Thursday, July 25, 2013

အပျော်မယား - ၂ (ဆောင်းလူ)

ကျားကြောက်လို့ ... 
ရှင်ကြီးကိုး ... 
ရှင်ကြီးကိုယ်တိုင် 
ကျားထက် ပိုများဆိုးလေမလား ... 

.... .... 

ဝဝါး ...
ထွပား ... 
ကျားကိုပဲ ပြန်ကိုးကွယ်ရမလား ... 
ရှင်ကြီးပဲ ဆက်ကိုးကွယ်ရလေမလား ... 
လားပေါင်းများစွာမှ ... 


ဝင်ချင်သလို ဝင် ... 
ထွက်ချင်သလို ထွက် ... 

ပြုချင်သလိုပြုသမျှ
နုချင်သလို မနုရ ... 

အော် … 
စိတ်လိုလက်ရ … 
စိတ်လိုလက်ရ ... 
ဖွတ်ဖွတ်ညက်ညက်ကြေတဲ့အခိုက်မှာမှ ... 

အဟောင်းတန်းသွား လေလံပစ်တာတောင်
အာက်ကြေးနဲ့မိမယ့် ဘဝ ...။ ။


 

No comments: