ခေါ်တော့ မိဘပြည်သူ
အူတော့ ခွေးသံ။
ပြောတော့ ငြိမ်းချမ်းရေး
လုပ်တော့ စစ်ပွဲ။
တောင်းတာက ပညာရေး
ပေးတာက နံပါတ်တုတ်။
ဒီသမ္မတနဲ့ ဒီနိုင်ငံ
ဘယ်လိုမှ ကာရံမညီဘူး။
အကြမ်းဖက်သမားတွေ ဗလပွနဲ့
“မတ်လ” ဟာ
အကျည်းတန်လွန်းတယ်။
ပန်းငုံတွေကို ချွေချ
ပန်းပွင့်တွေကို ဖျက်ဆီး
အနာဂတ်ကို ရိုက်ချိုး
သူခိုး ဂျပိုးတွေ လက်ခမောင်းခတ်တဲ့လ
“မတ်လ” ဟာ
အကျည်းတန်လွန်းတယ်။
မြန်မာနိုင်ငံဘက်ခြမ်းကနေပြီး သံလွင်မြစ်ကြီးထဲကို တသွင်သွင်စီးဆင်းနေတဲ့ အူဝဲချောင်းရိုးလေးအတိုင်း
မိနစ် ၂၀ ကျော်ကြာ လမ်းလျှောက်ပြီးရင်တော့ ကရင်ဒုက္ခသည် ၂၅၀ ကျော် ခိုလှုံနေကြတဲ့ အူဝဲထာ ဆိုတဲ့ ဒုက္ခသည်စခန်းလေးကို ရောက်ပါပြီ။
ဒီစခန်းလေးဟာ ၂၀၀၇ ခု၊ ဇွန်လလယ်လောက်ကမှ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ မိုးထဲလေထဲမှာ ကျိုးတိုးကျဲတဲ ဆောက်လုပ်ထားတဲ့၊ ဆောက်လုပ်နေဆဲဖြစ်တဲ့ အသစ်စက်စက် တဲအိမ်လေးတွေကတော့ မိုးမိထားတဲ့ နှံပြီစုတ်ငှက်ကလေးတွေလို ကုပ်ကုပ်ချိချိ။ ခရီးပမ်းလာတဲ့ မျက်နှာတွေ၊ ဖြူဖတ်ဖြူရော် အသားအရေတွေ၊ ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို အားလုံးလိုလိုဟာ မှုန်စုပ်စုပ်၊ ညစ်ကြေကြေ အဝတ်အထည်တွေကို ဝတ်ဆင်ထားကြပြီး တိတ်ဆိတ်စွာ လှုပ်ရှားသွားလာနေကြပါတယ်။
တဲအိမ်လေးတွေကို မိုးထား၊ ကာထား၊ ခင်းထားတဲ့ ဝါးတွေ၊ ဖက်တွေနဲ့ လောလောလတ်လတ် ခုတ်ထားတဲ့ ထင်းပုံတွေကတော့ သူတို့အားလုံးနဲ့ ဆန့်ကျင်စွာ စိမ်းစိုလတ်ဆတ်လို့။ မိုးစိုထင်းတွေကတော့ တဲအိမ်လေးတွေထဲက မီးခိုးငွေ့တွေ အူထွက်နေအောင် အစွမ်းကုန် တန်ခိုးပြနေပါတယ်။ ‘တဒုတ်ဒုတ်’ နဲ့ အဆက်မပြတ် ကြားရတာကတော့ စခန်းလေးရဲ့ ဘယ်ညာတဝိုက်က သစ်ခုတ်၊ ဝါးခုတ်သံတွေပါ။
ဖိုးခွားရေ
အဖျား မြန်မြန်ကျတော့
အမိုးတို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတော့မယ်။
မင်းတို့အဖိုးတွေကတော့
လက်မှတ်ထိုးပြီး သူတို့ကြမ္မာ သူ့တို့ဖန်တီးတယ်
အမိုးတို့ကတော့
ဓားမ ကိုင်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြမယ်။
သူတို့ စစ်မတိုက်တော့ဘူး ဖိုးခွား
သူတို့ ချမ်းသာသွားပြီ။
ဒါဆို... ရွာကို ပြန်မယ်ဟုတ်လား
ဘယ်ရွာကို ပြန်မှာလဲ ဖိုးခွား
အမိုးတို့ရွာတွေဟာ
သူတို့ပြောပြောနေတဲ့
နေပြည်တော်ဆိုတာကြီး ဖြစ်သွားပြီ။
ဖေဖော်ဝါရီ ၁၄ ရက်
သွေးနဲ့ရေးတဲ့ အက္ခရာ
‘မန်းရှာ’ တဲ့။
တပွင့်ထဲထက် တခင်းလုံးကို ပွင့်စေချင်တာ ‘မန်းရှာ’
တမြစ်ထဲထက် မြစ်တိုင်းကို စီးစေချင်တာ ‘မန်းရှာ’
တပြည်ထဲထက် ပြည်ထောင်စုကို ငြိမ်းစေချင်တာ ‘မန်းရှာ’
‘အမျိုးသားရေး’ ‘တန်းတူရေး’ ‘ငြိမ်းချမ်းရေး’ ကို
ရင်ဝက သွေးနဲ့ ရေးခဲ့တာ ‘မန်းရှာ’
အတီးမန်းရှာရေ အတီးက အတီးရဲ့ယုံကြည်ချက်တွေ အတီးရဲ့အချစ်တွေကို ကျမတို့ ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းတွေကို သတိတရနဲ့ မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ။ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။
အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့ ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့် ရွှန်းမြလင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာတရားတွေ၊ မြင့်မြတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်။ တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့အားလုံးကို ခွန်အားများစွာပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။
ဇိမ်ခံကားကြီးတွေနားက မခွာ
တိုက်ကြီးတွေပေါ်က မဆင်း
ကုမ္ပဏီပြီး ကုမ္ပဏီထပ်နေတဲ့ ဇာတ်ရုပ်တွေ
ကောက်ရိုးမီးတွေလိုပဲ။
သူမှ တကယ့် ရုပ်ရှင်
ပြည်သူ့အသည်းပြင်မှာ
ထာဝရရှင်သန်နေမယ့် ရုပ်။
ကျမ စာရေးဖို့ ကွန်ပြူတာရှေ့ထိုင်တော့ ကွန်ပြူတာဘေးမှာ ကျမရဲ့ ပလိုင်းအိမ် ကဗျာစာအုပ်လေးကို တွေ့လိုက်ရတယ်။ အတူနေတဲ့ အခန်းဖော်မိန်းကလေး ဖတ်လက်စတန်းလန်းနဲ့ ထားသွားဟန် တူပါတယ်။ စာအုပ်မှာ မှတ်ရာလေး လုပ်ထားတာကို ကျမ တွေ့ရတယ်။ စာအုပ်လေးကို ကောက်ကိုင်လိုက်တော့ ပလိုင်းကြီးထဲက ဖိုးမူလေးရဲ့ ငိုမဲ့မဲ့အကြည့်နဲ့ ကျမ ထပ်ပြီး ဆုံရပြန်တယ်။
ကျမ ရင်ဘတ်တခုလုံး အောင့်တက်လာတယ်။ မျက်လုံးအိမ်ထဲလည်း မျက်ရည်တွေ အိုင်ထွန်းလာပြီး မျက်ရည်ပေါက်ကြီးတွေက ကျမ မျက်နှာပြင်တခုလုံးကို ဖုံးလွမ်းသွားပါတော့တယ်။
ဖိုးမူလေးရဲ့ ငိုသံသဲ့သဲ့လေးကို ကျမ အတိုင်းသား ကြားနေရတယ်။
စစ်ဘီလူးရဲ့
အဆိပ်လူးမြား
ကောင်းခါးကို အကျည်းတန်သွားတယ်။
မမြင်ရက်စရာ
ရင်ထက်မှာ အက္ခရာပျောက်
မနောမြေလန်း
တောပန်းဖြူဖြူလေးတွေ
အစိမ်းကြွေ ကြွေ။
ကျောက်တုံးကြီးရေ
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့က ဆင်ဦးစီးပေါ့၊
တို့ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ကို တမျှော်မျှော်နဲ့။
မင်းကျောပေါ်ကို တို့တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့အော်
ငါတို့လည်းပျော်
မင်းလည်းပျော်ပေါ့။
မြူတွေဆိုင်းပြီး
လှချင်တိုင်း လှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
ငယ်ငယ်ရွယ်ရွယ်နဲ့ သူပုန်ဖြစ်ခဲ့ရတဲ့ ကျနော်
ဘဝပေးအသိနဲ့
တော်လှန်သူတွေကို ချစ်တယ်
တော်လှန်ရေးကြီးကို ချစ်ခဲ့တယ်။
မသိစိတ်မှာကြောက်စိတ်တွေသာ ကြီးစိုးပေမယ့်
သိစိတ်မှာ တစစီကြေမွသွားအောင်…။
မိုးတည
တောင်ယာတဲဝမှာ
အရိပ်မည်းတွေ ထိုးကျခဲ့တယ်
အပါးကို သွေးစိမ်းရှင်ရှင်ကျ အသားတွေ အထပ်ထပ်မွန်း
အမိုးကို ဘက်နက်ပြပြီး အလှည့်ကျ စနစ်နဲ့
ကျနော်ကတော့
ရှင်လျက်နဲ့ သေခဲ့ရပေါ့၊
နှစ်တနှစ်တော့ ပြောင်းသွားပြီ
နှစ်ဟာင်းဝတ်စုံ သူတို့ခြုံလို့ ကောင်းနေကြတုန်း
သွားကြပြန်ပြီ
စစ်ဗိုလ်ချုပ်တွေ ကန်တော့ပွဲတဲ့
တို့ပြည်သူတွေကို သတ်ခဲ့တဲ့
ကြည်းတပ် ရေတပ် လေတပ်တွေကို
သူတို့ သူတို့တွေ ...
လက်အုပ်ချီ ကန်တော့နေကြတော့မယ်
ကရင်ပြည်သူတွေ မျက်ရည်တွေနဲ့
သိက္ခာတွေ တလှေကြီးပေးလိုက်ရပြီ အတီးရေ ...