Sunday, December 16, 2012

လိပ်တကောင်၏ အိပ်ရာထအတွေး (ခင်လွန်း)

ထုံးစံအတိုင်းမနက်လို
ယောင်ချာချာ
တကယ်လုပ်ရမှာတွေက အများကြီး
ချိန်းထားတဲ့လူတွေရှိ
စကားတခွန်းပြောရမယ်
မေးခွန်းတခုမေးရမယ်
ဟင့်အင်း သို့မဟုတ်
အင်း လုပ်ရမယ်
မသိသလိုနေလိုက်ရမယ့်
နည်းဗျူဟာသုံးရမယ်
ကိုယ့်စိတ်ကို မမြင်စေရဘူး။


လူဟာ
ကိုယ့်အတွက်ကိုယ် စဉ်းစားကာ နိုးလာတာဖြစ်တယ်
မဟုတ်မှလွဲရော
ဒါ ငါမှမဟုတ်ပါဘူးလို့
တန်းညှိမိသေး
နောက်တကြိမ်လူဖြစ်ဖို့ဆိုတာက
ပိုပြီး ဒုလ္လဘဆန်သွားတယ်လို့တွေး...။

ကိုယ်ဖို့ချန်ထားပြီးမှ ဝေပါ
ကိုယ့်ဖို့ပါ ထည့်ဝေပါ
အညီအမျှလို့ထင်စားခံလိုက်ရချိန်မှာ
ဣနြေ္ဒမပျက်နေပါ
လူဟာ အထင်တလုံးနဲ့နေရဖို့ထက်
အထင်ကြီးခံလိုက်ရတာ ကောင်းတယ်
မျက်နှာမသစ်ခင်အထိ။

‘ပုထုဇနော ဥမ္မတကော’ တဲ့
လိပ်တကောင်က
ဘယ်တော့မှ မျက်နှာမသစ်ဘူးလေ။ ။

ခင်လွန်း 
ဒီဇင်ဘာ ၂ ရက်၊ ၂ဝဝ၎


 

No comments: