Wednesday, November 30, 2011

ဟီလာရီ ကလင်တန် နေပြည်တော်ရောက်

 
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဒီကနေ့ ညနေ လေးနာရီသာသာမှာ နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။

ဓာတ်ပုံတွေကပြောတဲ့ ကျပ်ပြေး နေပြည်တော်

 
ဒီနေ့ အေပီနဲ့ ရိုက်တာ သတင်းဌာနတွေက တင်ထားတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် ကျပ်ပြေး နေပြည်တော်က ပုံရိပ်တွေပါ။

သူတို့ လာလည်သွားကြတယ် ... ကျေးဇူးပါ။

နှစ်မကုန်ခင် တလ အလိုမှာ ကိုယ့်ရဲ့ဘလော့ဂ်လေးကို ပြန်စစ်တမ်း ထုတ်ကြည့်တာပါ။

 
နိုဝင်ဘာလ တလထဲမှာပဲ ကျနော်တို့ရဲ့ ကရော်ကမယ် ဘလော့ဂ်လေးကို ဝင်ရောက် ခလုတ်တိုက်သွားတာက ဗမာပြည်က ၈၅၇ ယောက်၊ အမေရိကန် ၈၄၇ ယောက်၊ စင်္ကာပူ ၆၃၆ လို့ ဆိုပါတယ်။

ထိုင်း၊ ဂျပန်၊ အင်္ဂလန်၊ မလေး၊ သြစီ၊ ရုရှ၊ ဂျာမဏီတို့ကလည်း အစဉ်လိုက်အတိုင်း ဝင်ပြီး ခလုတ်တိုက်သွားကြသေးတယ်လို့ ဖော်ပြပေးထားတာ တွေ့ရပါတယ်။

လာလည်သွားကြတဲ့အတွက် အားလုံးကို ကျေးဇူးပါ။ နောက်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဝေမျှစရာတွေ၊ ပြောစရာတွေရှိရင်လည်း ကျနော်တို့ မေးလ်လိပ်စာ oothandar2010@gmail.com ကို ပို့ပေးဖို့ မေတ္တာရပ်ပါတယ်။


 

ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံ ကျင်းပပြီးစီး

ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နိုဝင်ဘာ ၂၇ ရက် နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ရာ ဒီကနေ့မှာ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

Tuesday, November 29, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၈)

နဝတ၊ နအဖ အပေါ် အမြင်

၁၉၆၂၊ မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းယူတဲ့နေ့ကစပြီး စစ်အုပ်စုက စစ်အာဏာကို တည်ဆောက်တယ်။ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ တလျှောက်လုံးမှာ စစ်အာဏာရှင်၊ စစ်ဗိုလ်ချုပ်ကြီးတို့က စစ်အာဏာကို ဆက်ခါ ဆက်ခါ တိုးမြှင့်ပြီး အကြင်နာတရားကင်းမဲ့စွာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ၃၆ နှစ်အတွင်းကို ရောက်နေပါပြီ။ မြန်မာပြည်အရပ်ရပ်မှာ စစ်တပ်အာဏာနဲ့ ရမ်းချင်တိုင်း ရမ်း၊ ကြမ်းချင်တိုင်းကြမ်း နှိပ်ကွပ်နေတဲ့လုပ်ရပ်များကိုကြည့်ရင် ပဒေသရာဇ် မြေကျွန်ယာကျွန်ခေတ် နယ်ချဲ့ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်ကထက် ကြမ်းကြုတ်ရက်စက်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးတွေဟာ အပြစ်မဲ့ပြည်သူလူထုကို ရိုက်သတ်တယ်။ ပစ်သတ်တယ်၊ ပေါ်တာဆွဲရာမှာရော၊ လုပ်အားပေးရာမှာပါ ဝန်ထုပ်ဝန်ပိုး မထမ်းနိုင်ရင် အလုပ်မလုပ်နိုင်ရင် ညှဉ်းပန်းနှိပ်စက်တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ သတ်ပစ်တယ်။ အပြစ်မဲ့ ကလေးတွေကို ပစ်ခတ်သတ်ဖြတ်တယ်။ ဘာမှမသိတဲ့ကလေးတွေကို ရန်သူလို သဘောထားပြီး မီးပုံထဲမှာ ပစ်ချတယ်။ လယ်ကွင်းတွေ၊ ဥယျာဉ်ခြံမြေတွေမှာ မိုင်းထောင်တယ်။ စပါးခင်းတွေ၊ လယ်ယာစိုက်ခင်းတွေကို ဖျက်ဆီးနေတယ်။ စစ်အာဏာရှင်ကြီးစိုးနေတာကြောင့် တောရော မြို့မှာပါ ပြည်သူတွေဟာ ကျန်းမာရေးဘက်က ကြည့်ကြည့်၊ ပညာရေးဘက်က ကြည့်ကြည့်၊ စီးပွားရေးဘက်ကပဲ ကြည့်ကြည့် ဘက်စုံ ဆင်းရဲဒုက္ခရောက်နေကြပါတယ်။ အနေချောင်တာက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ သူတို့ ပံ့ပိုးပေးထားတဲ့ လက်ဝေခံတွေလောက်ပဲ ဖြစ်ပါတယ်။

စောင်းပါးရိပ်ခြည် မဟုတ် ... ပစ္စုပ္ပန်တည့်တည့် လမ်းခွဲ (ကမာပုလဲ)

ဇာတ်ကမယ်သီတာလို
မီးပုံထဲ ခုန်ဆင်းမခိုင်းခဲ့ဘူး၊
ကိန္နရီ ကိန္နရာ
ချောင်းခြားခဲ့တာလည်း မဟုတ်ဘူး
ဘဝခြင်း မတူတော့တဲ့ စည်းတွေ
မဟာရံတံတိုင်းတွေလို ...။

ညက
အိပ်မက်ဟာ
ကျနော်တို့ ချွေးနည်းစာ ဘူတာရုံကလေးကနေ
အလံစိမ်းပြ ထွက်ခွာသွားခဲ့ပြီ ...။


ကိုလှရွှေနဲ့ ကျွန်တော် - ဖိုးသံ(လူထု)

ကျွန်တော် အစောကြီးကတည်းက နာမည်ကြားဖူးနေ၊ တွေ့ဖူးချင်နေတဲ့ ကိုလှရွှေကို အခုတော့ တွေ့ရပါပြီ။ သူ့ကို သိပ်တွေ့ဖူးချင်တဲ့အကြောင်းတွေထဲမှာက သူ့ကို တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေထဲမှာ အင်္ဂလိပ်စာ စာတည်းအဖြစ် ဓာတ်ပုံ တွေ့ဖူးနေတာ၊ အဲဒီတုန်းက ရှားရှားပါးပါး အစိုးရစကောလားရှစ်နဲ့ အင်္ဂလန်ကိုသွားပြီး လူထုကျန်းမာရေးပညာ (Public Health) လေ့လာဆည်းပူးခဲ့တာ၊ ကျွန်တော်တို့ သမဂ္ဂအသိုင်းအဝိုင်းထဲကနေပြီး ဒုတိုင်း ကျန်းမာရေးမှူး (စစ်ကိုင်းတိုင်း) ဖြစ်နေတာ စတာတွေအပြင် ကိုထွန်းကြည်ရဲ့ညီဝမ်းကွဲဖြစ်တယ်ဆိုတဲ့အကြောင်းကြောင့်လည်း ဖြစ်ပါတယ်။
 
ကိုထွန်းကြည်ဆိုတာ ရန်ကုန်ဆေးတက္ကသိုလ် (အဲဒီတုန်းက တခုတည်းရှိပါတယ်) သမဂ္ဂနဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂ အသိုင်းအဝိုင်းမှာ လူသိများ၊ လူချစ်လူခင်များတဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ သူလည်း ကိုလှရွှေလိုပဲ မြစ်ဝကျွန်းပေါ် ဟင်္သာတဇာတိပါ။ ကျွန်တော့်ဦးလေး ဒေါက်တာခင်မောင်အေးနဲ့ တတန်းတည်းသားဖြစ်ပြီး ဦးလေးကတဆင့် ကျွန်တော်တို့မိသားစုနဲ့ သိကျွမ်းပြီး ဆွေရင်းမျိုးရင်းလို ဝင်ထွက်သွားလာနေသူ ဖြစ်ပါတယ်။ သူက ကျွန်တော့်အစ်ကိုနဲ့ လက်ပွန်းတတီး နေထိုင်ပြီး အဘက်ဘက် သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ မောင်နှမအားလုံးကလည်း သူ့ကို ချစ်ခင်လေးစားကြပါတယ်။

Monday, November 28, 2011

ဘဝဆိုတာ (နှင်းပန်းအိမ်)


“အသက်ရှင်နေထိုင်ခြင်းက ဒုက္ခ မဟုတ်ဘူး၊ ယုံကြည်ချက်အတွက် အသက်ရှင်နေတာ” … ။

ကောက်သစ်နံ့တွေ သင်းပျံ့နေမယ့် ခုလိုရာသီမှာ ကျွန်မ ဖေဖေတယောက် ကျေးရွာလေးတခုမှာ ကောက်လှိုင်းတွေ သယ်နေရော့မယ်။ လယ်ကန်သင်းရိုးကို အနားသတ်ထားတဲ့ထန်းပင်တွေကို လေတိုးလို့ ထန်းရွက်တွေ တဖြန်းဖြန်း ထနေတဲ့ အသံ၊ ကျေးငှက်သံတစာစာက မိသားစုနဲ့ တကွဲတပြားနေရတဲ့ ဖေဖေ့ကို အဖော်ပြုနေပါလိမ့်မယ်။ လယ်ရေကို အမှီပြုပြီး ရှင်သန်နေရတဲ့ လယ်ကန်စွန်းညွန့်လေးတွေ၊ မှိုနတိုတွေကို လယ်တောကအပြန် ဖေဖေခူးပြီး တို့စရာ လုပ်စားမှာပဲ။ ဒီလိုဆိုရင်တော့ ဖေဖေတယောက် မေမေ့ကို အထူး သတိရသွားမှာ ကျွန်မ မြင်ယောင်သေးတယ်။ မေမေက ဖေဖေ့အကြိုက် ငါးပိရည်၊ တို့စရာကို ရာသီနဲ့ယှဉ်ပြီး ဖွယ်ဖွယ်ရာရာ လုပ်ကျွေးတတ်သူပါ။

ဖေဖေနဲ့ မေမေက ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အပိုင် ထူးကြီးဇာတိသားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း အစားအသောက် အကြိုက်ချင်းတူကြတယ်။ သာမန်ကျေးတောသူ မေမေက ဖေဖေ့ကို ချစ်တဲ့စိတ်ကြောင့် ဖေဖေ ယုံကြည်တဲ့ အဘိဓမ္မာတွေ၊ အယူဝါဒတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဖေဖေ ရှာဖွေပေးတဲ့ အိမ်စရိတ်ကို လောက်ငှအောင် သုံးတတ်သူတယောက်လည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာပါတယ်။

နော်ဝေးအခြေစိုက် Partners Relief and Development အဖွဲ့ကနေ အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်မှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအဓမ္မခိုင်းစေမှုတွေ၊ အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိကြောင်း အထောက်အထားနဲ့တကွ ဖော်ပြထားပါတယ်။

တလွဲတွေ ပြောင်းသွားမယ် - (ကာတွန်း စောငို)

လျှပ်တပြက် မြို့တော်ဟောင်း

 ရိုက်တာ သတင်းဌာနက တင်ထားတဲ့ မြို့တော်ဟောင်း ရန်ကုန်ရဲ့ ပုံရိပ်တချို့ပါ။

Sunday, November 27, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁၄)

ဆရာ ဗန်းမော်တင်အောင်၏ ငြိမ်းချမ်းရေး စာပေများ
ထိန်လင်း

လူတစ်ယောက်ရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးသိနိုင်သလို သူပြောတဲ့ စကားရပ်တွေမှာလည်း အဲဒီလို ရပ်တည်ချက်တွေ ခံယူချက်တွေ ပါဝင်နေတတ်ပါတယ်။ အဲဒီလို ပြောစကားတွေထဲမှာ တချို့သော ထင်ရှားတဲ့ပုဂ္ဂိုလ်များရဲ့စကားရပ်တွေက သမိုင်းတွင်ပြီး ကျန်ရစ်လောက်အောင်ကို အရှိန်အဝါ ရှိလှပါတယ်။ အဲဒီထဲမှာ ဆရာဗန်းမော်တင်အောင်ရဲ့ စကားတစ်ခွန်းလည်း ပါဝင်ပါတယ်။ 

ဆရာ ဗန်းမော်တင်အောင်က “လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီစကားဟာ သူ့အကြောင်းပြောတိုင်း ထည့်ပြောလေ့ရှိတဲ့ ကိုးကားစရာစကားရပ် ဖြစ်လောက်အောင်ကို ခေတ်အဆက်ဆက် သယ်ဆောင်ခြင်းခံရတဲ့ စကားရပ်ဖြစ်ပါတယ်။ ဒါကလည်း ဆရာ့ရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး စတဲ့ ကြိုးပမ်းရပ်တည်မှုတွေကြောင့် သူ့စကားက ပိုပြီး လေးနက်လာတာလို့ ယူဆရပါတယ်။

က, ကညစ်ပေမှာခြစ် မဖြစ်ကြရအောင် (လူထုစိန်ဝင်း)

ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။ နည်းပညာတိုးတက်မှုရှိမှ တိုင်းပြည်တိုးတက်နိုင်တယ်။ ဈေးရောင်းတာတောင် တိုးတက်တဲ့ ဈေးရောင်းနည်းအတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ ‘ဆန်ပေး ဆေးယူ’ ဈေးရောင်းနည်းတွေနဲ့တင် အလုပ်မဖြစ်တော့ဘူး။


အာရှရဲ့ ထိပ်ဆုံးက

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက်တစ်ခုလုံးမှာ ထိပ်ဆုံးကရှိတဲ့ ပညာရေးစနစ်ဖြစ်တယ်။ စာတတ်မြောက်မှုရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံတချို့ထက်တောင် မြင့်မားခဲ့တယ်။ ဥရောပနိုင်ငံတွေမှာ မြို့တော်ကြီးက မှူးမျိုးမတ်နွယ်တွေနဲ့ လူကုံထံသားသမီးတွေသာ အိမ်မှာဆရာထားပြီး စာသင်ကြားခွင့်ရကြပေမယ့် မြန်မာပြည်က ကျေးလက်တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီးကျောင်းတွေမှာ အခမဲ့ပညာ သင်ကြားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် မြန်မာအမျိုးသမီးအများစုဟာ သေစာရှင်စာလောက်တော့ တတ်ကြတယ်။ လက်မှတ်ထိုးတဲ့နေရာမှာ ကြက်ခြေခတ်စရာ မလိုဘူး။ မြန်မာပြည်က မယ်ခွေလို အမျိုးသမီးစာဆိုတွေ စာပလွေရင်မှာပိုက်ပြီး ကဗျာလင်္ကာတွေ ရေးဖွဲ့နေချိန်မှာ ဥရောပနိုင်ငံအတော်များများမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်။

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ နဲ့ ပြည်ပ အစိုးရ သဘောထား


ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ မှတ်ပုံတင်လိုက်ပါပြီ။ လာမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာလည်း အပြည့်အဝ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မိုးကုတ်မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရခဲ့တဲ့ ဦးဘိုလှတင့်က ဗွီအိုအေ ကို အခုလို ပြောဆိုပါတယ်။

ဦးဘိုလှတင့် ။ ။ ဒီ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ တယောက်နဲ့တယောက် အပြန်အလှန် စတင်ပြီးတော့ အသိအမှတ်ပြုမှုတို့၊ အပြန်အလှန် နားလည်မှုတွေ ရရှိလာပြီးတော့ ဆောင်ရွက်လာကတည်းက တနေ့နေ့ ဒီလမ်းကြောင်းပေါ်ကိုတော့ အန်အယ်လ်ဒီဟာ ရောက်လာမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာပဲ။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့ မြန်မာနိုင်ငံက ကနေ့ အာရပ်ကမ္ဘာမှာဖြစ်နေတဲ့ အခြေအနေမျိုးကိုတော့ ဘယ်နည်းနဲ့မှ ဆိုက်ရောက်သွားစေချင်တဲ့ဆန္ဒ မရှိသလို။ ဆိုက်ရောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ အခြေခံပေါ်မှာ။ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်အရင်ထဲက ရွေးကောက်ပွဲလမ်းစဉ်ကို လက်ခံယုံကြည်လာတဲ့ အဖွဲ့ချုပ်ကြီးဖြစ်တဲ့အပေါ်မှာ ဒါက ဖြစ်လာမယ့်သဘောလိုပဲ မြင်ပါတယ်။

Saturday, November 26, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၇)


အပိုင်း(၂)

လက်ရှိ အမျိုးသားတော်လှန်ရေး အခြေအနေအပေါ် အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တရားဥပဒေဘောင်အတွင်းမှာ (နဝတ၊ နအဖ)ကို အံတုအာခံတဲ့ ဒီမိုကရေစီတိုက်ပွဲ အဆင့်မြင့်လာတယ်။ အစီအစဉ် ဆုံးဖြတ်ချက်ရှိထားတဲ့အတိုင်း ရှေ့တိုးပြီး အဆင့်ဆင့် တိုက်ပွဲဝင်သွားမယ်။ နောက်ပြန်ဆုတ်တဲ့မူ မရှိပါ။ ပျော့ပြောင်းသင့်တဲ့နေရာမှာ ပျော့ပြောင်းပြီး တင်းမာသင့်တဲ့နေရာမှာ တင်းမယ်။ လျှော့မပေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီး ၃ ယောက်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေ (ဗိုလ်ချုပ်ဟောင်း)၊ ဒု ဥက္ကဋ္ဌ ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဒေါ်အောင်ဆန်းစုကြည် (သခင်အောင်ဆန်း/ဗိုလ်ချုပ်အောင်ဆန်း သမီး) ဖခင်ကြီး တော်လှန်ခဲ့တဲ့ သွေးသတ္တိပါလာတယ်။ ခေါင်းဆောင်ကြီး ၃ ယောက်က (နဝတ၊ နအဖ)ထံကို သီလတောင်းခံတာမျိုး၊ ဥပုသ်ထိုင်စောင့်တာမျိုး၊ တရားထိုင်ကျင့်နေတာမျိုး လုပ်နေတာ မဟုတ်ပါ။ (နဝတ၊ နအဖ)ကို တိုက်နေတယ်။ ဒီမိုကရေစီအောင်ပွဲ ရအောင်တိုက်မယ်။ တိုက်ပွဲ ပထမအဆင့်ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်ပွဲ အခြေအနေ ကောင်းတယ်။

စိမ်းလဲ့ကန်သာက စိန်တွေကော … (ကာတွန်း စောငို)

ရွေးကောက်ပွဲဝင်မည့် NLD၊ ညီနောင် အမျိုးသားဒီမိုကရေစီပါတီနှင့် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး

တပ်မှူးတပ်သား ပြောစကား (၀၈၇)

“ပြည်သူလူထုဟာ တပ်မတော်ရဲ့ အမိ၊ တပ်မတော်ရဲ့ အဖ ဖြစ်တယ်။ ပြည်သူလူထုအပိုင်းမှာ တပ်မတော်သားတွေကို ပြန်ပြီး ချစ်ခင်ကြည်ညို ယုံကြည်လာအောင် လုပ်တဲ့နေရာမှာ တပ်မတော်သားတွေကလည်း ပြည်သူသည်အမိ ပြည်သူသာအဖဆိုတဲ့ အတွေးအခေါ် ပြန်ဝင်အောင်လုပ်ဖို့ အဲဒါတွေကိုပဲ လုပ်ဖို့ပဲ။ ကျနော်က အသက်အရွယ်ရလာပြီမို့လို့ ဝင်ပြီးအရွေးခံတော့မှာ မဟုတ်ပါဘူးခင်ဗျ …”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့စွဲနဲ့ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ကို ထုတ်ပြန်ခဲ့တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးတော့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဖော်ပြပါရှိပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီနောင် ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီတို့ရဲ့ အလားအလာတချို့နဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ ဆွေးနွေး တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ကို ထုတ်ပြန်ခဲ့တော့ အန်ကယ့်အနေနဲ့ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌအနေနဲ့ ပြောသင့်ပြောထိုက်တာ ပြောနိုင်တာလေးတွေကို ပြောပြပေးဖို့ ရှေးဦးစွာ မေတ္တာရပ်ခံလိုပါတယ်။ ပထမဦးဆုံး သိချင်တာက ဒီကနေ့ ကျင်းပတဲ့ ဗဟိုဦးစီးအဖွဲ့ရဲ့ အစည်းအဝေးကို၊ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေ တက်ရောက်ပါသလား ခင်ဗျ။

အမှတ်တရ ရုပ်ပုံလွှာများ (မင်းကျော်ခိုင်)


ကိုရဲလွင် (မဇ္ဈိမလှိုင်း)
ဂီတသူရဲကောင်း

 

ကျော်သူ
လူမှုရေးသူရဲကောင်း

 

သားထွေး
မျိုးဆက်သစ် ဂီတသူရဲကောင်း

အကြောင်းအမျိုးမျိုးကြောင့် အနေဝေးနေကြပေမယ့် ရင်ထဲမှာ အမြဲနီးနေကြတဲ့ သူငယ်ချင်း ညီအကိုတွေအတွက် အမှတ်တရ ရုပ်ပုံလွှာတွေပါ ...။


 

Friday, November 25, 2011

နှင်း၊ လမ်းကလေးနှင့် ပန်းပွင့်ကလေးများ (ကမာပုလဲ)

ဒီနှစ် ...။ ဆောင်းသည် ပီပီသသ။ အေးတမြမြနှင့် ရောက်ရှိနေခဲ့သည်။ ဆောင်းပီသနေကြောင်းကို နှင်းမှုန်တို့က ကြွားဝါဆင်ယင် ခြယ်မှုန်းပြနေလျက်။ ဟုတ်ပါသည်။ ငြင်းမနေပါနှင့်တော့။ ဆောင်းကို လက်ခံလိုက်ပါလေ ...။

ညတွေ ... ညတွေမှာ အိပ်မက်ထဲအထိ ဆောင်း၏ အထိအတွေ့ကို ခံစားရသည်။ ခဏ ... ခဏ အိပ်ယာမှ နိုးနိုးနေတတ်သည်။ အိပ်ယာက နိုးလာတိုင်း လွယ်လွယ်နှင့် ပြန်အိပ်မပျော်နိုင်တော့။ လွှမ်းခြုံထားသော အအေးဓာတ်အောက်တွင် ခန္ဓာကိုယ်က ကွေးကွေးကလေး ဖြစ်လို့သွားသည်။ တိုင်ပင်မထားဘဲ အတွေးရေယာဉ်ကြောမှာ နစ်မျောလျက် ... ။ ထိုစဉ် ဂန္ဓာရုံ သူမက အစွမ်းပြလို့လာသည်။ လေပြည်မှတဆင့် ... ။ အမည်ဖော်ပြ သတ်မှတ်ပြောဆိုရန် ခက်ခဲလှသော ပန်းပွင့်ရနံ့များ ...။

တင်မလား၊ ဝင်မလား ... (မောင်သာရ)


"ဘာမှ မပြောပလောက်တဲ့ အမတ် ၄၈ နေရာသာရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကလေးကို မက်လုံးပြ၊ ဥပဒေစကားလုံးတွေ ‘ပြင်’ ပေးပြီး ... ဒူးထောက်ခိုင်း အရှက်ခွဲတဲ့ လူဝတ်လဲ စစ်အစိုးရ၊ ရုပ်ရှင်ထဲက လူဆိုးလူမိုက်တွေစရိုက် ဖြစ်ပါတယ်။ အနိုင်ရနိုင်သမျှ ထပ်အနိုင်ကျင့်တာပါပဲ ..."

ပါတီဌာနချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကလွဲပြီး နိုင်ငံ အနယ်နယ်အရပ်ရပ်က ပါတီခွဲတွေနဲ့ စည်းကော်မတီတွေ စည်းရုံးလှုပ်ရှားဆောင်ရွက်ခွင့် ဖျက်သိမ်းတားမြစ်ပိတ်ပင်ထားတာကို ခုလို အခွင့်အခါကြုံကြိုက်တုန်း ပြန်လည်အသက်ဝင်လာအောင် ... လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကတိပြုရင်းနဲ့ ... ပါတီကို တရားဝင်ရပ်တည်ခွင့်ရအောင်... ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ’ ... မှတ်ပုံတင်မလား...ဆိုတဲ့ တင်မလား ဝင်မလား မေးခွန်းနှစ်ခုက သည်ကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာရော ထောက်ခံနေကြတဲ့ ပြည်သူတွေထဲမှာပါ... အကြီးအကျယ် ပြဿနာဖြစ်နေပါတယ်။

ချုပ်ငြိမ်းကြီးရဲ့ ဆုတောင်း (ကာတွန်း စောငို)

အဖွဲ့ချုပ် မှတ်ပုံတင်၊ ကြားဖြတ်ရွေးကောက်ပွဲ ဒီနှစ် မလုပ်ဖြစ်

ပါတီမှတ်ပုံသွားတင်တဲ့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းနဲ့အဖွဲ့ 

ဒီကနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီ မှတ်ပုံတင်လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးကော်မီတီ အစည်းအဝေးကနေ ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။


ရန်ကုန်က ကားအို ကားဟောင်းများ

 

ဒီပုံတွေက ရိုက်တာ သတင်းဌာနကတင်ထားတဲ့ ရန်ကုန်မြို့မှာ လက်ရှိအသုံးပြုနေကြဆဲ ကားအို ကားဟောင်းတွေပါ။

Wednesday, November 23, 2011

ဒေါ်အောင်ဆန်းစုကြည် ... ဘယ်လဲ ..ဘာလဲ ... (မောင်သာရ)


သိတယ်နော် ...၊ အခုလာတော့မယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ ... ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို ... ဆုံးဖြတ်မယ် လို့ ကြေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ့ ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက် ... ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။

သည်ကနေ့ ၃ ရက်အလို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့ ... ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်၂ ဦး အပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့ ... လက်မှတ်ရေးထိုး ကန့်ကွက်ထားပါတယ်။


ခင်ရွှေတို့ကမှ တကယ်ဟောင်တာ (ကာတွန်း စောငို)

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၇)

ဒီအပတ် အစီအစဉ်မှာတော့ သောတရှင်တွေကနေ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့အမြင် မေးမြန်းချက်၊ တရားရေးစနစ်နဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အမြင်၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ယှဉ်နိုင်ဖို့ မြန်မာနိုင်ငံက အဓိက ဘာလုပ်ရမလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ MTU ဝန်ထမ်းတွေရဲ့အခြေအနေ စသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရေးထားဆွေးနွေး မေးမြန်းထားကြပါတယ်။ အရင်ဆုံးတော့ ဝိရယ်ဆိုတဲ့ သောတရှင်က KNU နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းအပေါ် အမြင်ကို မေးမြန်းထားပါတယ်။ 

မေး။ ပြီးခဲ့တဲ့အပတ် သတင်းကြားလိုက်မိတာက KNU အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၇ ဦး ဦးသိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး သတင်းကြားမိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးသိချင်တာက တကယ်လို့ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်တဲ့ အစိုးရဆိုခဲ့လျင် KNU ရဲ့ ရပိုင်ခွင့်ဟာ ဘာတွေလဲ။ ၆၃ နှစ်လောက် တိုက်ခိုက်ခဲ့တာ မြောက်များစွာသော အပြစ်မဲ့ပြည်သူ အသက် စတေးခဲ့ရပါတယ်။ ဒုက္ခသည်တွေလည်း ယခုအချိန်ထိရှိနေတုန်းပဲ။ ကျေးဇူးပြုပြီး အန်တီ ဖြေကြားပေးစေလိုပါတယ်။

ဖြေ။ အဖွဲ့အစည်းတခုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တယောက်နဲ့ပဲ ပတ်သက်လို့ပဲဖြစ်ဖြစ် စဉ်းစားတဲ့အခါမှာ ရပိုင်ခွင့်လို့ဆိုပြီးတော့၊ ထီးထီးကြီးကွက်ပြီး စဉ်းစားလို့မရဘူးလို့ အန်တီ ထင်ပါတယ်။ အခြေအနေ အချိန်အခါအပြင် ပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေနဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီး ဝိုင်းဝန်းဆွေးနွေးပြီးမှ အဖြေရှာကြရမှာပါ။

ပြီးခဲ့တဲ့ တပတ်ကျော်တုန်းက MTU ဝန်ထမ်းများဆိုတဲ့ ရင်ဖွင့်ရေးသားချက်တခုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။ ဒီအပေါ်မှာပဲ MTU ဝန်ထမ်းများက ထပ်မံရေးသား ဆွေးနွေးလာပါတယ်။ စာက အတော်ရှည်ပါတယ်။ GTI ပေါင်းကူးကနေ YTU ရောက် အဲဒီကနေ အတော်ဆုံးသတ်မှတ်ခံရပြီး MTU အတွက် ရွေးခြယ်ခံခဲ့ရသူတွေ အခု MTU မှာ ခွဲခြား ဆက်ဆံခံနေရတာတွေနဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ရင်ဖွင့်ရေးသားထားတာပါ။ ပေးပို့တဲ့ စာ အပြည့်အစုံကိုတော့ ဒေါ်အောင်ဆန်းစုကြည်ထံ အပြည့်အစုံ ပေးပို့ခဲ့ပါတယ်။ ဒီနေရာမှာတော့ အချိန် အကန့်အသတ်ကြောင့် အနှစ်ချုပ်ဖော်ပြလိုက်ရပါတယ်။ 

Tuesday, November 22, 2011

တရုတ်က ဗုဒ္ဓစွယ်တော် ရန်ကုန်တွင် အပူဇော်ခံမည်

 
တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ဟာ နေပြည်တော်မှတဆင့် ရန်ကုန်ကို လေယာဉ်နဲ့ ဒီနေ့ ကြွချီလာပါတယ်။

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၆)


- နိုင်ငံရေးတိုက်ပွဲနှင့် စစ်ရေးတိုက်ပွဲကို အခြေအနေဖြစ်ပေါ်မှုနှင့် ပေးအပ်လာမှုအပေါ်မူတည်၍ တိုက်ပွဲဝင်သွားမည့် ရပ်တည်မှု။

- ဒေသစစ်ပွဲချုပ်ငြိမ်းသွားပြီး လက်ရှိကာလအခြေအနေမှာ စစ်ရေးတိုက်ပွဲ မလိုအပ်တော့သဖြင့် နိုင်ငံရေးတိုက်ပွဲနှင့်သာ တိုက်ရမည်ဟူသော ရပ်တည်မှု။

- အဓိက စစ်ရေးတိုက်ပွဲနှင့် တိုက်ရမည်။ ယင်းနှင့်တွဲဖက်၍ နိုင်ငံရေးတိုက်ပွဲကိုလည်း ဆင်နွဲသွားမည့် ရပ်တည်မှု။

စသည့် အတွေးအခေါ် ခံယူချက်အားလုံးတို့မှာ ကေအဲန်ယူအတွင်း ပေါ်ပေါက်လာခဲ့သည့် သဘောထားများ ဖြစ်ပါသည်။ ဤသို့ဖြင့် ကေအဲန်ယူ ကရင့်အမျိုးသားတော်လှန်ရေးအတွင်း အတွေးအခေါ်၊ ခံယူချက်နှင့် သဘောတရားရပ်တည်ချက် မတူညီမှုများ ဖြစ်လာသည်။ 

ထိုမတူညီမှုများသည် တော်လှန်ရေးအတွင်း ဖြစ်ပေါ်တတ်သော သဘောသဘာဝဖြစ်ပါသည်။ ထို့ကြောင့် ကေအဲန်ယူ၏ ၁၁ ကြိမ်မြောက် လမ်းစဉ်ဆုံးဖြတ်ချက်ကို ဝိုင်းရံသော အမျိုးသားခေါင်းဆောင်များနှင့် ဆန့်ကျင်သော အမျိုးသားခေါင်းဆောင်များကို တတန်းတည်းထား၍ မရသည်ကို တွေ့လာရသည်။

ထိပ်ပိုင်းခေါင်းဆောင်တချို့၏ အတွေးအခေါ်ခံယူမှု မျိုးချစ်စိတ်ဓာတ် ရပ်တည်မှုမခိုင်မာဘဲ တချို့ မီးစင်ကြည့် ကနေသည်မှာ ကရင့်တော်လှန်ရေးကို အထောက်အကူမပြုသည့်အပြင် အနှောက်အယှက် ဖြစ်စေပါသည်။

လက်နက် စွန့်ကြမယ့်နေ့ (ကာတွန်း စောငို)

ငြိမ်းချမ်းရေး ... တမ်းချင်း (ကမာပုလဲ)

အဖိုးအဖိုးပြောခဲ့တယ်
တတိုင်းပြည်လုံးအပေါ်
မေတ္တာရပ်ခံ တောင်းဆိုခဲ့တာ
‘သင်ပုန်းချေရေး စိတ်ဓာတ်နဲ့
သူ မနာ၊ ကိုယ် မနာ
ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ’ တဲ့၊

ပြီးတော့
အဖိုးရဲ့ သမိုင်းဝင် တမ်းတစကား
ဆရာ မသေခင်
တိုင်းပြည်မှာ
ငြိမ်းချမ်းရေးစစ်စစ်ကို မြင်ချင်ပါသတဲ့ ...


ရန်ကုန်က လမ်းဘေး စာအုပ်ဆိုင်များ

 
နိုဝင်ဘာ ၂၁ ရက်နေ့ကတွေ့ရတဲ့ ရန်ကုန်က လမ်းဘေးစာအုပ်ဆိုင်လေးတွေပါ။

Monday, November 21, 2011

ပြောင်းလဲလာတဲ့ NLD နိုင်ငံရေးလမ်းစဉ်

"ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့သဘောထားတွေကို သူ့ရဲ့ မိန့်ခွန်းတွေထဲမှာ သူပြောတဲ့ စကားတွေထဲမှာ ထည့်ပြောပါတယ်။ သူ့ရပ်တည်ချက်၊ သူအနေနဲ့ မှတ်ပုံတင်ချင်တဲ့ဆန္ဒ၊ နောက် ရွေးကောက်ပွဲ ဝင်ချင်တဲ့သဘောထား ဆိုတာတွေကို ပြောပါတယ်။ အဲဒီတော့ ဒီမှာကြတော့ ဘာကိုသွားတွေ့ရသလဲဆိုတော့ အားလုံးသော ဗဟိုကော်မတီဝင်များဟာ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ပါတီရဲ့ ဆုံးဖြတ်ချက်နောက်ကနေ တခါတည်း ရပ်တည်ပြီးတော့ တသံတည်းထွက်အောင်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ် ..."

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင် က အန်အယ်လ်ဒီပါတီအနေနဲ့ ဘာကြောင့် ပါတီမှတ်ပုံတင်ဖို့ နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေး၊ ရှင်းလင်းချက်ကို တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပြန်လည် မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရေးကိစ္စဟာ ပြင်ပမှာ အငြင်းပွားမှုတွေ ရှိနေပေမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မျက်နှာစုံညီ အစည်းအဝေးပွဲမှာတော့ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုနိုင်ခဲ့တယ်လို့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်အလားအလာတွေအပြင် မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အကြောင်းကိုပါ ဦးဝင်းတင်က သုံးသပ်ပြောဆိုထားပါတယ်။

ဦးဝင်းတင် ။ ။ အပြင်မှာ သတင်းတွေမျိုးစုံဖြစ်တာပေါ့။ ဥပမာဆိုတော့ ကွဲလွဲကြတဲ့အသံလေးတွေ ဘာလေးတွေ ထွက်ကြတယ်။ အယူအဆလေးတွေ ရှိကြတယ်။ အမြင်လေးတွေ ရှိကြတယ်ဆိုတဲ့အနေနဲ့ ဆိုတဲ့အခါကြတော့ ဒီအစည်းအဝေးကြတော့ ဘာများဆိုကြပြောကြမလဲပေါ့။ အဲဒီလိုတောင် တွက်နေကြတာ။ ဒါပေမဲ့လို့ အစည်းအဝေးကြတော့ တက်ရောက်လာကြတဲ့ ဗဟိုကော်မတီဝင်တွေက တခဲနက်ဆိုတဲ့ စကားပဲပြောရမှာပဲ။ တခဲနက်ကို ဆုံးဖြတ်လိုက်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တယောက်ဆိုတယောက်မှ ကွဲလွဲတဲ့အမြင်တွေ၊ အယူအဆတွေ ဘာတွေပြောတာတွေ သိပ်မရှိဘူး။ ထောက်ခံတာကတော့ အကုန်လုံး တခါတည်း မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲ ဝင်ရေးကိုတော့ တခဲနက်ထောက်ခံလိုက်တာပါ။ အဲဒါက သိသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တခြားအမြင်တွေ။ သူတို့မြင်တာတွေ ရှိတာတွေ မပြောဖြစ်ဘူး။ မပြောကြဘူး။


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ထိပ်တန်းကျသော အစိုးရ (လူထုစိန်ဝင်း)

အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမဝင်သေးဘဲ ပူမြဲပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာတွေကလည်း များတယ်။

လွတ်ပြီဆို နဲ့ ဝင်မယ်ဆို

တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှားနေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေးတတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ ‘လွတ်ပြီဆို’ နဲ့ ‘ဝင်မယ်ဆို’ မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန် ခန့်မှန်းရခက်တာကလား။ မိုးလေဝသခန့်မှန်းသလို ရာသီဥတုသာသာယာယာရှိမယ် ခန့်မှန်းထားပေမယ့် တဝုန်းဝုန်း တဒိုင်းဒိုင်းထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင်ရွာချတတ်တာ။

မနှင်းဆီသို့ ... ပေးစာ (ကမာပုလဲ)

မနှင်းဆီငယ်အိပ်မက်တွေကို
အပြီးတိုင် စွန့်လွှတ်လိုက်ပြီလား၊
ဆူးတွေကိုမှ
သိပ်ပြီးမုန်းနေပါသတဲ့လား
မနှင်းဆီ ...။

သင့်ရဲ့
အလှ
ဣနြေ္ဒ
ဘဝ
ဂုဏ်သိက္ခာ
ရှင်သန်ခြင်းမှာ
သင့်အတွက်
နှလုံးသား ခံကတုတ်ဟာ
ဆူးကလေးတွေ ဖြစ်ခဲ့တယ်။


Sunday, November 20, 2011

ဗိုလ်တထောင်စေတီပေါ်က ဆုတောင်းပွဲ

နိုဝင်ဘာ ၂၀ ရက်နေ့က ကျရောက်တဲ့ ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ တွေ့ရတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင် စေတီပေါ်က မြင်ကွင်းတချို့ပါ။

၉၁ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့

 
 မြန်မာနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဂုံတိုင်ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

Saturday, November 19, 2011

အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (မင်းသုဝဏ်)

အိုးဝေတဲ့ ညံညံ။
ရွှေဒေါင်းပျို တောင်ညိုဦးမှာ
ကျူးရင့်အောင်သံ။

အောင်ပွဲရယ်ခံ
နိုင်ငံတဲ့သာရေး။
မင်္ဂလာ စည်တော်ရွှမ်းချိန်မို့
ခွန်းချိုဆက်တေး။ ။

မင်းသုဝဏ်
ကြီးပွားရေး မဂ္ဂဇင်း
နိုဝင်ဘာ၊ ၁၉၃၅။