Monday, March 18, 2013

အဖြူဆိုင် (လဂွန်းအိမ်)

လက်ဖက်ပဲကြီး တပွဲ
ဆရာမကို ဆားနဲ့ တို့မြည်းနိုင်တယ်
ဒီဆိုင်ထဲမှာ နိုင်အာဂရာ ရေတံခွန်စီးသလို
အပြိုင်အဆိုင် သောကတွေကို မော့ချသံမှအပ
အလုံးစုံ တိတ်ဆိတ်တယ်
ဖက်ကြမ်းတွေ အငွေ့ပျံသွားတာ ငေးမောသူ ရှိကောင်းရှိမယ်


ဒီမယ် ညီလေး အသဲကွဲရင် ဒီကိုမလာနဲ့
ဒါ စိတ်ကူးယဉ်ကမ္ဘာ မဟုတ်ဘူး
ဗီဇာကျပြီးသား ခေါ်စာစောင့်နေသူတွေပဲ
အရက်ဖြူတွေကလွဲလို့ ခေါစာပစ်သလောက်ပဲ မြည်းနိုင်တယ်
လက်ပံတောင်းတောင် ဒေါ်စုအကြောင်း
ဦးသိန်းစိန် အိုဘားမား မာလာဝီသမ္မတ
ဒီဆိုင်ထဲမှာ မပြောပါနဲ့
လူမိုက်စကားလဲ မပြောပါနဲ့
မနက်ဖြန် ငါ့သားလေးရဲ့ဆေးဖိုး
အခုည ငါ မျိုချလိုက်ပြီ။ ။

လဂွန်းအိမ်


 

No comments: