တိတ်ဆိတ်နေခဲ့တယ်။
ဧရာဝတီလည်း
မျက်ရည်တွေနဲ့ စီးဆင်းခဲ့။
ရိုးမတောတောင်တွေက
တက်ခေါက်သံတွေနဲ့ နီမြနေခဲ့ပေါ့။
မိခင်တွေ
ကြေကွဲဖြေမဆည်နိုင်ခဲ့ဘူး။
ငါတို့ကျောင်းက
ခွပ်ဒေါင်းတောင်ပံ
ရိုက်ခတ်သံများ
ကမ္ဘာမြေတုန်ဟည်းသွားခဲ့တယ်။
လုံချည်စိမ်းနဲ့
အင်္ကျီအဖြူဝတ် လူငယ်လေးတွေ
သွေးသံတရဲရဲနဲ့။
တတောင့်ခြင်းပြစ်ခတ်နေတဲ့
သေနတ်သံတွေကြားမှာ
ပုံလျှက်သားလဲပြိုသွားခဲ့ကြ
ဒေါင်းအလံကို အသက်နဲ့ဖက်တွယ်လျှက်
ငယ်ရွယ်နုပျိုတဲ့ လူငယ်လေးတွေ သတ္တိရှိပုံက
စစ်ခွေးတွေ ရူးသွပ်သွားခဲ့ကြတယ်။
ဂစ်တာသံတွေ တိတ်ဆိတ်ကြေမွ
စာသင်ခန်းတို့ ညှိုးနွမ်းခြောက်သွေ့လျှက်
ကျောင်းလမ်းမတွေထက်မှ
ရိုးမတောတောင်တွေဆီ
ခွပ်ဒေါင်းသွေးမို့ နီခဲ့တယ်။
စာသင်ခန်းမှ
လွတ်မြောက်ရေးဆီ
ရဲရဲချီခဲ့။
ရာဇဝင် အစဉ်အလာမပျက်
လွတ်မြောက်ရေးအတွက်
အသက်ဆက်လော့
တကြော့ပြန်သီ
မြစ်မဧရာဝတီနဲ့
ခွပ်ဒေါင်းအာဇာနည်တွေရဲ့ဝိဉာဉ်ကို
သက်သေတည်လို့
စစ်မျက်နှာအစုံဖွင့်
ခွပ်ဒေါင်းအလံနဲ့ချီတက်
ရိပ်သိမ်းချိန်နေ့ရက်များဆီသွားကြမယ်။ ။
(၈. ၈. ၈၈) ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် သူရဲကောင်းဆန်စွာ ကျဆုံးသွားခဲ့ကြသော အာဇာနည် ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့အား ဤကဗျာဖြင့် အလေးပြုပါသည်။
No comments:
Post a Comment