Monday, December 31, 2012

ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့ ဒီလိုလုပ်ကြရမယ် (ထက်အောင်)

"ကျည်ဆန်တတောင့် ဈေးနှုန်း၊ လောင်ချာသီးတစ်လုံးရဲ့ ဈေးနှုန်းတွေ၊ အဖမဲ့သားတွေ၊ သားမဲ့ မိခင်တွေ၊ ဒုက္ခသည်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ ဒါတွေအားလုံးဟာ ပြည်တွင်းစစ်ရဲ့အကျိုးဆက်တွေပါပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ပစ်လိုက်တဲ့ ကျည်ဆန်တွေရဲ့တန်ဖိုးတွေနဲ့ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောက်ပေးလိုက်ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ကဏ္ဍဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဘယ်လောက်များ အကျိုးကျေးဇူးများလိုက်မလဲဆိုတာ ..."


ဆန္ဒမပြရင် ခေတ်မမီဘူး 

နောက်ဆုံးဆောင်းပါးရေးပြီးတဲ့နောက်ပိုင်း စာမရေးဖြစ်တာ တော်တော်လေးကိုကြာသွားတဲ့အတွက် ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များနဲ့ ညီအစ်ကိုမောင်နှမများကို အရင်ဆုံး တောင်းပန်စကားပြောပါရစေ။

‘ဒီမိုကရေစီတွေ ရမယ်ဝယ်ကြဦးမလား’ ဆိုတဲ့ဆောင်းပါးမှာတော့ ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီး နည်းဥပဒေတွေကို အရင်ဆုံး ပြုပြင်ဖို့လုပ်ရမယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီကိစ္စမှာတော့ သဘောထားတွေ၊ အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ဒီကနေ့ အကြောင်းအရာအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တဲ့သူတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးပါပဲ။ အင်တာနက်စာမျက်နှာတွေနဲ့ ဂျာနယ်စာမျက်နှာတွေမှာဆိုရင်လည်း ဆန္ဒပြတဲ့သတင်းမပါရင် ခေတ်မမီတော့သလိုပဲ။

ရဲရဲပြော ရဲရဲရေး 

လူဆိုတာ လိုအင်ဆန္ဒအများဆုံးသတ္တဝါပါ။ အမြဲတမ်း တခုခုကိုတော့ လိုအပ်နေကြပါတယ်။ အခုလက်ရှိအခြေအနေမှာ ပြည်သူတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိနေပြီလဲ။ ခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ အစိုးရကကော ဘယ်လောက် အတိုင်းအတာအထိ လွတ်လပ်ခွင့်ပေးထားပြီလဲ။ အစိုးရရဲ့နိုင်ငံရေးကစားကွက်က ဘာလဲ။ အတိုက်အခံ ဒီမိုကရက်တွေ ဘယ်လောက်များ စည်းလုံးနေကြပြီလဲ အစရှိတဲ့ နိုင်ငံရေးအရွေ့၊ နိုင်ငံရေးအလှည့်အပြောင်းတွေကို သတိထား စောင့်ကြည့်ရမှာဖြစ်တယ်။


မင်္ဂလာပါ နှစ်သစ် (သစ်ကောင်းအိမ်)

နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို ပေါလောမျောလို့။

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာယံမှာ
သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
 သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တဝါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်


Sunday, December 30, 2012

အမှတ်မရချင်သော အမှတ်တရများ (ခင်ငြိမ်းသစ်)

အကျဉ်းထောင်ဟုဆိုလိုက်သည်နှင့် အားလုံးက လူဆိုး၊ လူမိုက်များအား လိမ္မာယဉ်ကျေးစေရန် ချုပ်နှောင်ထားရသော နေရာအဖြစ် ချက်ချင်းသဘောပေါက်ကြလေ့ရှိပါသည်။ ထိုနေရာ၌ မိမိ၏ ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းချခံထားရသူတွေရှိနေကြောင်းကိုတော့ အများပြည်သူသိလာကြသည်မှာ မကြာမြင့်သေးပါ။ ထိုသူများအား နိုင်ငံရေးအကျဉ်းသား ဟု အများပြည်သူမှ သတ်မှတ်ကြပြီး အာဏာရအစိုးရကတော့ ယုံကြည်ချက်အကျဉ်းသား ဟု ခေါ်ဝေါ်သတ်မှတ်ပါသည်။

မည်သို့ပင် ခေါ်ဝေါ်သတ်မှတ်ပါစေ၊ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ တစ်နေ့တာမှာ ပြင်းရိငြီးငွေ့ဖွယ်ရာ တန်ဖိုးမဲ့ ကုန်ဆုံးသွားလေ့ရှိပါသည်။ မနက် ၅ နာရီခွဲပြီဆိုသည်နှင့် “ပုံစံ” ဟု အသံကုန် အော်ဟစ်သံကြားရပြီးနောက် ပခုံးထက်၌ ကြယ်ပွင့်တပ်ထားသော အရာရှိတစ်ယောက်က အကျဉ်းသားများကို လိုက်လံစစ်ဆေးလေ့ရှိ၏။ ထိုသို့စစ်ဆေးခြင်းသည် ထောင်မဖွင့်မီနှင့် ထောင်မပိတ်မီ အကျဉ်းသား ပြည့်မပြည့် စစ်ဆေးခြင်းလည်း ဖြစ်ပါသည်။ မည်သို့ဆိုပါစေ ထိုသို့စစ်ဆေးခြင်းက ထောင်ကျနေသူတစ်ယောက်အတွက် နေ့တစ်နေ့၏အစ ဖြစ်ပါသည်။


နောက်ပြန်လှည့်ရင် ... (ကာတွန်း အောင်မော်)

ဥပကနဲ့ မဆာဝါ

အကူးအပြောင်းကို စမ်းသပ်သည့် ပြဿနာတစ်ရပ် (ဖေမြင့်)

ဒီမိုကရေစီ အကူးအပြောင်းကို စောင့်ကြည့်ကြသူများအတွက် ရတက်မအေးစရာ ပြဿနာတစ်ခု မကြာမီက ပေါ်ပေါက်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်သော ပြဿနာ။

ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများ၊ ၎င်းတို့အား ထောက်ထားစာနာကာ ရိုင်းပင်းကူညီကြသူများ၊ ပွင့်လင်းမြင်သာမှုမရှိသော သယံဇာတရောင်းချမှုကိစ္စကို မလိုလား မနှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန့်ကျင်သူများနှင့် အခြားတက်ကြွလှုပ်ရှားသူများက ကန့်ကွက်တောင်းဆို ဆန္ဒပြကြသည်။ ယင်းအား အာဏာပိုင်တို့က အကြမ်းပတမ်းနှိပ်ကွပ်ရာ ရုပ်ပျက်ဆင်းပျက် အနေအထားများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးထားပြီး၊ ထိခိုက်ဒဏ်ရာရသော သံဃာတော်များအားလည်း တာဝန်ရှိသူတို့ဘက်က ဝန်ချတောင်းပန်ခဲ့၍ ပဋိပက္ခသည် ယာယီ ငြိမ်းအေးလျက်ရှိသည်။ သို့သော် ပြဿနာကား မပြီးသေးပေ။


ဥမကွဲ၊ သိုက်မပျက် …(ကာတွန်း အောင်မော်)

တန်ဖိုး (မောင်ချောနွယ်)

ပြန်မလာတော့မယ့် ခြေရာတွေပေါ်လာနေတာ
ဘယ်သူတွေလဲ

အသစ်တွေလား
အမိုက်အမှား လိုက်စားသူတွေလား

ဒီမှာ ...
အကြိုက်ချင်း မတူညီကြဘူး
လက်ခံတယ်

ဒီမှာ ...
ဘဝချင်း မတူညီကြဘူး
လက်ခံတယ်


Saturday, December 29, 2012

အဂတိ မလိုက်ကြနဲ့ ... (ကာတွန်း စောငို)

ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’ (ကမာပုလဲ)

ခင်မြဇင်ဆိုတဲ့ စာရေးဆရာမကို စသိ … စတင်ထိတွေ့ခွင့်ရလိုက်တဲ့ ဝတ္ထုတိုကလေးဖြစ်ပါတယ်။ ‘သင်းကွဲငှက်’ လို့ ဆရာမက အမည်ပေးထားတယ်။ စဖတ်တော့ ပြင်းချောက်ချောက်နဲ့မို့ သိပ်မလေးနက်ခဲ့ဘူး။ ဖတ်ရင်းက ဝတ္ထုလည်းဆုံးရော တခါပြန်ပြီး ဖတ်ချင်လာတယ်။ ဒါနဲ့ အစအဆုံး ပြန်ဖတ်ဖြစ်ပါတယ်။ နွေဦးနံနက်ခင်းရဲ့ နေခြည်နွေးမြမြအောက်မှာ ဥသြငှက်သံကလည်း လွမ်းဖွယ်။
ဝတ္ထုတိုကလေးရဲ့ ဇာတ်လမ်းကျောရိုးကလေးက စာပေသမားစစ်စစ်တယောက် အကြောင်းဖြစ်ပါတယ်။ ကဗျာတွေ … ဝတ္ထုတွေ … ဆောင်းပါးတွေ ရေးသားသူဖြစ်တယ်။ နှံ့စပ်သူဖြစ်တယ်။ ကိုယ်ပိုင် အဘိဓမ္မာနဲ့ ရပ်တည်ချက်ရှိသူဖြစ်တယ်။ သူ ရန်ကုန်မြို့တော်ရဲ့ စာပေသမုဒ္ဒရာထဲမှာ ကျင်လည် စီးမျောနေခဲ့တယ်။

သူ့အရည်အသွေးကိုသိတဲ့ မဂ္ဂဇင်းပိုင်ရှင်တယောက်ထံမှာ တာဝန်ခံ အယ်ဒီတာ အလုပ်ရခဲ့တယ်။ မဂ္ဂဇင်းရဲ့ စာပေရပ်တည်ချက်ကလည်း သူ့အကြိုက်နဲ့ ဟပ်မိနေတယ်။ ဒါကြောင့် သူ တာဝန်ခံအယ်ဒီတာ အလုပ်ကို လက်ခံလိုက်တယ်။ ရန်ကုန်ရွှေမြို့တော်ကြီးမှာ သူ့ရပ်တည်ရေးအတွက်လည်း အတိုင်းအတာတခုထိ အဆင်ပြေ၊ သူဝါသနာပါတာကိုလည်း လုပ်ခွင့်ရခဲ့တယ်ပေါ့။


သေသေးပါဘူးဆို... (ကာတွန်း အောင်မော်)

၂ ၀ ၁ ၂ နှ စ် ချု ပ် - ၂ ၀ ၁ ၃ေ ဟာ ကိ န်း (ေ အာ င်ေ ဝး )

( စ ) ပြ ည် တွ င်း စ စ် မီး ေ တ ာ
ေ တာ် လှ န် ေ ရ း သ ာ း ေ လွ် ာ
ဒီ မို က ေ ရ စီ ေ ရ ေ မ် ာ
 ပြ ည်ေ တာ် ပြ န် ေ ပ ါ ေ လ ာ ။ ( ဆုံ း )

( ေ အ ာ င္ ေ ဝ း ) 


 

အပြောင်းအလဲ နဲ့ မီဒီယာ လွတ်လပ်ခွင့်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ နအဖ၊ နဝတ အစိုးရတွေ လက်ထက်က Black List လို့ခေါ်တဲ့ အမည်မည်းစာရင်းမှာ ထိပ်ဆုံးကပါခဲ့တဲ့ သတင်းသမား Bertil Lintner ဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံထဲကို တရားဝင်သွားပြီးတော့ သတင်းယူခွင့် ရခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တကယ်ရှိလာပြီဆိုတဲ့ သက်သေပြချက်လား။ Bertil Lintner နှင့် ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ မီဒီယာ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီးတော့ ပြောချင်ပါတယ် Bertil။ မြန်မာနိုင်ငံအစိုးရက အခုအခါ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်တွေ ပေးနေပြီလို့ဆိုပါတယ်။ နမူနာအားဖြင့် ကြည့်မယ်ဆိုရင် Bertil Lintner တကယ်တော့ ခင်ဗျားဟာ မြန်မာစစ်အစိုးရ လက်ထက်တုန်းက Black List လုပ်ထားတဲ့ သတင်းထောက်တွေအထဲမှာ ထိပ်ဆုံးကပါတဲ့ပုဂ္ဂိုလ်ပါ။ အခု ခင်ဗျားကိုတောင်မှ တိုင်းပြည်ထဲကိုလာပြီး သတင်းယူခွင့်ပေးတဲ့အထိ သူတို့က လိုက်လျောလာခဲ့ပါတယ်။ ဆိုတော့ ကျနော်က မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တကယ်ရှိနေပြီလို့ ကျနော် မှတ်ယူလိုက်ရတော့မလား။

Bertil Lintner ။ ။ ကျနော့်အနေနှင့်က ဒီကိစ္စကို အတိကျပြောဖို့ ခက်ခဲတယ်လို့ပဲ ဆိုချင်ပါတယ်။ သတင်းသမားတွေအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် သူတို့ကို အများကြီးလေးစားပါတယ်။ သူတို့က အခုအခါ ပထမဦးဆုံးအကြိမ်အဖြစ်နှင့် သူတို့ရေးချင်တာကို အားလုံးလိုလို ရေးခွင့်ရနေပါတယ်။ ဒါပေမဲ့ တချို့ အကဲဆပ်တဲ့ကိစ္စတွေနှင့်ပတ်သက်လို့ကတော့ ဆင်ဆာလုပ်တဲ့ကိစ္စတွေက အများအပြားရှိနေပါသေးတယ်။


Wednesday, December 26, 2012

ဒီ … တမ်းချင်း (ကမာပုလဲ)

ရာစု ထက်ဝက်ကျော်ခဲ့ပြီ
အဲဒီရာစုထက်ဝက်ကျော်ထဲမှာ
နောက်ထပ် ရာစု တစိတ်ကိုထပ်မံ ညှစ်ထည့်လို့
ဝိုင်ခွက်ထဲမှာ နီရဲနေတဲ့ ခရီးကြမ်းတွေ …။

နိုင်ငံတခုမှာ နိုင်ငံရေးနဲ့မပတ်သက်တဲ့ ပြည်သူတယောက်ကိုတွေ့ရင်
ကျနော့်ကို လက်တို့လိုက်ပါ … မေမေ
ခုလို လရောင်အောက်က ညမျိုးမှာ
လမင်းဆီက အဆိပ်တခွက်ကို တောင်းသောက်လိုက်ပါ့မယ် …။

အိမ်က ထွက်လာခဲ့တဲ့ ဂျင်းဘောင်းဘီကလေး တထည်
အသားတွေသာ စုတ်ရိပြတ်ကျသွားတယ်
ချုပ်ရိုးက ခိုင်လှချည်ရဲ့ မေမေ …။


Tuesday, December 25, 2012

နင်သာ လူမိုက် ... ကံကြီး ထိုက်ပြီ (ကာတွန်း စောငို)

ကျီးကန်း ငမည်းနဲ့ ဟံသာဝတီ ဦးဝင်းတင် (မောင်ဝံသ)

တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာ နောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊ တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှုမရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။ အရင်က gemcitabine ကို cipllatin နဲ့ Avastin နဲ့တွဲပြီး သွင်းခဲ့ရာက အခု gemcitabine ကိုဖယ်လိုက်ပြီး Alimta ဆိုတဲ့ ဆေးအသစ်ကို ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ချစ်ခင်ကြင်နာစွာ သတင်းမေး အကူအညီပေးနေကြတဲ့ ပြည်တွင်းပြည်ပ မိတ်ဆွေများထဲက ဆေးအကြောင်း နားလည်သူများ သိနိုင်ဖို့ ဆေးအမည်များ ဖော်ပြလိုက်တာပါ။

ဆေးဝါးတွေရဲ့ဈေးနှုန်းကတော့ ကြောက်ခမန်းလိလိပါ။ ကျွန်တော် အရင်တစ်ကြိမ်က အစီရင်ခံခဲ့ဖူးသလိုပါပဲ၊ မိတ်ဆွေသင်္ဂဟများရဲ့ ကူညီထောက်ပံ့မှုသာမရှိရင် ဘယ်လိုနည်းနဲ့မှ ကျွန်တော် ဆေးမကုနိုင်ပါဘူး။ အမည်နာမတွေကို မဖော်ပြနိုင်ပေမယ့် ကူညီနေသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။


ရုပ်ကြွင်း (ကမာပုလဲ)

တစုံတယောက်ဟာ
မင့်နှလုံးသားထဲ ပျော်ဝင်ရှင်သန်နေခဲ့
သံသယနဲ့ ငဲ့မကြည့်နဲ့ကွယ် ...။

မင့်အသက်ရှိုက်သံမှာ
သူ့ရင် … လှိုင်းတို့တဖျပ်ဖျပ်
စီးဝင်လာတဲ့ မြစ်တစင်းပေါ် ... သူ့အသက်လှေ။

ညကို နှင်းဆီနီနီပန်ပေးလိုက်
တကယ်တော့ သက်တံဆိုတာ ထင်ယောင်မြင်မှားမှုပါ
မမြဲဘူး ... ဒါပေမဲ့ ... ဖြားယောင်းနိုင်စွမ်းရှိတယ်။


Monday, December 24, 2012

အပုပ်အသိုးတွေ ခုတလော လူပြောများနေလို့ပါကွယ် ... (ကာတွန်း စောငို)

ပြည်တော်ပြန်အဖွဲ့များ၏ အနာဂတ်ခရီး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ၂၀၁၂ ဟာ ပြည်ပမှာရှိနေတဲ့ အဖွဲ့အစည်းပေါင်းစုံ၊ ပုဂ္ဂိုလ်ပေါင်းစုံ ပြည်တော်ပြန်တဲ့နှစ်လို့ ပြောလို့ရနိုင်တဲ့နှစ် ဖြစ်ပါတယ်။ အခုလောလောဆယ်ဆိုရင်ပဲ မြန်မာနိုင်ငံမှာ ABSDF (All Burma Students' Democratic Front) ကျောင်းသားတပ်မတော်အဖွဲ့အစည်းနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပါတယ်။

ဒီအဖွဲ့တွေအနေနဲ့ ပြည်တွင်းမှာရှိနေခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ အတူတွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်ပင်နေတယ်လို့လည်း ကြားသိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်းပါးများရေးနေတဲ့ ဦးဇော်မင်းကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။


Sunday, December 23, 2012

တစ်ဦးတစ်ယောက်ချင်း အောင်မြင်မှုဆီမှ နိုင်ငံနှင့်လူမျိုး အောင်မြင်မှုဆီသို့ (ဆရာ လင်းသိုက်ညွှန့်)




ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ပညာ့အလင်း စာကြည့်တိုက် စာပေဟောပြောပွဲ (၀၉-၁၂-၁၂)

တစ်ဦးတစ်ယောက်ချင်း အောင်မြင်မှုဆီမှ နိုင်ငံနှင့်လူမျိုး အောင်မြင်မှုဆီသို့ - ဆရာ လင်းသိုက်ညွှန့် 


 

ဥပဒေနှင့်အညီ (ကာတွန်း စောငို)

စာဖတ်စေချင်လိုက်တာ (ဆရာ ညီမင်းညို)



ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ပညာ့အလင်း စာကြည့်တိုက် စာပေဟောပြောပွဲ (၀၉-၁၂-၁၂)

စာဖတ်စေချင်လိုက်တာ - ဆရာ ညီမင်းညို 


 

Friday, December 21, 2012

ခေါင်းစဉ်မဲ့ ခေါင်းစဉ် (ဆရာ ချစ်ဦးညို)


ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ပညာ့အလင်း စာကြည့်တိုက် စာပေဟောပြောပွဲ (၀၉-၁၂-၁၂) 

ခေါင်းစဉ်မဲ့ ခေါင်းစဉ် - ဆရာ ချစ်ဦးညို 


 

ဥပဒေနဲ့ မညီဘူး … (ကာတွန်း စောငို)

Thursday, December 20, 2012

အမျိုးသားပြန်လည်သင့်မြတ်ရေး အတွေးများ (မောင်ဝံသ)

အမျိုးသား အကျပ်အတည်းလား 

ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ လက်ပံတောင်းတောင်အရေးကိစ္စဟာ ဆူညံပွက်လောရိုက်ပြီး တစ်နိုင်ငံလုံးကို တုန်ခါ လှုပ်ယမ်းစေလျက်ရှိနေပါတယ်။ အရင်တုန်းကလို သတင်းအဖြစ်အပျက် အတိအကျ အသေးစိတ်ကို အသံလွှင့် မီဒီယာတွေကတစ်ဆင့်သာ သိခွင့်ရတာမျိုး မဟုတ်တော့ဘဲ ပုံနှိပ်မီဒီယာတွေမှာပါ အရှိအတိုင်း အဖြစ်အတိုင်း ဖတ်ရှု မြင်တွေ့နေကြရတာမို့ ပြည်သူတွေဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘာတွေ ဆက်ပြီးဖြစ်နေတယ် ဆိုတာတွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနေကြတဲ့အလျောက် အဲဒီ သိရှိရတဲ့ သတင်းတွေအပေါ်မှာ ခံစားသုံးသပ်ဝေဖန် စောကြောမှုတွေ အဆက်မပြတ် လုပ်နေကြပါတယ်။ ပြီးတော့ မိမိတို့ရဲ့ အဲဒီခံစားချက်၊ သုံးသပ်ချက်တွေအပေါ် မူတည်ပြီး တုံ့ပြန်တာတွေ လုပ်နေကြတဲ့အတွက် အခုလို တစ်နိုင်ငံလုံးက စိတ်ဝင်စား နေကြတယ်လို့ ဆိုနိုင်တယ်ဗျ။

အားလုံးသိကြတဲ့အတိုင်း အခုဖြစ်နေတဲ့ လက်ပံတောင်းတောင်ကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာတစ်ခုအဖြစ်နဲ့ စတင်ခဲ့တယ်။ အခုအချိန်မှာတော့ အမျိုးသားရေး အကျပ်အတည်း (National Crisis) တစ်ခုအဖြစ်သို့ ဦးတည်နေပြီလားဆိုပြီး စိုးရိမ်ပူပန်စရာတွေ ရှိလာပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်းကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲမှု မလုပ်ခင်ကတောင် အဲဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံရဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်သလားဆိုပြီး တွက်ဆ ခန့်မှန်း ပြောဆိုရေးသားမှုတွေရှိခဲ့တာ အခုလို အင်အားသုံး ဖြိုခွဲမှုကိုပြုလုပ်လိုက်ပြီးတဲ့နောက်မှာတော့ ဒီကိစ္စဟာ ရေဆူမှတ်နားအထိ ရောက်လာခဲ့တာ သဘာဝကျပါတယ်ဗျ။


ငြိမ်းချမ်းရေးတိုက်ပွဲ (ကာတွန်း ကျော်သူရိန်)

ကြေးနီစီမံကိန်းကိစ္စ တရုတ်မကျေနပ်လို့ KIA ကို မြှောက်ပေးတယ်ဆိုတာ ဝါဒဖြန့်မှုသာဖြစ်

လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်း ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်း ကန့်ကွက်မှုများအပေါ် တရုတ်ပြည်မှ မကျေနပ်သဖြင့် KIA အဖွဲ့ကို ထောက်ခံအားပေးနေ၍ဖြစ်ကြောင်း ပြည်သူလူထုအကြား သတင်းများထွက်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး - လက်ပန်တောင်းတောင်ကိစ္စအပြီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပိုဖြစ်လာတာပေါ့နော်၊ ဘာကြောင့် တိုက်ပွဲတွေဖြစ်လာသလဲဆိုတာ အရင်ပြောပေးပါ။

ဖြေ - လက်ပန်တောင်းတောင်ကိစ္စအပြီး တိုက်ပွဲတွေ ပိုများလာတာဆိုတဲ့ကိစ္စက အောက်တိုဘာလကုန်ပိုင်း ရွေလီ ဆွေးနွေးပွဲအပြီးမှာ အစိုးရဘက်က Target ပြောင်းသွားတယ်လို့ ယူဆရတယ်။ မူလက အဲဒီငြိမ်းချမ်းရေး မလုပ်ခင် မြင်နေရတာက ချွေစစ်သဘောမျိုး အမြဲမပြတ် ထိတွေ့ပြီး ချုံ့ထားတဲ့ အနေအထား၊ နေရာအနှံ့ သေနတ်သံမြည်နေအောင် လုပ်ထားတာပေါ့။ ပိုင်းဖြတ်ချက်ရှိတဲ့ စစ်ပွဲလက္ခဏာမျိုး မတွေ့ရဘူး။ တပ်တွေ အများကြီးသုံးမယ်၊ ဖြန့်ထားတယ်၊ ထိတွေ့မှုယူတယ်၊ အမြောက်ကြီးတွေနဲ့ပစ်တယ်၊ အနှောက်အယှက်လုပ်တယ် အဲလိုပေါ့ တိုတိုပြောရရင် ချုံ့ငင်တဲ့ စစ်ပွဲတစ်ခုကို ဖန်တီးထားတာ။


Wednesday, December 19, 2012

ဒီဇင်ဘာ ၂၀ ရက် တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ (မောင်လေးအောင်)

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းခနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။

ကတ္တရာလမ်းကိုခွာ
ရာဇဝင်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။

ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။


ကြည့်ချုပ်နော် … စူးတတ်တယ် (ကာတွန်း စောငို)

အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ လက်ရှိ အစိုးရတို့အကြား နိုင်ငံရေးသဘောတူညီချက်ရရှိရေးဟာ အလှမ်းဝေးနေသေးတယ်လို့ အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ အစိုးရဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံနိုင်သေးဘူးဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ SNLD ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းလိတ်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုတလော ပြည်ထောင်စုအရေး ဆွေးနွေးပွဲတွေ လုပ်တယ်။ ပြည်ထောင်စု အာဏာပိုင်တွေပါ ပါဝင်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်လာတယ်။ အဲဒီ ဆွေးနွေးပွဲတွေလုပ်တာ အခု အခြေအနေကော ဘယ်လောက်ကောင်းပါလဲ ခင်ဗျာ။ အလားအလာ ဘယ်လောက်ကောင်းသလဲ။ ဘယ်လောက်ထိ တိုးတက်အောင်မြင်မှုရလာတယ်လို့ ထင်ပါသလဲ။


တည်ဆဲ ဥပဒေအရ … (ကာတွန်း အောင်မော်)

Tuesday, December 18, 2012

အလီကျက်ခိုင်းတဲ့ ရဲဘော်ကြီး ကမ်ပူးချား (ဝင်းမော်ကြီး)

ကျနော်တို့ကြားမှာ သင့်တော် အံဝင်တဲ့နေရာတွေကျရင် သုံးစွဲနိုင်ဖို့အတွက် … အလီ သွားကျက်လိုက်ဦး ... ဆိုတဲ့ စကားလေးတခု ပေါ်လာဖူးတယ်ဗျ။

ဒီစကားလေးကို ထွင်ပေးတဲ့ ရဲဘော်ရဲ့အမည်က ကမ်ပူးချား တဲ့။ သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး၊ ကမ်ပူးချား လို့ ဘာကြောင့်ခေါ်ကြသလဲဆိုတာတော့ ကျနော် မမေးမိဘူး။ သူက ရဲဘော်အများကြားမှာ လူသိများတယ်။ အလုပ် ကြိုးစားတယ်၊ စိတ်ထားကောင်းတယ်၊ သူက ပြဿနာတခု ရှာလိုက်တယ်ဆိုတာမျိုး တခါမှ မကြားရသလို တခြားရဲဘော်တွေကို ကူညီပေးတဲ့စိတ် အမြဲရှိတဲ့ရဲဘော်ဆိုတော့ အများက သူ့ကိုချစ်ကြတာ အဆန်းမဟုတ်ဘူးပေါ့။

သူက ရှစ်လေးလုံးကာလမတိုင်မီအထိ အတန်းပညာရေး ကောင်းကောင်း မသင်ဘူးဘူး၊ သူ စာမဖတ်တတ်ဘူး၊ ကြမ်းရှတဲ့ သူ့ဘဝကပေးတဲ့အသိကိုက မြန်မာအစိုးရကို ပုန်ကန်ရဲတဲ့သတ္တိကို မွေးဖွားပေးခဲ့တယ် ထင်ပါတယ်ဗျာ၊ သူ ရှစ်လေးလုံး ရဲဘော်တဦး ဖြစ်လာတယ်၊ စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းတော့ ABSDF ကျောင်းသား တပ်မတော်သားတဦး ဖြစ်လာပါတယ်။


ကချင်ပြည်နယ် ငြိမ်းချမ်းရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မြန်မာစစ်တပ်ကာကွယ်ရေး ဦးစီးချုပ်မှာ အဓိကတာဝန်ရှိသည်မြင်ကြောင်းနဲ့ နှစ်ဖက်စလုံးက အပစ်ရပ်စဲဖို့လိုမယ့်အကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပူတာအိုခရိုင်က မဲဆန္ဒနယ်မြေ အမှတ် (၁၂) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝု က ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ကိုသိန်းထိုက်ဦး ။ ။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် မြန်မာစစ်တပ်မှာ အဓိကရှိတယ်လို့ မြင်တဲ့အကြောင်း ကချင်တိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဂျေယောဝု က ပြောဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ရာမှာ မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေအသုံးပြုနေတာကိုလည်း သူက ကန့်ကွက်ပြောဆိုသွားပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ အမှတ် (၁၂) က ဦးဂျေယောဝု ကို ကျနော် တွေ့ဆုံမေးမြန်းချိန် ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သူက အခုလို စပြောပြပါတယ်။


ဥပဒေအထက်မှာ … ခရိုနီတွေရှိတယ် (ကာတွန်း စောငို)

အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက်ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့ လူကလေးတွေဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြောချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

“ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လိုထင်သလဲ။ ဒီလူတွေ နောက်ကြောင်းပြန်ဖို့ ခြေလှမ်းပြင်လာကြသလားဗျာ” တဲ့။

ကျုပ် ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာ ဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့ သူငယ် ... နောက်ကြောင်း၊ နောက်ကျွမ်းတွေ လာပြောမနေနဲ့။ မသိဘူးဟေ့။ ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။


Sunday, December 16, 2012

လိပ်တကောင်၏ အိပ်ရာထအတွေး (ခင်လွန်း)

ထုံးစံအတိုင်းမနက်လို
ယောင်ချာချာ
တကယ်လုပ်ရမှာတွေက အများကြီး
ချိန်းထားတဲ့လူတွေရှိ
စကားတခွန်းပြောရမယ်
မေးခွန်းတခုမေးရမယ်
ဟင့်အင်း သို့မဟုတ်
အင်း လုပ်ရမယ်
မသိသလိုနေလိုက်ရမယ့်
နည်းဗျူဟာသုံးရမယ်
ကိုယ့်စိတ်ကို မမြင်စေရဘူး။


သေစာ ရှင်စာ … (ကာတွန်း အောင်မော်)

Thursday, December 13, 2012

ဆင်းရဲမွဲတေမှု သက်သာရေး နည်းလမ်းရှာ ထွက်ပေါက်ပေးပါမှ (မောင်ဝံသ)

လူသားတိုင်းမှာ ဘယ်သူကမှ လုယူသိမ်းပိုက် တားမြစ်ပိတ်ပင်ပိုင်ခွင့်မရှိတဲ့ မွေးရာပါ အခြေခံအခွင့်အရေးနှစ်ခု ရှိပါတယ်။ အဲဒါကတော့ အသက်ရှင်ခွင့်နဲ့ လွတ်လပ်ခွင့်တို့ပဲ ဖြစ်ပါတယ်။ အဲဒီအခြေခံအခွင့်အရေးနှစ်ခုကို ပေါင်းပြီး လူ့အခွင့်အရေးလို့ခေါ်ကြတာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တရားနဲ့လျော်ညီစွာ အများသဘောတူ ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်ကြံနေထိုင်နေသမျှ ကာလပတ်လုံး သူ့ဆီက အဲဒီအခွင့်အရေးနှစ်ခုအနက် ဘယ်အခွင့်အရေးကိုမှ ဘယ်သူကမှ လုယူသိမ်းပိုက် တားမြစ်ပိတ်ပင်ခွင့် မရှိပါဘူး။

လူတစ်ယောက်ဟာ လူ့လောကထဲကိုရောက်ရှိလာပြီဆိုတာနဲ့ သူ့ရဲ့အသက်ရှင်ရေးအတွက် တောင်းဆိုပိုင်ခွင့်ရှိတာဖြစ်သလို တောင်းလည်းတောင်းဆိုတာပဲ ဖြစ်ပါတယ်။ အမိဝမ်းကကျွတ်ပြီဆိုတာနဲ့ ကလေးငယ်တွေ နို့ဆာလို့ငိုတာ၊ အအေးဒဏ်ကြောင့် ငိုတာဟာ သူ့ရဲ့အသက်ရှင်ခွင့်အတွက် တောင်းဆိုတာပဲ ဖြစ်ပါတယ်။ သူဟာ နို့မစို့ရမချင်း (တစ်နည်း) အစာမစားရမချင်းနဲ့ နွေးထွေးမှု မရမချင်း ငိုမှာ (တစ်နည်း) တောင်းဆို တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။


မီးခိုးဗုံးလေး သုံးတာများ ... (ကာတွန်း စောငို)

ကဗျာဖတ်နေတဲ့ ခေတ် ခေတ်ဖတ်နေတဲ့ ကဗျာ (လက်ျာဝင်း)

အနက်ရောင်
အနက်ကြီးထဲက ချဉ်ခြင်းပါ၊

ကိုယ့်အကြောင်းကိုယ်
အကုန်အစင်
ပြောခွင့်ရချင်တာပါပဲ၊

ဘာဖြစ်မယ်မှန်းမသိ
စားရ
ဘယ်ရောက်မယ်မှန်းမသိ
လျှောက်ရ
ဘာတတ်မယ်မှန်းမသိ
သင်ရ
အလုံးစုံ ဂမ္ဘီရ
အတုတွေများပြီး
အစစ်က နည်းလွန်းတော့
အတုက အစစ်ဖြစ်ပြီး
အစစ်က အတုဖြစ်သွားရဲ့၊


ပြောင်းနေပြီနော် ... (ကာတွန်း အောင်မော်)

Wednesday, December 12, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၅ (ကိုညို)

ကျနော်တို့ မန္တလေးကရဲဘော်တွေ မိုးရေးနယ်စပ် မရောက်ခင်ကတည်းက တမူးနဲ့ ကလေးမြို့က ကျောင်းသား သုံးဆယ်နီးပါး မိုးရေးမှာ ရောက်နေကြပြီ။ ကျနော်တို့ကို မိုးရေးမြို့အခြေစိုက်တဲ့ Sunrise Youth Club (တက်နေဝန်း လူငယ်များအသင်းလို့ ဘာသာပြန်ရမလားမသိ၊ ကာလသားလူငယ်တွေနဲ့ စုဖွဲ့ထားတာ) အဖွဲ့နဲ့ မိုးရေးမြို့ ကုန်သည်ကြီးများအသင်းက စောင့်ရှောက်ကူညီတာ ဖြစ်တယ်။

သူတို့အားလုံးဟာ မြန်မာပြည်အဆက်တွေပါ။ ဆွေမျိုးသားချင်းတချို့ ဗမာပြည်မှာရှိနေသေးတယ်လို့ သိရတယ်။ တက်နေဝန်း လူငယ်တွေကတော့ ဗမာစကားနည်းနည်းပါးပါးတော့ ပြောတတ်တယ်။ ကုန်သည်ကြီးများအသင်းက လူတွေကတော့ မွတ်နေတာပဲ၊ စကားရော၊ စီးပွားရေးရော။


စွပ်စွပ်စွဲစွဲ မပြောပါနဲ့ ... (ကာတွန်း စောငို)

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၅

“အေး ... ကောင်းတယ်၊ ဒါကို ကော်ပီဆွဲပြီး အများကြီး ထုတ်ဖြန့်ရမယ် ... အခု ငါတို့မှာ စက္ကူအလှူရှင် ရှိနေပြီကွ … သူရတို့ဆီကစက်နဲ့ ခိုးခိုးလှည့်နေတာ၊ ရတာနဲ့ ငါတို့လျှောက်ဖြန့်တာပဲ ...”

ဖေသောင်း ပြုစုထားသော လက်ကမ်းစာစောင်ကို သူရနှင့် ထွန်းသက်တို့ အားရနေကြသည်ကိုကြည့်ရင်း ဖေသောင်း အားတက်လာသည်။ ဒို့ဥစ္စာတွေ ဒီထက်ပိုထိရောက်ဖို့ လိုတယ်ကွ … ခေါက်ချိုးလေးမျက်နှာလုပ်ရင် ကောင်းမလား စသည်ဖြင့် သူတို့အားတက်သရောတိုင်ပင်ပြီး ကုက္ကိုပင်ခြေရင်းမှာပင် အချိန်ကုန်မှန်းမသိ။ ညနေ ရထားလာသံကြားမှ ကမန်းကတန်း လက်မှတ်ဝယ်ပြီး သူရတို့ပြန်သွားကြသည်။ ဖေသောင်းရွှင်လန်းစွာ ပြန်ခဲ့ပြီး လမ်းရောက်မှ ညို့ကို သတိရသည်။

xxxxx xxxxx xxxxx 


လက်ပံတောင်းတောင်မှာ ကိုက်တဲ့ခွေး (ကာတွန်း အောင်မော်)

မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝဖို့

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြည့်ဝဖို့ဆိုရင် စစ်တပ်ရဲ့ကြီးစိုးမှုကို ဖယ်ရှားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်လို့ဆိုခဲ့သူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomás Ojea Quintana နှင့် ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တာနား ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ကျနော်တို့ စပြီး ပြောရအောင်ဗျာ။ အဓိက ကျနော် ပထမ မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ဟိုတုန်းက၊ ဟိုတုန်းက ဆိုတာက စစ်အုပ်ချုပ်ရေး စစ်အစိုးရလက်ထက်တုန်းက လူ့အခွင့်အရေး အခြေအနေနှင့် အခု သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရဆိုတဲ့ အစိုးရတက်လာပြီးတဲ့နောက် လူ့အခွင့်အရေး အခြေအနေ ဘယ်လိုကွာခြားမှု ရှိပါသလဲ။ ပထမဦးဆုံး နှိုင်းယှဉ်ပြီး။

Quintana ။ ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကတော့ သိသိသာသာကြီး တိုးတက်လာတယ် ဆိုတာကတော့ လုံးဝ သေချာပါတယ်။ သမ္မတ ဦးသိန်းစိန် ရာထူးလက်ခံခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုပြီး မြန်မာနိုင်ငံကဏ္ဍ တော်တော်များများမှာ တိုးတက်မှုတွေ အများကြီး တွေ့လာရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား လွတ်မြောက်လာပါတယ်။ အရေးကြီးတဲ့ ဥပဒေတချို့ကို ပြန်လည်သုံးသပ်လာပါတယ်။


Sunday, December 9, 2012

ရွှေဝါရောင်မှသည် လက်ပံတောင်းဆီသို့ … (ကာတွန်း စောငို)

အိမ် (လှသန်း)

ဓနိပင်တွေက
မိခင် ဆိုရင်
ဝါးပင်တွေက သားပေါ့
ဝါးဓနိတွေနဲ့
သားအမိတွေ
အိမ်လေးတစ်လုံး ဆောက်ကြမယ်။  ။

လှသန်း

မထိမိစေနဲ့ ... အန္တရာယ်ရှိတယ် (ကာတွန်း အောင်မော်)

The Hidden Genocide

ပညာရှင်တွေက ဝေဖန်ထောက်ပြကြသလို ဦးသိန်းစိန် အစိုးရကိုယ်တိုင်က ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုခဲ့သော အယ်လ်ဂျာဇီးရား သတင်းဌာနကထုတ်လွှင့်ပြသနေတဲ့ The Hidden Genocide (ဖုံးကွယ်ထားသော လူမျိုးတုံး သတ်ဖြတ်မှု) သတင်းမှတ်တမ်းကား။

သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့ (မောင်သွေးချွန်)

“ဆေးရုံပေါ်မှာသံဃာတွေ အတုံးအရုံး၊ မီးလောင်ဗုံးသင့်၊ ဒုက္ခတွေ တစ်နင့်တစ်ပိုးနဲ့ ဒီလောက်အကြမ်းဖက် ဖြိုခွင်းခဲ့တာကိုတောင် အပြစ်ရှိတယ်လို့ မသတ်မှတ်သေးပါဘူးဆိုတော့ ဒေါ်စုရဲ့သဘောထားက ရှင်းနေပါပြီ။ ‘ပြည်သူအားလုံး ကျေနပ်မယ့် အဖြေမျိုးထွက်နိုင်မှာ မဟုတ်ပါဘူး' လို့လည်း ဒေါ်စုက ကြိုတင်ဝန်ခံ အဖြေပေးလိုက်ပါပြီ …” 

ညတကာည လတကာလတွေထဲမှာ တန်ဆောင်မုန်းလပြည့်ညဟာ အလှပဆုံးည ဖြစ်ပါတယ်။ ထက်ဝန်းကျင် ကောင်းကင်တစ်ခွင်တစ်ပြင်မှာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုးဆိုတဲ့ ညစ်မျိုးငါးမည် ကင်းရှင်းနေပြီး ဖိုးရွှေလမင်းကြီး လင်းလင်းချင်းချင်း လှလှပပ သာနိုင်တဲ့ညဖြစ်တယ်။ ညပေါင်း ၃၆၅ ည၊ လပေါင်း ၁၂ လအတွင်း ဒီညမှာသာတဲ့ လဟာရောင် ဝါအထွန်းလင်းဆုံး၊ တစ်လောကလုံး ရွှေရောင်ဖုံးလွှမ်းသွားအောင် လမင်းအလင်းရောင်တွေ သွန်ချနေတဲ့ ရွှေရောင်အလင်းည၊ ကမ္ဘာ့အလှဆုံးည ဖြစ်ပါတယ်။ အခြားသောညတွေမှာ နက္ခတ်ကြယ်တာရာတွေ မစုံညီ၊ ဒီညမှာတော့ ပုန်းနေတဲ့ ကြယ်ကလေးတစ်ပွင့်တောင် မကျန်အောင် လမင်းကြီးနောက် ခြံရံလိုက်ပါပြီး အလင်းခရီး အလှခရီးနှင်တဲ့ည။


ချို့ယွင်းတာ ရှိချင်ရှိမှာပေါ့ … (ကာတွန်း စောငို)

ပဲ့တင်သံ (နွယ်ဦးလှိုင်)

အိမ်ဖြူတော်ကို ရောက်လာတဲ့
ခရစ္စမတ်သစ်ပင်ကြီးကိုကြည့်ပြီး
မစ္စစ်အိုဘားမား က
“အခုပဲ ငါတို့ ခရစ္စမတ်ကျင်းပလို့ရပြီ ...” လို့
ပြုံးရွှင်စွာ ပြောကြားခဲ့တယ်။


တရုတ်ကြောက် (ကာတွန်း အောင်မော်)

လူလေးအတွက် တေး (သစ်ကောင်းအိမ်)

နှစ်ချို့ငါးခူကြီးတွေ စားရကံကြုံဖို့
အန္တရာယ်ကင်း ဘေးရှင်း
ရွှေတိဂုံဘုရား တောင်ဘက်မုခ်ခြေရင်းက
ရေကန်ကြီးထဲ
သက်စေ့လွှတ်ခံလိုက်ရတဲ့ ငါးတွေလို

မြေခွေးနဲ့ပေါင်းပြီး
ကြက်မွေးမြူရေးလုပ်သလို
ညီညွတ်ရေးမှာ
အချစ်ရေ …
တို့တတွေ လွတ်မြောက်ကြ