ILO အရာရှိမျှော်လင့်
- စာနယ်ဇင်းသမား ၃ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်
- အမေ့အိမ်ကျောင်း နေရာပြောင်းရန် ခက်ခဲ
- မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး
- သံတွဲတွင် လျှပ်စစ်မီး တယူနစ် ကျပ် ၄၀၀ ထိ လျော့ကောက်မည်

လွတ်ငြိမ်းချမ်းသာခွင့် (ကာတွန်း စောငို)

Tuesday, May 24, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၅ ရက်)

- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း
- ရှမ်းတပ်မတော်မှ မြန်မာအစိုးရအပေါ်ထားသည့် စစ်ရေးသဘောထား
- အဖမ်းခံရသူမှာ KIA အဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို
- အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့
- တိုင်းရင်းသားများအတွက် ဥရောပ အမတ်များ တိုက်တွန်း
- မြန်မာအစိုးရကို ဖိအားပေးဖို့ USCB နှိုးဆော်
- တောင်ဒဂုံ လေပြင်းတိုက်
- အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို
- ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝင်းကျင် ပျက်စီးဟု NLD သတိပေး
- SSA နှစ်ဖွဲ့ပေါင်းလိုက်သည့်အပေါ် ကချင်ပြည်နယ်က အဖွဲ့အစည်းတချို့က ထောက်ခံ
- အမျိုးသမီးများကို NLD အတိုးမဲ့ ငွေချေး
- NLD လူငယ်နှစ်ဦး ရဲခေါ်စစ်
- မဟာမုနိ ဂေါပက လုပ်ပိုင်ခွင့် စစ်တပ်က ထိန်းချုပ်ထား

အပြောနဲ့ အလုပ် (ကာတွန်း အောင်မော်)

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (၃) - အောင်ငြိမ်း

(လေး)

၁၉၉ဝ ဒီဇင်ဘာ ၁၈၊ ၁၉ မာနယ်ပလောမှာ ကိုနိုင်ဝင်းနဲ့ကျွန်တော် ပြန်လည်ဆုံတွေ့ကြတယ်။ ဒါဟာ ကျွန်တော်တို့ချင်းနောက်ဆုံး ဆုံတွေ့မှုလည်းဖြစ်သလို ကျွန်တော်ဟာ ကိုနိုင်ဝင်းနဲ့ နောက်ဆုံးဆုံတွေ့ခဲ့ရတဲ့ ရဲဘော်ဟောင်းတယောက်လည်း ဖြစ်မယ် ထင်ပါတယ်။

ပါတီဗဟို ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မာနယ်ပလောသို့ရောက်ရှိပြီး ABSDF ရုံးမှာ ကျွန်တော်တို့ တည်းခိုနေတဲ့သတင်းကြားလို့ ကိုနိုင်ဝင်း ပေါက်ချလာတယ်။ နောက်တနေ့မှာ လျှိုလေးတခုခြားတဲ့ တောင်ကုန်းလေးတကုန်းပေါ်က သူ့တဲအိမ်လေးကို ကျွန်တော်တို့ သွားလည်ကြတယ်။ ကျောင်းသားရဲဘော်တချို့ လိုက်ပို့တယ်။

မဂျုံဟာ ကျွန်တော့်ကိုတွေ့တာနဲ့ ဝမ်းသာဝမ်းနည်းဖြစ်ပြီးငိုပါတယ်။ ကိုနိုင်ဝင်းလည်း မျက်နှာမကောင်းဘူး။ နွမ်းလျအားငယ်မှုကြောင့် စကားတောင် မထွက်ဘူး။ မဂျုံကပဲ တွေ့တွေ့ချင်း …

Monday, May 23, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၄ ရက်)

- မြန်မာအစိုးရသစ်လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှု ကျယ်ပြန့်နေဆဲ
- ကိုယ့်အား ကိုယ်ကိုးမှ ရမည်ဟု ဒေါ်စုပြော
- ရှမ်း SSA မြောက်နဲ့တောင် ပေါင်းစည်းဖို့ သဘောတူ
- ပါကစ္စတန် ရေတပ်စခန်း တာလီဘန် ဝင်စီးမှု အဆုံးသတ်
- ဆင်းရဲမွဲတေမှုဖိုရမ် မီဒီယာများ ဆွေးနွေးခွင့်ရ
- အမေ့အိမ် အခမဲ့ ပညာသင်ကျောင်း ဖိအားပေးခံရ
- ဗိုလ်ချုပ်မှူးကြီး တကယ်အနားယူပြီလား
- ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နစ်နာမည်
- ဒေါ်စုဖွင့်လှစ်တဲ့ ဓာတ်ပုံပြပွဲ
- အင်းစိန်ထောင်၌ အစာငတ်ခံ ဆန္ဒပြ
- လူမှုရေးလုပ်သူများ သတိပေးခံရ
- ဇာဂနာကို ဗြိတိန် အနုပညာရှင်အဖွဲ့ ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် သတ်မှတ်
- လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ

လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သင့်တယ် … (ကာတွန်း စောငို)

အလင်းနဲ့ရေးတဲ့ ပန်းချီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ “အလင်းနဲ့ရေးတဲ့ ပန်းချီ” လို့ အမည်ပေးထားတဲ့ နာမည်ကျော် ဓာတ်ပုံဆရာ ၃၇ ဦးရဲ့ ဓာတ်ပုံလက်ရာများကို မေ ၂၃ ရက်နေ့ကနေ့ ၂၅ ရက်နေ့အထိ ပြသရောင်းချသွားမယ်လို့ သိရပါတယ်။

ညောင်တုန်း၊ ပန်းတနော်

မေလ ၂၂ ရက်နေ့က တွေ့ရတဲ့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၆၀ လောက်ဝေးတဲ့ ဧရာဝတီတိုင်းထဲက ညောင်တုန်း နဲ့ ရန်ကုန်ကနေ မိုင် ၈၀ လောက်ဝေးတဲ့ ပန်းတနော်မြို့တွေက ပုံရိပ်တချို့ပါ။

Mae La refugee camp

 
To go with 'Thailand-Myanmar-politics-refugee-rights, FOCUS' by Daniel Rook Picture taken on May 8 and 9 2011 at the Mae La refugee camp, located near the Thai-Myanmar border, some 550 kms northwest of Bangkok.

Sunday, May 22, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၃ ရက်)

- ခေါင်းငုံမခံတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်လည်ရရှိ
- ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား
- ယုံကြည်မှု စတင် တည်ဆောက်ဖို့ အမေရိကန်ကို မြန်မာပြော
- လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဝင်စီးဖို့ အိုဘားမား ညွှန်ကြားမည်
- လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ အကျဉ်းသားမိသားစုတွေ တောင်းဆို
- ကျောင်းဖွင့်ရာသီ ကျောင်းမတက်နိုင်တဲ့ ကလေးသူငယ် များလာ
- ချင်းပြည်နယ် အဓမ္မ လုပ်အားပေးခိုင်းစေမှု ILO ကွင်းဆင်းလေ့လာ
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ အလျင်မပြတ် လှုပ်ရှားနေ
- တိုင်းဒေသကြီးနဲ့ ပြည်နယ် သယံဇာတ အခွန်ကောက်ရေး လက်တွေ့ မလုပ်နိုင်သေး
- ဈေးနှိပ်ဝယ်ယူခြင်းကြောင့် ပဲစိုက်တောင်သူများ အရှုံးပေါ်နေရ

တနှစ်ကြီးများတောင် လျှော့ပေးလိုက်တယ် … (ကာတွန်း စောငို)

ဒုက္ခကို ပျားရည်ဆမ်း၍ - ၉ ( မောင်လွမ်းဏီ)

“နဖူးကချွေး ခြေမပေါ်ကျရုံမက ဘဝတခုလုံးပေါ် ကျသက်ပျော်ဝင်တဲ့ အလုပ်ပါ။ အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းလေးတွေလည်း ဝါသနာပါရမယ်။ အလင်းအမှောင်နဲ့ အထားအသိုကိုလည်း အကဲခတ်တတ်ရတယ်။ ကွန်ကရစ်လမ်းကလေး၊ ရေနှုတ်မြောင်းလေးကစလို့ အိမ်တဆောင်၊ တိုက်တလုံးမက ဂိုဒေါင်တလုံးကနေ ကြယ်ငါးပွင့် ဟော်တယ်တွေ အဆုံး အခြေခံအကျဆုံးက ပန်းရံလုပ်ငန်း မဟုတ်လား …”

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

ဘိလပ်မြေဖျော်စက်ကားတွေပေါ်က တဂျုံးဂျုံး ထစ်ချုံး လည်ပတ် အော်မြည်နေသံတွေကြောင့် လုပ်ငန်းခွင်ကြီးကြပ်နေတဲ့ အလုပ်ကြပ်တွေရဲ့စကားသံတွေကို ကျွန်တော် မကြားနိုင်ပေမယ့် အုတ်စီ အချောကိုင် အခြေခံ ပန်းရံဆရာအဆင့်ရှိသူတိုင်း နားရည်ဝနေပုံရတဲ့အတိုင်း ကိုယ့်အုတ်ရိုးအုတ်လွှာကိုပဲ သံလျက်နဲ့ တဆစ်ချင်း တလွှာချင်း အုတ်သားတက်နေပုံက အထာမသိရင် ဆရာနဲ့ငြိမယ်ဆိုတဲ့ သဘော။ သို့ပေမယ့် အံခွရုံမက အံကျိုးနေအောင် ဒီပန်းရံလောကထဲမှာ ကျင်လည်လာခဲ့တဲ့ နှစ်တွေကို လက်ချိုး မရေတွက်ချင်သူတွေပေါများတဲ့ လုပ်ငန်းနယ်ပယ်လို့ပဲ ပြောရမှာပါပဲ။

Saturday, May 21, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၂ ရက်)

- အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြ
- အစိုးရတပ်တွေရုပ်ဖို့ KIO စာရေး တောင်းဆို
- နိုင်ငံရေးအကျဉ်းသားများရဲ့ ဒုက္ခ
- အကျဉ်းသားရပိုင်ခွင့်များအတွက် အကျဉ်းသားများ ဆန္ဒပြနေ
- အငှားချထားတဲ့ စစ်တပ်ရန်ပုံငွေ ဆိုင်ခန်းတွေ ပြန်ပေးဖို့ ခြိမ်းခြောက်
- အာဖဂန်ဆေးရုံ အသေခံ ဗုံးခွဲမှု ၆ ဦးသေဆုံး
- IMF အကြီးအကဲဟောင်းကို အာမခံနဲ့ လွှတ်ပေး
- NLD ပါတီဝင်ကဒ်ပြားအတု လုပ်သူ မလေးရှားမှာ ဖမ်းမိ
- မြစ်ဆုံဆည်ကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်ဟု KIO သတိပေး
- နေတိုးတပ်ဖွဲ့ လစ်ဗျား ရေတပ်၏ ရှစ်ဆယ်ရာနှုန်းကို ဖျက်ဆီးနိုင်ခဲ့
- ရခိုင် အစိုးရသစ်လက်ထက် မော်တော်ပီကေရဲ အကောက်ကြမ်း
- မြန်မာပြည်မှ မူးယစ်ဆေးဝါးကို ဘင်္ဂလားရဲက ဖမ်း
- အမျက်ဒေါသနေ့ ကျင်းပ

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (၂) - အောင်ငြိမ်း

(သုံး)

မဂျုံက ကိုနိုင်ဝင်းအပေါ်သာ စိတ်ကောက်တတ်တာဖြစ်ပြီး တခြားရဲဘော်များပေါ်မှာ စိတ်ကောက်တာ မရှိဘူး။ ခင်ခင်မင်မင် ရှိတယ်၊ ရိုးသားတယ်။ ရဲဘော်တိုင်းက ခင်ကြတယ်။ မဂျုံဟာ ဗမာ ရဲဘော်တွေကြား အနေကြာတော့ ဗမာစကား ကောင်းကောင်းတတ်လာတယ်။

ကိုနိုင်ဝင်းလည်း မဂျုံကို ချော့ရ (ဖြီးရ)ဖို့ ရှမ်းစကား တော်တော်ပြောတတ် လာတယ်။ ဒါပေမယ့် ကိုနိုင်ဝင်းလည်း စိတ်ကောက်တတ်တာပဲ။ သူ့စိတ်နဲ့ မတွေ့တဲ့အခါ သုန်သုန်မှုန်နဲ့ ဖြစ်တတ်တယ်။ ကျွန်တော် နှစ်ကြိမ်လောက် ကြုံဖူးတယ်။

တကြိမ်က သူ့ကို ကျွန်တော်က ဆရာကြီး လို့ ခေါ်မိတာကို မကျေနပ်လို့ ကလာပ်စည်းဆွေးနွေးပွဲမှာ ...

Myanmar ICT Show

Buddhist monks look at laptop computers displayed at the 7th Myanmar ICT Show at Tatmataw Exhibition Hall on Saturday, May 21, 2011 in Yangon, Myanmar. The exhibition will held for May 20 to May 22.
(Photo : AP)



ဂျိုးဇက်ယွန်း ခရီးစဉ်ပြီးဆုံး

 
 အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒီကနေ့ ပြီးဆုံးသွားပါပြီ။

Maung Maung Tinn - Water Colour Paintings - 45

Anything which has been in an unsafe situation, no longer exists
The photo which inspired this painting, was taken outside a small school for children of migrant workers. Most of the parents work in a nearby quarry. What is the future for these children? By MMT


 

Friday, May 20, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၁ ရက်)

- ဥက္ကဋ္ဌရာထူးအတွက် မြန်မာနိုင်ငံကို အာဆီယံ စောင့်ကြည့်မည်
- ရွှေသာတကယ်ဖြစ်ခဲ့လျှင် မမျှော်လင့်တဲ့ ပြဿနာများ လိုက်ပါလာနိုင်
- ဖိနှိပ်အုပ်ချုပ်မှုများ အလုပ်မဖြစ်တော့ကြောင်း အာရပ်တော်လှန်ရေးက ပြသနေ
- လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသား နည်းပါးမှု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
- လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘဝင်မကျ
- အင်းစိန်ထောင် အမျိုးသမီးဆောင် ဆန္ဒပြဟု AAPP ပြော
- သုံးရောင်ခြယ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတဦး ပြန်လွတ်
- ညောင်ရွှေ ၌ မြေသိမ်းမှုဖြစ်
- ရခိုင်ပြည်နယ်၏ အရေးကြီးသော လဝက ဝန်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း
- ရထား ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ၇ ဦး ဖမ်းဆီးထား
- ဝန်ကြီးများနှင့် စစ်အရာရှိများကြား အကျိုးစီးပွား အားပြိုင်နေ
- ရထား ဗုံးကွဲမှုအပြီး နေပြည်တော်လုံခြုံရေး တင်းကျပ်
- လွင်မိုး ထီထိုးနေသည်

Maung Maung Tinn - Water Colour Paintings - 44

Help
Normally no one is allowed to commit murder. If they do, the person should be prosecuted. Right now in the world, there are evil people who create situations of violence and death. It is called war. There is a civil war in Burma. There has been for almost 60 years Many people are being killed and raped and tortured. Many people are dying and suffering. Many children are being left as orphans as their parents are disappearing. The blood and tears of the people will become a large river if they cannot be dried. There is fear and weakness in their minds. Their energy is almost gone. It is often difficult for them to speak or move their feet. They now need others to extend their hands to help them stand and voice their hopes for peace and security. Help Burma to become a peaceful country. Do whatever you can. Please ... By MMT


 

Thursday, May 19, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၀ ရက်)

- အမေရိကန် သံတမန်နဲ့ ဒေါ်စု မြန်မာ့အရေး ဆွေးနွေး
- ဒေါ်အောင်ဆန်းစုကြည် မကြာမီ ခရီးထွက်မည်
- တပ်ရုပ်သိမ်းရန် KIO က မပခကို သတိပေး
- အမေရိကန်အဆင့်မြင့် အရာရှိနှင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံ
- သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ သွားမည်
- မြဝတီ ဆက်သွယ်ရေး ဗုံးပေါက်
- NHCR မှ ရခိုင်ဒုက္ခသည်များအရေး မည်သည့်နေရာတွင်မှ ဝင်ရောက် ဖြေရှင်းပေးခြင်းမရှိ
- အစ္စရေးက ပါလက်စတိုင်းကို မျက်နှာချိုသွေးရန် အိုဘာမား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား
- ဒေါ်စုကို တွေ့ဆုံရန် ဇေယျာသော် ကြိုးပမ်း
- ရန်ကုန်တိုင်းအစိုးရနှင့် မီဒီယာတွေ့ဆုံမှု နောက်တကြိမ် မသေချာ
- အထိန်းသိမ်းခံ မြန်မာ ၃၁ ဦး အိန္ဒိယအစိုးရ လွှတ်ပေးပြီ
- ရွာသားများ အိမ်ယာလက်လွတ်မည့်ဘေးကြုံ
- ရွှေမှော်တွင် ကချင်အမျိုးသမီးငယ်များ လိင်ကျွန်အဖြစ် စေခိုင်းခံရ

Maung Maung Tinn - Water Colour Paintings - 43

Homesick
I painted this picture because I was homesick. I was remembering a time when I had my family near. I remember telling stories to my mother and the delight and sound of her laugh. I remember the smell of breakfast cooking on the charcoal in the kitchen of our small home, when the sound of my brothers and sisters surrounded me. I remember a time when I had a home. By MMT


 

Wednesday, May 18, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၁၉)

- အစိုးရသစ်လက်ထက် အမေရိကန် အဆင့်မြင့် သံတမန် မြန်မာပြည် ပထမဆုံး ရောက်ရှိ
- အစိုးရသစ်၏ အလုပ်သမား ဥပဒေကို ကန့်ကွက်ဖို့တိုက်တွန်း
- ဒဏ် လျှော့ပေါ့ရုံနဲ့ မလုံလောက်ကြောင်း လူ့အခွင့်ရေးအဖွဲ့ ပြောကြား
- ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ
- KIA တပ်များ အမြင့်ဆုံး တပ်လှန့်ထား
- မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ - KNG
- ဆီးရီးယား စစ်တပ်က ဒုက္ခသည်တွေကို ပစ်ခတ် - BBC
- နိုဘယ်ဆုရှင်များ လူသားမျိုးနွယ်စုကို တရားစွဲဆိုမည်
- ကုလ ကိုယ်စားလှယ် ပြောဆိုချက်တချို့ စိစစ်ရေးဖြုတ်
- ဘင်လာဒင် နေရာကို အီဂျစ်နိုင်ငံသား ဆက်ခံ
- လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်
- မြဝတီ နေ့စဉ်သတင်းစာ အရှုံးခံ ဖြန့်ချိ
- တိုက်ပွဲခေါ်သံများ စတင်

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (၁) - အောင်ငြိမ်း

(နှစ်)

ကိုနိုင်ဝင်းတယောက် ရဲဘော်ကျော်ဆိုင် အဖြစ် ပြည်သူ့အသံဆောင်းပါးရှင်၊ စစ်သတင်းထောက်၊ အမြောက်တပ်သား၊ သုံ့ပန်းပညာပေး နိုင်ငံရေးကေဒါ၊ ပြဇာတ် ဒါရိုက်တာ မင်းသား၊ ကျေးလက်လူထုဘဝ လေ့လာရေး စတဲ့ အလုပ်တာဝန်မျိုးစုံ ထမ်းဆောင်နေပါပြီ။ စစ်အာဏာရှင်စနစ်အောက် မတော်မတရားမှုများနဲ့ အဓမ္မမှုများကို ကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်ဟာ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို လက်ဖြန့်ခံတောင်းနေလို့မရ တိုက်ယူမှရမယ် ဆိုတာကို ဘဝအရ သိမြင်လာကြတယ်။

ကိုနိုင်ဝင်းဟာ ၁၉၈ဝ ဇူလိုင် မိုင်းယောင်းတိုက်ပွဲမှာ စစ်သတင်းထောက်အဖြစ် ပါခဲ့တယ်။ မိုင်းယောင်းကို ဗကပ အရှေ့မြောက်တပ်က ခဏခဏ တိုက်ခဲ့ဖူးတဲ့အနက် ယခုတိုက်ပွဲဟာ ‘မင်းရန်အောင် ထိုးစစ်’ ကာလ တိုက်ပွဲကြီးတပွဲ ဖြစ်ပါတယ်။

Maung Maung Tinn - Water Colour Paintings - 42

Rain ... please stop!
It has been raining so much since we left our village. We took very few personal possessions with us. To escape an attack by the government army is more important than material goods. I only have a piece of plastic to protect me and my child from the rain. The rain is heavy and it is not enough to cover us. We are soaked right through. My child’s lips are becoming blue and I am getting cold as well. I do not worry about myself freezing, but I do for my son. He is so young. Although the villagers know that we can keep warm with a fire, they are afraid to make one as then the army can see where we are. The large trees around us could shelter us from the rain, but there could be landmines there. So I depend on this small sheet of plastic. Normally rain is welcomed by us farmers, but right now I wish it would go away. It is threatening the life of my child. By MMT


 

Tuesday, May 17, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၁၈ ရက်)

- လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပြည်တွင်း ပြည်ပ ရှုတ်ချ
- အကျဉ်းသား သောင်းကျော်လွှတ်သော်လည်း နိုင်ငံရေးအကျဉ်းသား နည်းပါး
- မြန်မာအပေါ် အမေရိကန် စီးပွားရေးပိတ်ဆို့မှု တနှစ်သက်တမ်းတိုး
- ရန်ကုန်အစိုးရ သတင်းစာရှင်းလင်းပွဲ ရုပ်သံရိုက်ခွင့်ပိတ်
- ကျိုက်ဒုံမြို့နယ်ခွဲ ပစ်ခတ်မှု အရပ်သား ၃ ဦး သေဆုံး၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိ
- မုဒုံ ဗုံးကွဲအပြီး လုံခြုံရေးကျပ်
- NLD သတင်းစာသင်တန်းဖွင့်
- နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ လုပ်သွားမယ် - ဇေယျာသော်
- လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအမိန့်အပေါ် နိုင်ငံရေးအကျဉ်းသားမိသားစုနှင့် ပြည်သူလူထုမကျေနပ်ကြ
- ပါကစ္စတန်နဲ့ နေတိုး ရဟတ်ယာဉ်တွေ အပြန်အလှန် ပစ်ခတ်
- မြန်မာအစိုးရ၏လွတ်ငြိမ်းခွင့် ကုလ အထူးကိုယ်စားလှယ် စိတ်ပျက်
- လျှော့ပေါ့ထောင်ဒဏ်တွင် ဦးခင်ညွန့် အကျုံးမဝင်
- နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ ဇေယျာသော်

ကဆုန်လပြည့်နေ့

 
 ရန်ကုန် ရွှေတိဂုံရင်ပြင်က မေလ ၁၇ ရက်၊ ကဆုန်လပြည်နေ့ မြင်ကွင်းတချို့။

အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးသမားများ လွတ်မြောက်ရေး ဆက်လက်လှုပ်ရှားကြ

Joint Statement No.4-2011 of ABMA+88G+ABFSU

ကြံ့ဖွံ့ သမ္မတ ထောင်ဒဏ် လျှော့ပေါ့မှု

 
 
 ကြံဖွှံ့အစိုးရရဲ့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတဝှမ်း အကျဉ်းကျသူများအတွက် ထောင်ဒဏ် လျှော့ပေါ့ပေးကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။