အိမ်ဖြူတော်ကို ရောက်လာတဲ့
ခရစ္စမတ်သစ်ပင်ကြီးကိုကြည့်ပြီး
မစ္စစ်အိုဘားမား က
“အခုပဲ
ငါတို့ ခရစ္စမတ်ကျင်းပလို့ရပြီ ...” လို့
ပြုံးရွှင်စွာ ပြောကြားခဲ့တယ်။
သင်္ကန်းစတွေ ဖွာလံကြဲနေတဲ့
မီးလောင်တစပြင်ကို ကြည့်ပြီး
လက်ပံတောင်းတောင်ကြီး က
“အခုပဲ
ငါတို့ ငိုကြွေးလို့ရပြီ ...” လို့
ကြေကွဲစွာ ပြောကြားခဲ့တယ်။ ။
နွယ်ဦးလှိုင်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment