နေပြည်တော်မှာ ဒီကနေ့စတဲ့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးတွေမှာ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မီတီ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများဆိုင်ရာ ကော်မီတီ၊ အမျိုးသားစီမံကိန်းနဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကော်မီတီ၊ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မီတီ၊ ပြည်သူများရဲ့တိုင်ကြားစာနဲ့ အသနားခံလွှာ ကော်မီတီ အပါအဝင် ကော်မီတီ ၈ ခုစီ ဖွဲ့ခဲ့ပါတယ်။
ကြံ့ဖွံ့အစိုးရ သမ္မတ (ဗိုလ်) သိန်းစိန်၊ ကြံ့ဖွံ့အစိုးရ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ချို့နှင့်
တမတ်သား ကြံ့ဖွံ့ စစ်တပ် ကိုယ်စားလှယ်များ
အမျိုးသားလွှတ်တော်ဆိုင်ရာ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မီတီအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ညွှန်းကိန်းတွေ ဆွဲပေးဖို့၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို မြှင့်တင်ပေးဖို့၊ ပညာရေးစနစ်ကို ပြုပြင်ဖို့စတဲ့ လုပ်ငန်းဘောင်တွေ ချပေးထားတယ်လို့ ကော်မီတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရတဲ့ အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောပါတယ်။
ကြံ့ဖွံ့ သမ္မတ (ဗိုလ်) သိန်းစိန် နှင့် ကြံ့ဖွံ့အစိုးရ လွှတ်တော် ကိုယ်စားလှယ်များ
မွန်းလွဲပိုင်းမှာ ပြည်ထောင်စုလွှတ်တော်ကို ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က ဝန်ထမ်းတွေနဲ့ပတ်သက်လို့ ကြိုးနီစနစ်ကို ဆက်လက်ကိုင်စွဲထားသူတွေ၊ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံသေးတဲ့ အဖွဲ့အစည်းတွေနဲ့ စည်းရုံးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကြံ့ဖွံ့အစိုးရ သမ္မတ၊ ဒုသမ္မတနဲ့ ကြံ့ဖွံ့အစိုးရရဲ့ လွှတ်တော်ကိုယ်စားများ
ကြံ့ဖွံ့အစိုးရ လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) သူရရွှေမန်း
ပြည်ထောင်စုလွှတ်တော်မှာ ဘဏ္ဍာအခွန်ဝန်ကြီးက အမြတ်ခွန်နဲ့ ကုန်သွယ် လုပ်ငန်းခွန်ဆိုင်ရာတွေမှာ ရုတ်သိမ်းဖို့ ပြင်ဆင်ဖို့ လိုအပ်တာနဲ့ပတ်သက်လို့ ဥပဒေကြမ်းတွေကို အဆိုပြု တင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ကြံ့ဖွံ့သမ္မတ (ဗိုလ်) သိန်းစိန်၊ ဒုသမ္မတ (ဗိုလ်) တင်အောင်မြင့်ဦး၊ ရှမ်း ဒုသမ္မတ စိုင်းမောက်ခမ်း
သတင်း - ဘီဘီစီ
Photos: AP, Reuters, Getty Images























No comments:
Post a Comment