Monday, February 25, 2013

ငြိမ်းချမ်းရေးသို့ ... အလည်ရောက်ရှိခြင်း (ကမာပုလဲ)

ဒဂုန်တာရာ(သို့) ပန်းနုရောင်အိုနှင့် တွေ့ဆုံခြင်း 

၈၈၈၈ အရေးတော်ပုံကြီး၏ နောက်ပိုင်းကာလ ၁၉၉၃-၉၄ န်းကျင်လောက်ဆီက ဖြစ်သည်။ သူ့ကိုယ်သူ မဲဇာသို့ ပို့ထားသော ဆရာဒဂုန်တာရာ နေထိုင်ရာ မှော်ဘီကျေးလက် နေအိမ်သို့ အမှတ်မထင် ရောက်ရှိသွားမိခဲ့သည်။ ရင်းနှီးနေသည့် စာရေးဆရာတဦးက ဆရာနှင့် သွားရောက်တွေ့ဆုံရန် ဒညင်းကုန်း မှော်ဘီ လိုင်းကားပေါ်အထိ လိုက်ပို့သဖြင့် ဆရာ့ဆီ ရောက်ဖြစ်သွားခြင်း ဖြစ်သည်။ စိတ်ထဲတွင် မဝံ့မရဲ။ မိတ်ဆွေ စာရေးဆရာ၏ "ဆရာက လူငယ်တွေ အသံကို နားထောင်ချင်နေတာဗျ" ဆိုသော တိုက်တွန်းစကားသည် ဆရာ့ဆီကို သွားဖြစ်ဖို့ တွန်းအားတခု ဖြစ်ခဲ့သည်။ 

သူ့စာတွေနှင့်သာ ရင်းနှီးကျွမ်းင်ခဲ့သည်။ လူချင်း တခါဖူးမျှ မဆုံတွေ့ဘူး၊ မကျွမ်းင်ခဲ့ဘူးသဖြင့် စိတ်ထဲက ဖြစ်မှဖစ်ပါ့မလားဟု ရင်ထဲ တထိတ်ထိတ်။ မှော်ဘီ ဘော်လုံးစက်ရုံရှေ့ရောက်တော့ ကားပေါ်မှဆင်းပြီး လမ်းလျှောက်လာခဲ့သည်။ စက်ရုံဘေးက မြေနီလမ်းကလေးရဲ့ သယ်ဆောင်ရာအတိုင်း လယ်ကွင်းအစပ်ရှိ စက်ရုံလုပ်သားများ နေထိုင်ရာ အိမ်စုကလေးဆီသို့ ...။ 


လမ်းတွင် ထိုအိမ်စုကလေးဘက်မှ ထွက်လာသော ပါဝါမျက်မှန်တပ်ထားသည့် အမျိုးသမီးတဦးကို တွေ့ရသည်။ ခြင်းတောင်းကလေးကိုဆွဲကာ အပေါ်ဖြူ အောက်အပြာရောင်တ်စုံနှင့်။ ဆရာ၏ တူမဖြစ်သူ စာရေးဆရာမ ဒေါ်သင်းမြစန္ဒီ များလားဟု စိတ်ထဲ တွေးထင်လိုက်မိသည်။ ထင်သည့်အတိုင်းပင် အနားရောက်တော့ "ဦးလေးဆီ လာတာလား။ အိမ်မှာရှိတယ်" ဟု ပြောသည်။ ကျနော်တို့ကလည်း "ဟုတ်ကဲ့" ဟု ဖြေလိုက်သည်။ ဆရာမသည် သူ အလုပ်ဆင်းရာ မှော်ဘီ ဘော်လုံးစက်ရုံ ဆေးဌာနသို့ ဆက်လက် ထွက်ခွာသွားသည်။ 

ဆရာ ဒဂုန်တာရာ၏ မဲဇာနေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ တထပ်တိုက်ပု လုံးချင်းအိမ် ကလေးဖြစ်သည်။ ဆရာက အိမ်သို့ဝင်ဝင်ခြင်း ဘယ်ဘက်အခန်းမှ ထွက်လာကြိုသည်။ ဧည့်ခန်းရှိ လမ်းမဘက် လှည့်ချိတ်ထားသော ဆရာ၏ မဲနယ်တောင် ပန်းချီကားကို ကြည့်ကာ ဆရာ့ကို အိမ်ရှေ့မှ ရပ်၍ အသံပြုလိုက်ခြင်းဖြစ်သည်။ 

'ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်းက သူနှင့်ကျနော် ရှမ်းပြည်သို့ မန္တလေးမှ ဖြတ်၍ သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ်သင်္ဘေဖြင့် ဆန်တက်လျက်ရှိရာ ...´ ( ကိုဘဟိန်း ... သို့မဟုတ် ... ကဗျာ) 

"ဘယ်ကလာကြတာလဲ"

စေလွှတ်လိုက်သော စာရေးဆရာ၏ အမည်ကို ပြောပြလိုက်သည်။ မိမိတို့ နေရပ်ဇာတိကို ပြောပြလိုက်သောအခါ ဆရာက "သာ် ... ကို... တို့ မြို့ကကိုး။ သူနဲ့တော့ အတော်ရင်းနှီးတယ်။ သိတယ်"။ 

စကားဝိုင်းတွင် ကျနော်တို့က ဆရာ့ကို မေးသည်ထက် ဆရာ၏ အမေးများကို ကြိုးစားပြီး ဖြေနေရသည်။ သူ့စာတွေအပေါ် အမြင်၊ ခံစားမှု။ ယနေ့ ခေတ်ပေါ်ကဗျာ ကိစ္စ။ အနယ်နယ် အရပ်ရပ်မှ လူထု၏ အခြေအနေ။ ကျနော်တို့မှာ မနည်းကြိုးစား ဖြေနေရသည်။ ဇောချွေးများပန်ကာ မမှားအောင်၊ မဖြီးမိအောင် အတော်ကြိုးစား ဖြေရသည်။ ဖြေရင်း၊ ပြောရင်းက သိတာကို သိသည်။ ခံစားရသည်ကို ခံစားရသည့်အတိုင်း ပြောသည်။ နားမလည်တာ၊ မသိတာ၊ မိမိတို့မမီတာကို မမီသည့်အတိုင်း န်ခံပြောသည်။ 

ထိုအခါ စကားဝိုင်းသည် သက်င်လာတော့သည်။ စိတ်ထဲတွင် လွတ်လပ်ရဲတင်းလာမိသည်။ ဆရာနှင့် ရင်းနှီးကျွမ်းင်လာသလို ခံစားရသည်။ တကယ်လည်း ရင်းနှီးကျွမ်းင်လာခဲ့ပါသည်။ ဆရာက "နိုင်ငံရေးလုပ်ရာမှာ ညီညွတ်ရေးက အရေးကြီးတယ်ဗျ။ ကျနော်ပြောတဲ့ ညီညွတ်ရေးက ကိုယ့်ဘက်က ညီညွတ်ရေးကို ပြောတာ"

ပြိုကွဲသွားသော ဆိုဗီယက်ရုရှအပေါ် ဆရာ့အမြင်ကို မေးမိသည်။ ဒိုင်ယာလက်တစ်ကယ် မယ်တီရီယာယ်လစ်ဇင်း ကို အခြေခံခဲ့သော ဆိုဗီယက် ရုရှ ဘာကြောင့်ပြိုကွဲခဲ့ပါသလဲဟု မေးခြင်း ဖြစ်သည်။ ဆရာ့ အဖြေက တိုတိုကလေးပင်ဖြစ်သည်။ 

"ဒိုင်ယာလက်တစ် မဖြစ်တော့လို့ပေါ့ဗျာ"

ကျနော်နှင့် ကျနော့်သူငယ်ချင်းမှာ မေးခွန်းများများ မရှိ။ မမေးတတ်။ မမေးနိုင် ဖြစ်နေသည်။ ဒါကို ဆရာက သိပုံရသည်။ ကျနော်တို့အတွက် စကားကြောင်း မေးခွန်းများကို သူက မေးပေးပါသည်။ ခု ကျနော်တို့ နေထိုင်ရာ နယ်မြို့ကလေးမှ လူထု အခြေအနေကို မေးသည်။ ကျနော်တို့က ၂၆ မိုင်ခန့်ဝေးသော ကျနော်တို့မြို့နှင့် အခြားတမြို့ကို လယ်ကွင်း၊ မြစ်၊ ချောင်းများ ဖြတ်၍ ကားလမ်းဖေက်နေကြောင်း။ လူထုကို အဓမ္မလုပ်အားပေး ခိုင်းစေနေကြောင်း၊ လမ်းမှာ တာဖို့လမ်းမကြီးဖြစ်ပြီး လယ်ကွက်အများအပြား ပျက်စီးနေကြောင်း၊ ဆောင်းနှင့် နွေဦးရာသီဖြစ်၍ လုပ်အားပေးလူထုခမျာ ရေငတ်၊ မ်းပျက်ရောဂါဖြင့် သေဆုံးလျက်ရှိကြောင်းပြောပြသည်။ ဆရာက သူ့ဟန်အတိုင်း လက်သည်းကိုက်ကာ နားထောင်နေသည်။ 

"လုပ်အားပေးနေသူတွေကို စစ်သားအချို့နဲ့ ရဲက သေနတ်တွေကိုင်ပြီး စောင့်ကြပ်တယ် ဆရာ။ လူထုက မကျေနပ်ပေမဲ့ ဘာမျှ ခံမပြောရဲ၊ ခံမလုပ်ရဲဘူး ဆရာ"

"မဟုတ်သေးဘူး။ ပြန်မလုပ်ရဲဘူးလို့ ပြောလို့မရဘူး။ သိပ်ပြီး သီးမခံနိုင်လွန်းရင် ...."

စကားဝိုင်းက တိတ်သွားသည်။ ကျနော့်အတွေးထဲ ဆရာ၏ ရပ်ပုံလွှာ အဖွဲ့အနွဲ့များဆီ ရောက်သွားသည်။ ဗန်းမော်တင်အောင် (သို့မဟုတ်) နရသိမ် ထောင်မှ အကျဉ်းသား ..... 

'ပြန်ချေဦးမယ်ဗျာ သစ်ကိစ္စတခုက စာရလို့ ပေါက်ခေါင်းဘက် ဆင်းရဦးမယ်။ နောက် လာဦးမှာပဲ။ ကိုသိန်းဖေနဲ့လည်း တွေတယ်ဗျို့။ အဲဒါတွေ ပြည်ထောင်ထဲ ဖေို့ ယူလာခဲ့တယ်။ 

ကွန်မြူနစ်ပါတီ တောခိုသည့်ရက်က လက်နက်ကိုင်တော်လှန်ရေးမှားကြောင်း ရေးထားသော ကိုသိန်းဖေ၏ စာတမ်းဖြစ်သည်။ ကျနော်က ထိုစာတမ်းအား ဖေန်ရှင်းလင်းပြသည်။ ကိုတင်အောင်သည် ကျနော်၏ ဖေန်ချက်ကို စဉ်းစားနေသည်။' ( ရုပ်ပုံလွှာ ၊ ဒဂုန်တာရာ၊ ၁၉၅၅ ခုနှစ်ထုတ်ေ

ဆရာက သူ့ကိုယ်သူ ဘာ့ကြောင့် ပန်းနုရောင်ဟု တင်စားသည်ကို နားလည်သလိုလို ခံစားလာရသည်။ ဆရာသည် ကိုဘဟိန်းနှင့်အတူ ဧရာတီမြစ်ရိုးတလျှောက် မန္တလေးအထိ မင်းလတ်နှင့် ဆန်တက်ခဲ့သည်။ မန္တလေးမှတဆင့် ရှမ်းပြည်သို့ ဆက်တက်သည်။ ထိုမှတဆင့် ...။ ခရီးပန်းတိုင်သို့ မရောက်ခဲ့။ ထောက်လှမ်းရေးက တားဆီးပြီး လာလမ်းအတိုင်းပြန်ရန် ကားပေါ်ပြန်တင်ပေးလိုက်သည်။ ကိုဘဟိန်းနှင့် ဆရာ၏ ထိုခရီးကား ဗမာပြည်လွတ်မြောက်ရေးအတွက်၊ တော်လှန်ရေး မဟာမိတ်ရှာဖွေရန် ခရီးပင် ဖြစ်သည်။ 

၁၉၆၃ ခုနှစ်တွင် ဗိုလ်နေင်းက ပြည်တွင်း ငြိမ်းချမ်းရေးခေါ်သည်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ သခင်စိုး၊ မန်းဘဇန် စသည့် ခေါင်းဆောင်ကြီးများ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားပြုရောက်ရှိလာခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ မှ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ (အဆိုတော် ဟေမာနေင်း၏ အဖိုး) တို့အဖွဲ့ ရောက်ရှိလာသည်။ ဒဂုန်တာရာသည် ရဲဘော်ဌေး၊ ဗိုလ်ဇေယျတို့နှင့်အတူ ငြိမ်းချမ်းရေး၏ဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ တောထဲမှ ဥက္ကဋ္ဌ၏လက်ဆောင် ပျားရည် နှင့် ဒေါင်းတကောင် (နှစ်ကောင်ဖြစ်သည်။ တကောင်မှာ လမ်းခရီးတွင် သေဆုံးသွားသည်ဟု သိရသည်) ကို ပေးအပ်ကာ ဆရာကြီး၏ ငြိမ်းချမ်းရေး အဆုံးအမကို ခံယူခဲ့ကြသည်။ 

ဗိုလ်နေင်း၏ ဇာတိရုပ်ကား ပေါ်လေပြီ။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်သတ် ရပ်စဲလိုက်သည်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလည်များ တောထဲသို့ ပြန်သွားရသည်။ နောက်ကနေ ဓတ်ပုံလိုက်ရိုက်ကာ `ပြည်သူကို သူတို့ကျောခိုင်းသွားကြလေပြီ´ ဟု စာလုံးမည်း ခေါင်းစဉ်ကြီးဖြင့် သတင်းစာ၊ ဂျာနယ်တို့တွင် ဗြောင်လိမ်ကာ နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်။ ရက်များမကြာမီ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တက်ကွလှုပ်ရှားခဲ့သူ ကိုဌေးမြိုင် (ခေါ်) ဆရာ ဒဂုန်တာရာ ဖမ်းဆီးထိန်းသိမ်းခံရသည်။ သူ့စာထဲက ဆိတ်ဖလူးရနံ့ သင်းပျံ့မွှေးလှိုင်နေသော အရပ်၊ အင်းစိန် အကျဉ်းထောင်၊ အကျဉ်းတိုက်သို့ ....။ 

"နေဦး ကျနော် ခင်ဗျားတို့ကို လ္ဘက်ရည်ကြမ်း ကျိုတိုက်မယ်"

"ဟာ နေပါစေဆရာ။ မလုပ်ပါနဲ့"

ဆရာ့ မျက်လုံးသည် လုံး ကွယ်လုနီးပါး အခြေအနေဟု သိရသည်။ ကွယ်လွန်သူ ဆရာ မြသန်းတင့်သည် မကွယ်လွန်မီ မျက်လုံးကို ခွဲစိတ်ကုသခဲ့ရာ ကောင်းသွားခဲ့သည်။ ဆရာ့ကိုလည်း သူ့မိတ်ဆွေ ရဲဘော်များက မျက်လုံးကို ခွဲစိတ်ကုသဖို့ တိုက်တွန်းကြသည်။ ဆရာက ငြင်းသည်။ မခွဲစိတ်၊ မကုသဘဲနခဲ့သည်။ 

"ရပါတယ်ဗျ။ ကျနော် ခင်ဗျားတို့ကို လ္ဘက်ရည်ကြမ်း ကျိုတိုက်ရမှာပေါ့"

ဆရာသည် ဧည့်ခန်းနံရံကို စမ်းကာ၊ စမ်းကာဖြင့် မီးဖိုရှိရာသွားနေသည်။ 

"ရေနွေးက လျှပ်စစ် ဂေါက်နဲ့ တည်ရမှာဗျ။ ခဏလေးပါဗျာ"

ထိုစဉ် သုံးနှစ်၊ လေးနှစ် အရွယ်ခန့် ကလေးမငယ်တဦး အပြေးအလွှား အိမ်ထဲင်လာသည်။ တက်ခံတွင် သွားရောက် ဆော့ကစားနေပုံရသည်။ ချွေးတွေ သံတွေနှင့် အမောတကော။ သူမက 

"သာ် ... ဧည့်သည်တွေ ရောက်နေတာကိုး" ဟု ပြောပြောဆိုဆို ပြန်လည် ပြေးထွက်သွားခဲ့သည်။ သူမသည် ဆရာမ သင်းမြစန္ဒီ၏ သမီးလေး၊ ဆရာဒဂုန်တာရာ၏ မြေးဖြစ်သူ တာရာဒေဝီ ကလေးပင် ဖြစ်သည်။ 

+ ဆရာဒဂုန်တာရာသည် ပြည်တွင်းငြိမ်းချမ်းရေး တက်ကွလှုပ်ရှားခဲ့သဖြင့် ၁၉၆၃ ခု၊ နိုင်ဘာလ ၁၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်တိုက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ 

ကမာပုလဲ 
၁၁၊ ၁၁၊ ၂၀၁၁။ 
တန်ဆောင်တိုင် လပြည့်ကျော် တစ်ရက်နေ့


 

No comments: