Sunday, August 25, 2013

ကန့်ဘလူ ပဋိပက္ခ

ထန်းကုန်းရွာဘက်မှာ အမျိုးသမီးတဦးကို မွတ်ဆလင် အမျိုးသားတဦးက ဆွဲလား ရမ်းလားလုပ်ရာကနေ ပဋိပက္ခစတင်ခဲ့။

ဒေါသဖြစ်နေတဲ့ ရာနဲ့ချီတဲ့ လူအုပ်တွေကနေ မွတ်ဆလင် နေအိမ်တွေ၊ ဆိုင်ခန်းတွေကို ဖျက်ဆီးမီးရှို့ခဲ့ကြတာဖြစ်ပါတယ်။ 

အိမ်နဲ့ဆိုင်ခန်း ၄၀ ကျော်လောက် ပျက်စီးသွားခဲ့ပါတယ်။ 


အခုတော့ လုံခြုံရေး တိုးချထားပါပြီ။ 

မီးရှို့သူ ၁၀ ယောက်ကျော်ကိုလည်း ဖမ်းဆီးပြီး ဆွဲလား ရမ်းလားလုပ်တဲ့ မွတ်ဆလင်ကိုလည်း ရဲက ထိန်းသိမ်းထားပါတယ်။ 

မီးဘေးသင့်တဲ့သူတွေကိုတော့ ထန်းကုန်းက ဗလီမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်က စောင့်ရှောက်မှုပေးထားပါတယ်။ 

သတင်း နှင့် ဓာတ်ပုံ - ဘီဘီစီ 


 

No comments: