Thursday, August 29, 2013

တွဲပွန်း (A.M.T)

ရုတ်တရက် လမ်းမပေါ် ပြေးတက်လာတဲ့
စက်တင်ဘာဟာ
အရင်လိုအဖွင့်မျိုး မဟုတ်ခဲ့ဘူး

သက္ကရာဇ် ရွှေ့ကွက်တွေမှာ
ပွန်းတွေ တလုံးပြီး တလုံးကျ
နောက်ဆုံး
ကွင်းနဲ့ မြင်းပါ လှုပ်မရတဲ့အချိန်


မထင်တဲ့နေရာက
ဘစ်ရှော့ထွက်လာခဲ့ပေါ့

“ချက်” … “ဖွင့်ချက်”

တဖက်က အာဏာ
တဖက်က မေတ္တာ
စက်တင်ဘာထဲမှာ
ပါဝါချင်း ထိုးလဲခဲ့ကြတယ်

သိပ်လှပေမယ့် အန်းဂိမ်း
တွဲပွန်း သိပ်စကားပြောသွားပြီ …။ ။


 

No comments: