Tuesday, December 31, 2013

ပျော်ရွှင်စရာနှစ်သစ် ဖြစ်ကြပါစေ ... (ကာတွန်း လူကြီးမင်း)


နှလုံးသားဒိုင်ယာရီ (၂၀) - အုပ်ကြီးဖေ

၃၀-၃-၂၀၀၂ 

ကရက်သို့ရောက်ရှိပြီးနောက် ရွာဟောင်းဘက်သို့ ခြေဆန့်ကြည့်ခဲ့မိသည်။ ရွာဟောင်းရှိ အထင်ကရနေရာ အတော်များများပျောက်ဆုံးနေသည်ကိုတော့ သတိထားမိသည်။ နတ်စင်ကြီးများ၊ ထန်းပင်များနှင့် ကုက္ကိုလ်ပင်ကြီးများမှာတော့ မျိုးတုံးပျောက်ကွယ်နေပြီ။ ဝမ်းသာစရာဟူ၍ ရွာဦးစေတီနှင့် ဆရာတော်ကျောင်းမှာတော့ ရှေးမူမပျက် တည်ရှိနေဆဲဖြစ်သည်။ ယခင်ရွာဟောင်းရှိ ကျနော်နေထိုင်ရာ အိမ်အနောက်ဘက်ခြမ်းရှိ အလွန်ကြီးမားသော ရှေးဟောင်းအုတ်ဂူကြီးများမှာလည်း လုံးဝပင်မတွေ့ရတော့ နှမျောတသဝမ်းနည်းနေမိပြန်သည်။ 

ကျနော် ရောက်တုန်းရောက်ခိုက် ဆရာတော်ကျောင်းပေါ်သို့ တက်ရောက်ဝတ်ပြုလိုက်သည်။ ဆရာတော်ကို ကျနော်မှတ်မိသော်လည်း ဆရာတော်က အမှတ်တမဲ့ဖြစ်နေခဲ့သည်။ “အမေလုံးရီရဲ့သား ဝင်းကိုကြီးပါ” ဟု မိတ်ဆက်လိုက်မှ “အော်... ဝင်းကိုကြီး ကိုး” ဘုန်းဘုန်းက “ဒီမှာ အလုပ်လာလုပ်နေတဲ့ ယိုးဒယားတွေ ထင်နေတာကွဲ့” ဟု မိန့်တော်မူလေသည်။ 


Saturday, December 28, 2013

စကားလုံးသက်သက်များ (သစ်ကောင်းအိမ်)

ဒီမနက်တော့
ငါတို့မြစ်ကို
ငါတို့အချစ်နဲ့ ကာကွယ်ကြ...
ဆိုတဲ့
ဝါကျတကြောင်း
ခလုပ်နှိပ်လိုက်မိတဲ့
မောင်းချဓားတချောင်းလို
ကျနော့်ခေါင်းထဲက
ဖြောင်းခနဲပွင့်လာတယ်

ကိုယ်တိုင်ကလည်း
စကားလုံးသက်သက်သမားဆိုတော့

Wednesday, December 25, 2013

အိမ်ဖော် ... (ကာတွန်း အောင်မော်)

နှလုံးသားဒိုင်ယာရီ (၁၉) - အုပ်ကြီးဖေ

၂၈-၂-၂၀၀၂ 

ဘဝ၏အတိတ်ဆိုးများ တည်ရှိခဲ့ရာ “အေးရွာ” ဟု ဆိုရမည်။ ကျနော့်ကိုမွေးဖွားခဲ့သည်မှာ အေးရွာ ဖြစ်ခဲ့သလို ဘဝဒဏ်ရာဒဏ်ချက်တို့ကလည်း အေးရွာ၌ပင် အစပြုခဲ့ရသည်။ လူ့ဘဝထဲသို့ မုန်တိုင်း ကြမ်းကြမ်းနှင့် ဝင်ရောက်ခဲ့ရသည့် ကျနော်၊ မာတာမိခင်က ကျနော့်ကိုမွေးပြီးသည်နှင့် မရဏမင်း၏ခေါ် ဆောင်ရာသို့ ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။ 

အမိမဲ့သားကျနော့်ကို မေတ္တာသက်ဝင် ချစ်ခင်ကြရမည့်အစား ဂြိုဟ်ဆိုးဖြင့် ဝင်ရောက်လာသူတစ်ဦးအဖြစ်သာ အားလုံးက လက်ခံယုံကြည် အသိအမှတ်ပြုခဲ့ကြသည်။ အမေ့နာရေးကြောင့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးသားချင်း အတော်များများလည်း လာခဲ့ကြသည်။ မည်သူမျှ လိုလိုလားလား ကျနော့်ကို မနှစ်သက်ကြ။ စွန့်ပစ်မည့်ဘေးပင် နီးကပ်ခဲ့ရသည်။ ကံတရားသည် တရံတခါ ဆန်းကြယ်လွန်းသည်ဟု ဆိုရမည်။ အမေ့ညီမဝမ်းကွဲတော်စပ်သူ အမေ လုံးရီ က ကျနော့်ကိုမွေးရန် တာဝန်ယူလိုက်သည်။ အမေလုံးရီသည် အပျိုကြီးတစ်ဦးလည်းဖြစ်သည်။ 

အားလုံးက ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ကြသော်လည်း အမေလုံးရီက မမှုခဲ့။ အရာအားလုံးကို ဥပက္ခာပြုပြီး ကျနော့်ကို ကျွေးမွေးစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။ အမေ့နာရေးပြီးသည်နှင့် အဖေလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ နောက်ပိုင်းသိလိုက်ရသည်က တပ်မတော်ထဲ ဝင်ရောက်သွားကြောင်းပင်။ အမေလုံးရီနေထိုင်ရာ သန်လျင်-ကျောက်တန်း ရေလယ်ဘုရား အနောက်စူးစူးရှိ ကရက်ရွာလေးသို့ အနှီးထုပ်ဘဝနှင့်ပင် ကျနော်ရောက်ရှိခဲ့ရသည်။ 


Tuesday, December 24, 2013

အားလုံးတာဝန်ကိုယ်စီနဲ့ ဝိုင်းဝန်းကြိုးစားကြဖို့


HIV/AIDS ရောဂါများအပြင် တခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ HIV/AIDS ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောဆိုလိုက်ပါတယ်။ 

၂၀၀၅ ခုနှစ်ကစပြီးတော့ HIV/AIDS ဝေဒနာရှင်တွေအတွက် နေစရာနဲ့ ဆေးဝါးကုသမှုတွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းတို့ရဲ့ ဂေဟာ ၃ ခုမှာ အခုဆိုရင် ဝေဒနာရှင် ၃၀၀ လောက်ကို စောင့်ရှောက်ပေးနေပါတယ်။ အဲဒီလို ပြုစုစောင့်ရှောက်တဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲတွေ၊ တခါ လွှတ်တော်အမတ် ၁ ယောက်ရဲ့ တာဝန်ကြားက ဝေဒနာရှင်တွေအတွက် ဘယ်လိုအချိန်ပေးပြီးတော့ ကူညီနေရပါသလဲ။ ဝေဒနာရှင်တွေအတွက် ရေရှည်ဘယ်လို အစီအစဉ်တွေထားရှိသလဲဆိုတာကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က မဖြူဖြူသင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။ 


Monday, December 23, 2013

ဆင်းရဲတွင်း နက်ပါတယ်ဆို ... (ကာတွန်း အောင်မော်)

ယာဉ်နဲ့လမ်း၊ လမ်းနဲ့လူ၊ လူနဲ့ယာဉ် (ကိုညို)

တလောတုန်းကပဲ ရုပ်ရှင်မင်းသမီးတယောက်ရဲ့မောင်တစ်ဦး ယာဉ်မတော်တဆတိုက်မှုနဲ့ ကွယ်လွန်သွားတဲ့သတင်း ဖတ်လိုက်ရတယ်။ အများလိုက်နာရမယ့် စည်းကမ်းအတိုင်း လိုက်နာမှုမရှိလို့ ယာဉ်တိုက်မှုတွေနဲ့ သေဆုံးမှုတွေ မကြာခဏ သတင်းတွေမှာ ဖတ်ရတယ်။ မတော်တဆ ယာဉ်တိုက်မှုဆိုတာ သိပ်ဆန်းကျယ်တဲ့ အရာမဟုတ်ပေမယ့် စည်းကမ်းမဲ့မှုကြောင့် အကျိုးမဲ့ လူ့အသက်တွေ ဆုံးရှုံးကြတာ၊ ထိခိုက်ဒဏ်ရာရပြီး ကိုယ်အင်္ဂါချို့ယွင်းသွားကြတာ၊ ဆေးဖိုးဝါးဖိုးနဲ့ ယာဉ်ပျက်စီးမှုကြောင့် အကျိုးမဲ့ကုန်ကျသွားတဲ့ ငွေကြေးဥစ္စာတွေ အဟောတိကံဖြစ်ကုန်တာ မိသားစုတွေအတွက်သာမက မိမိတို့လူ့အဖွဲ့အစည်းအတွက်ရော၊ တိုင်းပြည်အတွက်ပါ ဝမ်းနည်းစရာကောင်းပါတယ်။ 

ဘုရားတပြီး ကားစီးပါ 

မြန်မာပြည်ကို ခေတ္တအလည်သွားရောက်ပြီး ပြန်ရောက်လာသူတိုင်းက သူတို့အတွေ့အကြုံထဲက အားမလိုအားမရဖြစ်တာတွေ ပြန်ပြောတတ်တဲ့အထဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတတ်ကြတဲ့အကြောင်းက ထိပ်ဆုံးက ပါတတ်ပါတယ်။ “ဗမာပြည်ရောက်ရင် ကားမမောင်းရဲဘူး” “ဟိုမှာ ကားစီးရတာ၊ လမ်းဖြတ်ကူးရတာ ဘုရားတနေရတာပဲ” ဆိုတဲ့ ငြီးသံတွေ ပြန်လာသူတွေဆီက ကြားရတတ်တယ်။ ကျနော်တို့ငယ်ငယ် လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်လောက်က ရေဒီယိုကနေ “ယာဉ်အန္တရာယ် ×× စုပေါင်းကာကွယ်ပါမည် ×× လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည် ×× ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည် ×× ဆိုပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာရေး ဝါဒဖြန့်ချိရေးသီချင်းတွေ နေ့စဉ်လိုလိုကြားခဲ့ရတယ်။ အဆိုပါသီချင်း ဒီကနေ့ထိ ခေတ်စားမစားတော့ မသိ၊ ကျနော်တို့အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေလိုပဲ မြန်မာပြည်က နေ့စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တွေမှာတော့ ယာဉ်တိုက်မှုသတင်းကို မမြင်ချင်လို့ မရပါဘူး။ 


Sunday, December 22, 2013

ဆူရှီသမားလိပ်တဲ့ကဗျာ (သစ်ကောင်းအိမ်)

မြက်ကလေးတွေ 
တပင်ချင်းစီက ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ 
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ 

ရှင့်သတင်းနားထောင်ဖို့ 
 ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ် 
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ် ... ကိုကိုရေ 

ခင်ဗျားရေးတာတွေကို 
လူတွေနားမလည်ဘူး 
(အင်းပါ…) 
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ် 


Saturday, December 21, 2013

မပြင် ... မဝင် (ကာတွန်း စောငို)


ပေါက်ကွဲခံစားချက်များနဲ့ မြန်မာ ဘောလုံးပရိသတ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ SEA Games အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းရှုံးနိမ့်ပြီး အုပ်စုပွဲကနေ ထွက်သွားရတဲ့အခြေအနေ၊ မကျေနပ်ဖြစ်ကြတဲ့ ပရိသတ်ရဲ့ ရုန်းရင်ဆန်ခတ်ဖြစ်ကြတဲ့ အခြေအနေတွေကို ဦးကျော်ဇံသာ က မြန်မာစာနယ်ဇင်းဆရာတွေနဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဆရာချစ်ဝင်းမောင် ခင်ဗျား … အခု မြန်မာနိုင်ငံမှာ ဘောလုံးပွဲရှုံးလို့ ပရိသတ်က ဒေါသမထိန်းနိုင်ဘဲနဲ့ ဆူဆူပူပူဖြစ်တယ်ဆိုတဲ့ကိစ္စ။ ဒါ ဘာကိုဖော်ပြသလဲ။ မြန်မာအားကစားပရိသတ်တွေဟာ စိတ်ဓာတ်ရင့်ကျက်မှု ပိုလိုသလား။ ဘာများပြောသင့်သလဲဆိုတာကို ဆွေးနွေးလိုခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး ဖြစ်ရပ်လေးကို အကြမ်းဖျင်းလေး ပြောပြပါလား။ 

ဦးချစ်ဝင်းမောင် ။ ။ SEA Games ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်မှာ ဒီပွဲက မြန်မာအသင်းအတွက် သရေကျရုံနဲ့ နောက်တဆင့် semi-final ကိုတက်မယ့် အခွင့်အရေးကောင်းရှိနေတယ်။ ရှေ့ ပိုင်းမှာ ကျနော်တို့က နှစ်ပွဲ နိုင်ထားတယ်။ တပွဲ သရေကျထားတယ်။ ၇ မှတ် ရထားတယ်။ ကျနော်တို့နဲ့ပြိုင်ရမယ့် အင်ဒိုနီးရှားက သူက တပွဲ နိုင်၊ တပွဲ သရေ ၄ မှတ်ပဲ ရထားတယ်။ ကျနော်တို့က ရှေ့ပိုင်းမှာ ထိုင်းကိုလည်း ကျနော်တို့က သရေ ကစားထားတယ်။ နောက်တခါ အရှေ့တီမော်ကိုလည်း နိုင်ထားတယ်။ ၃ ဂိုး ၁ ဂိုးနဲ့ နောက် ကမ္ဘောဒီးယားကိုလည်း ၃ ဂိုးပြတ် နိုင်ထားတယ်ဆိုတော့ အင်ဒိုနီးရှားကို မရှုံးအာင်၊ သရေကျအောင် ကစားရုံနဲ့ နောက်တဆင့်တက်မယ့်အနေအထားမျိုးမှာ ကျနော်တို့ရဲ့နည်းပြကြီး ကိုးရီးယားနိုင်ငံသား ပက်ဆောင်ဟွာ ကနေ အဓိကဖြစ်တဲ့ တိုက်စစ်မှူးတချို့ကို သူ မထည့်ဘဲနဲ့ အင်မတန် weak ဖြစ်တဲ့ line-up နဲ့ ပွဲထုတ်တဲ့အခါမှာ သရေမကျတဲ့အပြင် ၁ ဂိုးတောင် ရှုံးသွားတယ်။ အဲဒီလို ရှုံးသွားတဲ့အခါမှာ ပရိသတ်က မကျေမနပ်နဲ့ ဒေါသပေါက်ကွဲမှုလေးတွေ အနည်းအပါး ဖြစ်ခဲ့တာပေါ့။ အဲဒါပါ ဖြစ်ရပ်ကတော့။ 


Friday, December 20, 2013

နှလုံးသားဒိုင်ယာရီ (၁၈) - အုပ်ကြီးဖေ

၂၆-၂-၂၀၀၂

အညတြသူပုန်တစ်ဦး စီးနင်းလိုက်ပါခဲ့သော သာစည်-ရန်ကုန်အမြန်ရထားကြီးမှာ အရှိန်အဟုန် ခပ်ပြင်းပြင်းဖြင့် သူ့ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။ ခရီးစဉ်တလျှောက် ပင်ပမ်းနွမ်းနယ်မှုဒဏ်ကြောင့် မည်မျှကြာကြာ ကျနော် အိပ်ပျော်သွားသည် မသိ၊ မဟာရန်ကုန်မြို့သို့ဝင်ခါနီးမှ လန့်ကာနိုးထခဲ့ရသည်။ ရန်ကုန်ရောက်တော့မည်ဆိုသည့်အသိက ရင်ကို အတော်လှုပ်ခတ်စေခဲ့သည်။

ရန်ကုန်ရောက်လျှင် မည်သို့ ဆက်လက်လွင့်မျောနေမည်ကို မတွေးခဲ့၊ ယခင်နေခဲ့ဖူးသော နေရာဟောင်းများကရှိနေခဲ့သည်။ ရထားကြီး မလွှကုန်းဘူတာအနီး အရှိန်လျှော့တော့ ဆင်းရန်ပြင်လိုက်သေးသည်။ မြဲမြံစွာချည်နှောင်ထားသော ခရီးဆောင်အိတ်မှာ လွယ်လင့်တကူ ဖြုတ်မရ၊ သို့နှင့် ဘူတာကြီးသို့ ဆိုက်ရောက်သွားခဲ့ရသည်။ ရထားပေါ်မှဆင်းပြီး ဘူတာကြီးအပြင်သို့ ဦးတည်လျှောက်လှမ်းလိုက်သည်။ ကျနော့်အရှေ့ မနီးမဝေးတွင် ယူနီဖောင်းအပြာရောင်နှင့် လူတစ်ဦးက ခရီးသည်များထံမှ တစ်ခုခုတောင်းခံနေကြောင်း တွေ့လိုက်ရသည်။


စက္ကန့်... (ဆောင်းလူ)

Photo: စက္ကန့်...
ဆောင်းလူ
ဒီဇင်ဘာ ၂၁၊ ၂၀၁၃
-------

ဆိုဒ်ပေါ်မှာ ... နာရီတွေ လျှောက်ကြည့်ရင်း .... တချို့လူတွေ နာရီမသုံးတာ သတိထားမိတယ်...။ တချို့ကျတော့လည်း ...ဖုန်းပေါ်မှာကြည့်ကြတာပေါ့ ...။ ကိုယ်ကိုတိုင် သတိထားမိတယ် ...။ ဖုန်းမရှိပဲ .နေရတာကို သဘောကျတယ် ...။ မနက် ...နာရီမပါပဲ ...အလုပ်သွားရင် ... စိတ်ထဲ အတော် ကသိကအောက်ဖြစ်တယ် ...။

ုခုတလောလည်း ... ဘော်ဒါတယောက်မစထားတဲ့ ...တနေကုန် တနေခမ်း ..တချက်ချက်မြည်တတ်တဲ့ ... တိုင်ကပ်နာရီတလုံးက ... သံပတ်ကုန် ..ဆွံ့အသွားတော့ .... မနေတတ် ..မထိုင်တတ်ဖြစ်မိတယ် ...။ နံနက်တိုင်း အိပ်မှုန်စုံမွှားနဲ့ ...ထကြည့်ဖြစ်နေလေတော့ ... မဖြစ်သေးပါဘူးလေဆိုပြီး ... သံပတ်ကို ပြန်နှိုးဆွပြီး ...နဂိုတိုင်း အလုပ်လုပ်နိုင်အောင် စီမံထားရတယ် ...။ 

လွန်ခဲ့တဲ့ ... ဆယ်စုနှစ်ကျော်တွေကို သတိရတယ် ...။ နာရီပတ်ချင်တယ် ...။ အချိန်ဆိုတာကို အဲ့အချိန်က သိပ်အလေးမထားတတ်ခဲ့ဘူး ...။ ဒါပေမယ့် ... လက်ထဲက နာရီကို ...အချိန်မရွေး ...ဖြတ်ကနဲ ..ဖြတ်ကနဲ ...ကြည့်ချင်တယ် ...ကြည့်မိဖို့လောက်ပဲ ...ဆိုပါစို့ .။ 

နာရီပစ္စည်းမှန်သမျှ ..တစစီဝယ် .... ကိုယ်တိုင် ..ဖြုတ်တပ် ..။ .ပင်နယံသွားလေးတွေဆိုတာ ..အတော်နူးညံ့ပါလား ...။ ဒစ်ဂျစ်တယ်နာရီလေးတွေ ..မန်နျူရယ်နာရီလေးတွေ ... ဖြုတ်မိတိုင်း ..စိတ်ဝင်စားမိတယ် ...။ 

ခုတော့ .. ... တရက်ပြီး ..တရက်ကို ..တွက်ရင်း ...နာရီတွေကို စိတ်ဝင်တစားကြည့်မိပြန်တယ် ...။ 

အော် ...အချိန် ..အချိန် ... စက္ကန့်နဲ့အမျှ ... တစက္ကန့်သည်လည်း ...သူ့တန်ဖိုးနဲ့ သူပါလား ...။ 

ဒါလေးရေးနေတုန်းမှာပဲ ... လက်စသတ်မယ့်အချိန်မှာ နာရီစက္ကန့်တံက ၁၂ ဂဏားန်းဆီ စွန်းထွက်သွားပြီ ...

ဘယ်လိုပဲဖြစ်ဖြစ် ..... လူတွေအမှတ်သညာထားတဲ့ အချိန်ကို တိကျအောင် ညွှန်းဆိုနိုင်လောက်တဲ့ .... နာရီတလုံးလောက်တော့ ... လူဖြစ်တုန်း .. သုံးဖူးတယ်ရှိအောင် ..သုံးလိုက်ဦးမယ် ...။

ဆိုဒ်ပေါ်မှာ ... နာရီတွေ လျှောက်ကြည့်ရင်း .... တချို့လူတွေ နာရီမသုံးတာ သတိထားမိတယ် ...။ တချို့ကျတော့လည်း ... ဖုန်းပေါ်မှာကြည့်ကြတာပေါ့ ...။ ကိုယ်ကိုတိုင် သတိထားမိတယ် ...။ ဖုန်းမရှိဘဲနေရတာကို သဘောကျတယ် ...။ မနက် ... နာရီမပါဘဲ ... အလုပ်သွားရင် ... စိတ်ထဲ အတော် ကသိကအောက်ဖြစ်တယ် ...။ 

ခုတလောလည်း ... ဘော်ဒါတယောက်မစထားတဲ့ ... တနေကုန် တနေခမ်း ... တချက်ချက်မြည်တတ်တဲ့ ... တိုင်ကပ်နာရီတလုံးက ... သံပတ်ကုန် ... ဆွံ့အသွားတော့ .... မနေတတ် ... မထိုင်တတ်ဖြစ်မိတယ် ...။ နံနက်တိုင်း အိပ်မှုန်စုံမွှားနဲ့ ... ထကြည့်ဖြစ်နေလေတော့ ... မဖြစ်သေးပါဘူးလေဆိုပြီး ... သံပတ်ကို ပြန်နှိုးဆွပြီး ... နဂိုတိုင်း အလုပ်လုပ်နိုင်အောင် စီမံထားရတယ် ...။ 

လွန်ခဲ့တဲ့ ... ဆယ်စုနှစ်ကျော်တွေကို သတိရတယ် ...။ နာရီပတ်ချင်တယ် ...။ အချိန်ဆိုတာကို အဲ့အချိန်က သိပ်အလေးမထားတတ်ခဲ့ဘူး ...။ ဒါပေမယ့် ... လက်ထဲက နာရီကို ... အချိန်မရွေး ... ဖြတ်ခနဲ ... ဖြတ်ခနဲ ... ကြည့်ချင်တယ် ... ကြည့်မိဖို့လောက်ပဲ ... ဆိုပါစို့ ...။ 


ရွှေ နဲ့ ထမင်းရည် (ကာတွန်း စောငို)

Photo: ကာတွန်း စောငို

Thursday, December 19, 2013

သမ္မတကြီးနဲ့ နာယကကြီးကိစ္စ စကားဆက်၊ ဖိနပ်တစ်ဖက် ဘယ်တော့ပစ်ချမှာလဲ (ဟံသာဝတီ ဦးဝင်းတင်)

ဒီတစ်ခါတော့ ဘာစိတ်ကူးပေါက်တယ် မသိပါဘူးဗျာ။ တစ်ယောက်ယောက်က မေးလာတယ်ဆိုပါစို့။ ဗျို့ ဘဘကြီးခင်ဗျား။ လူရာဝင်၊ သူရာဝင် အာလူးမပေးချင်ဘူးလားတဲ့ပေါ့လေ။ ဟဲ… ဟဲ… ဟဲ။ ဒါမျိုးလာလုပ်လို့ ဘာရမလဲ။ ကျုပ် ချက်ချင်းလက်ငင်း ပြန်ဖြေလိုက်မှာပေါ့။ ဟေ့လူ... ခင်ဗျား လူမှားနေပြီ။ ကျုပ်ကို အိမ်နီးချင်း နိုင်ငံရေးသူငယ်ပြန် အဘိုးကြီးထင်လို့ မေးတာလား။ သူ့သွားမေးလည်း သူက ပြန်ဟောက်မှာပေါ့ဗျာ။ သူက နဝေတိမ်တောင်၊ လူကြမ်းအဖွဲ့ အကြီးအကဲဆိုလား လုပ်ခဲ့တဲ့လူပဲဗျာ။ လူရာဝင်၊ သူရာဝင် အာလူးပေးစရာ ဘာလိုမှာလဲပေါ့။ 

ကျုပ်က ဘာအကြီးအကဲမှ မဟုတ်တာ။ လူရာဝင်စရာလည်း မလိုပါဘူး။ ကြီးတာဆိုလို့ ကျုပ်မှာ အသက်ပဲရှိတော့တာလေ။ အဲဒါကြီး စကားထဲထည့် ပြောမနေချင်ပါဘူး။ အခု ကျုပ်အသက်က ၈၅ ထဲမှာဆိုတော့ တင်တင်စီးစီးလေးပြောရရင် ဒီကနေ့ နိုင်ငံတော်သမ္မတတို့၊ လွှတ်တော်နာယကတို့ဆိုတာတွေတောင် ကျုပ်ရဲ့ညီပုလေးတွေအရွယ်လောက် ရှိသေးသဗျ။ 

အဲ… အဲ ဒီနေ့ ကျုပ်စကားပြောချင်တဲ့သူက နိုင်ငံတော်သမ္မတကြီးရဲ့ ပြောခွင့်ရဆိုလား၊ ဒုတိယဝန်ကြီးဆိုလား၊ ဗိုလ်မှူးကြီး ဘယ်သူဆိုလားက သူလည်း ငယ်ရှာမှာပေါ့။ ညီပုလေးရဲ့ညီပုလေးပဲ ဆိုပါတော့ဗျာ။ 

သူက ကျုပ်ကို လူရာမဝင်ဘူးထင်လို့ စကားပြန်မပြောချင်လည်း နေပလေ့စေပေါ့ဗျာ။ ကျုပ်က တစ်ဖက်သတ်ပြောချင်တယ်။ ဖိနပ်တစ်ဖက်အကြောင်း ပြောချင်တာပါ။ 


ယုံကြည်မှု အရင်တည်ဆောက်ရမယ်တဲ့လား (အောင်စံအေး)

၈၈ ပွင့်လင်းက ကိုကိုကြီးက ဖွဲ့စည်းပုံပြင်ဖို့ထက် ယုံကြည်မှု အရင်တည်ဆောက်ရမယ်လို့ပြောလိုက်ကြောင်း မနေ့တနေ့က ဖေ့စ်ဘုတ်တွေထဲမှာဖတ်ရတော့ ပြောစရာရှိလာပါတယ်။ 

ပထမ တချက်က ပြီးခဲ့တဲ့ ၂ ပါတ်လောက်ကပဲ ဒေါ်စုက ကြီးလေးကြီးတွေ့ဆုံဖို့ တောင်းဆိုမှုကို ဦးသိန်းစိန်တို့ပယ်ချလိုက်ပြီးမကြာခင် ကိုမင်းကိုနိုင်က ဒေါ်စုကိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ခု ကိုကိုကြီးပြောတာနဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာတော့ သူတို့တွေပဲ သိပါလိမ့်မယ်။ 

၈၈ ပွင့်လင်းတွေထဲမှာ မင်းကိုနိုင်ပြီးရင် ကိုကိုကြီးက သြဇာအကြီးဆုံးလို့ ပြောရမှာပါ။ ပြီးတော့ သူတို့တွေက မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပြီးရင် သြဇာအကြီးဆုံး နိုင်ငံရေးမျိုးဆက်လို့ပြောရင်လည်း မှားမယ် မထင်ပါဘူး။ ဒါပေမယ့်လို့လည်း ဆိုရေးရှိက ဆိုအပ်လှ၏ဆိုတဲ့စကားလို ပြောစရာရှိတာကိုတော့ ပြောရပါတော့မယ်။ ကိုကိုကြီး အပါအဝင် ၈၈ ပွင့်လင်းတွေအပေါ် ကျွန်တော်အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးပါ့မယ်။ 


မျိုးချစ်စိတ် ... (ကာတွန်း မျိုးမင်းမြတ်)


ကျနော်သိတဲ့ ဘောလုံးချန်ပီယံ (ဦး) ဗဟာဒူး (မင်းကျော်ခိုင်)

ဦးဗဟာဒူးက မြန်မာပြည်ဖွား ဂေါ်ရခါးပါ။ သူ့ကို မြန်မာ့တပ်မတော် ကြည်းတပ်ကနေ ရန်ကုန် ပထမတန်းအမှတ်ပေးပြိုင်ပွဲတွေမှာ ကြည်းတပ်ကို ကိုယ်စားပြုပြီးကစားပေးဖို့ တပ်ကြပ်ကြီးရာထူးပေးပြီး ခန့်ခဲ့တာပါ။ သူ ရှေ့တန်းထွက် စစ်တိုက်ခဲ့ရတာမဟုတ်။ နောက်တန်းမှာပဲနေပြီး မြန်မာ့ဘောလုံး တိုက်စစ်မှူးအနေနဲ့ နိုင်ငံတာဝန်ထမ်းခဲ့တာ။ 

ကျနော်အသက် ကလေးဘဝအရွယ် ၁၉၆၂-၆၃ လောက်မှာ ဦးဗဟာဒူးတို့ မာဒေးကား ဖလားပိုက်ပြန်လာတော့ မြန်မာပြည်သူတွေက လမ်းဘေး ဝဲယာကနေ သောင်းသောင်းဖျဖျ ကြိုကြတယ်။ ကျနော့်အဖေကလည်း ရန်ကုန် ၆ မိုင်ခွဲ ပြည်လမ်းမကြီးဘေးက ကုက္ကိုပင်ကြီးအောက်ကနေ (ခုတော့ အဲဒီကုက္ကိုပင်ကြီးတွေ မရှိတော့ပါဘူး) မြန်မာအောင်ပွဲရဘောလုံးသမားတွေကို ကြိုတယ်။ ဦးဗဟာဒူးတို့က အမိုးဖွင့်ဂျစ်ကားတွေနဲ့ လာကြတာ၊ ပြည်သူတွေက သူတို့ကို ပန်းကုံးတွေစွပ်ကြ ပြောရရင် အခု အမေစု (ဒေါ်အောင်ဆန်းစုကြည်) ကို ပြည်သူတွေ ကြိုကြသလိုပေါ့။ ဦးဗဟာဒူးက ကားပေါ်ကနေ ကျနော့်အဖေကိုမြင်တော့ ကားကိုခဏရပ်ခိုင်းပြီး အဖေ့ကိုနှုတ်ဆက်တယ်။ နောက် သူ အဖေ့အတွက် အမှတ်တရဝယ်လာတဲ့ လက်ဆောင် ခေါက်ထိုင်ခုံလေး လှမ်းပေးခဲ့တယ်။ အဲဒီခုံလေး အဖေက အမှတ်တရ ခုထိ သိမ်းထားဆဲပါ။ သူ နိုင်ငံခြားခရီးကပြန်လာတိုင်း ကျနော်တို့မိသားစုအတွက် လက်ဆောင်တွေကတော့ ပါနေကျပါ။ 


ဆောင်းအိပ်မက် (ဆောင်းလူ)

ဆောင်း ... တကယ်တော့ ... သူ့အလုပ် ... သူလုပ်ပေမယ့် ... မထင်မှတ်ဘဲ ... အေးလို့ ... စက်လို့ ...။ ဆောင်းနဲ့အတူ ... ဘဝကို နလံထူ နိုင်ဖို့ ... ရုန်းရင်း ကန်ရင်း ... ပုံသေတွက်လို့မရတဲ့ကာလ ... အခါသမယ ...။ 

အသိစိတ်တို့ မဲ့နေခိုက် ... အတိတ် ... အတိတ် ... အို ... သူစိမ်းဆန်ခဲ့တဲ့ ... ဒီ အတိတ် ...အားလုံးကို တောင်းပန်ပါတယ် ...။ အတ္တဆန်တဲ့စိတ်ရိုင်း ... အားလုံးအတွက်တော့ ... ဥပေက္ခာဆန် ... လူသားဘဝပေါ့ ...။ 

ဆန်တက်ခဲ့တဲ့လမ်း ... ဆယ်စုနှစ်ကျော်ကြာ ... ဥပက္ခာလမ်းမှာ ... တယောက်တည်း ... တလမ်းပဲ သွားရနိုးနိုး ... 


Wednesday, December 18, 2013

သတိပြုရတော့မည့် အိမ်နီးချင်း (နန္ဒတင့်ဆွေ)

ခေါင်းစဉ်ကိုမြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံတို့၏ ပဋိပက္ခများက သတင်းစာမျက်နှာများထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦးဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့်သော်လည်းကောင်း၊ ထူးခြားမှုများက အချိန်ကြာမြင့်လာသောအခါ ရိုးအီသွားပြီး သတင်းမဟုတ်တော့ဟု ယူဆသောကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ 

ထိုင်းသည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံယဉ်ကျေးမှုအချို့ တူညီမှုရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျလက်ထက် အယုဒ္ဓယကို ချီတက်သိမ်းပိုက်ရာမှ ယဉ်ကျေးမှုဓလေ့အချို့ ပြည်တွင်းသို့ ပျံ့နှံ့ခဲ့ပါသည်။ ဤသို့ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့်ယဉ်ကျေးမှုက မည်သည့်နိုင်ငံတွင် စတင်သည်ဆိုသောအချက်က သမိုင်းကြောင်း အထောက်အထား ခိုင်လုံမှသာ သက်သေပြနိုင်ပေတော့မည်။ ရှေးယခင်က ယဉ်ကျေးမှု မူပိုင်ခွင့်ဟူသည် အရေးမကြီးဟုထင်ရသော်လည်း ယခုအခါ အရေးကြီးလာပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်နီးကပ်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပို၍ သိသာလာပါသည်။ 


အသစ် (ကာတွန်း အောင်မော်)



အရှုံးကို အရှုံးလို့လက်ခံတတ်တဲ့ ယဉ်ကျေးမှု (ကိုညို)

တနင်္လာနေ့က အင်ဒိုနီးရှားကို မြန်မာအသင်းက ရှုံးနိမ့်ခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ မြန်မာပွဲကြည့်ပရိဿတ်တချို့ရဲ့ တုံ့ပြန်မှုတွေဟာ ဒီကနြေ့ မန်မာ့နိုင်ငံရေးယဉ်ကျေးမှု အနေအထားတွေကို သက်သေပြနေသလိုပါပဲ။ အရှုံးကို အရှုံးလို့ လက်မခံရဲမှုဟာ အရှုံးတွေကိုပဲ အဖန်ဖန်ဖြစ်ပေါ်စေပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကျနော်တို့အားလုံး ရှုံးတယ်ဆိုရင် ရှုံးတယ်လို့ အသိအမှတ်ပြုပေးရမှာပါ။ အရှုံးကို အရှုံးလို့ အသိအမှတ်မပြုခဲ့ကြလို့၊ ဇွတ်အတင်း အနိုင်ရယူချင်ကြလို့ မိမိတို့ လူ့အဖွဲ့အစည်းတခုလုံး ကမ္ဘာ့အလယ် အရှက်တကွဲ အကျိုးနည်းခဲ့ဖူး၊ မျက်နှာပျက်ခဲ့ကြဖူးပါတယ်။ ဒီနေ့ကာလမျိုးမှာ အရှုံးကို အရှုံးလိုမျိုးလက်ခံရဲတဲ့ ယဉ်ကျေးမှုမျိုး၊ စိတ်ဓာတ်မျိုး မြန်မာပြည်သူတွေ မွေးမြူကြရတော့မှာဖြစ်ပါတယ်။

အများသိကြတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲကာလက ပြည်သူတွေက တခဲနက် ပြတ်ပြတ်သားသား အနိုင်ပေးခဲ့ပေမယ့် ပြည်သူလူထု အဆုံးအဖြတ်နဲ့ရလဒ်ကို အာဏာပိုင်တွေက လက်မခံရဲလို့၊ တနည်းအားဖြင့် မိမိတို့အရေးနိမ့်ခဲ့မှုကို အသိအမှတ်မပြုခဲ့လို့ မြန်မာ့နိုင်ငံရေးမှာ မကောင်းတဲ့အစဉ်အလာတခုအဖြင့် အမဲစက်စွန်းသွားခဲ့တယ်။ ဒီအမဲစက်တွေကို မြန်မာ့သမိုင်းက မှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်။ တနည်းပြောရရင် အရှုံးကို အရှုံးလို့ အသိအမှတ်မပြုရဲတဲ့စိတ်ဓာတ်တွေကို ပြည်သူတွေက နာနာကျင်ကျင်ဖြစ်သွားခဲ့ပါတယ်။ မကောင်းတဲ့အစဉ်အလာတခု မြန်မာ့လူ့အဖွဲ့အစည်းထဲ ထပ်မံဖြစ်ပွားမှာ အများပြည်သူ စိုးရိမ်ပူပန်ခဲ့ကြတယ်။ ဒီသင်ခန်းစာကို အားလုံးက တိတိကျကျ သတိရနေတုန်းပါ။ မမေ့ကြပါဘူး။


မတရားသိမ်းမြေများ မူလပိုင်ရှင်များလက် ပြန်ရောက်နိုင်ဖို့

မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအဆက်ဆက်က မတရားသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီကို ပြန်ပြီးပေးအပ်နိုင်ရေးအတွက် လွှတ်တော်ကော်မရှင်တွေဖွဲ့ပြီး စီစစ်ဆောင်ရွက်ပေးနေခဲ့ပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကောင်အထည်ဖော် လုပ်ငန်းတွေမှာ အလွန်နှေးကွေးမှုတွေ ရှိနေသေးတယ်လို့ အမေရိကန်ပြည်ထောင်စုကို လေ့လာရေးခရီးအဖြစ် ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဌေးကြွယ် နဲ့ ချင်းအမျိုးသားပါတီ အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင် သာဘိက် တို့က ပြောဆိုပါတယ်။ ဝါရှင်တန်ဒီစီ ဗွီအိုအေဌာနချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ 

ဦးစတီဗင် သာဘိက် ။ ။ အဓိကတော့ မြန်မာပြည်မှာ လယ်ယာသိမ်းတဲ့ကိစ္စတွေက အများကြီး ပြဿနာရှိပါတယ်။ ဒါကိုလည်း ဆရာတို့ သိပြီးသားပါ။ အဲဒီ လယ်ယာမြေ ပြဿနာသိမ်းဆည်းတဲ့ ပြဿနာ၊ ပြန်ပေးတဲ့ ပြဿနာ။ ဘယ်လို အခြေအနေရှိတယ်ဆိုတဲ့ ပြဿနာကို ဒီရက် ကျနော်တို့ US ရဲ့အခြေအနေနဲ့ယှဉ်ပြီးတော့ သူတို့ ကျနော်တို့ကို အသိပေးတဲ့သဘောပေါ့။ အမေရိကန် တိုင်းပြည်မှာလည်း ဒီပြဿနာ ဘယ်လိုရှိပါတယ်။ တခြားတိုင်းပြည်တွေမှာလည်း ဘယ်လို ရှိပါတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ကို ရှင်းပြတယ်။ နောက်တခါ ကျနော်တို့က ဆွေးနွေးပြတယ့်သဘောပါ။ 

ဦးသန်းလွင်ထွန်း ။ ။ ဒီပြဿနာက အခုမှ ဖြစ်တဲ့ပြဿနာတော့ မဟုတ်ဘူး။ တော်တော်လေး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ စစ်အစိုးရ အစဉ်အဆက်ဆက်ကတည်းကဖြစ်ခဲ့တဲ့ ပြဿနာတွေဆိုတော့ အခု ဒီအချိန်မှာ ဘယ်လိုအနေအထားမျိုးနဲ့ ဖြေရှင်းနိုင်ဖို့ စဉ်းစားနေကြသလဲ။ အထူးသဖြင့် လွှတ်တော်ထဲမှာ - အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီကိစ္စကို ဘယ်လောက်အထိ အရေးတကြီးအနေနဲ့ ဖြေရှင်းဖို့ လိုနေတယ်လို့ ယူဆသလဲ။ 


Thursday, December 12, 2013

ငါနေတဲ့ ... မြို့လေးမှာ (တာရာမျိုး)

ဆည်းဆာနေညိုချိန်မှာ 
သာအေးကို သတိရဖို့ 
အချိန်မပေးနိုင်တဲ့ ... မြို့ 

နေ့တဓူဝ 
ပရိယေသန ဝမ်းစာအတွက် 
ကတိုက်ကရိုက် 
ထွက်ရှာနေရတဲ့ ... မြို့ 

ကိုယ်အဆင်ပြေဖို့အရေး 
တစ်ကောင်ကျွေးပြီး
နှစ်ကောင်ပြန်အစားခံရတဲ့ ... မြို့ 

မြို့ပြရုပ်ဝတ္ထု 
တဖက်က မြင့်မားလာသလောက် 
စာရိတ္တထိုးကျနေရတဲ့ ... မြို့ 


မြှောက် စား ခံ ရ ခြင်း (ကာတွန်း လိုင်လုဏ်)



အထီးကျန်… သံလွင်လမ်းခွဲ (အုပ်ကြီးဖေ)

နွေကြိုဥသြတို့၏ တွန်ကြူးသံသည် အတိတ်ကိုမေ့နေသော၊ မေ့ရန်ကြိုးစားနေသော ကျနော့်အား အမြဲတစေ ခြောက်လှန့်လျှက်ရှိပါသည်။ တခါတရံ အတိတ်သို့ ခေါ်ဆောင်သွားတတ်ပါသည်။ အတိတ်၏ပုံရိပ်တို့သည်လည်း တဖြည်းဖြည်းသက်ဝင်လှုပ်ရှားလျှက်… …။

မှတ်မှတ်ရရ… ၁၉၉၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ကပေါ့…။ မြန်မာစစ်အစိုးရနှင့် ကရင်နီတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ကာစ။ ကရင်နီတပ်မတော် အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) ခရိုင်မှ ကျနော်တို့ ရဲဘော်တစု ကရင်နီနယ်မြေအရှေ့ဘက်ကမ်း စစ်မြေပြင်တွင် စစ်ဆင်ရေးထွက်ခဲ့စဉ်က ...။

နေပူကျဲကျဲအောက်တွင် ကျနော်တို့ရဲဘော်တွေ အတွေးကိုယ်စီဖြင့် ကြမ်းတမ်းလွန်းလှတဲ့ တောတောင်၊ ကျောက်ဆောင်ကြို ကျောက်ဆောင်ကြား၊ လျှိုမြောင်ကြို လျှိုမြောင်ကြားတွင် အားတင်းချီတက်လာကြရင်း ...

“ဟေ့… ဟိုးမှာ သံလွင်မြစ်ကို တွေ့နေရပြီဟေ့၊ ရောက်ခါနီးပြီကွ... အားတင်းထားကြဟေ့”

ဒါက ကျနော်တို့ရဲဘော်တွေအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးလိုက်ကြတဲ့အသံပါ။


ဖွဲ့စည်းပုံပြင်လို့ တိုင်းပြည် ထိခိုက်သွားမလား

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှ မြန်မာနိုင်ငံဟာ တိုင်းတပါးရဲ့သြဇာကိုမခံယူဘဲ ပြည်သူလူထုရဲ့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တာဟာ တိုင်းပြည်အတွက် အန္တရာယ်တစုံတရာ ရှိနိုင်ပါသလား။ တိုင်းပြည်အန္တရာယ်ဖြစ်မယ်လို့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာဟာ တိုင်းပြည်အကျိုးလား၊ ပါတီအကျိုးလား ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ Professor Steinberg ခင်များ။ အခု မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သိပ်ပြီးတော့ အလေးအနက် ဆွေးနွေးနေကြတဲ့အသံတွေ ကြားနေရပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီမဆန်တဲ့အချက်တွေ အများကြီးရှိနေလို့ ပြန်ပြင်ရင်လည်း ပြင်ရမယ်။ အသစ်ပြန်ရေးရင်လည်း ရေးရမယ်ဆိုတဲ့အသံတွေ အများကြီးကြားနေရပါတယ်။ ဆိုတော့ ဆရာကြီးအနေနဲ့လည်း ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီမဆန်ဘူးဆိုတာ အရင်တုန်းက ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုတခါ ပြန်ပြီးတော့ ပြောပါအုံး။ ဘယ်အချက်တွေက ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဖြစ်နေသလဲဆိုတာကို။ 

David Steinberg ။ ။ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ရွေးကောက်ခံတွေ မဟုတ်ကြပါဘူး။ ၂၅% က ခန့်အပ်ခံရသူတွေ ဖြစ်နေပါတယ်။ ဒီလူတွေက စစ်တပ်ကပဲလာလာ၊ ပါတီတခုကပဲလာလာ၊ အလုပ်သမားသမဂ္ဂကပဲလာလာ၊ စီးပွားရေးလောကလာလာ။ ခန့်အပ်ခံရသူတွေဆိုတော့ ဒီမိုကရေစီနည်းလမ်းမကျပါဘူး။ ဒါကိုကြည့်လို့ရှိရင် အဲဒီဖွဲ့စည်းပုံကိုလည်း ဒီမိုကရေစီဖွဲ့စည်းပုံလို့ ခေါ်ရခက်နေပါတယ်။ ဒီမိုကရေစီပြု လွှတ်တော်မှာ အမတ်တွေအားလုံးဟာ ရွေးကောက်ခံတွေ ဖြစ်နေပါတယ်။ မြန်မာ့ဖွဲ့စည်းပုံမှာ ၇၅% က ရွေးကောက်ခံတွေပါ။ ဒါက ကောင်းပါတယ်။ ဆိုတော့ ဒီမိုကရေစီကို ဘယ်လောက်လိုချင်သလဲ ဆိုတာတွေကတော့ မြန်မာပြည်သူတွေက ရွေးချယ်ဆုံးဖြတ်ရမှာပါ။ 


Wednesday, December 11, 2013

ကိုလှရွှေ နဲ့ ဆီးဂိမ်း (ကာတွန်း အောင်မော်)

 

နေပြည်တော်က ဆီးဂိမ်း ဖွင့်ပွဲ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပ။ 

ဖွင့်ပွဲ အခမ်းအနာမှာ မီးရှုးမီးပန်းများ ပစ်ဖောက်စဉ်။ 

ငွေကြေး အမြောက်အများ ကုန်ကျခံကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားက မြန်မာအကတကွက်။ 

မြန်မာ့ရိုးရာ အကပဒေသာ။ 

Tuesday, December 10, 2013

သူတို့အတွက်တော့ ခွင့်ပြုပါတယ် ... (ကာတွန်း စောငို)



သုံးဆယ့်တစ် လက်ရေး (နေဇော်နိုင်)

တံဆိပ်လှလှလေးပြောင်းထားတဲ့
ဆည်းဆာအဟောင်းကြီးကို
ရေမတောင်းဘဲ မော့သောက်နေရတယ်။

ဈေးကွက်စီးပွားရေးခေတ်ထဲ
အောက်ဆီဂျင်ဟာ
ငွေတွေကြေးတွေနဲ့ ညစ်ပတ်နေပေါ့။

ပြက္ခဒိန်ထဲမှာတော့
ခွေးကဟောင်နေလိုက်တာ
ဘဝထဲမိုးခေါင်နေရဲ။

သွားစမ်းပါ
အိပ်ပျော်နေတုန်းမက်တဲ့
အိပ်မက်တွေအကြောင်း
ကျနော့်လာမပြောနဲ့
ကျနော့်မှာ
မအိပ်ခင်မက်တဲ့ အိပ်မက်တွေရှိတယ်
လေပြေထဲ ဝှက်ထားတာပေါ့။


Monday, December 9, 2013

ဒို့အဖွား ... (ကာတွန်း စောငို)



အာမ မခံတဲ့ အစာနဲ့ အာမ မခံတဲ့ ဘဝများ (ကိုညို)

ညိုကြီးတယောက် နေ့စဉ် အလုပ်ထဲရောက်တိုင်း အသည်းကွဲတယ်။ ကြည့်အုံးလေ ဒီ ပန်းသီးတွေက သမံတလင်းပေါ် ပြုတ်ကျတာနဲ့ အမှိုက်ပုံးထဲရောက်သွားပြီ။ ပဲ့ရွဲ့သွားရင်လည်း တော်သေးတယ်၊ အခုဟာက နည်းနည်းလေး ချိုင့်သွားတာနဲ့ ပစ်လိုက်ရတာဆိုတော့ နှမြာစရာကြီး။ ချောမွတ် ဝင်းပြောင်ပြီး ကိုက်လိုက်ရင် တဂျွတ်ဂျွတ်နဲ့ အရည်ရွှမ်းတဲ့ ဒီပန်းသီးတွေက စပိန်ကလာတဲ့ ထိပ်တန်း နာမည်ကြီး၊ ဈေးလည်းကြီးတယ်။ အလုပ်မဝင်ခင် သင်တန်းမှာ ညိုကြီးတို့သိထားတာက ထိခိုက်မိတဲ့ သစ်သီးတလုံးဟာ ၆ နာရီကျော်တာနဲ့ ဒဏ်ရာ အနာတဝိုက် ဘက်တီးရီးယားတွေ ဝင်လာနိုင်တယ်တဲ့။ ဒါကြောင့် အသီးအနှံတိုင်း အနာအဆာ မရှိစေရဘူး၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းနဲ့ ပေါင်မုန့်တွေ၊ အသားတွေ အသင့်ပြုပြင်ချက်လုပ်ပြီး အစားအသောက်တွေအားလုံးက နိုင်ငံတကာကတင်သွင်းတဲ့ ထိပ်တန်းအစာတွေချည်းပဲ။ 

ညိုကြီးက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် နွားနိုနဲ့ နို့ထွက်ပစ္စည်းတွေကို တာဝန်ယူ ထိန်းသိမ်းရတယ်။ စားသောက်ကုန်တွေတင်တဲ့ နော်ဝေးနိုင်ငံမှာဖွင့်ထားတဲ့ ဆွီဒင်နိုင်ငံပိုင် နာမည်ရ ကုမ္ပဏီကြီးဆိုတော့ အအေးခန်းမှာ ရေရှည်ထားတဲ့ အစာ၊ စည်သွပ်ဘူးအမျိုးမျိုး၊ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ မုန့်မျိုးစုံ၊ အသားခြောက် အသားစိုနဲ့ ရေချို၊ ရေငံ ငါးအမျိုးမျိုး မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင်တွေကအစ ကုန်စိမ်း ကုန်ခြောက် ဘာလိုချင်လဲ၊ သွားကြားထိုးတံကစလို့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းနာမည်အားလုံး ပါးစပ်ထဲ ရွတ်လိုက်၊ ဆိုင်မှာ အကုန်ရှိတယ်။ 


စစ်မှန်သော လူထုကိုယ်စားလှယ် ... (ကာတွန်း စောငို)



မစို့ မပို့ခြင်းများ ... (ဆောင်းလူ)

စစချင်းပဲ ... မြင်မြင်ချင်းချင်းပဲ ... မစို့မပို့ ခြေလှမ်းတွေနဲ့ ... သေမလောက်ကြောက်တဲ့ ... သေခြင်းဆီ ...။

မစို့မပို့ အင်အားတွေတဲ့ ... 
မစို့မပို့ အင်အားတွေနဲ့ ...
မစို့မပို့ အင်အားတွေနဲ့ ... 

ညညချင်း စီးချင်းထိုးတဲ့ညမှာ ... မစို့မပို့ အံဖတ်တွေကို တခုတ်တရာ လက်နဲ့ သိမ်းကျုံးယူငင်ထားလိုက်တယ် ...။ အံဖတ်ထဲမှာ ညက လက်ကျန်အရက်တွေ ရောထွေးပါသွားတော့ နှမြောတသစွာပဲ ... လျှာနဲ့ကုန်းလျက်လိုက်တယ် ...။ အလို ချဉ်စုတ်စုတ် ...။ ဘယ်ချောင်မှာ သဝေထိုးခဲ့လို့ ချဉ်စုတ်စုတ်ဖြစ်နေသလဲ ...။ ဖြစ်ပါစေကွာ ... ချဉ်စုတ်စုတ် ...။ ချဉ်စုတ်စုတ်ဖြစ်နေတဲ့ လောကထက်တော့ ချိုသေးတယ် ...။ 


Saturday, December 7, 2013

သွားမကပ်နဲ့ ... တရားခံဖြစ်သွားမယ် (ကာတွန်း အောင်မော်)

အမှည့်လွန်တတ်တဲ့ကောင် (နေဇော်နိုင်)

တညနေလုံးကို 
ရဲခနဲနေအောင် ဖွာထည့်ပစ်လိုက်တယ် 
သက်ပြင်းတချို့ ပဲ့ကြွေသွားပေါ့။ 

မေမေရေ ... 
ကျနော်ဟာ 
မေမေနဲ့ ဖေဖေကြားက 
ဖျက်ရာအထပ်ထပ် စာလုံးကလေးလား 
သလို ... 
ဖွင့်ဖတ်မိတာကိုတော့ ခွင့်လွှတ်ပါ ... 

၃၅ နှစ်စာ အသက်ရှူသံတွေထဲ 
ကျနော်ကိုယ်ကျနော် ထွေးထုတ်ခဲ့ဖူးပြီ ... 

'ကျွဲ' လို့ ဖတ်ပေးခဲ့ရဖူးတဲ့ 
မိတ္တဗလ ချည့်နဲ့နဲ့တွေ ရှိခဲ့ပြီ ... 

တောင်ပို့တွေ 
အမှောင်ထဲက ထဟောင်လို့ 
အိပ်ပျက်ပေးရပေါင်း များပြီ ... 


Friday, December 6, 2013

သင်္ကန်းပဲ မီးရှို့ခွင့်ရှိတယ်၊ တရုတ်အလံ မီးမရှို့ရ ... (ကာတွန်း စောငို)



နိုင်ငံရေးလုပ်ရင် အဆောင်က ထုတ်မယ်တဲ့လား (ကိုညို)

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်သတင်းစာမှာ တက္ကသိုလ်အဆောင်နေ ကျောင်းသားတွေ နိုင်ငံရေးလုပ်ဆောင်ရင် အဆောင်ကထုတ်ပစ်မယ့်အကြောင်း အဆင့်မြင့်ပညာဦးစီးဌာန အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတပုဒ်ဖော်ပြသွားတာကို စိတ်ပျက်လက်ပျက် ဖတ်လိုက်ရတယ်။ “နိုင်ငံရေးနဲ့နွယ်သူတွေကို လက်ခံပါတယ်၊ ဒါပေမယ့် အဆောင်စည်းကမ်းအတိုင်း နိုင်ငံရေးလုပ်လို့မရဘူး၊ လုပ်ရင်တော့ ထုတ်ပစ်မှာ” လို့ အဆိုပါ အဆင့်မြင့်ပညာဦးစီးဌာန အရာရှိဆိုသူရဲ့ မိန့်မှာချက်ကိုလည်း တွေ့ရပါတယ်။ ဒီတော့ ကျနော်တို့နိုင်ငံဟာ ဘယ်စနစ်အပေါ်ရပ်၊ ဘယ်လမ်းစဉ်နဲ့ လျှောက်ပြီး ဘယ်လိုပညာရေးစနစ်မျိုးကို အမွေပေးမှာလဲဆိုတာ မေးစရာဖြစ်လာသလိုပြောစရာတွေလည်း ရှိလာပါပြီ။ 

တချိန်က အရှေ့တောင်အာရှမှာ ပညာအရာ ထိပ်တန်းရောက်စေတဲ့ ဒီမိုကရေစီပညာရေးကို ကျင့်သုံးခဲ့လို့ ဂုဏ်သိက္ခာတက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ နီးပါး အာဏာရှင်စိတ်ကြိုက် ပညာရေးစနစ်ကို အရည်မရ အဖတ်မရ ကျင့်သုံးခဲ့လို့ ပညာတတ်မျိုးဆက်တွေ ပြတ်ခဲ့တယ်။ တိုင်းပြည်အောက်ကျ နောက်ကျဖြစ်ပြီး ကမ္ဘာ့ ဖွဲ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်ခဲ့တာကိုလည်း သတိပြုမိကြမှာပါ။ လွတ်လပ်ရေးရပြီး အနှစ် ၂၀ ကျော်မှာ ပထမမျိုးဆက် ဒီမိုကရေစီခေတ်ကောင်းမီ ပညာတတ်တွေရဲ့ကျေးဇူးကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုအရှိန်အဝါလေး ဟန်မပျက်ရှိခဲ့တယ်။ ဒါပေမယ့် ၁၉၆၂ စစ်အာဏာသိမ်းပြီး တပါတီ အာဏာရှင်စနစ်ကနေ မွေးထုတ်လိုက်တဲ့ ကျနော်တို့မျိုးဆက်တွေနဲ့ ဒုတိယအကြိမ်အာဏာသိမ်းယူတဲ့ ဒီကနေ့မျိုးဆက်သစ်လူငယ်တွေခေတ်ရောက်တော့ တိုင်းပြည်ရဲ့ ပညာရေးနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီး ဘယ်ပုံဘယ်လမ်းဆိုက်ရောက်သွားသလဲဆိုတာ ဘယ်သူမဆို ကျမ်းကိုးမပါ အလွတ်ပြောနိုင်ကြပါတယ်။ 


Thursday, December 5, 2013

Nelson Mandela (Min Kyaw Khine)

"It Always Seems Impossible Until It's Done" 

Nelson Mandela 
(1918 - 2013)

 

အစကတည်းက အပေါက်ကြီး ... (ကာတွန်း အောင်မော်)


ပစ္စည်းမဲ့ဒေါသ (မင်းသိုက်)

မိတ်ဆွေတို့ သတိထားမိချင်လည်း ထားမိမယ်၊ အမှုမဲ့အမှတ်မဲ့ နေမိချင်လည်း နေမိမယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာမရှိလို့ မသိတာလည်းဖြစ်မယ်၊ ကွေကွင်း ဥပက္ခာပြုထားတာလည်း ဖြစ်ချင်ဖြစ်မယ်။

အဲဒီ ပြဿနာက မသိမသာနဲ့ တဖြည်းဖြည်းကြီးထွားလာတာ သတိထားမိရင်တော့ သိသာလိမ့်မယ်။

ဗမာပြေမှာ အထူးသဖြင့် မဟာရန်ကုန်ရွှေမြို့တော်ကြီးမှာ လူတန်းစားကွာဟလာမှု သိသာလာတာကြာပြီ။ အထူးသဖြင့် အခြေခံလူတန်းစားတွေ မပြေလည်မှုတွေများ လာတာလည်း သိသိသာသာပဲ။ မတ်တတ်စာရုန်းနေရတာ နေ့စဉ် လင်းမိုးချုပ်။ တုံးလုံးစာကတော့ လုံးဝ ဘုံးခနဲတုံးလုံးသွားရင်တော့ ဦးကျော်သူရှိတယ်ဆိုတာလေးနဲ့ ဖြေသိမ့်နေကြရသူတွေ ဒုနဲ့ဒေး။



အချိန်စောပါသေးတယ်ကွယ် ... (ကာတွန်း စောငို)


ဗာရာဏသီဖွား (သစ်ကောင်းအိမ်)

ခုတော့ သွားလေရာ သဲဖြူခင်း ရာဇမတ်ကာ 
ခုတော့ ရောက်လေရာ လက်အုပ်တချီချီ ခွေးတစီစီ 
ခုတော့ လက်ညှိုးညွှန်ရာ မြို့ရွာဇနပုဒ် မီးလောင်ငုတ် 
ရာဇဝင်ကို အမြစ်လှန် နရသိန်ကို နံရံကာပြီးပြီ 
သာသနာကို အရေဆုတ် ဝတ်လဲတော်ချုပ်ပြီးပြီ 
ဇာတိမာန်ကို ရင်ခွဲအသည်းထုတ် မြို့ရိုးအောက်မှာ မြှုပ်ပြီးပြီ 


Wednesday, December 4, 2013

ဘယ်သူ့ကို တောင်းပန်ရမှာလဲ ... (ကာတွန်း စောငို)


မဇ္စျိမ ခွပ်ဒေါင်း (ကိုညို)

၂၅ နှစ်ကို လည်ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့ဟာ လောကဓာတ်ပညာမကြွယ်ဝတဲ့ တိုင်းချစ်ပြည်ချစ်တယောက်သက်သက်သာ ဖြစ်နေပါတယ်။ အဲဒီ ၂၅ နှစ်ဟာ ကျနော်တို့အတွက် တိုင်းပြည်ကြီးကို တနေ့ထက်တနေ့ ပိုချစ်လာအောင် သံယောဇဉ်အထပ်ထပ် ရစ်ပတ်ပေးတာကလွဲလို့ စစ်ကျွန်ဘဝက လုံးဝ လွတ်ကျွတ်သွားဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ အဲဒီ ၂၅ နှစ်ဟာ အတူတိုက်ဖော်တိုက်ဖက်၊ ငတ်ဖော်ငတ်ဖက်တွေနဲ့ တစစီခွဲပေးလိုက်သလို၊ တလမ်းစီလည်း လျှောက်ခိုင်းလိုက်ပါတယ်။ 

အဲဒီ ၂၅ နှစ်ဟာ ကံကြမ္မာက သူ့ရဲ့လက်ထဲ ဆန်ကွဲတဆုပ် ဆုပ်ယူပက်ကြဲလိုက်သလို ကျနော်တို့ ရဲဘော်ရဲဘက်အားလုံးကို တယောက် တနိုင်ငံ၊ တမြို့တနယ်စီ လွင့်စင်ပြန့်ကြဲသွားစေပါတယ်။ ဒါပေမယ့် ... အဲဒီ ၂၅ နှစ်ဟာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ နှလုံးသားတွေ၊ အတွေးအခေါ်တွေနဲ့ ဘဝတွေကို ထာဝရရှင်သန်နေအောင်တော့ လှလှပပ ထုဆစ်ပေးခဲ့တာပါ။ အဲဒီ ၂၅ နှစ်ဟာ ကျနော်တို့ရဲ့ ဘဝအစိတ်အပိုင်းတခုဖြစ်ခဲ့သလို၊ မြန်မာပြည် ၈၈ မျိုးဆက်တွေရဲ့ တော်လှန်ရေး ရေသောက်မြစ်ကြီးလည်း ဖြစ်နေပါတယ်။ ပြီးတော့ ကျနော်တို့ စိတ်ဓာတ်ခိုင်ခိုင်နဲ့ ဆက်လက် ရှင်သန်နေတာကို အသိအမှတ်ပြုပေးလိုက်တယ်။