Monday, March 11, 2013

ဗဂျီအောင်စိုး မှ အောင်ဗဂျီကိုး ... သို့ (ကမာပုလဲ)

တညသားမှာ 
ကျနော့်ကို လက်တို့ 
အိပ်ယာကနေ လာလို့ နှိုးတယ် မေမေ ...။ 

“ချစ်သား ... ငါ့နောက်လိုက်ခဲ့” တဲ့။ 

ဗာဓိ ညောင်ပင်လား 
သစ်ပင်ကြီးတပင်အနားဆီ ခေါ်သွား 
“ချစ်သား ... အသင် ဘာမြင်သလဲ” တဲ့။ 


ညာင်ရွက်ကလေးတွေက စိမ်းမြ 
“ကျနော့် နှလုံးသား ကျနော်ပြန်မြင်နေရတယ် သခင်”။ 

ကာင်းပြီ ချစ်သား 
သူဟာ ငါဖြစ်တယ်”။ 

ရုတ်တရက် 
အိပ်ယာကနေ လန့်နိုး
ဇာချွေးတွေနဲ့ စီးထန်းလာ
“သစ္စာသည်သာ အလှတရား”
ကျနော် ... 
ကျနော့်ဘကို ကိုယ်တိုင် ရှာဖွေတွေရှိခဲ့ပြီ မေမေ။ ။ 

ကမာပုလဲ 
၁၀၊ ၃၊ ၂၀၁၃။ 

+ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ သစ္စာတရားကို ခံစားရေးဖွဲတယ်။ 
+ “သစ္စာသည်သာ အလှတရား” = ဆရာကြီး ပန်းချီအောင်စိုး ပြောခဲ့သော စကား။


 

No comments: