Saturday, August 31, 2013

ကျနော်နှင့် ဓာတ်ပုံကိုဆန်နီ - ကိုမာကီ (၈၈ မျိုးဆက်)

အလွန် သဘောကောင်းတဲ့လူ။ အားနာစရာကောင်းလောက်အောင်ကို ကူညီတတ်တဲ့လူ။ သူ့ကျတော့ အမြင်ကပ်လောက်အောင်ကို အားနာတတ်တဲ့လူ။ တက္ကသိုလ်ဘွဲ့ရ၊ ပညာတတ်။ ဓာတ်ပုံပညာရှင်။ ဒါပေမယ့် မာန်မာနမထား။ ဟိတ်ဟန် မရှိ။ သူ့ကြည့်လိုက်တိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ အလွန်ဖော်ရွေတဲ့လူ။ အလွန် အလုပ်လုပ်နိုင်တဲ့လူ။ တစ်ချိန်က ရုပ်ရှင်လောကမှာ ဓာတ်ပုံဆန်နီ” ရယ်လို့ အထင်ကရ ရပ်တည်ခဲ့သူ။ ကျနော်တို့က ချစ်စနိုးခေါ်တော့ ကိုကြီးဆန်။ 

ကိုဆန်နီရဲ့နာမည်အရင်းက ကိုခင်မောင်ဝင်းပါ။ ဟိုးအရင်ကတည်းက NLD ရဲ့ ကင်မရာသမားတစ်ယောက်။ ၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာတော့လည်း၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ နေ့စဉ်ရိုက်ကူးပေးခဲ့သူ။ အဲဒီ့ကာလတွေမှာ ကိုကြီးဆန်နီကို မြင်တွေ့ မျက်မှန်းတန်းမိနေပေမယ့် ခင်မင်ရင်းနှီးခွင့်တော့ မကြုံခဲ့ပါဘူး။ 


အိုးမဲ မသုတ်နဲ့ ... (ကာတွန်း စောငို)


ဆုံးရှုံးနေသော ကချင်လူငယ်များ အခွင့်အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံတွေမစဲသေးတဲ့ စစ်ပွဲတွေနဲ့ ဒီစစ်ပွဲတွေကြောင့် ကချင်လူငယ်တွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေအကြောင်း ကချင်လူငယ်ခေါင်းဆောင် Gran Brang Shwan နဲ့ ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးထားပါတယ်။ 

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် လူငယ်ထုအနေနဲ့ ပညာရေး၊ စီးပွားရေး ဘက်ပေါင်းစုံအခွင့်အရေး မရရှိနိုင်၊ ဆုံးရှုံးနေရတယ်လို့ ကချင်လူငယ်တဦးဖြစ်တဲ့ Gran Brang Shwan က ပြောပါတယ်။ ကုလသမဂ္ဂ UNESCO အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ် လူငယ်ခေါင်းဆောင်မှုသင်တန်း တက်ရောက်ခဲ့တဲ့ Gran Brang Shwan ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းထားပါတယ်။ 


ခေတ်ပြောင်းတော့ ... (ကာတွန်း ဝင်းအောင်)

ငွေအိုရောင်နှစ်များ (မောင်လွမ်းဏီ)

စက်တင်ဘာ ၁၈ ၂၅ နှစ်။
၂၀၀၈ ဖွဲ့စည်းပုံ ၅ နှစ်။
ပြုပြင်ပြောင်းလဲ ၃ နှစ်။
နော်အုန်းလှလည်း ၂ နှစ်။
ဟိုလူ ဒီလူ တအုပ်လည်း ပုဒ်မ ၁၈။
ပြည်ဝင်ခွင့်ဗီဇာတွေလည်း ဒိုးယိုပေါက်အသစ်။
ကားပါမစ်နဲ့ တို့ခေတ်ကလည်း တဆောင်းသစ်ပြန်ပြီ။ ။

မောင်လွမ်းဏီ 
၃၀ - ၈ - ၂၀၁၃


 

Friday, August 30, 2013

ပုလိပ်ဖျင်းတော့ လယ်သူမတွေကိုရိုက်တယ် (ရဲဘော် ဖိုးသံချောင်း)

လက်ပန်တောင်းတောင်မှာ သံဃာတွေကို ဖော့စ်ဖရပ်စ် မီးလောင်ဗုံးတွေနဲ့ပစ်ခတ်တဲ့ ရက်စက်မှုကြီးဖြစ်ပွားပြီးလို့ သုံးလမပြည့်သေးဘူး မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုက ဆန္ဒပြလယ်သမားတွေကို စစ်အစိုးရရဲ့ပုလိပ်တွေက ရက်ရက်စက်စက်ရိုက်နှက် ဖြိုခွဲတဲ့ကိစ္စကြီး ပေါ်ထွက်လာပြန်ပါပြီ။ အေးချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုကို သုံးလခြားတခါ ရက်ရက်စက်စက်ဖြိုခွဲနေတဲ့ အစိုးရကို ဘယ်လိုအစိုးရလို့ပြောမလဲ။ 

ဒီနေ့ဗမာပြည်ရဲ့အနေအထားဟာ စစ်အုပ်စုနဲ့သူတို့ရဲ့ခရိုနီတွေက အာဏာအသုံးပြုပြီး ပြည်သူလူထုရဲ့မြေတွေကို လုယက်၊ ဒါကိုပြည်သူလူထုက ဆန့်ကျင်ရင် အာဏာကိုပဲအသုံးပြုပြီး ဖြိုခွဲနှိပ်စက်ဆိုတဲ့ သံသရာထဲရောက်နေတာပါ။ ဒီတခါမြေလုခံရတယ်ဆိုတာ နည်းနည်းနောနော မဟုတ်ပါဘူး။ မအူပင်နဲ့ ညောင်တုန်းမြို့နယ်အထိစပ်နေတဲ့ ကျေးရွာတွေက လယ်မြေဧက ၅၃၀၀ ကျော် ဖြစ်ပါတယ်။ ဒါကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ညောင်တုန်းမြို့နယ် စစ်မှုထမ်းဟောင်းဖွဲ့၊ အော့ချာဒ်၊ ဇာတိမာန်၊ ဝါဝါဝင်း စသည့် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ကြတာဖြစ်ပါတယ်။ ပြီးတော့မှ အဲဒီလယ်သမားတွေကိုပဲပြန်ပြီး တလ ကျပ် ၅၀၀၀၀ နဲ့ သီးစားချပေးပါသတဲ့။ ဒီထက်ယုတ်မာတာ ဘာများရှိပါသေးသလဲ။ ကိုလိုနီခေတ်က ချစ်တီးတွေထက် အဆပေါင်းများစွာ ပိုဆိုးပါတယ်။ 


ဒို့လည်း ငွေရတု ... (ကာတွန်း စောငို)


Thursday, August 29, 2013

နှစ်ယောက်ပေါင်း သုံးယောက် (သစ်ကောင်းအိမ်)

ရဲရင် မင်းဖြစ်တယ် ပြောသူက ပြော 
ကြိုးစားရင် ဘုရားတောင်မှ ဖြစ်တယ်လို့ … 
ဆိုသူကလည်း ဆို 

ဖြစ်နိုင်ရင် 
တို့နှစ်ယောက်အချစ်နဲ့ 
ကမ္ဘာကြီးကို 
စစ်မက်ကင်းဝေးစေချင်တယ် 

ဖြစ်နိုင်ရင် 
တို့နှစ်ယောက်အချစ်နဲ့ 
ကမ္ဘာကြီးကို 
စိမ်းလန်းငြိမ်းချမ်း 
ကျန်းကျန်းမာမာ ရှိစေချင်တယ် 


ကျနော်နဲ့ ဂီတသူရဲကောင်းများ (၄) - မင်းကျော်ခိုင်

လှည်းတန်းဘက်ကနေလာရင် ခရမ်းပြာ အဆောင်မရောက်ခင် ပြောရရင် အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်က ပတ္တမြားခြံရှိတယ်။ အဲဒီမှာ IFL(French) တက်နေတဲ့ ကျောင်းသားတယောက်ရှိတယ်၊ သူ့နာမည်က ကိုငွေဝင်း။ သူကလည်း အမြဲတခုခုတော့ကောင်းနေတာပဲ။ သူ့ဆီလာလည်နေကျက ဖိုးချို။ ဖိုးချိုနဲ့ကလည်း ကျနော် ကိုနေဝင်းနဲ့ပတ်သက်ပြီး ခင်တာ။ ဖိုးချိုက အဲဒီအချိန် သူ့အခွေ ပိုင်စိုးမှုဧကရီနဲ့ ပေါက်ထားတဲ့အချိန်။ ခင်တော့ခင်တယ် ဒါပေမယ့် တခါတခါ ကျနော်နဲ့ အယူအဆမတူတဲ့အခါ ခဏခဏ ငြင်းကြရတယ်။

သူနေတဲ့ လမ်းမတော် ညောင်ပင်လေးဈေးနားက အပေါ်ထပ် သူ့အိမ်ခန်းကိုအလည်ခေါ်လို့ လိုက်လည်ဖူးတယ်။ သူကလည်း သူ့အနုပညာမာနနဲ့ပဲ။ သိပ်အောင်မြင်ချင်လွန်းတဲ့ဆန္ဒတွေ များတယ်။ နောက်တခုက သူကောင်းတာက များလွန်းတယ်။ အလွန်အကျွံကောင်းနေတာ၊ ဒါတွေလည်းပါတယ် သူစောစောနဲ့ ကြွေခဲ့ရတဲ့အကြောင်းက။ ကျနော့်အမြင်ပြောရင် သူက အောင်မြင်ခြင်းရဲ့ဒဏ်၊ ကျော်ကြားမှုရဲ့ဒဏ် သူ မခံနိုင်ခဲ့တာပဲ။ အောင်မြင်ကျော်ကြားမှုအပေါ် သာယာမှုလွန်ကဲသွားခဲ့တာလို့ပဲ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက သီရိဆောင်ရဲ့ကျောင်းသူတွေ နှုတ်ဆက်ညစာစားပွဲမှာ သီချင်းဆိုပေးဖို့ သူ့ကိုပြောတော့ သူတောင်းတဲ့ဈေးက မတရားများနေတယ်။ ဖိုးချို ဒါ ကျောင်းသူတွေရဲ့အဆောင် သူတို့က လက်မှတ်ရောင်းပြီး စီးပွားရှာတာမဟုတ်ဘူး၊ ရံပုံငွေနဲ့လုပ်ကြတာလို့ ပြောပေမယ့် မရဘူး...။


အားကိုး ... (ကာတွန်း စောငို)


တွဲပွန်း (A.M.T)

ရုတ်တရက် လမ်းမပေါ် ပြေးတက်လာတဲ့
စက်တင်ဘာဟာ
အရင်လိုအဖွင့်မျိုး မဟုတ်ခဲ့ဘူး

သက္ကရာဇ် ရွှေ့ကွက်တွေမှာ
ပွန်းတွေ တလုံးပြီး တလုံးကျ
နောက်ဆုံး
ကွင်းနဲ့ မြင်းပါ လှုပ်မရတဲ့အချိန်


ပရလောက ... (ကာတွန်း အောင်မော်)


Wednesday, August 28, 2013

ကျနော်နှင့် မစုဇင်ဇင်ကျော် - ကိုမာကီ (၈၈ မျိုးဆက်)

၂၀၀၆ အောက်တိုဘာ ပထမပတ်အတွင်းက တစ်ညနေမှာ မမချို ဖုန်းဆက်တယ်။ “မောင်လေးတို့ကို ငွေလှူချင်လို့တဲ့၊ အင်္ဂလန်မှာ ကျောင်းတက်နေကြတဲ့ကလေးတွေပဲ။ အဲဒါ မောင်လေး လက်ခံနိုင်မလား တဲ့။ တကယ်ဆိုရင် ကျွန်တော်တို့အတွက် ပိုက်ဆံအရေးတကြီး လိုအပ်မနေပါဘူး။ လုံလောက်နေပါတယ်။ ပြီးတော့ 88 အနေနဲ့လည်း လက်မခံချင်ဘူး။ ဒါပေမယ့် ကိုယ့်ပြည်တွင်းက လှူတာလည်းဖြစ်၊ ကျောင်းသားလူငယ်လေးတွေလည်းဖြစ်နေတာနဲ့ 88 အနေနဲ့တော့ လက်ခံနိုင်မှာမဟုတ်ဘူး မမချိုရဲ့။ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ လက်ခံမယ်လေ။ ဥပမာ ကိုကိုကြီးနဲ့ သူငယ်ချင်းတွေအတွက်၊ မာကီနဲ့ သူငယ်ချင်းတွေအတွက်ဆိုတာမျိုးပေါ့ လို့ ကျွန်တော်ကပြောတော့ ရတယ်မောင်လေး ရတယ်ဆိုပြီး မမချိုက သဘောတူပါတယ်။

နောက်တစ်နေ့မနက်ကို ချိန်းတယ်။ အဲဒါနဲ့ပဲ နောက်တစ်နေ့မနက်မှာ လှည်းတန်းက မမချိုတို့ဆိုင်ကို သွားတယ်။ စားသောက်ဆိုင်အပေါ်ထပ်ကိုတက်သွားတော့ အသားဖြူဖြူနဲ့ တရုတ်ကပြားလို့ထင်ရတဲ့ အသက် ၂၀ ကျော်အရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရတယ်။ မမချိုက မိတ်ဆက်ပေးပါတယ်။ ကျောင်းသားလူငယ်သဘာဝ ရွှင်မြူးတက်ကြွတဲ့၊ နုပျိုလန်းဆန်းတဲ့ အမူအယာလေးတွေအပြင် နိုင်ငံတကာကျောင်းသားလေးတွေမို့ ပွင့်လင်းမှုနဲ့ ဖော်ရွေလှိုက်လှဲမှုကိုလည်း တွေ့ရတယ်။ သူတို့က NLD ရုံးချုပ်အထိသွားပြီး မမချိုတို့ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ဆီမှာလည်း ငွေလှူခဲ့သေးတယ်လို့ သိရတယ်။ 


အဘိုင်လေး (ဝါ) ရိုတီဘိုင် - မင်းသိုက်

ဒီဓာတ်ပုံထဲကပုဂ္ဂိုလ်ကို လွန်ခဲ့သောအနှစ် ၂၀ ကျော်ခန့်က ကျွန်တော် “အဘိုင်လေး” လို့ ခေါ်တယ်။ သူ့စတိုင်က ပုံထဲကအတိုင်းပဲ ဦးထုပ်ကို အမြဲ နောက်ပြန် (သို့မဟုတ်) ဘေးတိုက် ဆောင်းထားတယ်။ သူက ကျွန်တော်တို့အပိုင်ထဲက မဟုတ်ဘူး ... သာကေတ သား ... ...။ 

၁၉၉၀ ကာလများအချိန်အထိတော့ ယခု ကမ္ဘာအေး ဂမုန်းပွင့်ကုန်တိုက်ကြီးနေရာမှာ ကမ္ဘာအေးဈေးကြီး ရှိခဲ့ဖူးတယ်။ ဈေးကြီးက ဧရာမအကြီးကြီး၊ စည်လည်းစည်တယ်။

ဈေးထဲမှာ ပလာတာ၊ စမူဆာ၊ အီကြာကွေး၊ ပဲသုပ် ရောင်းတဲ့ “အီစွတ်ဘိုင်” ဆိုတဲ့ ကုလားကြီး တစ်ယောက်ရှိတယ်။ အီစွတ်ဘိုင်က အစ္စလာမ်ဘာသာဝင်၊ သူ့မိန်းမက ဗုဒ္ဓဘာသာ ...။ ကလေးတွေလည်း တစ်ပုံကြီးမွေးပြီး ဈေးထဲက သူ့ ကျူးကျော်တဲလေးမှာပဲ မိသားစုအဆင်ပြေသလိုနေကြတယ်။ တဲအရှေ့ခန်းက သူ့ဆိုင်ပဲ။ သူ့ဆိုင်ထဲမှာလည်း ဗုဒ္ဓဘုရားပုံရှိတယ်၊ သူ့မိန်းမက မနက်မနက်ဆို အမွှေးတိုင်၊ ဖယောင်းတိုင်ပူဇော်တာ တွေ့တာပဲ။ 


အော်ပီကျယ်ရဲ့ ကာတွန်းတချို့


 

နှလုံးသား ဒိုင်ယာယီ (၁၁) - အုပ်ကြီးဖေ

ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုးဆိုသကဲ့သို့ တော်လှန်ရေးနယ်မြေသို့ အသွင်ကူးပြောင်း ရောက်ရှိလာသော ရဲဘော်များဘဝမှာ ထပ်မံ၍ ဖိနှိပ်ခြင်းခံကြရပြန်သည်။ အချို့ အသက်ဆုံးရှုံးသွားရခြင်းတွေလည်း ရှိသည်။ ထွက်လာရခြင်း ရည်ရွယ်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်ကုန်ကြသည်။ ယူနီဖောင်းချွတ်ဆိုသည့် အမြင်များကြောင့် သိမ်ငယ်စိတ်များနှင့်အတူ အနေအထိုင်လည်း ကျဉ်းကျပ်ခဲ့ရသည်။ အာဏာရှင်စနစ်ကို ပြန်လည်တွန်းလှန်လိုသော်လည်း အခြေအနေက မပေးခဲ့။ 

၂၀၀၁ ခုနှစ် ကျနော်နှင့် ဘဝတူရဲဘော်ဟောင်းတချို့ စုစည်းကြပြီး တပ်မတော်တရပ်ဖွဲ့စည်းရန် တီးတိုးတိုင်ပင်ခဲ့ကြသည်။ စိတ်ကူးယဉ်၍ ကောင်းသော်လည်း တကယ်လုပ်လျှင် အသက်နှင့်ရင်း၍ လှုပ်ရှားကြရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဖွဲ့စည်းတည်ထောင်ခွင့်ရလျှင် ရဲဘော်များဘဝကို ကယ်တင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်ထံ ချဉ်းကပ်၍ ဖွင့်ဟပြောဆိုဖြစ်ကြသည်။ ပထမ ဗိုလ်ချုပ်ပင် အတော် အံ့သြသွားပုံရသည်။ 


Tuesday, August 27, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၃) - မင်းကျော်ခိုင်

မွန်းအောင်က အနုပညာဝါသနာကြီးလွန်းလို့ ကချင်ပြည် မြစ်ကြီးနားကနေ ရန်ကုန်ကိုဆင်းလာတာ။ သူနဲ့အတူ သူ့သူငယ်ချင်း ဂစ်တာသမားတွေလည်း ပါလာတယ်။ ကျနော်မှတ်မိတာ နော်ဂျာ၊ ဂွတို (ဂွတိုက ဘေ့စ်ဂစ်တာ တီးတယ်၊ ခု သူက ကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂွမ်မော်)၊ ကိုရဲတို့အုပ်စုက သူ့အပေါ် အများကြီးအကူအညီပေးခဲ့တယ်။ အဓိက ကိုရဲ၊ သူ့အပေါ်စေတနာအပြည့်နဲ့ ဆိုပုံဆိုနည်းအစစ ညီလို သူငယ်ချင်းလို သင်ပြပေးခဲ့တယ်။ ကျနော် မှတ်မိတယ်။ ကိုရဲ မွန်းအောင်ကို တော်တော်မောင်းခဲ့တာ။ တော်ရုံလူဆို စိတ်ဓာတ်တော်တော်ကျသွားနိုင်တယ်။ ဒါပေမယ့် မွန်းအောင်က ဇွဲကောင်းတယ်၊ သူ့အတွက် ကောင်းစေချင်တဲ့စေတနာနဲ့ မောင်းတာမှန်းသိလို့ သူ တော်တော်ကြိုးစားခဲ့တယ်။ နောက်ပိုင်း မိုးကျော်နဲ့ မွန်းအောင် အရမ်းတွဲဖြစ်ကြတယ်၊ မွန်းအောင်ငှားနေတဲ့ ၆ မိုင်ခွဲကအိမ်မှာ မိုးကျော် သူ ကွယ်လွန်ခါနီးအထိ နေသွားတယ်။ 

ဒီလိုနဲ့ ကျနော်တို့ ဒေသကောလိပ်က ပထမနှစ်စာမေးပွဲ အတွက်ဖြေကြရပြီ။ မိုးကျော်နဲ့ ကျနော်က ဘာစာမှ မရဘူး၊ ကျောင်းမှ မှန်အောင်မတက်ခဲ့ကြတာ။ ဒါပေမယ့် မေးခွန်းတွေက သူငယ်ချင်းတယောက်ဆီက ရထားတယ်။ ဒါနဲ့ နှစ်ယောက်သား စာခိုးချဖို့ Field Jacket တထည်စီဝတ်ပြီး ဂျာကင်အိပ်အများကြီးထဲ စာတွေဖြဲထည့်ပြီး ခိုးချဖို့လုပ်ကြတယ်။ ဖြေရတာက သူနဲ့ ကျနော်က ရှေ့ခုံ နောက်ခုံ။ ဖြစ်ချင်တော့ စာမေးပွဲခန်းထဲ နွေခေါင်ခေါင် Field Jacket ကြီးတွေနဲ့ ချွေးတွေပြန်ပြီး ဘယ်မေးခွန်းရဲ့အဖြေက ဘယ်အိပ်ထဲ ထည့်ထားမှန်းမသိနဲ့ နှစ်ရောက်သား အောင်မြင်စွာ စာမေးပွဲကျကြလေသတည်းပေါ့ဗျာ...။ ကျန်တဲ့သူငယ်ချင်းတွေ ညီညီတို့ မောင်နီတို့က ကျောင်းတက်မှန်ပြီး အောင်သွားကြတယ်။ 


ထူးမခြားနား (ကာတွန်း ဝင်းအောင်)


Monday, August 26, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၂) - မင်းကျော်ခိုင်

ဒေသကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်။ ဆေးကျောင်းသွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာကျောင်းသွားချင်ရင် သင်္ချာကိုယူ။ ဒေသကောလိပ် ၂ မှာ ကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီ ကျောင်းတက်ရတယ်၊ မနက်ပိုင်းမတက်ဖြစ်တာ များပါတယ်။ အတန်းထဲမှာ သူငယ်ချင်းအသစ်တွေ ရလာတယ်။ ဗဟန်းကနေကျောင်းလာတက်တဲ့ ဂစ်တာတီးတဲ့ မိုးကျော်၊ တောင်ကြီးက ညီညီ(ကွယ်လွန်)၊ ပုသိမ်က ခင်မောင်စိုး၊ မြင်းခြံက မောင်နီ ...။

နောက်ပိုင်း မိုးကျော်ပါ အဆောင်မှာ ဂစ်တာလာလာတီးတယ်။ သူနဲ့ကျနော် ကျောင်းမှာ အတွဲများလာတယ်။ သူ ညဘက် အင်ကြင်းဆောင်ကို ဂစ်တာလာတီးရင် ကိုဗစ်(ကိုဆလိုင်းဇာလျမ်း) ပါ တခါတခါ ပါလာတတ်တယ်။ အဲလိုညမျိုးဆို ဘေ့စ်ဂစ်တာသမားနှစ်ယောက် ကိုရဲနဲ့ ကိုဗစ်တို့ ဆုံကြတဲ့ညတွေ၊ သူတို့လက်သွေးကြတာတွေ နားထောင်မဝခဲ့ဘူး။ မိုးကျော်က လိဒ်ဂစ်တာသမားပီပီ ဂစ်တာကို ဆလိုက်ဒ်ဆွဲပြီး တီးတတ်တယ်။ တိတ်ဆိတ်တဲ့အဆောင်ညတွေမှာ ဂီတသံစဉ်တွေနဲ့မူးယစ်ကြတဲ့ အမှတ်တရညတွေပါ။ 


အမိန့်ခေတ် မကုန်သေး (ကာတွန်း ဝင်းအောင်)


ငကြောင် (ဆောင်းလူ)

မလွယ် ...။ ကြောင်၏ ..။ လွန်လွန်းအောင်ကိုပင် ကြောင်လှ၏ ...။ မျိုးနှင့်ရိုးနှင့်လည်းမဟုတ် ...။ ကွက်ပြီးတော့မှသာ ကြောင်ခြင်းဖြစ်သည် ...။ ထို့ကြောင့် တမူထူးသည် ...။ မလွယ် ...။ ငကြောင်သည် ကြောင်လွန်းလှ၏ ...။ 

မိဘအိမ်တွင်လည်း ငကြောင် ကြောင်ခဲ့၏ ...။ လူလတ်တန်းစား မိသားစုဘဝတွင် ထမင်းထဲရှိသည့် ဆန်ပိုးတို့အား ရွံရှာသည်ဟု အကြောင်းပြကာ မစားဘဲနေအောင် ကြောင်ခဲ့၏ ...။ ထမင်းစားသည့်အခါတွင်လည်း ခဲတလုံးကိုက်မိသည်နှင့် ငကြောင်ဆက်မစားလိုတော့ ...။ ထမင်းဝိုင်းမှ ချက်ခြင်းလက်ငင်းပင် ထထွက်သွားလိုက်သည်ချည်း ...။ မိဘတို့မျက်မှာကား ငကြောင် လှည့်တောင်မကြည့်ခဲ့ ...။ ဗမာလူမျိုးတို့ ထုံးဓလေ့ ... မိသားစုထမင်းဝိုင်းတွေ မပါမဖြစ် ပါရသည့် ငါးပိရည်ကျိုအား ... လောက်တွေနှင့်ဟုဆိုကာ ရွံ့ရွံ့ရှာရှာ ကြောင်ခဲ့၏ ...။ ငါးပိနှင့်လောက် ... ရွှေနှင့်ကျောက်ဟူသည့် ဗမာစကားပုံကိုလည်း ငကြောင် ရွံ့မုန်း၏ ...။ 


Sunday, August 25, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁) - မင်းကျော်ခိုင်

ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့ သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။ 

ကိုကျော်ဇော အကိုက ကိုအုန်းမြင့် (ခိုင်ထူးနဲ့ တေးမြံငှက်အခွေမှာ လူစိမ်း သီချင်းဆိုတဲ့ ရီဇော်) ခု သူလည်း ကွယ်လွန်သွားပါပြီ။ ၁၉၇၉ ရဲ့ဆောင်းတညမှာ အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြဖို့ရောက်သွားတော့ သက္ကလပ် ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့သူတယောက်က ဂစ်တာတလက်ကိုကိုင်ထားရင်း ဟယ်လို... အိုင်ပီ... လို့ ကိုအုန်းမြင့်ကို နှုတ်ဆက်တယ်... ဟေး... ကိုတိုးလို့ ကိုအုန်းမြင့်ကပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ ကိုတိုးကို မိတ်ဆက်ပေးပါတယ်။ နောက် သူနဲ့ပါလာတာ ကိုရဲ (ကိုရဲလွင်)။ အဲဒီကာလက စာရေးဆရာ ဆရာမင်းသိင်္ခ နာမည်ကြီးနေချိန်။ ကိုတိုးက ကိုအုန်းမြင့်ကို အိုင်ပီ လို့ အမြဲခေါ်တယ်။ ကိုရဲ နဲ့မိတ်ဆက်ပေးတော့ ကိုရဲက မင်းကျော်ခိုင်ဆိုတော့ မိုင်ကျော်ခင်းပေါ့ ဆိုပြီး စသိကျွမ်းခဲ့ကြတာ။ ကိုရဲက စကားတွေကို သူ့အထာနဲ့ ပြောင်းပြန်ယူယူပြီး ပြောတတ်တယ်။ အဲဒီကတည်းက ကျနော့်ကို ကိုရဲက မိုင်ကျော်ခင်းလို့ ခေါ်ခဲ့တာ။ လွဲချင်တာ့ ရဲလွင်နဲ့တွေ့တော့တာပေါ့။ မုတ်ဆိတ်ထားတာ မိတ်စုတ်တွေနဲ့မတွေ့ချင်လို့... ကျည်ဆံတွေနဲ့ ကြံစည်နေကြပြန်ပြီ... အဲလိုစကားတွေပြောတာ...။


ကန့်ဘလူ ပဋိပက္ခ

ထန်းကုန်းရွာဘက်မှာ အမျိုးသမီးတဦးကို မွတ်ဆလင် အမျိုးသားတဦးက ဆွဲလား ရမ်းလားလုပ်ရာကနေ ပဋိပက္ခစတင်ခဲ့။

ဒေါသဖြစ်နေတဲ့ ရာနဲ့ချီတဲ့ လူအုပ်တွေကနေ မွတ်ဆလင် နေအိမ်တွေ၊ ဆိုင်ခန်းတွေကို ဖျက်ဆီးမီးရှို့ခဲ့ကြတာဖြစ်ပါတယ်။ 

အိမ်နဲ့ဆိုင်ခန်း ၄၀ ကျော်လောက် ပျက်စီးသွားခဲ့ပါတယ်။ 

ခေတ်အရိုင်းရဲ့ မချိမဆန့်အော်သံ (ကိုညို)

ဒီကနေ့ဟာ... ခေတ်အရိုင်းကနေ ခေတ်အသစ်ကို အရှိန်အဟုန်နဲ့ ပြောင်းနေတယ်။ မပြောင်းမလဲ နဂိုအတွေးအခေါ်ဟောင်းနဲ့ နေချင်သူတွေဟာ မချိမဆန့် ဝေဒနာတွေနဲ့ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲပြနေတယ်။ 

မကြာခင် သူတို့အရှုံးကို သူတို့ထုတ်ပိုးပြီး အကျင့်ဟောင်း စရိုက်ဟောင်းတွေ စုံပုံထားတဲ့ အမှိုက်တောင်းထဲစွန့်ထုတ်ရတော့မှာ သူတို့ရိပ်မိတယ်။ 

အဟောင်းအမြင်းတွေနဲ့ ကြွယ်ဝနေခဲ့တဲ့ကာလတွေမှာ သူတို့ မတရားခဲ့ဘူးဆိုတာ အားလုံးက ရိပ်မိနေကြတယ်။ 

ရေတံခွန်နဲ့ နီးလာတဲ့ ရေစီးကြောင်းကြီးလိုပဲ... ဘာသာရေးယောင်ယောင်၊ လူမျိုးရေးယောင်ယောင် ဖြစ်နေတဲ့ လူမှုပဋိပက္ခ၊ အတွေးအခေါ်ပဋိပက္ခတွေဟာ ခပ်စိတ်စိတ်၊ ခပ်ပြင်းပြင်းပေါ်နေတယ်။ 


အကုန်လုံး ... ငါတို့နဲ့ ကိုက်ညီနေတယ် (ကာတွန်း အောင်မော်)


နှလုံးသား ဒိုင်ယာယီ (၁၀) - အုပ်ကြီးဖေ

ကျနော် ဖြတ်သန်းကျင်လည်ခဲ့ရာ ကရင်နီသမိုင်းနှင့် ရုပ်ပုံလွှာများကိုလည်း ထိတွေ့ခံစားမိသလောက် ရေးသားရန် လိုအပ်မည်ဟု ယူဆမိပါသည်။ 

ကျနော်တို့ နှလုံးအိမ်တွင် စွဲမှတ်နေသည်က ကယားပြည်နယ်၊ ကယားလူမျိုးဟုသာ သိကြသည်။ ကရင်နီပြည်နယ်၊ ကရင်နီလူမျိုးဟုဆိုလျှင် လူအတော်များများ ကောင်းစွာသိရှိလိမ့်မည်ဟု မထင်။ နှစ်ပေါင်းအတော်ကြာ ကရင်နီလူမျိုးများအကြား နေထိုင်ခဲ့ဖူးသောကြောင့် ကရင်နီသမိုင်း အပြည့်အစုံမဟုတ်သည့်တိုင် အချို့ကိုတော့ ယနေ့တိုင် အမှတ်တရ ရှိနေခဲ့သည်။ တွေ့ကြုံခဲ့ရသော ကရင်နီလူမျိုးအများစုမှာ အခြေခံ ရိုးသားကြသည်။ ဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းလိုကြသည်။ 

ကရင်နီမျိုးနွယ်စုများမှာ ခရစ်တော်မပေါ်မီ ဘီစီ-၇၃၉ ခုနှစ်တွင် မွန်ဂိုးလီးယားမှ ဆင်းသက်လာသည်ဟု သိရသည်။ အခြားတိုင်းရင်းသားမျိုးနွယ်စုများနှင့် မတူညီသော သွင်ပြင်လက္ခဏာ ဝိသေသများ ရှိနေသည်။ ၁၈၇၅ ခု ဇွန်လ ၂၁ ရက်နေ့ ဗြိတိသျှအစိုးရနှင့် မြန်မာဘုရင်တို့ ချုပ်ဆိုခဲ့သောစာချုပ်အရ ကရင်နီပြည်သည် သီးခြားလွတ်လပ်သောပြည်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ မြန်မာပြည် လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်တွင် ကိုယ့်မင်းကိုယ့်ချင်းနှင့်သာ ရပ်တည်ခဲ့သော မျိုးနွယ်စုများလည်းဖြစ်သည်။ ကိုယ်ပိုင်စာပေယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ ကရင်နီမျိုးနွယ်စုများကို အဓိက အုပ်ချုပ်ခဲ့သော ခေါင်းဆောင်များက စောဖျာများဖြစ်သည်။ 


Saturday, August 24, 2013

ရန်ကုန်မြို့ ရေကြီးနေတဲ့ မြင်ကွင်းတချို့

ရန်ကုန်မြို့မှာ မိုးကြီးရေလျှံဖြစ်နေတဲ့အတွက် ကျောင်းသူကျောင်းသားငယ်လေးတွေ အပါအဝင် မြို့တွင်းသွားလာသူတွေ ဒုက္ခရောက်ကြရ။ 

လပြည့်ကျော်ရက်လည်းဖြစ် ရေကြီးမယ်လို့ မိုးလေဝသခန့်မှန်းချက်ထုတ်ထားတဲ့အတိုင်း ရေကြီး၊ မိုးသည်း။ 

ကားတွေနဲ့သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့နေရာမှာ ပစ်ထားခဲ့ရတာတွေရှိ။ 

Friday, August 23, 2013

အရိပ်တော့ အရိပ် (ကာတွန်း ဝင်းအောင်)


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)

ညောင်ရွှေမြို့သို့ ဗြဟ္မစိုရ်ခရီးဆက်နေစဉ် ၁၉. ၈. ၂ဝ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားကြောင်း ကြားသိခဲ့ရသည်။ ညောင်ရွှေမြို့မှ အောင်ပန်းမြို့ရှိ ဆရာကြီး၏ နေအိမ်သို့သွားရောက်ရန် ခရီးဆက်ခဲ့သည်။ ဆရာကြီးသည် ငြိမ်းချမ်းစွာ လှဲလှောင်းနေသည်ကို တွေ့မြင်ခဲ့ရသည်။

ဦးစွာပထမ ဆရာကြီးအား ဂါရဝပြု ကန်တော့ခဲ့ပြီးနောက် ဈာပနအခမ်းအနားအား ဆရာကြီး၏တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီနှင့် တွေ့ဆုံကာ နာရေးကိစ္စရပ်များအား အောင်ပန်းမြို့ရှိ နာရေး ကူညီမှုအသင်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ၂၁. ၈. ၂ဝ၁၃ ရက်နေ့ နေ့လည် ၂းဝဝ နာရီအချိန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာကြီး၏ အရိုးပြာများတို့အား အောင်ပန်းမြို့ရှိ ဆရာကြီး ဒဂုန်တာရာ ပိုင်ဆိုင်သည့် မြို့ပြင်ရှိ သုံးဧကအကျယ် ခြံဝန်းအတွင်းတစ်နေရာ၌ ငြိမ်းချမ်းရေး ချိုးငှက်ပုံ ကျောက်တိုင်ထုလုပ်ထားရှိရန် ကျွန်တော်တို့ အကြံပြုခဲ့သည်။


ကျနော် နှင့် မမချို - ကိုမာကီ (၈၈ မျိုးဆက်)

၂၀၀၅ ခုနှစ် ဇူလိုင်လ၊ ကျွန်တော် ထောင်ကပြန်လွတ်လာပြီး တစ်ပတ်လောက်အကြာမှာ အန်ကယ်ဦးစိန်လှဦးနဲ့အတူ NLD ရုံးချုပ်ကို ရောက်ဖြစ်ပါတယ်။ အန်ကယ်ဦးစိန်လှဦးရဲ့မိတ်ဆက်ပေးမှုကြောင့်ပဲ လူမှုအထောက်အကူပြုအဖွဲ့က မမချိုနဲ့ မဆွေတို့ကို စတင်သိကျွမ်းရင်းနှီးခွင့်ရခဲ့ပါတယ်။ 

မမချိုက အသက် ၄၀ နှစ်လောက်၊ အသားလတ်လတ် အရပ်ပျပ်ပျပ်၊ မျက်နှာက ရှေးမြန်မာအမျိုးသမီးကြီးတွေရဲ့ မျက်နှာမျိုး။ အိနြေ္ဒကြီးကြီးနဲ့ ကျက်သရေရှိတဲ့ မျက်နှာမျိုးပေါ့။ ရှုတည်တည်နဲ့နေရင် အတော်မာနကြီးတဲ့သူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ နာမည်နဲ့လိုက်ဖက်အောင်ကိုပဲ လှိုက်လှိုက်လှဲလှဲ ရယ်မောပြုံးချိုစွာ ပြောဆိုတတ်ပါတယ်။ မဆွေကတော့ အသက် ၃၅ နှစ်လောက်ရှိပြီ။ အသားနည်းနည်းညိုတယ်။ ပိန်ပိန်သွယ်သွယ်။ မျက်နှာက အမြဲတမ်းချိုပြုံးပြီး ကြည်လင်နေတတ်တဲ့ မျက်နှာမျိုး။ အိနြေ္ဒရရနဲ့ ခေတ်ဆန်တဲ့အဝတ်အစားမျိုး ဝတ်လေ့ရှိတယ်။ 

မဆွေက ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားရရှာတဲ့ NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးမောင်ကိုရဲ့သမီးပါ။ သူတို့နှစ်ယောက်စလုံးရဲ့ထူးခြားမှုက အလွန်ဖော်ရွေပွင့်လင်းကြတာပါပဲ။ သူတို့ရဲ့ ရိုးရှင်းတဲ့မျက်နှာနဲ့ ပွင့်လင်းဖော်ရွေတဲ့စကားပြောဟန်တွေက တစ်ဖက်သားကို ယုံကြည်ရင်းနှီးမှုရလွယ်စေတယ်။ မိသားစုရဲ့စီးပွားရေးနောက်ခံတွေလည်း တောင့်တင်းကြတယ်။ မိသားစုရဲ့ထောက်ခံအားပေးမှုကိုလည်း အပြည့်အဝရရှိကြတယ်။ သိပ်အချမ်းသာကြီးမဟုတ်ရင်တောင် မိသားစုအရေး မပူပင်ရသူတွေ၊ သူတစ်ပါးကို ကူညီဖြည့်ဆီးပေးနိုင်ကြသူတွေပေါ့။ နှစ်ယောက်စလုံးက အပျိုကြီးတွေဖြစ်နေလို့လည်း အချိန်ပေးပြီး အလုပ်ပိုလုပ်နိုင်ကြတယ်။ အပင်ပန်းလည်း ခံနိုင်ကြတယ်။ သတ္တိလည်းရှိကြတယ်။ ဒါကြောင့်လည်း NLD လူမှုအထောက်အကူပြု တာဝန်နဲ့သူတို့နှစ်ယောက် အလွန်လိုက်ဖက်ပါတယ်။ 


ရေသာခို အချောင်လိုက်သူတွေ ... (ကာတွန်း အောင်မော်)


အဝေးရောက်တေး (သစ်ကောင်းအိမ်)

ကောင်းကင်အောက်မှာ
ကောင်းကင်ပျောက်တဲ့ အတောင်ပံတွေနဲ့

ကံစီမံရာ အဝေးတလံဆီ
ငါ ပျံသန်းခဲ့…

ကမ်းရိုးတန်းအထပ်ထပ်
ငါ ဖြတ်သန်းခဲ့...


Thursday, August 22, 2013

မတူကွဲပြား ဘာသာလူမျိုးပေါင်းစုံ ချစ်ကြည်စွာ နေထိုင်ရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မတူကွဲပြားတဲ့ ဘာသာလူမျိုးပေါင်းစုံ ဘယ်လိုချစ်ကြည်ညီညွှတ်စွာ နေထိုင်ကြမလဲဆိုတာကို ဆရာတော် ဦးဇောတိက၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ခေါင်းဆောင် ဟာဂျီဦးအေးလွင်တို့နဲ့ ဦးကျော်ဇံသာ က တွေ့ဆုံဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတော်အရှင်ဘုရား ဦးဇောတိက နဲ့ ဟာဂျီဦးအေးလွင်တို့ကို ဗွီအိုအေ က ကြိုဆိုပါတယ်။ အခု ဒီကိုလာကြတာ ဘယ်အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီးလာကြတာလဲ အရှင်ဘုရား။ 

ဦးဇောတိက ။ ။ ဘုန်းဘုန်းကတော ဘယ်အဖွဲ့အစည်း ကိုယ်စားရယ်လို့ မဟုတ်ပါဘူး။ ဘုန်းကြီးကတော့ သံဃာလောက ဗုဒ္ဓဘာသာတနိုင်ငံလုံးအနေနဲ့ ဘုန်းကြီးတွေကိုယ်စားသဘောပါ။ 

ဦးကျော်ဇံသာ ။ ။ အဲဒါက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ထဲမှာပါတယ်ပေါ့။ 

ဦးဇောတိက ။ ။ ဘုန်းဘုန်းက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ထဲမှာ ပါတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် ဘုန်းကြီးက အခုလောလောဆယ်မှာ ပါဝင်တာကတော့ ပဋိပက္ခ ဖန်တီးမှု၊ ကြိုတင်ကာကွယ်ရေးကော်မတီထဲမှာ ဘုန်းကြီးနာယကအဖြစ်နဲ့ ပါဝင်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဦးအေးလွင် ကရောခင်ဗျား။ 

ဦးအေးလွင် ။ ။ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး၊ နောက်ပြီးတော့ Religious for Peace ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဆိုတဲ့ co-founder ထူထောင်သူတွေကြားထဲမှာ ကျနော်လည်းပါပါတယ်။ အဲဒီနှစ်ဖွဲ့ကို ကိုယ်စားပြုပြီး လာပါတယ်။ 


မနည်းကြိုးစား ရေးခဲ့ရတာ ... (ကာတွန်း အောင်မော်)

 

Wednesday, August 21, 2013

ဆရာကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီး


 

နှလုံးသား ဒိုင်ယာယီ (၉) - အုပ်ကြီးဖေ

တရွာမပြောင်း သူကောင်းမဖြစ်ဟူသော ဆိုးရိုးကဲ့သို့ နောက်တန်းတပ်စခန်းသို့ ပြန်ရောက်ပြီး တလခန့်အကြာ ကက(ကြည်း) ညွှန်ကြားချက်ဖြင့် တနယ်တကျေးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်။ ဆရာကြီး ရွှေမောင်၊ ဒုတပ်ကြပ် အိုက်စံ (ရှမ်းလူမျိုး)၊ တပ်ကြပ် ဇိုဝါးနီ (ကယောလူမျိုး) နှင့် ကျနော်တို့ ခမရ(၅၃၀) (လောပိတ) သို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။ 

ခရီးသွားလာရေးအတွက် မီးရထားစီးဝရမ်းရရှိသော်လည်း အခြားလိုအပ်သော ငွေကြေးကိုတော့ ရရှိခြင်းမရှိ။ ရှေ့တန်းရောက်နေစဉ် ဟင်္သာတဘဏ်၌ စုဆောင်းထားသော ငွေကြေးကို သွားရောက်ထုတ်ယူရသည်။ ဘဏ်စုငွေအဖြစ် ၁၅၇၅ ကျပ် ရရှိသည်။ ကျနော်မှအပ ကျန်သူအားလုံးမှာ အိမ်ထောင်သည်များဖြစ်သောကြောင့် ပို၍ အခက်အခဲရှိနေကြသည်။ ဟင်္သာတမှ သာရဝေါ၊ ထိုမှတဆင့် ရန်ကုန်သို့ ဆင်းရသည်။ ရန်ကုန်မှ လော်ကယ်ရထားဖြင့် ရှမ်းပြည်နယ် ပင်လောင်းမြို့ထိ တက်ခဲ့ကြရသည်။ ပင်လောင်းမှ ကားဖြင့် လွိုင်ကော်မြို့ သို့ သွားရခြင်းဖြစ်သည်။ ခရီးကြမ်းသလို ဝေးလံခေါင်လွန်းသည်။ 


ကျနော်နှင့် သောက်ကျင့်များ (ဆောင်းလူ)

အခန်း (၁) 

မကောင်းမှန်းသိသည်။ သို့သော် ... လက်တည့်စမ်းလို၏ ...။ ဖခင်၏ ဝီစကီပုလင်းထဲမှ ယစ်ရွှေရည်များအား ခိုးယူ စုတ်ကဲ့လိုက်သည် ...။ ရှိန်းတိန်းတိန်း မြတတနှင့် ...။ တဖြည်းဖြည်း လည်ချောင်းသည် နွေးကနဲ ... ထွေးကနဲ ...။ ခိုးလုပ်တတ်သည့် သောက်ကျင့်သည် မကောင်း ...။ 

ယမန်ဦးအစက သိပ်မကြိုက် ... ခါးသက်သက် ... ပူရှရှနှင့် မှီဝဲသူများအားလည်း အရူးတွေဟု သမုတ်မိလိုက်၏ ...။ မကြာပါ ... အရူး အမဲသား ကျွေးမိသည်ကမှ သာဦးမည်ထင်၏ ...။ အစွဲအလမ်းကြီးသည့် သောက်ကျင့်သည် မကောင်း ...။ 

နောင်တွင် ... အိမ်ရှိ ကျနော် အပိုင်စားရထားသည့် ကျွန်းသေတ္တာကြီးထဲတွင် ... ပုလင်းနှင့် ဖန်ခွက်သည် ကျောင်းဝတ်စုံ နှစ်စုံနှင့် လုံးလား ထွေးလား ...။ ဂါရဝတရားမရှိသည့် သောက်ကျင့်သည် မကောင်း ...။ 

++++++ 

Tuesday, August 20, 2013

ကျနော်နှင့် ကိုဝင်းမော်(ရွှေသံစဉ်) - ကိုမာကီ (၈၈ မျိုးဆက်)

ကိုဝင်းမော်ကို စတင်မြင်ဖူးတာကတော့ ၁၉၉၃/၉၄ ခုနှစ်လောက်က TV ဖန်သားပြင်ပေါ်မှာ "ရွှေသံစဉ်တီးဝိုင်း" ရဲ့ခေါင်းဆောင်၊ Lead ဂစ်တာသမားအနေနဲ့ပါ။ မြန်မာ့ရုပ်သံမှာ ဖျော်ဖြေရတာမို့လားမသိ။ သူ့ဆံပင်က တိုတို၊ အရပ်က ထောင်ထောင်မောင်းမောင်း၊ ကိုယ်ဟန်က သွယ်လျကျစ်လျစ်။ ကျနော့်မျက်စေ့ထဲမှာတော့ သူဟာ ဂစ်တာသမား၊ အနုပညာသမားထက် အားကစားသမားတစ်ယောက်နဲ့ ပိုတူနေပါတယ်။ ပြီးတော့ အမှန်တိုင်းဆိုရရင် လူငယ်သဘာဝ၊ ကျနော်တို့ အထင်ကြီးအားကျရမယ့် ဂစ်တာသမားတစ်ယောက်ရဲ့ပုံစံမျိုးလည်း သူ့မှာ မရှိပါဘူး။ တောဂိုက်ကြီးပါဗျာ။ 

တကယ်တန်းသူ့ကို စတင်သတိထားမိတာက နိုင်ငံရေးသီချင်းခွေတစ်ခုကို သူတို့တတွေ လျှို့ဝှက်စီစဉ်နေကြစဉ်အချိန်။ ၁၉၉၆ ခုနှစ်လောက်မှာပါ။ စီစဉ်သူက NLD က အန်ကယ်ဦးလှမင်း။ သီဆိုသူတွေက (ဒေါ်)နွဲ့ယဉ်ဝင်းရဲ့သားနဲ့သမီးတွေ ဖြစ်ကြတဲ့ အဆိုတော်မျိုးမျိုးနဲ့ သံသာဝင်း။ ရည်ရွယ်တာကတော့ ဒီသီချင်းခွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတယ် ဆိုတဲ့ပုံစံမျိုးပေါ့။ တိုးတိုးတိတ်တိတ်ကြားရတဲ့ အဲဒီ့သတင်းမှန်၊ မမှန် မသိရသေးပေမယ့် ကျနော်တို့မှာတော့ ကျိတ်ပြီး အားရကျေနပ်လိုက်ကြရတာ။ လေးစားလိုက်ရတာ။ ဒီလိုအချိန်မှာ၊ ဒီလိုသတ္တိရှိရှိနဲ့ ကူညီရပ်တည်ရဲတဲ့သူတွေ ရှိသေးတယ်ပေါ့။ အဲဒီ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်မြောက်ခါစ။ ကာလတာရှည် ကိုယ်တစ်ပိုင်းသေနေတဲ့နိုင်ငံရေး ပြန်လည်လူးလွန့်လာစ ဆိုပါတော့။ 


ဆရာမင်းလူနှင့် ကျွန်တော် (ကျော်သူ)

စာရေးဆရာ၊ ကဗျာဆရာ ဦးဉာဏ်ပေါ် (ခ) မင်းလူ (၆ဝ)နှစ်ဟာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ သြဂုတ်လ၊ ၁၄ ရက်နေ့ ညသန်းခေါင်ချိန်က ကွယ်လွန်အနိစ္စရောက်သွားခဲ့သညဆိုသော သတင်းအားကြားခဲ့ပြီးနောက် ကျွန်တော် စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်။ ဆရာ့အား လွန်စွာနှမြောမိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် နယ်မြို့သို့ ခရီးထွက်နေပါသဖြင့် ဆရာ့၏ဈာပနအား ကိုယ်တိုင်လိုက်ပါပို့ဆောင်ခွင့် မရရှိခဲ့၍ဖြစ်သည်။

အတိတ်တစ်ချိန်က ဆရာမင်းလူနှင့်ကျွန်တော် ပထမအကြိမ်ဆုံတွေ့ခဲ့စဉ်က မင်းသားကျော်သူဘဝမှာပင် ရှိပါသေးသည်။ ထိုအချိန်က ဆရာမင်းလူ ထောင်ကထွက်လာပြီးနောက်တွင်ဖြစ်သည်။ ဆရာမင်းလူ၏ အစ်ကိုကြီး ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ “ပန်းတွေနဲ့ဝေ” ဗွီဒီယိုဇာတ်ကားကို ရိုက်ကူးနေစဉ် ဆရာမင်းလူ ရိုက်ကွင်းကို လာရောက်ကြည့်ရှု့စဉ်က တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးပါသည်။

ဒုတိယအကြိမ် ရင်းနှီးဆုံတွေ့ခဲ့တာကတော့ (၂ဝဝဝ ခုနှစ်)က ဆရာရေးသားခဲ့သော “ရေတမာ” ဝတ္ထုတိုကို ဗွီဒီယို ဇာတ်ကားရိုက်ကူးရာတွင် ကျွန်တော်နဲ့ မေသန်းနု ပါဝင်သရုပ်ဆောင်စဉ်ကတစ်ကြိမ် ရင်းနှီးခဲ့ပါသည်။


ကုတ်ကမြင်း (ဆောင်းလူ)

ကွိုင်ပဲ ... လုပ်ကြပါဦးဟ ...

ဟေ့ အခြေအနေကြည့်လေကွာ ... လခွီးနဲ့မှ ... မသိမသာလုပ်လိုက် ... အကုန် ကွိုင်ကုန်တော့မှာပဲ ...။ 

ဝှီး ... ဘုတ် ... ဟူး ... 

++++ 

မလွယ်ပါ ... တကယ့်ကို မလွယ်ပါ ...။ လုပ်တုန်းကတော့ ကောင်းပြီး ... ခုလိုကျတော့ .. တော်တော့်ကို ရင်ပူရပါတယ် ...။ အားလုံးမသိလိုက်တာပဲ ကောင်းပါတယ် ...။ ဘုန်းဘုန်းတို့က ဘန်ကောက်က လမ်းလျှောက်ပဲ ဆင်းလာတာ ..။ တပည့်တော်တို့က ဒီမှာ အစောင့်အရှောက်နဲ့ ...။ ပတ်ဝန်းကျင်တွင် လက်နက်ကိုင်ဆောင်ထားသည့် ထိုင်းစစ်သား နှစ်ယောက်တတွဲဖြင့် ဟိုကြည့် သည်ကြည့်နှင့် ကျနော်တို့ ရပ်ကွက်ဘကြီးအား ပိတ်ဆို့၍ထားလေသည်။ ဒီကြားတဲ့ ကျနော်တို့မှာ မဟုတ်တာက လုပ်ထားမိ၍ ကြောက်စိတ်က ကဲနေသည်။ ဟူး ...ဟူး .. တော်တော်လေး မောပါတယ် ...။ 


ဟတ်လိုင်းသမား ဒေါက်တာလွဏ်းဆွေ (ညီစောလွင်)

နယ်စပ်မှာ နှစ်တချို့ ဝင်ကူခဲ့ဖူးတဲ့ လစဉ်ထုတ် သတင်းစာက ၂၀၁၀ ရွေးကောက်ပွဲအကြိုမှာ ဘွိုင်းကောက် ဆိုတဲ့ အပတ်စဉ်စာစောင် ထုတ်တယ်။ ရွေးကောက်ပွဲ သပိတ်မှောက်ရေးဘက်ကရပ်တည်တဲ့ စာစောင်မှာ အပတ်စဉ် ဆောင်းပါးရေးဖို့ အယ်ဒီတာချုပ်ကပြောတော့ ရေးဖြစ်ခဲ့တယ်။ 

တကယ်တော့ ရွေးကောက်ပွဲဆိုတာက လစ်ဘရယ် ဒီမိုကရေစီအတွက် ဖယ်ထားလို့မရတဲ့ကိစ္စ၊ ပြည်တွင်း မီဒီယာတွေမှာ ကလောင်ကြီးတွေ ရွေးကောက်ပွဲကို အကြီးအကျယ် လော်ဘီလုပ်ကြတဲ့အချိန်၊။ ရွေးကောက်ပွဲ ဝေဖန်ထောက်ပြတဲ့ စာမူတွေကိုကျတော့ ဖော်ပြခွင့်မရတဲ့ အခြေအနေ။ 

ကိုယ်က ချောင်ကြိုချောင်ကြားက လူမသိသူမသိ စာရေးတဲ့သူ။ ဒါပေမယ့် တတ်သလောက် မှတ်သလောက် ပြန်ခုခံချင်တယ်။ ဒါကြောင့် လူသိတဲ့ မီဒီယာကို အားကိုးရတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့မှာတင်ပေးဖို့ မေတ္တာရပ်တော့ တင်ပေးခဲ့တယ်။ 


လက်သည် (ကာတွန်း အောင်မော်)


Monday, August 19, 2013

ငြိမ်းချမ်းရေးအတွက် ရှင်သန်သူ ဆရာကြီး ဒဂုန်တာရာ (ထိန်လင်း)

မေလ ၁ဝ ရက်နေ့ဟာ ဆရာကြီး ဒဂုန်တာရာရဲ့ အသက် ၉ဝ ပြည့်မွေးနေ့ဖြစ်ပါတယ်။ ကိုလိုနီခေတ်ကနေ ဒီကနေ့အထိ စာပေပညာရှင်အဖြစ် ရပ်တည်ခဲ့တဲ့ဆရာဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သလို တိုင်းပြည်ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့က ကျိုက်လတ်မြို့နယ်က ထိုင်ကူမြစ်တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျိုက်လတ်မြို့ အမျိုးသားကျောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်းတွေမှာ ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ပါတယ်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသဖြင့် တာဝန်ယူခဲ့ပါတယ်။

ဒီလို ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်လာသလို နိုင်ငံရေးခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးခဲ့ပေမယ့် ဆရာကြီးက သူ့ကိုယ်သူ နိုင်ငံရေးသမားအဖြစ် ဘယ်တုန်းကမှ မခံယူခဲ့ပါဘူး။ စာပေကိစ္စ အနုပညာကိစ္စတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ စာပေမွေ့ပျော်သူ၊ ဂီတမြတ်နိုးသူ၊ ပန်းချီရေးဆွဲသူ အနုပညာသမားဖြစ်ပေမယ့် စိတ်ဓာတ်က ခိုင်မာသူ ဖြစ်ပါတယ်။ ဆရာ့စိတ်ဓာတ်နဲ့ ပတ်သက်လို့ ‘သူက ဘူးဆိုလျှင် ဖရုံမသီးပါ။ သူ သဘောမပေါက်လျှင်၊ သူ့စိတ်ထဲမှာ ဘဝင်မကျလျှင် သူ ဘာမှ မလုပ်ပါ’ လို့ ဆရာနတ်နွယ်က ‘မိမိနှင့်ဒဂုန်တာရာ’ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်။


အရှုပ်ထုပ် ... (ကာတွန်း စောငို)