Wednesday, March 20, 2013

သံဆူးကြိုးပေါ်က လရိပ် … (ထက်မိုး)

(၁) 
၉၀ ဖေဖော်ဝါရီ ၂၂ ရဲ့ 
သင်္ချိုင်းမြေမှာ 
မီးခိုးဖြူတွေလွင့်ပါး 
တစတစ မှုန်ဝါး 
အမေ - ထွက်ခွာသွားပြီ။ 

(၂) 
၅၂ နှစ် အချစ်နဲ့ ဒေါသတရား 
တဝမ်းတခါးနဲ့ မာန 
လမ်းဘေးဈေးသည်မရဲ့ ဈာပန 
ဘယ်သူမျက်ရည်ကျရဲပါသလဲ။ 

ပေးဝေ ရင်းနှီး တဲ့ 
သမီး ၃၊ သား ၃ 
လူတလုံး သူတလုံး 
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။ 


ကြေးနီ စာချုပ် (ကာတွန်း စောငို)

ပြည်သူ့ အလံတော် ... (စတုတ္ထပိုင်း - ကဗျာ အဆုံးသတ် အပိုင်း)

ငါသည် သေဆုံးသူများအား ပြောကြားပါအံ့။
 သွေးချင်း သားချင်းအပေါင်းတို့၊ ငါတို့၏ တိုက်ပွဲတို့သည် ဆက်လက်၍ ဆက်လက်၍သာ တိုက်ခိုက်သွားမည်သာတည်း။ 
တိုက်ပွဲတို့သည် မြေပြင်၌ လည်းကောင်း၊ အလုပ်ရုံများ၌ လည်းကောင်း၊ လယ်တော ယာကွက်များ၌ လည်းကောင်း၊ မြက်ခင်း လွင်ပြင်များ၌ လည်းကောင်း၊ စိမ်းစိမ်းနီနီနှင့် ရဲရဲတောက်လျက်ရှိသော ကြေးနီဖိုကျင်းများ၌ လည်းကောင်း၊ ဆည်းဆာချိန်ဝယ် သတ္ထုကြော အသွင်ဖြင့် လက်၍နေကုန်သော ကျောက်မီးသွေးတွင်းများ၌ လည်းကောင်း၊ ဆက်လက် တိုက်ခိုက်ကာ စစ်ကြောင်းများကို ဖြန့်ထားပါအံ့။ 


ကာတွန်း ဝင်းအောင် ရဲ့ လက်ရာတချို့

ပြည်သူ့ အလံတော် ... (တတိယပိုင်း)

ဤသို့အားဖြင့် ငါတို့ တိုင်းပြည်၏ အလံတော်ကို ပြုခဲ့ကြသည်။
သူတို့၏ ကြေကွဲခြင်း အ၀တ်ဖြင့် လူတို့သည် အလံတော်ကို ချုပ်လုပ်ခဲ့ကြသည်။ လူတို့သည် ရှပ်အင်္ကျီများကို ကိုက်ဖြတ်လျက် သို့မဟုတ် ကောင်းကင်မှာ၊ ဤကောင်းကင် အပြာကွက်မှာပင် သူတို့တိုင်းပြည်၏ ကြယ်ပွင့်များကို တပ်ဆင်ခဲ့ကြသည်။
တပ်မက်သော လက်တို့ဖြင့် ကျောက်မျက် ရတနာပမာ ကြယ်ပွင့်ကို တပ်ဆင်သည်။



ရန်သူပေါလို့ နေမှာပေါ့ ... (ကာတွန်း အောင်မော်)


ပြည်သူ့ အလံတော် .... (ဒုတိယပိုင်း)

ငါတို့သည် ဤ ဟန်တာစတုံ၊ ပါလိုမား၊ အဇူကနှင့် ၀ီယိုဂျီလို တို့တွင် နေကြသည်။
သူတို့ကျွေးမွေးသော သူတို့၏ ရှိသမျှ ဆင်းရဲ ညံ့ဖျင်းလှသော အာဟာရကို ခပ်မျှဉ်းမျှဉ်း သွင်းကာ ငါသည် ၀ါးမျိုခဲ့ရသည်။
သူတို့သည် သူတို့၏ ကြမ်းပြင်ဖြစ်သော မြေကြီးကို ငါ့အား ပြသကြသည်။
မီးဖို၊ အမှိုက်သရိုက်၊ ကြမ်းပိုးများနှင့် အဆုံးမဲ့သော သူတို့၏ ဘ၀၊ တကိုယ်တည်း အနေများ။
ထို့အပြင် ချွေးပြိုက်ပြိုက် ကျလျက်ရှိသော တွင်းတူး အလုပ်သမားများနှင့် သူတို့၏ ပေါက်ချွန်းမှ သစ်သားလက်ကိုင်တွင် လက်ရာများ အရစ်အရစ် ထနေသည်ကို ငါ မြင်တွေ့သည်။


Tuesday, March 19, 2013

သင်္ကြန်စာ (ကာတွန်း အောင်မော်)


ပြည်သူ့ အလံတော် .... (ပထမပိုင်း)

သူတို့ ကျဆုံးခဲ့သော ဤနေရာသို့ ငါသည် ငိုကြွေးတမ်းတရန် လာခြင်း မဟုတ်။
ယခုတိုင် ရှိနေသေးသော သင်တို့ကို ပြောကြားရန်သာ ငါလာခြင်း ဖြစ်သည်။
သင်နှင့် ငါကိုယ်တိုင်အား ငါ၏စကားများကို မြွက်ဟပါအံ့။
တပါးသူများကား ယခင်ကပင် သေဆုံးခဲ့ကြပါပြီ။
မှတ်မိသေးရဲ့လား။ ဟုတ်သည်၊ သင် မှတ်မိမှာပါပဲ။
သင်တို့လိုပင် အမျိုးအနွယ်ဆက် အမည်များနှင့်ပေတည်း။
တံငါသည်များ၊ ပန်းပဲသမားများ၊ သင်တို့လို အလုပ်နှင့် သူများပင်။



အတိုက်အခံအကွဲနှင့် ရွေးကောက်ပွဲ ရလာဒ် (မောင်ဝံသ)

ပြီးခဲ့တဲ့အပတ်က ပြည်သူ့ခေတ်ဂျာနယ်မှာ ရွေးကောက်ပွဲသင်ခန်းစာ နမူနာအချို့ခေါင်းစဉ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော့်ရဲ့ ရဲရဲတင်းတင်း အာမခံချက်လွဲချော်ပြီး ပဲခူးတိုင်းမှာ ဒီချုပ် တစ်နေရာ ရှုံးခဲ့တဲ့အကြောင်း ရေးခဲ့ပါတယ်။ အဲဒီအကြောင်း အစပြန်ဖော်ရတာက လောလောဆယ် ပြည်နယ်တချို့က တိုင်းရင်းသားပါတီတွေက နောက်ရွေးကောက်ပွဲတွေကျရင် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေ သူတို့ဆီမှာ လာမပြိုင်စေချင်ဘူးလို့ အတိအလင်း သဘောထားထုတ်ဖော်နေကြတာကို ကြားသိနေရလို့ ဖြစ်ပါတယ်။

ပြည်မြို့နယ် မဲဆန္ဒနယ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ဇာစ်မြစ်ကို ခုအချိန်မှာ ဇာတ်ကြောင်းပြန်မလှန်ချင်တော့ပါဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေ ရွေးချယ်ချိန်မှာ ကျွန်တော် အင်းစိန်ထောင်ထဲ ရောက်နေပါတယ်။ ၁၉၈၉ ဇူလိုင်လ ၂၀ ရက်နေ့ညက ဒီချုပ်ပါတီဌာနချုပ်ရုံးထဲကနေ ဗဟိုကော်မတီ ဦးမိုးသူနဲ့ ကျွန်တော့်ကို ဖမ်းသွားတာပါ။


Monday, March 18, 2013

ဝမ်ပေါင် (ကာတွန်း စောငို)


အဖြူဆိုင် (လဂွန်းအိမ်)

လက်ဖက်ပဲကြီး တပွဲ
ဆရာမကို ဆားနဲ့ တို့မြည်းနိုင်တယ်
ဒီဆိုင်ထဲမှာ နိုင်အာဂရာ ရေတံခွန်စီးသလို
အပြိုင်အဆိုင် သောကတွေကို မော့ချသံမှအပ
အလုံးစုံ တိတ်ဆိတ်တယ်
ဖက်ကြမ်းတွေ အငွေ့ပျံသွားတာ ငေးမောသူ ရှိကောင်းရှိမယ်


Saturday, March 16, 2013

အတ္တမာန ... တောတိုးဆင်ကန်းနှင့် နှပ်ကြောင်းလမ်းမ (ကမာပုလဲ)

ဆင်တကောင်ဟာ
သူသွားတိုင်း လမ်းဖြစ်ရမယ် ...
စိတ်ကြီးဝင် သွေးနားထင် ရောက်တဲ့အခါ ... ။

ချစ်သူဆင်အုပ်ကိုခွာ
ရန်သူ့တော နက်နက်ထဲ တိုးဝင်
သူ့အတ္တအတွက် အင်ကြင်းပန်းတွေ ခူးဖို့ ...။


ရင်ကို ထိမှန်စေခဲ့သော မြားချက်များ (ခင်မမမျိုး)

ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ပညာရှင်အချို့က သုတေသန ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊ စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့အထိဖြစ်သွားတာတွေ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသနစာတမ်းကိုဖတ်ရတော့ ဒီလောက်တောင်ပဲ ဆိုးဝါးသလားလို့ သံသယဝင်ခဲ့မိပါတယ်။ အွန်လိုင်းစာမျက်နှာ အသာထားလို့၊ ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ဒဏ်ကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုတလော ပုဂ္ဂိုလ်ရေးနဲ့ လုံးဝ မဆိုင်တဲ့၊ ကျွန်မရဲ့ စာမျက်နှာပေါ်မှာ လာတင်ထားတာလည်း မဟုတ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားတဲ့ မှတ်ချက်လေးတွေကတော့ ကျွန်မရဲ့ရင်ကို မြားချက်တွေလို ထိမှန်စေခဲ့ပါတယ်။ ဒီမှတ်ချက်လေးတွေကြောင့် မေးခွန်းတွေလည်း အများကြီးပေါ်ခဲ့သလို၊ တွေးစရာတွေလည်း အများအပြား ရှိသွားခဲ့ပါသေးတယ်။


တိုက်ဆိုင်မှုရှိခဲ့ရင် ... ခွင့်လွှတ် (ကာတွန်း အောင်မော်)


အနှစ်သာရအားဖြင့် (ခင်ငြိမ်းသစ်)

မန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ တောင်သူလယ်သမားတို့၏ ခေတ်အဆက်ဆက်က အိပ်မက်မှာ လယ်ယာလုပ်ငန်းခွင်တွင်း ပျော်ရွှင်ချမ်းမြေ့ချင်ပါသည်။ 

 တောင်သူလယ်သမားတို့သည် နယ်ချဲ့ကို ဆန့်ကျင်ခဲ့စဉ်က ရှေ့တန်းမှပါဝင်ခဲ့သည်။ တောင်သူလယ်သမားတို့၏ ပုန်ကန်မှုသည် မြန်မာ့သမိုင်း၏မျက်နှာစာ ကမ္ပည်းတင်ခံခဲ့ရသည်။ ထိုပုန်ကန်မှုသည် အင်္ဂလိပ်တို့ကို အံသြတုန်လှုပ်စေခဲ့သည်။ ခေတ်မီလက်နက်များ မပါဝင်ဘဲ ဓားလှံတို့ဖြင့် တော်လှန်ခဲ့သော လယ်သမားတို့ကို ၂ နှစ်တိုင်တိုင် ရှင်းလင်းခဲ့ပြီး ပုလိပ်တစ်ထောင်ကျော်ကို အသုံးပြုခဲ့ရသည်။ ထိုပုန်ကန်မှုကို လယ်သမားတို့၏ ဦးဆောင်ဖြစ်သော ဆရာစံကို ကြိုးပေးကွပ်မျက်ခဲ့မှသာ တောင်သူလယ်သမားတို့၏ ပုန်ကန်မှု ထိန်းသိမ်းနိုင်ခဲ့သည်။ လယ်သမားတို့၏ ပုန်ကန်မှုကြောင့် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေး ယိုင်နဲ့ခဲ့သည်။ 


တဆိတ်ကလေး နားထောင်ပေးကြပါ (မောင်ဝံသ)

ကျွန်တော့်ဘဝမှာ ဒီလောက်တိုတဲ့စာတစ်ပုဒ်ကို နှစ်ရက်ကြာအောင် ရေးလိုက်ဖျက်လိုက်၊ အကြိမ်ကြိမ်အဖန်ဖန် ချိန်ဆပြီးမှ ရေးဖြစ်တာ သည်တစ်ကြိမ်ပဲ ရှိပါသေးတယ်။

အကြောင်းကတော့ လက်ပံတောင်းတောင်ပြဿနာမှာ ယခုနောက်ပိုင်း ဆက်လက်ဆန္ဒပြနေတဲ့ တောသူတောင်သားတွေကို ပညာမဲ့ အသိဉာဏ်မဲ့ ဘာမှမသိနားမလည်ဘဲ နိုင်ငံရေးပယောဂတွေက ကြိုးဆွဲရာကို ကပြနေသူတွေလို့ ပြောကြဆိုကြတာတွေ ဖတ်ရပြီး စိတ်မကောင်းဖြစ်လွန်းလို့ပါ။

ကျွန်တော်က ကျေးလက်တောရွာမှာ မွေးဖွားကြီးပြင်းပြီး အသက် ၁၀ နှစ်ကျော်မှ မြို့ကို ရောက်ဖူးသူပါ။ ကျောမွဲနင်းပြား တောင်သူလယ်သမားတွေရဲ့ဘဝကို မျက်မြင်ကိုယ်တွေ့ သိရှိနားလည်ပြီး စာနာထောက်ထားစိတ် တစ်သက်လုံး ထားရှိခဲ့ပါတယ်။ ဖင်ထဲ ရွှံ့တစ်ပိသာလောက်ဝင်အောင်လုပ်မှ ထမင်းတစ်လုတ်စားရတဲ့ဘဝဆိုတာ ကျွန်တော်က ကိုယ်တွေ့မျက်မြင် သိခဲ့တာပါ။


ရေရှည်အကျိုးကို ကြည့်တာပါ ... (ကာတွန်း စောငို)


Friday, March 15, 2013

လက်ပံတောင်းမှာ မြွေရှိတယ် (ကိုညို)

"လက်ပံတောင်းမှာမွရှိတယ်။ အဲဒီမွေဟာ သူ့ဖာသာ ခွေနေတာ ကြာပီ။ သိပ်ကို ထိပါးစော်ကားလို့ ပါးပျဉ်းထာင်လာတာဖစ်တယ်။ ဒေါသူပုန်ထလာတာဖစ်တယ်။ ဒီမွေကို မီးလောင်ဗုံးနဲ့ တိုက်ခဲတယ်။ အရေခွံတွေ ကွာကျအောင်လုပ်ခဲတယ်။ မောင်းထုတ်ခဲတယ်။ ဒါပေမယ့် လက်ပံတောင်းမြွရဲ့အစွယ်ကိုတော့ သူတိုမချိုးနိုင်ခဲ့ဘူး။ လက်ပံတောင်းမြွေဟာ အဆိပ်ပြင်းတယ် ..."

ဗမာပြည် မတ်လသမိုင်းဟာ ထကြွတယ်၊ ပုန်ကန်တယ် နိုးကြားတယ်ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ပါ။ ဖက်ဆစ်တွေကို တော်လှန်ခဲ့တာလည်း မတ်လပဲ။ အာဏာရှင်တွေကို ပုန်ကန်ခဲ့တာလည်း အဲဒီ မတ်လပဲ။ အာဏာရှင် လက်ရုံးတပ်တွေကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနေ့လို့ (၁၉၈၉ ခုနှစ် ဖုန်းမော်နှစ်ပတ်လည်မှာ) ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြေငြာပေးခဲ့တာပါ။ 

တိုက်တိုက်ဆိုင်ဆိုင် လူ့အခွင်အရေးနေ့ ငွေရတုပြည့် မတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပံတောင်းက လူ့အခွင်အရေး တောင်းဆိုသံတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်သွားခဲ့တယ်၊ ကြားသွားခဲ့တယ်။ ကျနော်ကတော့ အဲဒီအသံတွေဟာ လက်ပံတောင်းက မြွေတွန်သံတွေလို့ မှတ်ယူလိုက်တယ်။ လက်ပံတောင်းမြွေတွေဟာ ပါးပြင်းတွေထောင်ကြတယ်၊ မာန်တွေနဲ့ တရှုးရှုး မှုတ်တယ်။ 


ရန်သူ ပျောက်နေတယ် .... (ကာတွန်း စောငို)


Thursday, March 14, 2013

အနာတရ ... ပိတောက် (ကမာပုလဲ)

ပိတောက်တွေဟာ ရင်တထိတ်ထိတ်နဲ့
ဖူးရမလား ... ပွင့်ရမလား ... ငုံရမလား
ကြွေရမလား ...
သူစိမ်းပြင်ပြင် စိမ်းကားလိုက်ရမလား ...။

တချို့ ပိတောက်ပင်တွေ ဖူးနေတယ်ဆိုပဲ ...။

အဲဒီ ပိတောက်ဖူးတွေမှာ ...
လတ်လတ်ဆတ်ဆတ် ယမ်းခိုးယမ်းငွေ့ရနံ့တွေ
၈၈၈၈ နဲ့ အရေးတော်ပုံ ကြွေးကြော်သံတွေ
စိုးနိုင် ... ဖုန်းမော် ... ဝင်းမော်ဦးတို့ရဲ့
အပြစ်မဲ့ သွေးညှီနံ့တွေ
တံတားနီက မကျွတ်မလွတ်နိုင်သေးတဲ့ ဝိဉာဉ်တွေ
အကျဉ်းထောင်တွေထဲက ကျဆုံး အာဇာနည်တွေ
၁၉၉၁ မြစ်ဝကျွန်းပေါ်က လူမျိုးတုန်း လူသတ်ပွဲကြီး
ဒီပဲရင်း လူအစုအလိုက်အပြုံလိုက်လူသတ်ပွဲရဲ့ အသံ
နာဂစ် သားသတ်သမားရဲ့ အခြေခံဥပဒေ
ရှစ်စိပ်မက ကွဲကြေနေတဲ့ ... အရိုက်ခံ အနှက်ခံ
၂၀၀၇ စက်တင်ဘာ သံဃာတွေရဲ့ ဦးပြည်းစိမ်းများ ...။


မြေသိမ်းမြေလုပြီး အကြမ်းဖက်ခြင်းကို တွင်တွင်လုပ်လာနေတဲ့ စစ်အစိုးရ (ရဲဘော်ဖိုးသံချောင်း)

မုံရွာ လက်ပံတောင်းတောင်၊ မအူပင် မလက်တိုကျေးရွာအုပ်စု၊ ကျောက်ပန်းတောင်း နှစ်ကျပ်ခွဲကျေးရွာ။ သုံးလအတွင်း ဗမာနိုင်ငံမှာ အစိုးရရဲ့ပုလိပ်တွေ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကေအိုင်အေကို ဒီနေ့အထိ မပြတ်ဆက်တိုက် ထိုးစစ်ဆင်နေတာပါ ထည့်တွက်လိုက်ရင် ဗမာပြည်မှာ လူထုအပေါ်လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းနေတဲ့ နှုန်းထားဟာ ကမ္ဘာမှာ ထိပ်ဆုံးထဲက ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။

ဒါကိုတခါ ထပ်အသေးစိတ် စူးစမ်းလိုက်ရင် ဗမာပြည်မှာ ဗိုလ်သိန်းစိန် ကြံ့ဖွတ်အစိုးရ တက်လာပြီးမှ၊ နောက်ပြီး ဒီအစိုးရ သက်တမ်းရှည်လာတာနဲ့အမျှ လူထုအပေါ် အကြမ်းဖက်မှုတွေ ပိုများလာတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီတော့ လူထုဘက်က မစဉ်းစားဘဲ နေလို့မရတဲ့ ပြဿနာတွေ ပေါ်လာပါတယ်။


ဝယ်လိုက်ပြီ ... (ကာတွန်း စောငို)


Tuesday, March 12, 2013

ပြည်သူတွေ ပြင်ပြင်၊ ရှင်ဘုရင်တွေ ပြောင်းပြောင်း (ဟံသာဝတီ ဦးဝင်းတင်)

နိုင်ငံခြား သတင်းဌာနတစ်ခုကလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်းကြီးပါကလား။ သတင်းက ဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားဗျ။ ဘာတဲ့။ အဲ....အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို လျော့ချသွားတော့မယ် ဆိုပါကလား။ 

သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာလုပ်တာ များလားဗျာ။ 

`ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ် ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော်က အစိတ်သားကြီး (အဲလေ ယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိစွာ လျော့ချနိုင်မှာပါတဲ့။ 


မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (ပန်းချီ - အောင်ထက်)

မေးခွန်းများ (သစ္စာနီ)

ဖန်ဆင်းရှင်မှာ အမေရှိလား 
စကြဝဠာမှာ မှန်ပြောင်းရှိလား 
အချိန်မှာ နာရီရှိလား 
သမိုင်းမှာ ကြောင်လိမ်လှေကားရှိလား 
လောကပါလတရားမှာ ချိန်ခွင်ရှိလား 
ကောင်းကင်မှာ ခေါင်မိုးရှိလား 
တောင်တန်းတွေမှာ အိပ်ယာရှိလား 
ပင်လယ်မှာ ရေတွင်းရှိလား 
မြစ်တွေမှာ အတောင်ပံရှိသလား 
ပန်းပွင့်တွေမှာ အသားအရောင်ခွဲခြားမှုရှိလား 
ဘဝမှာ ခရီးသွားမြေပုံရှိလား 
မျှော်လင့်ခြင်းမှာ သန္ဓေတားဆေးရှိလား 
သေခြင်းတရားမှာ မွေးနေ့ရှိလား 
မေးခွန်းများမှာ အဖြေရှိသလား။ 

သစ္စာနီ 


 

မြန်မာ့ မီဒီယာ (ကာတွန်း ဟန်လေး)


ရွေးကောက်ပွဲ သင်ခန်းစာ နမူနာအချို့ (မောင်ဝံသ)

မန်မာနိုင်ငံရဲ့ အဓိကရ နိုင်ငံရေးအဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး မတ် ၈၊ ၉၊ ၁၀ မှာ ကျင်းပပြီးစီးသွားပါပြီ။ အခြေအနေအရပ်ရပ်အရ နှစ် နှစ်ဆယ်ကျော် အစိတ်အတွင်း ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းထားရတဲ့ ပါတီအဖြစ်ကနေ အောက်ခြေပါတီဝင်ထုက ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ပါတီအဖြစ်သို့ ကူးပြောင်းတည်ဆောက်နိုင်ခဲ့ပြီလို့ ဆိုနိုင်တယ်ဗျ။ 

ကျွန်တော် မှတ်သားမိသလောက် မြန်မာနိုင်ငံရေးသမိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ဖူးတဲ့ နိုင်ငံရေးအဖွဲ့အစည်းများဟာ ဂျီစီဘီအေက စလို့ ဖဆပလ၊ ဗကပ၊ ပမညတ၊ ပထစအဆုံး ပြည်သူ့ပါတီများအဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့ကြတာချည်းပါပဲ။ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဟိုတုန်းကတော့ ပြည်လုံးကျွတ် ညီလာခံလို့လည်း သုံးနှုန်းခဲ့ကြပါတယ်) တွေ ကျင်းပပြီး ပါတီတွင်း ဒီမိုကရေစီကို ရှင်သန်စေခဲ့ကြပါတယ်။ 

ပါတီညီလာခံတွေကြောင့် ထက်ခြမ်းတွင်မကဘဲ လေးခြမ်းလောက် ကွဲကုန်ကြတဲ့အဖြစ်မျိုးတွေကိုလည်း ဂျီစီဘီအေကြီးက အစ နမူနာတွေပြခဲ့ပေမယ့် နောက်ပိုင်းမှာ ဖဆပလ၊ ဗကပ တို့အပြင် ဒီမိုကရေစီပါတီ မဟုတ်တဲ့ မဆလခါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ညီလာခံတစ်ခုမှာတောင် ဖြုတ်ထုတ်ပွဲတွေ ဖြစ်ခဲ့သေးတာပါပဲ။ ပါတီဥက္ကဋ္ဌကြီးက မဲအရေအတွက်မှာ နံပါတ် ၃ လား၊ ၄ လား ဖြစ်သွားလို့ဆိုလား၊ ပါတီတွင်း သန့်စင်ပွဲတွေ လုပ်ခဲ့ကြ၊ ခေါက်ဆွဲ တစ်သေတ္တာ၊ နို့ဆီဗူး တစ်သေတ္တာ စာရင်းကွာမှုနဲ့ ဖြုတ်ထုတ် ထောင်ချသတဲ့။ အင်မတန် ဟားတိုက်စရာကောင်းတဲ့ နိုင်ငံရေးပြက်လုံးတွေ ပေါ်ခဲ့ဖူးသဗျာ။ 


Monday, March 11, 2013

တံတားနီမော်ကွန်း (မောင်စွမ်းရည်)

ရန်ကုန်တက္ကသိုလ် 
စိမ်းစိုလှပ၊ အာရှဥယျာဉ် 
ကမ္ဘာ့တခွင်မှာ စာတင်ထင်ရှားခဲ့ပါတယ်။ 

ရကန်အသင့်၊ ကြာအသင့်နဲ့ 
ပင်မြင့်ပင်စောက်၊ ပင်အောက်အခြေ 
မာင်တွေမယ်တွေ၊ ဖော်ရေယ်ရွှင် 
ကည်လင်သာယာ၊ မြန်မာအနာဂတ် 
သားမြတ် သမီးမွန်၊ ကျွန်ခေတ်တော်လှန် 
ခံယူခဲ့ကြ သခင်ဘဖြင့် 
လှပသမိုင်း ရှိခဲ့တယ်။ 

ပိတောက် ကံ့ကော် 
အကြော်စကား၊ စိန်ပန်းများနဲ့ 
နံ့ရှားကြိုင်လွင့်၊ ခါတန်သင့်မှာ 
ပွင့်မျိုးစုံ ဆော 
ကန်ထဲမှာကြာ၊ ကန်ဘောင်မှာ ပိတောက် 
လသင့်ရာ ကြိုင်လှောက်လို့ 
မိုးသောက် နေင်၊ နွေင်မိုးကူး 
အလှထူးတဲ့ ဒို့နယ်မြေ။ 


ကျေးဇူးရှင် (ကာတွန်း အောင်မော်)


နှောင်ကြိုးတွေ မချည်ပါနဲ့ (သစ္စာနီ)

စနေနေ့ ၉-၃-၁၃ နေ့က သူရဦးအေးမြင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော လွှတ်တော်ရေးရာကော်မတီမှ အစည်းအဝေးဖိတ်သည်။ ရှစ်မိုင် ရန်ကုန်စီးတီးဟော်တယ်မှာ ၉ နာရီဟု ဆိုသည်။ လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ဥပဒေမူကြမ်းကို ဆွေးနွေးဖို့ဖြစ်သည်။

ကျနော်တို့ ကဗျာဆရာများသမဂ္ဂ မတက်ရောက်ဖြစ်။ ကိုထွန်းဝင်းငြိမ်း(စာရေးဆရာသမဂ္ဂ) ဖုန်းဆက်တော့ ကျနော်တို့သဘောထားက အရင်အတိုင်းပဲဟုသာ ပြောလိုက်သည်။ (အစည်းအဝေးသွားမတက်ခြင်းမှာ ကျနော်တို့ ကမ္ဘာ့ကဗျာနေ့ကျင်းပရန် အစည်းအဝေးနှင့် လူထုပဲ့တင်သံ သံချပ်ဒိုင်အဖွဲ့၏ အစည်းအဝေးများ ရှိနေခြင်းကြောင့်ဖြစ်သည်။) မနှစ်ကလည်း ထိုနေရာမှာပင် (ဝန်ကြီးဦးကျော်ဆန်း လက်ထက်) ထိုလွှတ်တော်ရေးရာကော်မတီက ဖိတ်ခေါ်ကာ ဆွေးနွေးဖူးသည်။


ဟံသာဝတီ ဦးဝင်းတင် (၈၃) နှစ်မြောက် ဂုဏ်ပြုကဗျာ (မောင်လွမ်းဏီ)

ဗဂျီအောင်စိုး မှ အောင်ဗဂျီကိုး ... သို့ (ကမာပုလဲ)

တညသားမှာ 
ကျနော့်ကို လက်တို့ 
အိပ်ယာကနေ လာလို့ နှိုးတယ် မေမေ ...။ 

“ချစ်သား ... ငါ့နောက်လိုက်ခဲ့” တဲ့။ 

ဗာဓိ ညောင်ပင်လား 
သစ်ပင်ကြီးတပင်အနားဆီ ခေါ်သွား 
“ချစ်သား ... အသင် ဘာမြင်သလဲ” တဲ့။ 


အချိန်မီ ... (ကာတွန်း ဟန်လေး)


NLD (LA) အနာဂတ် နိုင်ငံရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်ကို ခေတ္တသွားရောက်လေ့လာ၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်း ကို ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ရန်ကုန်မြိုမှာ တွေ့ဆုံမေးမြန်းပြီး NLD လွတ်မြောက်နယ်မြေအဖွဲ့ရဲအနာဂတ် နိုင်ငံရေး ရပ်တည်လှုပ်ရှားမှုကို ဆွေးနွေးတင်ပြထားပါတယ်။ 

 ဒေါ်ခင်စိုးဝင်း ။ ။ ပြည်တော်ပြန်အဖွဲ့အစည်းတွေ အများကြီးတွေထဲမှာ NLD-LA လည်း ပါလာပြီပေါ့။ NLD-LA အဖွဲ့ ကိုယ်စားလှယ်အဖွဲ့ ဒီကိုလာခဲ့ရတာက မြန်မာအစိုးရရဲဖိတ်ကြားချက်အရ လာခဲ့တာပါလားရှင့်။ 

ဦးမြင့်သိန်း ။ ။ ပထမဦးဆုံးအချက်အနေနဲ့ ပြောရရင်တော့ ကျနော်တို့က ပြည်တော်ပြန်မဟုတ်ပါဘူး။ ကျနော်တို့ ခဏလာပြီးတော့ လေ့လာဖို့။ သူတို့ ဖိတ်ကြားချက်လို့ ပြောရင်လည်း မှန်တယ်လို့တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ ကိုယ်တိုင်က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ နှစ်ကြိမ်တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ပါတီရဲရပ်တည်ချက်သဘောထားကို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကျနော်တို့ ၂၀၁၅ အထိ ဆက်ပြီးတော့ နေအုံးမယ်။ ထင်သာမြင်သာရှိတဲ့ အခြေအနေတွေ မဖြစ်မချင်း ကျနော်တို့ အဲဒီအချိန်အထိ ဆက်ရှိမယ်။ 


Wednesday, March 6, 2013

ကဗျာဆရာတွေ ဘယ်သွားသေနေကြသလဲ (ချိုတူးဇော်)

ကိုလှသန်း 
ခင်ဗျားကို လွမ်း လို့ 
ကျနော် ဒီကဗျာရေးတယ်. . . 

"ကဗျာဆရာဆိုတာ 
လည်စင်းခံပေးရုံသက်သက် 
သိုးတွေ မဟုတ်ဘူး. . ."

ကဗျာ့တပ်ဦးက အကိုကြီးတယောက် 
အဲသလို ရေရွတ်ဖူးခဲ့. . .

ပြီးတော့ 
လက်ဆောင်ပန်းခြင်းသွားပို့ 
ပြီးတော့ 
ရဲတွေနဲ့ပေါင်း 
ပြီးတော့ 
သစ်ပင်စိုက် 
ပြီးတော့ 
သမဂ္ဂဖွဲ့ 
ပြီးတော့ 
တိုက်ပုံဆင်တူဝတ်
ပြီးတော့ 
အခမ်းအနားတက် 
ပြီးတော့ . . . 

"မတရားတာတွေ ရှိနေသေးသရွေ့ 
တော်လှန်ရေးဆိုတာ ရှိနေမှာပဲ. . ." 


သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၃ (ကိုညို)

ဆောင်းပါးရဲ့ ဒီအပိုင်းလေးရေးနေတဲ့ အခုမတ်လဟာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ကို မဏိပူရ အာဏာပိုင်တွေက ဒုက္ခသည်စခန်းကနေ မြန်မာပြည်နယ်စပ်ကို တိတ်တဆိတ် မောင်းနှင်တဲ့လနဲ့ တိုက်ဆိုင်နေတယ်။ မတ်လဟာ တော်လှန်ရေးလ ဖြစ်တယ်။ တော်လှန်ရေးရဲ့သင်္ကေတလည်း ဖြစ်တယ်။ အပင်တိုင်း ရွက်ဟောင်းတွေ ကြွေနေတယ်။ တချို့အပင်တွေက ရွက်နုအသစ်တွေနဲ့ ပြောင်ပြောင်လက်လက်၊ အပင်တချို့ကတော့ ပုရစ်ဖူးတွေငုံလို့။ “တပေါင်းရောက်ပြီ၊ လက်ပံ ပေါက်လဲ မြိုင်ထဲနီရဲနဲ့ အစချီပြီး … … နီစွမောင်းမောင်း လတပေါင်း ...” နဲ့ အဆုံးသပ်ထားတဲ့ ဆရာထူးရဲ့ 'တပေါင်းနီ' ကဗျာလေးကို သွားသတိရတယ်။ 

အဟောင်းတွေကို ဖြိုချပြီး အသစ်ထူထောင်မယ့် ကျနော်တို့ဟာ မရေမရာခရီးကြမ်းကြီးတခုကို လျှောက်နေရပေမယ့် မာန်တွေကတော့ ကျမသွားသေးဘူး။ မဏိပူရ အာဏာပိုင်တွေကိုတော့ စိတ်ထဲ ကမ္ဘာမကြေဖြစ်နေကြတယ်။ ကျနော်တို့ဖြတ်နေတဲ့ မဏိပူရသစ်တောဟာ အရွက်တွေပြုန်းစပြုနေပြီ။ျှိုမြောင်တွေအောက်က ဝါးတောကီးတွေဟာ သင်္ကန်းဝါဝါကြီး ခြုံထားသလိုပဲ။ ကြွေကျနေတဲရွက်ဝါတွေကို နင်းခြေသွားလိုထွက်လာတဲ တရှဲရှဲ တရှပ်ရှပ်နဲ့ အသံတွေကပဲ လွှမ်းမိုးနေတယ်။ 


ညွှတ်ကွင်း ... (ကမာပုလဲ)

စိတ်သွားတိုင်း အလွမ်းကပါတယ် မေမေ
ခုဆို အမေ့အိမ် ကတက်ရွက်ကလေးတွေ နုနေမှာ
ဥသြတွန်သံကြားသလားမေမေ ...
ချိုးငှက်ကလေးကလည်း အမေ့ကို လွမ်းအောင် ကူချွဲနေမှာပဲ ...။

စိတ်သွားတိုင်း အလွမ်းတွေက တနင့်တပိုးနဲ့ပါ မေမေ
တမာပင်ကလေး ပွင့်ပြီလား
လမ်းထိပ်က ဘုံပိုင် ပိတောက်ပင်ကြီးကရော ...
ရွှေရင် တထိတ်ထိတ် ခုန်လို့
ဖူးလို့ ငုံလို့ ကျနော့်ကို စောင့်မျှော်နေဆဲလား ...
ငုတွေတော့ ဒီမှာလည်း ပွင့်တယ်မေမေ ...။


အဝီစိ (ကာတွန်း အောင်မော်)

မမျှော်လင့်တဲ့ ဆရာကန်တော့ပွဲတစ်ခု (မောင်ဝံသ)


ပြီးခဲ့တဲ့အပတ်က ဘယ်လိုမှမထင်ထားတဲ့ ဆရာကန်တော့ပွဲတစ်ခုကို တက်ရောက် အကန်တော့ခံခဲ့ရတယ်။ ကန်တော့တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေက အခုနေပြောရင် အနက်ပါဖွင့်ပြရမယ့် ၁၉၇၈-၁၉၈၀ လူထုဆက်သွယ်ရေးလုပ်ငန်းပညာ Mass Communication) သင်တန်းရဲ့ ကျောင်းသားဟောင်းတွေ ဖြစ်တယ်ဗျ။

ဆရာကန်တော့ပွဲ အစီအစဉ်အကြောင်းကို ကျွန်တော့်ဆီ ဖုန်းဆက်သတင်းပေးသူက ဆရာကြီးဦးအောင်သင်းရဲ့သမီး မမော်မော်သင်းဖြစ်ပါတယ်။ သူက 'လူထုဆက်' သင်တန်းရဲ့ တတိယအသုတ် ၁၀၀ ဦးထဲမှာ ပါတယ်။ မြန်မာနိုင်ငံပညာရေးလောကမှာ စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့တဲ့ ဒေသကောလိပ်စနစ်ပေါ်ထွန်းခဲ့တဲ့ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ သုံးနှစ်တာကာလမှာ တစ်နှစ်ကို သင်တန်းသား ၁၀၀စီ လက်ခံခဲ့တာဖြစ်လို့ စုစုပေါင်း ၃၀၀ ရှိခဲ့ပါတယ်။ အခု ၃၅ နှစ်လောက်ကြာတော့မှ သူတို့တွေထဲက ဆရာကန်တော့ပွဲလုပ်ဖို့ စိတ်ကူးရသူ လေးငါးဆယ် ယောက်လောက်က တိုတောင်းတဲ့အချိန်တစ်ခုအတွင်း ဆက်သွယ်စည်းရုံလိုက်ကြတာ ဖေဖော်ဝါရီ ၂၄ ရက် (တနင်္ဂနွေနေ့) မှာ ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ ကျောင်းသားဟောင်း ၆၀ ကျော် ၇၀ လောက်တက်ရောက်တဲ့ပွဲလေးတစ်ပွဲ လှလှပပ ဖြစ်မြောက်သွားခဲ့ပါတယ်။


Sunday, March 3, 2013

မြင့်မြင့်ပျံ ... ဝေးဝေးမြင် ... (ကာတွန်း စောငို)


အသံတော့ စမ်းနေပြီ (ကျော်ရင်မြင့်)

ကမ္ဘာပျက်ခါနီးမှာ နေဆယ်စင်း ထွက်တယ်ဆိုတာ တော်တော် ပူမှာပဲလို့ ဝင်းဝင်းတောက်နေတဲ့ နေလုံးကြီးကို လက်ဖဝါးနဲ့ကာပြီးကြည့်ရင်း ကိုငွေတိုး တွေးနေတယ်။ 

ကိုငွေတိုး တ်ထားတဲ့ ဖျင်အင်္ကျီကီးလည်း ချွေးတွေနဲ့ နစ်နေပြီ။ အင်္ကျီကိုချွတ်ပြီး ညှစ်ရင် ရေစိမ်ထားသလို ချွေးတွေ ထွက်လာမှာပဲ။ ကောင်းကင်မှာတော့ တိမ်တစ်စ တစ်မျှင်မျှ မရှိ။ မီးလုံးကြီးနဲ့တူတဲ့ နေမင်းက ရှိသမျှ အပူဓာတ်တွကို အားရပါးရ လွှတ်ထုတ်ပးနေတယ်။ နေပူတော့ မိုးတိမ်တွေလည်း အငွေပန်ပြီး ပျောက်ကုန်ပြီ ထင်ပါရဲ့။ မိုးတစ်ပေါက်တာင်မှ မရွာတာ ကြာလှပြီ။ မိုးမရွာတာ ကြာတော့ ဝါပင်တွေလည်း သံချေး တက်နေပြီ။ “ဝါပင်တွေက သံချေးတက်၊ အိမ်က မိန်းမ ဆန်ချေးထွက်” လို့ မြောက်ဘက်အိမ်က ဖိုးတော အပြောင်အပြက်ပြောတဲ့စကားကို နားထဲမှာ ကြားယောင်လာတယ်။


ဒီကနေ့ ကဗျာ (ဆောင်းလူ)

ဒီကနေ့ ....
ဗင်ဂိုးရဲ့ နွေဦးကဗျာကို ဖတ်မိတယ်
နောက် ...
နော်ခမ်းနဲ့ အပေါင်းအပါတွေ ဘ၀ကူးတယ် ...

စိတ် .....
မလက်တိုကို ရောက်သွားလိုက် ...
ကြေးနီတောင်ကို ရောက်သွားလိုက် ....

မျက်လုံးထဲ ....
ကျောက်စိမ်းတွေလား ....
ကချင်မလေးတွေလား ....
နန်းတော်ကြီး မီးပုံးကြီးနဲ့ နှစ်သစ်အကူး ...
ကျုံးထိပ်က နဂါးကြီး စောင့်ကြောင့်ထိုင်လို့ ...


Saturday, March 2, 2013

ဝဋ်ကောင် (ကမာပုလဲ)

ခေတ်က ပျက်တော့
အရပ်ပျက် ဇာတ်ပျက်နဲ့ လူပျက်တွေသာ ခေတ်စား ...။

ခေတ်က ပျက်တော့
အဲဒီ ခေတ်ပျက်ကြီးနဲ့ လိုက်လျောညီထွေ ရှိဖို့ရာ
ကိုယ်ဟန်ပြသူတွေ ခေတ်စား
ကိုယ်ခန္ဓာကို အောက်ဈေးနဲ့ ချရောင်းနေသူတွေ ခေတ်စား
ကိုယ့်နာမည် ကိုယ် ရောင်းစားသူတွေ ခေတ်စား
ကိုယ့်ရပ်တည်ချက် ကိုယ်ချရောင်းနေသူတွေ ခေတ်စား
နှလုံးသား သစ်ခေါင်းပေါက်နဲ့ လူပျက် ဦးခေါင်းတွေ ခေတ်စား အနုပညာလိုလို ...
မေတ္တာတရားလိုလို ... ကြောင်သူတော်လိုလို ...
သူရဲကောင်းလိုလို ... ခေတ်ရှေ့ပြေးသူတွေ လိုလို ...
နိဗ္ဗာန်ကို အရောက်ပို့မယ့် ဖောင်ကူးတို့တွေလိုလို ...။


ဘတ်ဂျက် ... (ကာတွန်း စောငို)


အာဏာရှင်ဆင်ရိုင်းကို ဒီမိုကရေစီကျုံးထဲ သွင်းကြပါ (ကိုညို)

သမ္မတဦးသိန်းစိန် နော်ဝေးနိုင်ငံ အော်စလိုကို ရောက်တဲ့ရက် ညနေခင်းမှာ ကျနော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွသူ လူ ၅၀ ဆန္ဒပြတာနဲ့ပတ်သက်ပြီး အားပေးထောက်ခံတဲ့သူတွေရှိသလို ရတ်ချ အပြစ်တင်မှုတွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တွေ့ရတယ်။ ဒါ မဆန်းဘူး၊ ဒီမိုကရေစီဝါဒအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရှိတရားကိုတော့ လက်ခံရမှာပဲ။ 

နော်ဝေးရောက်မန်မာတွေအများစုက ဆန္ဒပြမယ်နေ့(တနင်္လာ) က အလုပ်ကိုယ်စီလုပ်နေရတော့ မအားကြဘူး။ အဲဒီနေ့ ဆန္ဒပြသူတွေဟာ တချို့က လစာမဲခွင်ယူ၊ တချို့က အလုပ်ဖျက်ပီး လာကြတာ။ အော်စလို အနီးအနားနဲ့ တခြားမို့က တိုင်းရင်းသားတွေတောင် ပါသေးတယ်။ ဘယ်သူကမှ တိုက်တွန်းနှိုးဆော် တွန်းအားပေးလိုလာကြတာမှုတ်ဘူး။ ကိုယ်အသိစိတ်ဓာတ်နဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်အတိုင်း ဒို့အလုပ် ဒို့လုပ်မယ်ဆိုပီး လာကြတာဖြစ်တယ်။ 

တချို့ မလာနိုင်ပေမယ့် ဖုံးတွေဆက်၊ မက်ဆေ့စ်တွေပို့ပီး အားပေးတာ၊ ထောက်ခံတာတွေလုပ်တာ အများကီး။ အခုဆန္ဒပြပွဲမှာ မကြိုက်ကြသူတွေ ဖေန်တာက “သမ္မတကီး သိန်းစိန်အား ရွှေပန်းဖြင် ကိုဆိုပါသည်” ဆိုတဲစာသားပိုစတာတခုပါ။


မြို့ကြီးသား (ကာတွန်း အောင်မော်)


"တောင်ကိုဖြိုရင် နတ်ကိုင်မယ်" - လက်ပံတောင်းတောင်မှ ငြီးငြူသံများ

ဆေးလိပ်မတို နေမညိုပါဘဲနဲ့ (မောင်သာချို)

(တစ်) 

နိုင်ငံကျော်ကဗျာဆရာကြီး “တင်မိုး”က ကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ “ဧည့်သည်ကြီး”ဆိုသည့်ကဗျာ။ 

“ဆေးလိပ်လည်းတို 
နလည်းညိုပြီ 
ငါ့ကို ပြန်ပို့ကြပါလေ” တဲ့။ 

ကဗျာတိုကလေးဖြစ်သည့်တိုင် အနက်အဓိပ္ပာယ်က တာသွားလှပါသည်။ လူသည်ဧည့်သည်။ ဤမြေကမ္ဘာပေါ်သို့ ခေတ္တခဏ လာရောက်နေနားခွင့်ရသည့် ဧည့်သည်။ အချိန်တန်တော့ ဘယ်မှန်းမသိသည့် အိမ်သို့ ပြန်ကြရစမြဲ။ သြော်.... လူဟာ ဧည့်သည်ပါတဲ့။ ဆေးလိပ်တိုကာ နေညိုချိန်ရောက်ပြီမို့ ပြန်ပို့ပေးကြပါတော့တဲ့။ သေခြင်းတရားနှင့် လိုက်ဖက်လွန်းလှသည့်ကဗျာ။

နောက်ထပ် ကဗျာဆရာကြီးတစ်ယောက် ရှိပါသေးသည်။ “ဒေါင်းနွယ်ဆွေ” ... တဲ့။ ဆရာ့ကဗျာအမည်က “နောက်ဆုံးရထား”။ 

“အလှကိုရှာ 
ဘယ်မှာမတွေ့။ 
တစ်နေ့အချိန်တန်တော့ 
ဆူညံညံငိုသံကြားရတယ် 
ရထားရွေ့ရွေ့ တဲ့” 

လှချင်ယောင်ဆောင်ထားသည့် လောကကြီးထဲ၌ ယောင်ချာချာ လျှောက်သွားနေခဲ့ကြရင်း အချိန်တန်တော့ မသာရထားပေါ်၌ ခေါင်းတလားကိုတင်ကာ တရွေ့ရွေ့ တွန်းသွားခံရပြီးနောက် ငိုသံတွေ စီခနဲကြားလိုက်ရခြင်းနှင့်အတူ လူ့ဘဝသည် ဇာတ်သိမ်းရစမြဲဖြစ်ကြောင်း ဖွဲ့ဆိုထားသည့် ကဗျာကလေးပဲဖြစ်ပါသည်။