Monday, October 31, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁၂)

ပထမဆုံး မြန်မာပါမောက္ခ ဦးဖေမောင်တင်
ထိန်လင်း

သက်ရှိသက်မဲ့ အရာဝတ္ထုတွေဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျရှိဖို့ အရေးကြီးပါတယ်။ တကယ်လို့ သက်ဆိုင်ရာ နေရာတွေမှာ မရှိဘူးဆိုရင် တခုခု ချွတ်ချော်တိမ်းပါးနေပြီဆိုတာ သိရမှာဖြစ်သလို နေရာမှန် ရောက်ရှိရေးကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ‘လူမှန် နေရာမှန်’ ဆိုတဲ့စကားက အဲဒီလိုနေရာမျိုးမှာ သုံးတဲ့စကားပါ။ ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ မင်းသိင်္ခက ‘သူဌေးက သူဌေးလိုမနေဘဲ ခြံတံခါးတွေ သော့ခတ်ပြီးပြီလား၊ အိမ်တံခါးရော လုံရဲ့လားဆိုပြီး အမြဲလိုက်ကြည့်နေမယ်ဆိုရင် သူဌေးနဲ့တူတဲ့ သူဌေးမဟုတ်ဘဲ၊ ဒရဝမ်နဲ့တူတဲ့ သူဌေး ဖြစ်လိမ့်မယ်’ လို့ သူ့ရဲ့စာထဲမှာ ရေးဖူးတာ သတိရမိပါတယ်။

စာပေပညာရှင်တွေဟာ စာပေတာဝန် ကျေရမယ်၊ ဥပဒေဘက်တော်သားတွေက ဥပဒေမျက်နှာကိုပဲ ကြည့်ရမယ်၊ ပညာရေးဝန်ထမ်းတွေကလည်း ပညာရေးအတွက် အားစိုက်လုပ်ဆောင်ရမယ် စသဖြင့် သူ့နေရာနဲ့သူ တာဝန်ကိုယ်စီ ထမ်းဆောင်နိုင်မှ ကိုယ်ယူထားတဲ့နေရာဟာ ကိုယ်နဲ့ထိုက်တန်တဲ့အရာ ဖြစ်ပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးရှိမယ်ဆိုရင် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေရှိမှာ အသေအချာပါပဲ။

၂၀၁၁ နှစ်ကုန် ဟောစာတမ်း (ကာတွန်း စောငို)



 

ကြောင်လိုလို ကြွက်လိုလို လုပ်မနေနဲ့ (မောင်ဝံသ)

“နိုင်ငံရေးပါတီတွေကိုလည်း ကြောင်ဆိုရင်လည်း ကြောင်၊ ကြွက်ဆိုရင်လည်း
ကြွက်အဖြစ် ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။ မှုန်ဝါးဝါးနဲ့ ကြောင်လိုလို ကြွက်လိုလို လုပ်နေလို့ကတော့ ပြည်သူရဲ့ ယုံကြည်မှုကိုရတော့မှာ မဟုတ်ဘူး …”

ဒီမိုကရေစီနိုင်ငံများက လွှတ်တော်တွေမှာ အဓိက အာဏာရပါတီနဲ့ ယင်းရဲ့ မဟာမိတ်များ၊ အဓိက အတိုက်အခံပါတီနဲ့ ယင်းရဲ့ မဟာမိတ်များဆိုတာ ရှိစမြဲပဲဗျ။ အတိုက်အခံတို့ ဘာတို့ ပြောမနေပါနဲ့၊ လွှတ်တော်ထဲမှာ ပါတီတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စတွေမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရအောင်လို့ ပြောရင် အဲဒါဟာ စိတ်ကူးယဉ်တာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောချင်သဗျ။ ပါတီစုံဒီမိုကရေစီဟာ နာမည်အတိုင်းပဲ ပါတီစုံ ဖြစ်ရမယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တစ်ပါတီပုံစံ လုံးဝ မဖြစ်သင့်ဘူးလို့ စဉ်းစားမိပါတယ်။

ဆိုလိုတာက လွှတ်တော်တွင်းရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်သံတည်းထွက်ဖို့၊ တစ်ခုတည်းသော သဘောထားတွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်လည်းမဖြစ်နိုင်၊ မဖြစ်လည်း မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာကိုတော့ အထူးရှင်းပြစရာလိုမည် မထင်ပါ။ မဖြစ်သင့်ဘူးဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။ 

ဖဲဝိုင်း အိမ်ဖြည့်သလို

ပါတီစုံဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုက မတူကွဲပြားသောအမြင်များကို ဖော်ထုတ် တင်ပြဆွေးနွေးကြပြီး နောက်ဆုံးမှာ မဲခွဲဆုံးဖြတ်၊ အများဆန္ဒကို အနည်းစုက လက်ခံ၊ အနည်းစုရဲ့ဆန္ဒကို အများကလေးစားသမှုပြုရမှာ ဖြစ်တယ်ဗျ။ အဲဒါကြောင့် လွှတ်တော်ထဲမှာ အမတ်နေရာအင်အားဟာ ၆၀း၄၀ နှုန်းလောက်ရှိနေရင် အကောင်းဆုံးပဲလို့ နိုင်ငံရေးသိပ္ပံကျမ်းတချို့မှာ ဖတ်ဖူးပါတယ်။ သဘောကတော့ အာဏာရပါတီ + ယင်းရဲ့ မဟာမိတ်များ ပူးပေါင်းအင်အားဟာ ၆၀ ရာခိုင်နှုန်းလောက်ဆိုရင် ကောင်းတယ်။ အဓိက အတိုက်အခံပါတီ + ယင်းရဲ့ မဟာမိတ်များအင်အားဟာ ၄၀ ရာခိုင်နှုန်းလောက်ဆိုရင် ကောင်းတယ်။ စင်ကာပူလို ၈၀း၆ အချိုးလောက်ဖြစ်နေရင်တော့ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဘာမှ မထူးဘူးလို့ ပြောစရာ ဖြစ်ပါလိမ့်မယ်။ အတိုက်အခံဆိုတာ ဖဲဝိုင်းတစ်ဝိုင်းမှာ အိမ်ပြည့်အောင် ထည့်ပေးထားတာနဲ့ မခြားနားတော့ပါဘူး။ 

Sunday, October 30, 2011

ရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲ

 
အောက်မှာ ဆက်လက် ဖော်ပြထားတဲ့ပုံတွေကတော့ အောက်တိုဘာ ၂၉ ရက်နေ့က ရွှေတိဂုံစေတီတော် ရင်ပြင်မှာတွေ့ရတဲ့ ရှင်လောင်းလှည့်ပွဲမှ ပုံရိပ်တချို့ပါ။

ဒေါ်စုနှင့် ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံ

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ စတုတ္ထအကြိမ်အဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြေယာတိုက်ပွဲ (ကာတွန်း စောငို)



စောင့်မျှော်နေပါတယ် (လူထုစိန်ဝင်း)

မျက်မှန်စိမ်းကြီး ချွတ်လိုက်ပါတော့လို့ ပြောသူတွေလည်း အမြဲတမ်း ဆန့်ကျင်ခဲ့သူတစ်ဦးရဲ့ ကလောင်က ကြိုဆိုတယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့ စာလုံးတွေ မထွက်စဖူးထွက်လာတာကို ကြည့်ပြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်။ ထောက်ခံတယ်လို့ အပြတ်ပြောဖို့အတွက် အပြောင်းအလဲတွေကို စောင့်မျှော်နေပါတယ်။ မြန်မြန် ပေါ်ထွက်လာစေချင်ပါပြီဗျာ . . .

သမ္မတဦးသိန်းစိန် အစိုးရကို မထောက်ခံသေးဘူး၊ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ရေးလိုက်တဲ့စာ ဂျာနယ်တွေထဲပါလာတဲ့ မနက်ပိုင်းမှာတင် စာဖတ်ပရိသတ်အတော်များများဆီက ဖုန်းတွေလက်ခံရရှိတယ်။ အားလုံးက အားမလိုအားမရဖြစ်လို့ ဆက်ကြတာ။

အကြောင်းပြချက် ကိုယ်စီရှိ

အားမရသူအများစုက ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ။ နှစ်ပေါင်းငါးဆယ်လုံးလုံး စောင့်ကြည့်ခဲ့တာ မလုံလောက်သေးဘူးလားလို့ မေးကြတယ်။ သူတို့တတွေ စိတ်မရှည်နိုင်တော့တာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် နားလည်ပေးလိုက်ပါတယ်။ အားမရသူအနည်းစုကတော့ အရပ်သားအစိုးရသစ်က ဒါလောက်ပြောပြီး ဒါလောက်လုပ်ပြနေတာတောင် မထောက်ခံသေးဘူး။ စောင့်ကြည့်ဦးမယ်ဆိုတာက မလွန်လွန်းဘူးလား။ မျက်မှန်စိမ်းကြီး ချွတ်လိုက်ပါတော့လို့ ငေါ့တော့တော့နဲ့ ပြောကြတယ်။ သူတို့မှာလည်း အကြောင်းပြချက်တွေ အများကြီးရှိနေကြောင်းသိထားလို့ နားလည်ပေးလိုက်ပါတယ်။

အင်ဒို နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စု တွေ့ဆုံ

 
အောက်တိုဘာ ၂၉ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့နေအိမ်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီ ဂါဝါ နဲ့တွေ့ဆုံအပြီး သတင်းဌာနတွေကို ရှင်းလင်းပြောကြားနေတဲ့ ပုံရိပ်တချို့ပါ။ (ဓာတ်ပုံ - အေပီ၊ ရိုက်တာ)

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂)

ဗိုလ်မှူးချုပ်မန်းကျော်ဖေ အမှာစာ

ဗိုလ်ချုပ်ကျော်သောင်း နှင့် ဗိုလ်မှူးချုပ်မန်းကျော်ဖေ

ဗိုလ်ချုပ်ကျော်သောင်း၏ ဘဝနှင့်ပတ်သက်၍ စာအုပ်ထုတ်မည်ဟုသိရ၍ ကျနော် အထူးဝမ်းသာမိပါသည်။ ဝမ်းသာရသည့် အကြောင်းရင်းမှာ ဗိုလ်ချုပ်ကျော်သောင်းသည် ကျနော် အလွန်လေးစားရသော ကရင့်တော်လှန်ရေး ခေါင်းဆောင်အတော်များအနက် တယောက် အပါအဝင် ဖြစ်သည်။ အမှန်ပင် ရိုသေသင့်၊ ရိုသေထိုက်၍ လေးစားသင့်၊ လေးစားထိုက်သော ခေါင်းဆောင်ကောင်းတယောက်ဖြစ်သည်။ ဗမာပြည် လွတ်လပ်ရေးအကြိုကာလ ကရင့်အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုအခန်းကဏ္ဍဖြစ်သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မြို့တော်ရန်ကုန်နှင့် အချို့မြို့ကြီးများတွင် “ကရင်ပြည် ချက်ချင်းပေး” “ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ” “လူမျိုးရေး အဓိကရုဏ်း အလိုမရှိ” “ပြည်တွင်းစစ် အလိုမရှိ” ဟူသော ကြွေးကြော်သံ (၄) ရပ်ဖြင့် ငြိမ်းချမ်းစွာ အသံတိတ်ဆန္ဒပြပွဲကြီးတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး အင်းစိန်တိုက်ပွဲ (၁၁၁)ရက်တွင်လည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။

Friday, October 28, 2011

ရန်ကုန်က ဖက်ရှင်ရှိုး

 
ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ မြန်မာဒီဇိုင်နာတွေရဲ့လက်ရာ Wedding and Lifestyle ဖက်ရှင်ပြပွဲမှ ပုံတချို့ပါ။ (ဓာတ်ပုံ - အေပီ)

လယ်ယာမြေသိမ်းမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူ ၇ ဦး အာမခံနဲ့ ပြန်လွတ်

 
မြန်မာနိုင်ငံမှာ လယ်ယာမြေသိမ်းမှုအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရှေ့နေ ဦးဖိုးဖြူ အပါအဝင် ၇ ဦးကို ဥပဒေမဲ့ စုဝေးမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

အိုးအိမ်ရုံးချုပ်မှာ မနေ့က ဆန္ဒပြတဲ့ လူ ၃၀ ထဲက ၇ ယောက်ကို ဖမ်းဆီးသွားပြီး ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။


ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၃)

အခုသတင်းပတ် မေးမြန်းခန်းမှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မြန်မာနေရာယူရေးကိစ္စ၊ မူဆယ်မှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဖို့ အခက်အခဲဖြစ်တဲ့ကိစ္စ၊ ဒုက္ခသည်တွေ ပြည်ပထွက်ပြေးရတဲ့အရေးနဲ့ ခရီးသွားဧည့်လုပ်ငန်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သဘောထားတွေကို ဗွီအိုအေ သောတရှင်များက မေးမြန်းထားကြပါတယ်။ 

အရင်ဆုံးတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မြန်မာဖြစ်သင့် မသင့်ကိစ္စ ဦးဖိုးထိုက်ရဲ့အမေးနဲ့ စ ပါမယ်။

မေး။ ၂၀၁၂ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး မဖြစ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ လူထုအကျိုးပြု အဖွဲ့အစည်းတွေရဲ့ သဘောထားကို ရယူမယ်ဆိုတဲ့ သဘောမျိုး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သင့်ပါပြီလား။ ဖြစ်သင့်မယ်ဆိုရင် ဘယ်လို အခြေအနေမျိုးမှာကြောင့် ဖြစ်သင့်တယ်လို့ မြင်ပါသလဲ၊ မဖြစ်သင့်ဘူးဆိုရင်လည်း ဘယ်လိုအခြေအနေကြောင့်လဲဆိုတာ ရှင်းပြပေးပါ။

Wednesday, October 26, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁)

ပဒိုမန်းရှာလားဖန်း၏ အမှာစာ

“ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ” စာအုပ်ငယ်အတွက် အမှာစာရေးရန် စာမူကို အကြမ်းလေ့လာကြည့်ရာ အမှန်ပင် သူ့ဘဝ၏ ဟိုတစ ဒီတစ အစိတ်အပိုင်းငယ်လေးများကို တွေ့ရပါသည်။ သို့ရာတွင် အရေးကြီးသော အစိတ်အပိုင်းများကို ပေါ်လွင်အောင် ထည့်သွင်းထားနိုင်ခြင်း မရှိဟု မြင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ ကိုယ်တိုင်အချိန်ယူ၍ မပြောပြနိုင်ခြင်း၊ ပြုစုသူက အချိန်ယူ မစုစည်းနိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဗိုလ်ချုပ်ကျော်သောင်းသည် စင်စစ်သမိုင်းဝင် ကရင့်တော်လှန်ရေးသမားကြီးတဦး ဖြစ်ပါသည်။ သူ့တွင် ခိုင်ခန့်သည့် သမိုင်းနောက်ခံ ရှိပါသည်။ သူသည် ခေတ်ပညာတတ်တယောက် မဟုတ်သော်လည်း အမျိုးကိုချစ်၍၊ ပြည်သူကိုချစ်၍၊ လွတ်လပ်မှုနှင့် တရားမျှတမှုကိုချစ်၍ တော်လှန်ရေးအတွင်း ရောက်ရှိလာသူ ဖြစ်ပါသည်။ သူ၏ ရိုးသားဖြောင့်မတ်မှု၊ သူ၏ သစ္စာရှိမှု၊ သူ၏ စွန့်လွှတ်အနစ်နာခံမှု၊ သူ၏ သူရသတ္တိ၊ သူ၏ ကြိုးစားမှုကြောင့်ပင် တပ်စုမှူးဘဝမှ ဗိုလ်ချုပ်အဆင့်သို့ ရောက်လာခဲ့သူဖြစ်သည်။

ကျနော်နှင့် သူ မြို့နယ်တနယ်တည်းတွင်နေပြီး ကျနော့်ရွာကို အမြဲရောက်ခဲ့သော်လည်း ကျနော်နှင့် ဆက်ဆံဖူးခြင်း မရှိခဲ့ချေ။ ၁၉၆၃ ခုနှစ်ရောက်မှ ကျနော်နှင့် ထိတွေ့ဆက်ဆံဖူးခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် တပ်မ နိုင်ငံရေးမှူး၊ ဗိုလ်မှူးချုပ်ကျော်သောင်း ဖြစ်နေပြီ ဖြစ်သည်။ 

လျှပ်တပြက် ပုဇွန်တောင်ချောင်း

ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့က ပုဇွန်တောင်ချောင်းက ပုံရိပ်အချို့ပါ။ (ဓာတ်ပုံ - အေပီ)

Tuesday, October 25, 2011

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures (နိဂုံးပိုင်း)

ကျွန်မတို့ဟာ အတိုက်အခံ ပါတီတစ်ခုရဲ့လုပ်ငန်းလို့ ယူဆနိုင်တဲ့ အစိုးရတစ်ဖွဲ့နေရာမှာ အခြား အစိုးရတစ်ဖွဲ့ကို အစားထိုးရုံမျှ လုပ်ငန်းကို လုပ်ကိုင်နေခဲ့တာ မဟုတ်ပါဘူး။

နိုင်ငံရေးလှုပ်ရှားသူတွေရဲ့အလုပ်ပဲလို့ မျှော်လင့်ထားမှုရှိနိုင်သလို စံနစ်ကြီးအတွင်းမှာ ဟိုအချက် ဒီအချက် ပြောင်းလဲ ပြင်ဆင်ပေးပါရယ်လို့ အရေးဆိုရုံမျှ လုပ်ကိုင်နေတာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ပြည်သူလူထုကြီးအတွက် ကျွန်မတို့ရဲ့ လိုအင်ဆန္ဒပေါင်းစုံအကျုံးဝင်တဲ့ အခြေခံမူကြီးတစ်ခုအတွက် အလုပ်လုပ်နေတာ အသက်ရှင်နေတာ ဖြစ်ပါတယ်။

တကယ်ဆိုတော့ ကျွန်မတို့ရဲ့ လိုအင်ဆန္ဒတွေဟာ အခြား အခြားသော နိုင်ငံတွေက ပြည်သူလူထုတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ အလွန်အမင်း ခြားနားခြင်း မရှိပါဘူး။

စစ်အစိုးရက ကျွန်မတို့ကို အခြား ကမ္ဘာ့ပြည်သူတွေနဲ့ အဆက်အသွယ်ကင်းကွာအောင် အပြင်းအထန် ကြိုးစားပေမယ့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့တိုက်ပွဲမှာ တကိုယ်တည်း အထီးကျန်နေတဲ့ ခံစားချက်ကို တခါမျှ မခံစားခဲ့ပါဘူး။

Monday, October 24, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (ခိုင်မာကျော်ဇော)

စာအုပ်မှတ်တမ်း

စုစည်းတင်ပြသူ
ခိုင်မာကျော်ဇော

ပုံနှိပ်ထုတ်ဝေ
ဒေါက်တာ စင်သီယာမောင်

ကွန်ပျူတာ စာစီ၊ စာရိုက်
ကရင်သတင်းစဉ် အဖွဲ့သူ အဖွဲ့သားများ

အုပ်ရေ
၂ဝဝဝ

ထုတ်ဝေသည့် ခုနှစ်
မတ်လ၊ ၂ဝဝ၇ ခုနှစ်

ဆက်သွယ်ရန်
ခိုင်မာကျော်ဇော
စာတိုက်သေတ္တာ (၂၂)
တာခ့်ခရိုင်၊ မဲဆောက်
၆၃၁၁ဝ

ကျေးဇူးတင်ရှိခြင်း

- ဤစာအုပ်ဖြစ်မြောက်ရေးအတွက် တွေ့ကြုံကျော်ဖြတ်ခဲ့ရသည်များကို အားတက်သရော ပြန်လည်ပြောပြပေးခဲ့သည့် အဖိုး ဗိုလ်မှူးချုပ်ကျော်သောင်း

- ဤစာအုပ် ထုတ်ဝေဖြန့်ချိရေးအတွက် အားပေးကူညီခဲ့သည့် ကိုကျော်ဟိန်း နှင့် ဒေါက်တာ စင်သီယာမောင်

- ကက်စက်ခွေများ ကူညီဖြည်ပေးခဲ့သည့် နော်ကပေါ်စေး နှင့် နော်စေးလျာဖော

- စာရိုက်စာစီ၊ စာပြင်ဆင်ခြင်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့သည့် ကရင်သတင်းစဉ်မှ နန်းဖောဂေ၊ နန်းထူးထူးစံ၊ နော်ဖောဝါး၊ စောခေါင်သောင့်၊ စောအယ်ကော်

- စာမူကြမ်းများ ဖတ်ရှုပေးသည့် ဗိုလ်မှူးစောလှငွေ နှင့် နမ့်ဝါဝါစိုးသိန်း

- အမှာစာ ရေးသားပေးသည့် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်မန်းကျော်ဖေနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။

ရေစုန်မျောပြီ … (ကာတွန်း စောငို)

 
ကဗျာဆရာ လှသန်း
(၁၉၆၃ - ၂၀၁၁)
ရန်ကုန်မြို့ မွေးဖွား

၂၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခု ည ၉ နာရီ၊ ၂၀ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သည်။

လက်မရွံ့ကဗျာဆရာသို့

မြေဝသုန်ရေ...
ဂုဏ်ပြုထိုက်တဲ့ ဧည့်သည်တစ်ယောက်ကို
လက်ခံယူပါတော့
ဝီလျှံယိစ်ကို အနားယူလဲလျောင်းစေပါလော့ ...
(ဝဟ-အော်ဒင်)

ငါတို့ကောင်းကင်ကြီးပြာလွင်ရဲ့လား ...?
ကောင်းကင်ကို အရောင်ပြောင်းချင်သူတစ်ယောက်
လူ့ပြည်ကို
လူပီသစွာ ရောက်ခဲ့တယ်။


Sunday, October 23, 2011

အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ (လူထုစိန်ဝင်း)

‘ကပ်ပါးကောင်’ တွေကိုပါ တစ်ပါတည်း ဖယ်ရှားရှင်းလင်းပစ်ဖို့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုတယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက်လာနိုင်လိမ့်မယ်။ ကပ်ပါးကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များ အများအပြားပေါ်ထွက်လာအောင် တွန်းအားပေးရမယ် . . .

မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက်မလာဘဲ နောက်ကျန်နေရစ်တာဟာ ကိုးကွယ်တဲ့ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာတွေနဲ့ တွေ့တဲ့အခါတိုင်း အမေးခံရလေ့ရှိတယ်။

ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ

မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံအလျောက်ဖြစ်ရတယ်လို့ဆိုတဲ့အတွက် ကြိုးစားသင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ်နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ ‘ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်’ ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကရဲ့ လောကီကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေးမွေးဖွားတဲ့ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင်ကိစ္စမှာလည်း ဝင်မပါဘူး။ ကွာရှင်းပြတ်စဲကိစ္စမှာလည်း ဝင်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီးပင့်ပြီး ‘သရဏဂုံ’ တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာ မဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံတင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင်နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။

Friday, October 21, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁၁)

ဒီးဒုတ်ဦးဘချို၏ မျိုးချစ်စိတ် နှင့် သမိုင်းမှတ်တိုင်များ 
ထိန်လင်း

မြန်မာပြည်ရဲ့စာပေဟာ နိုင်ငံရေး ရေစီးကြောင်းတွေပေါ်မှာလိုက်ပြီး ရှင်သန်နေရတာကြောင့် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်တာနဲ့အမျှ စာပေလွတ်လပ်ခွင့်တွေကိုလည်း ထိခိုက်လေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ နိုင်ငံရေးစာပေ၊ အတ္ထုပ္ပတ္တိစာပေတွေက ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားနိုင်ပါဘူး။ ဒါကြောင့်မို့ သမိုင်းမှတ်တမ်းတွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာတွေကို သိရှိဖို့ဆိုရင် ခက်ခက်ခဲခဲ ရှာဖွေကြရပြီး မှတ်တမ်းမှတ်ရာတွေ ပျောက်ဆုံးကုန်ရတဲ့ ဆုံးရှုံးမှုက တိုင်းပြည်နဲ့လူမျိုးအတွက် ကြီးမားတဲ့ အဆုံးအရှုံးတွေ ဖြစ်ပါတယ်။ 

ဆရာ ဒီးဒုတ်ဦးဘချို ရဲ့ အတ္ထုပ္ပတ္တိဆိုရင်လည်း ဒီလိုပါပဲ။ ဆရာကွယ်လွန်ပြီး ၃ နှစ်လောက်အကြာမှာ ဆရာ့အတ္ထုပ္ပတ္တိတစ်ခု ပေါ်ပေါက်ဖို့ ဆရာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သူတွေကို ရန်ကုန်မြို့က ဆန်းကဖီးမှာ ဖိတ်ကြားပြီး ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၂ဝ ကျော်တဲ့အထိ ဘာစာအုပ်စာတမ်းမှ ထွက်ပေါ်လာခြင်း မရှိပါဘူး။ နောက်ဆုံး စာရေးဆရာ သင်္ခါရဲ့ ကြိုးပမ်းမှုကြောင့်သာ ‘အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို’ ဆိုတဲ့စာအုပ် ထွက်ပေါ်လာပါတယ်။ အဲဒီစာအုပ် ပထမဆုံးထုတ်ဝေတဲ့အချိန်မှာ ဆရာဦးဘချို ကွယ်လွန်ခဲ့တာ ၂၉ နှစ်ကျော်ပါပြီ။ 

အာဏာရှင်မျိုး … လွတ်ရိုးမရှိ (ကာတွန်း စောငို)

ယုံကြည်ချက်ဆိုတာ ကိုယ်မှန်တယ်လို့ ထင်ထားတာကို စွဲစွဲမြဲမြဲ ကိုင်ထားတာ …

“ကျမကတော့ အဓိကထား ပြောချင်တာ ယုံကြည်ချက် ဆိုတာ ဘာလဲ၊ လွတ်မြောက်တယ် ဆိုတာ ဘာလဲ ဒီနှစ်ခုကို မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ ကျမတို့ဟာ နိုင်ငံရေး လုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့ ယုံကြည်ချက်နဲ့ ခံစားချက် မတူဘူးဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ ယုံကြည်ချက်ဆိုတာ ကိုယ်မှန်တယ်လို့ ထင်ထားတာကို စွဲစွဲမြဲမြဲ ကိုင်ထားတာဟာ ဒါ ယုံကြည်ချက်ပါပဲ”

Thursday, October 20, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၂)

ဒီအပတ် အမေးအဖြေအစီအစဉ်မှာတော့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အပေါ် သဘောထား၊ အမျိုးသားအကျိုးစီးပွား ဆိုတဲ့ စကားရပ်အပေါ် အဓိပ္ပာယ်ဖွင့်ချက်နဲ့အတူ မီဒီယာသတင်း လွတ်လပ်ခွင့် စာပေစိစစ်ရေးအဖွဲ့ ထားသင့်မသင့် စတာတွေကို ဗွီအိုအေ သောတရှင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။ ဦးဆုံးတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိစ္စကို တွံတေးမြို့က ဦးရာကျော်က မေးမြန်းထားချက်နဲ့ စတင်ပါမယ်။ 

မေး။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် အမြင်ကို သိလိုပါသည်။ လက်ရှိ ဦးဆောင်တဲ့ ဦးဝင်းမြဆိုတာဟာ တချိန်တုန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိပါဘူးလို့ ကာကွယ်ပြောဆိုခဲ့ရတဲ့ စစ်အစိုးရ သံတမန်ကြီးပါ။ ဒီလိုလူမျိုးကိုယုံပြီး ဘယ်သူက တိုင်ကြားမှာတုန်းဗျာ။ တတ်နိုင်ရင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ဘယ်လိုလူတွေ ထားသင့်တယ်၊ ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို သမတနဲ့တွေ့ရင် အကြံပေးစေချင်ပါတယ်။ ကြက်ခြံကို မြေခွေးစောင့်ခိုင်းသလိုဖြစ်နေပါပြီ။

အာဏာရှင်တို့ နိဂုံး … (ကာတွန်း စောငို)

Wednesday, October 19, 2011

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 7

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို စစ်တပ်က ချေမှုန်းရာမှာ လက်နက်မဲ့ ဆန္ဒပြသူတွေကို မည်သူမည်ဝါ ခွဲခြားခြင်း မရှိ သို့မဟုတ် အဆင်အခြင် အထိန်းအသိမ်း မရှိ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်လိုက်တုန်းက ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ တခြား လှုပ်ရှားသူတွေဟာ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီ ကျောင်းသားတွေထဲက အများအပြားဟာ သေနတ်နဲ့ လူလုပ်သူကို သေနတ်နဲ့ အနိုင်ယူမှသာ ရနိုင်တယ်လို့ ယုံကြည်ကြပြီး ဒီမိုကရေစီရေးအတွက် ကျောင်းသား တပ်မတော် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Tuesday, October 18, 2011

စာသင်ကျောင်းက ဒေါင်းအိုးဝေ (ထိန်လင်း)

“ကျောင်းနံရံတဝိုက်ဒေါင်းအလံတွေ ပြန်စိုက်မယ်” တဲ့
မင်းကိုနိုင်ရဲ့ စကားဟာ
တော်လှန်ရေးရဲ့ တရားလည်း ဖြစ်ပါတယ်။

စာသင်ကျောင်းဆိုတာ
အာဏာတွေ ပါဝါတွေမရှိ
မာယာဆိုတာလည်း နတ္ထိ
မရှိတရားတွေက အမျိုးမျိုး
ဒါပေမယ့် ...
ခေတ်ဆိုး စနစ်ဆိုးတွေ ပြောင်းစေဖို့
ဒေါင်းတွေတော့ ရှိပါတယ်။


ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်ပြည့် မွေးနေ့အခမ်းအနား

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သမိုင်းမြို့မဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ခေါ်) ဇာဂနာ အပါအဝင် ဝါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့်အတူ ရဟန်းရှင်လူ ပြည်သူ အများအပြား တက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲအခမ်းအနားကို သမိုင်း မြို့မဘုန်းတော်ကြီးကျောင်းရှိ အသောကဖောင်ဒေးရှင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ အစီအစဉ်များကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ကိုးနာရီအချိန်ကပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကိုမင်းကိုနိုင် အသက် ၄၉ နှစ်ပြည့် မွေးနေ့သဝဏ်လွှာ

Felicitation Letter of 88 GS for MKN (Burmese)

မင်းကိုနိုင်အကြောင်း တစေ့တစောင်း

မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေမှာ ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ဘဝအချိန် အတော်များများကိုတော့ အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။ အခုအခါမှာလည်း သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့်ပဲ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ဘဝအကြောင်း တစေ့တစောင်းနဲ့ သူဟာ ဘယ်လိုလူစားလဲဆိုတာ သူနဲ့လက်တွဲလှုပ်ရှားခဲ့ကြသူတွေ၊ ခင်မင်ရင်းနှီးသူတွေ ပြောပြထားတာတွေကိုတော့ ကိုကျော်ကျော်သိန်းက စုစည်း တင်ပြပေးထားပါတယ်။

မင်းကိုနိုင် မွေးနေ့သို့ ဗကသ မှ ပေးပို့သည့် သဝဏ်လွှာ

MKN 49th Birthday Message of ABFSU

Monday, October 17, 2011

မင်းကိုနိုင် အောင်မြင်ပါစေ (ထိန်လင်း)

မင်း ကျင့်တရား ၁ဝ ပါးမထွန်းကားတဲ့ခေတ်မှာ
သူဟာ တကယ့်သူရဲကောင်းပါ။

ကို လိုနီ အဖြစ်ထက် ဆိုး
အမျိုးမျိုး ဖိနှိပ်မှုတွေအောက်
ဒူးမထောက်တဲ့ ဇာနည်
မြန်မာပြည်ရဲ့ အနာဂတ်။

နိုင် လိုမင်းထက် အာဏာစက်နဲ့
အမျက်ကို ထုတ်ပြ
အရှက်ကို ဖြုတ်ချထားတဲ့
နအဖ လူသရမ်းတို့
ဖမ်းဆီးလို့ ချုပ်နှောင်ကြလည်း
သူက လွတ်မြောက်သူ။


မောင်မောင်ခေါ်တုန်း ဗျာထူးထားနော် … (ကာတွန်း စောငို)

မင်းကိုနိုင်အတွက် မွေးနေ့ဆုတောင်း

(အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက်မွေးနေ့ အမှတ်တရ)

Dr.THA
အောက်တိုဘာ ၁၇ ရက်

ကျွန်တော်လွန်ခဲ့တဲ့ သုံးလေးရက်က နိုင်ငံခြားခရီးက ပြန်ရောက်ပါတယ်။ လူဝင်မှုမှာ တန်းစီနေတုန်း ဗုဒ္ဓဂါယာက ပြန်လာတဲ့ အသက် ၆၀၊ ၇၀ အရွယ် အမျိုးသမီးကြီးတွေ ပြောတာကြားခဲ့ပါတယ်။ “တို့ သမ္မတကြီးလာမှာမို့ ဗုဒ္ဓဂါယာမှာ စောင့်ကြတယ်။ မတွေ့လိုက်ရဘူး” တဲ့။ တို့သမ္မတကြီးလို့ ပြည်သူတွေ မသုံးစွဲခဲ့တာ ဘယ်လောက်ကြာပါပြီလဲ။ ဒါဟာ ပြည်သူတွေဆီက ရောင်ပြန်ဟပ်တဲ့ မေတ္တာတရားပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုတစ်ခေါက်လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်အပါအဝင် ပြည်သူအများစုက စိတ်ပျက်လက်ပျက်ရှိကြပါတယ်။ သမ္မတကြီးရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဆုံးဖြတ်ချက် အပါအဝင် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာကို အသိအမှတ်ပြုကြလို့သာ အပြစ်မပြောရက်ကြတာပါ။ ရိုးသားဖြောင့်မတ်တဲ့ လုပ်ဆောင်မှုတစ်ခုလို့တော့ မမှတ်ယူကြပါဘူး။


Sunday, October 16, 2011

ရွှေတံခါးကြီးဖွင့်နိုင်ဖို့ (လူထုစိန်ဝင်း)

"ဒီအချိန်ဟာ သမိုင်းမှာ အလှည့်အပြောင်းကြီးတစ်ခုအဖြစ် မော်ကွန်းတင်နိုင်တဲ့ အချိန်ဖြစ်တယ်။ တပ်မတော်နဲ့ပြည်သူ ကြည်ဖြူလက်တွဲမှု ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ အမိအရ၊ ရအောင်ယူကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ..."

စာတွေရေးနေတာ နှစ်ပရိစ္ဆေဒ မနည်းတော့ဘူး။ ကိုယ့်အလုပ်မို့သာ ဝတ္တရားမပျက်လုပ်နေတာ။ ရာနှုန်းပြည့် အားရကျေနပ်တယ်လို့တော့ ဘယ်အခါမှမရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လောက်ပဲရေးရေး ဘာမှအရာရောက်တယ်လို့ မခံစားရလို့ပဲ။

အတိုင်းအဆမရှိ မေတ္တာတွေကြောင့်

တစ်ခါတလေ စိတ်ပျက်လက်ပျက်နဲ့ ‘ဟောရင်းသာ ပျံတော်မူလိမ့်မယ်’ လို့တောင် ရေးမိသွားတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ရေးခဲ့တဲ့စာတွေ နည်းတာမဟုတ်ဘူး။ စုပြီးထုတ်တဲ့ စာအုပ်တွေတောင်လေး ဆယ်ကျော် ငါးဆယ်နီးပါးရှိနေပြီ။ ရေးရကျိုးနပ်တယ်လို့ ကျေနပ်အားရဖြစ်ရတာမျိုး မရှိဖူးဘူး။ အတိုင်းအဆမရှိကြီးမားတဲ့ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့မေတ္တာကို ရရှိခံစားနေရတာလေးတစ်ခုကြောင့်ပဲ အဆက်မပြတ်ရေးဖြစ်နေတာ။ အမှန်ပြောရရင် အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အန္တရာယ်အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။

Saturday, October 15, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁ဝ)

စွယ်စုံရ အနုပညာရှင် အာဇာနည် ဒီးဒုတ်ဦးဘချို
ထိန်လင်း

မြန်မာ့နိုင်ငံရေးမှာ အနုပညာနယ်ပယ်ကနေ တိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်ထဲ ရောက်ရှိတာဝန်ယူခဲ့သူတွေ အများအပြား ပါဝင်ပါတယ်။ အဲဒီလို အနုပညာရှင်တွေအကြောင်း ပြောမယ်ဆိုရင် အာဇာနည်တစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုကို ချန်လှပ်ထားလို့ မဖြစ်ပါဘူး။ ဒီးဒုတ်ဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့တဲ့အတွက် ဒီးဒုတ်ဦးဘချိုလို့ အမည်တွင်ခဲ့တဲ့ ဆရာဦးဘချိုဟာ စာရေးဆရာအဖြစ်သာမဟုတ်ဘဲ အနုပညာမျိုးစုံ ဖန်တီးနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် စာရေးဆရာ သိန်းဖေမြင့်က ‘ဆရာ့အတွက် စွယ်စုံဆိုတဲ့ စကားနဲ့တောင် မလုံလောက်ဘူး’ လို့ ရေးသားခဲ့ပါတယ်။ စာရေးဆရာ သင်္ခါကလည်း ‘အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို’ ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ ဦးသန့်ရဲ့ ဆရာ့အပေါ်အမြင်ကို အခုလို ရေးသားခဲ့ပါတယ်။ 

စက္ခုနှစ်ကွင်း အလင်းမရကြသူများ


အေပီ သတင်းဌာနက တင်ထားတဲ့ ဓာတ်ပုံတွေပါ။ မူရင်း ပုံစာတွေမှာတော့ ဒီလို ရေးထားတယ်။


လာမည် သို့သော် … ကြာမည် (ကာတွန်း စောငို)

မင်္ဂလာဝတ်စုံပြပွဲ

 
အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန် ဟော်တယ်တခုမှာပြုလုပ်တဲ့ မင်္ဂလာဝတ်စုံပြပွဲတခုမှာ မြန်မာဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေကို ဆင်မြန်းပြသနေသော မော်ဒယ်တွေပါ။ (ဓာတ်ပုံ - အေပီ)

Friday, October 14, 2011

မဟူရာပြဇာတ် (ထိန်လင်း)


အကျဉ်းထောင်ဆိုတာ
ခေတ္တအပန်းဖြေစရာ
ဧည့်ဂေဟာ မဟုတ် ။

အကျဉ်းထောင်ဆိုတာ
အမိန့်အာဏာ အစိုးရဖို့
အသုံးချလက်နက် မဟုတ် ။


ကာတွန်း စောငို - ပြန်ပေး

ပန်းချီ မင်းကျော်ခိုင်ရဲ့ သူတို့အတွက် ဆုတောင်း ...



လေးစားဖို့ကောင်းတဲ့ ပြည်သူ့ဘက်တော်သား ၈၈ ကျောင်းသားခေါင်းဆောင် သူရဲကောင်းတွေပါ ...
နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများအားလုံး အမြန်လွတ်မြောက်ကြပါစေ ...