“သော်တာဆွေ ရေးဖူးတာလေဗျာ … ကြာလှပြီ။ သူ့ခြံထဲကထွက်တဲ့ ဒန့်သလွန်သီးတွေ ခုလိုပဲပွေ့ပြီး ဈေးမှာသွားရောင်းဖို့ အိမ်က ထွက်လာတယ်။ အဲဒါ ...”
သူ အိပ်ကပ်ထဲနှိုက်၍ သစ်သားအခေါင်းထဲမှ ဆေးလိပ်တိုကို ထုတ်ပြန်သည်။ သူ အလုပ်ရှုပ်နေခိုက် သူ့ဘေးမှ လျှောက်လာသော ညိုက ဒီ ဦးထုပ်ပျော့ အစုတ်ကြီးပဲ ဆယ့်နှစ်ရာသီ သူ ဆောင်းနေတာပဲ၊ နှုတ်ခမ်းမွှေး ထူလပျစ်ကြီးနဲ့ အဖိုးကြီးရုပ် သူဖမ်းထားရတာ အတော်ကျေနပ်နေတယ် ထင်တယ်ဟု တွေးနေမိ၏။
“အဲဒါ ... သူအိမ်ဘေးက မိန်းမတယောက်ကတွေ့တော့ မေးပြီးဝယ်ရောဗျာ ... သူက ဆိုပါတော့ အဲ ... တကျပ်ဖိုး လေးတောင့်ဆိုတော့ ဟိုမိန်းမက ကိုဆွေရယ် အချင်းချင်းတွေပဲ မရဘူး ငါးတောင့်ထား ဆိုပြီး ဆစ်တယ်။ သူလည်း အားနာပြီး ပေးလိုက်တယ်။ တခါ နောက်တယောက်တွေ့ပြန်တော့ အားပေးဦးမယ်ဆိုပြီး ဝယ်မယ်လုပ်၊ ဈေးမေးတော့ တကျပ်ဖိုးလေးတောင့်ကို ငါးတောင့်ရအောင် ဟိုတယောက်က ဆစ်သွားတာပဲ။ ကဲ .. ခင်ဗျားလည်း ငါးတောင့်ပဲ ယူဆိုတော့ ဒုတိယအမျိုးသမီးက ဟာ ... ဘယ်ရမလဲ ကျမနဲ့ရှင်က ဒီလောက်ရင်းနှီးတာ ခြောက်တောင့်ပေးရမယ်ဆိုပြီး အနိုင်ကျင့်ရော”
သူ့စကားကြောင့် ညိုမှာ ဒန့်သလွန်သီးများပွေ့လာရင်း ပြုံးမိသည်။ စာပို့ရထား သူမတို့ နံဘေးမှဖြတ်သွားသည်အထိ ခေတ္တစကားတိတ် လျှောက်လာပြီးမှ သူ ဆက်သည်။
“ဒါနဲ့ တတိယ တယောက်နဲ့ လမ်းထဲတွင် တွေ့ပြန်ရော ... ဝယ်မယ်ဆိုတော့ ...” သူ စကားမဆက်ဘဲ သံလမ်းကို ဖြတ်ကူးရန် ဇလီဖားတုံးများကို နင်းကျော်နေခိုက် …
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago