ပိတောက်တွေဟာ ရင်တထိတ်ထိတ်နဲ့
ဖူးရမလား ... ပွင့်ရမလား ... ငုံရမလား
ကြွေရမလား ...
သူစိမ်းပြင်ပြင် စိမ်းကားလိုက်ရမလား ...။
တချို့ ပိတောက်ပင်တွေ ဖူးနေတယ်ဆိုပဲ ...။
အဲဒီ ပိတောက်ဖူးတွေမှာ ...
လတ်လတ်ဆတ်ဆတ် ယမ်းခိုးယမ်းငွေ့ရနံ့တွေ
၈၈၈၈ နဲ့ အရေးတော်ပုံ ကြွေးကြော်သံတွေ
စိုးနိုင် ... ဖုန်းမော် ... ဝင်းမော်ဦးတို့ရဲ့
အပြစ်မဲ့ သွေးညှီနံ့တွေ
တံတားနီက မကျွတ်မလွတ်နိုင်သေးတဲ့ ဝိဉာဉ်တွေ
အကျဉ်းထောင်တွေထဲက ကျဆုံး အာဇာနည်တွေ
၁၉၉၁ မြစ်ဝကျွန်းပေါ်က လူမျိုးတုန်း လူသတ်ပွဲကြီး
ဒီပဲရင်း လူအစုအလိုက်အပြုံလိုက်လူသတ်ပွဲရဲ့ အသံ
နာဂစ် သားသတ်သမားရဲ့ အခြေခံဥပဒေ
ရှစ်စိပ်မက ကွဲကြေနေတဲ့ ... အရိုက်ခံ အနှက်ခံ
၂၀၀၇ စက်တင်ဘာ သံဃာတွေရဲ့ ဦးပြည်းစိမ်းများ ...။