ဆည်းဆာနေညိုချိန်မှာ
သာအေးကို သတိရဖို့
အချိန်မပေးနိုင်တဲ့ ... မြို့
နေ့တဓူဝ
ပရိယေသန ဝမ်းစာအတွက်
ကတိုက်ကရိုက်
ထွက်ရှာနေရတဲ့ ... မြို့
ကိုယ်အဆင်ပြေဖို့အရေး
တစ်ကောင်ကျွေးပြီး
နှစ်ကောင်ပြန်အစားခံရတဲ့ ... မြို့
မြို့ပြရုပ်ဝတ္ထု
တဖက်က မြင့်မားလာသလောက်
စာရိတ္တထိုးကျနေရတဲ့ ... မြို့
အဖြူရောင် စနိုးပွင့်များကြား
တကိုယ်ရေသန့်ရှင်းမှု
ညံ့ဖျင်းလာတဲ့ ... ... ... ... မြို့
ကိုယ်ဘာကောင်မှန်း မသိခင်
လူရာဝင်တေးဆိုပြီး
ဆရာတွေ အဆမတန်များလာရတဲ့ ... ... မြို့
အခြေနေနဲ့အချိန်အခါ
ခွဲခြားဝေဖန်ရင်း
အတင်းအဖျင်းတွေများပြားလာတဲ့ ... ... မြို့
ငါနေတဲ့မြို့လေး ... အဲဒီမြို့လေးမှာပေါ့
မြို့ပြက
သူ့ကိုယ်သူ ရှိုးအပြည့်ထုတ်ရင်း
ညနေခင်းလေးမှာ
ခပ်တည်တည်ပါပဲ
လေညှင်းခံထွက်သွားနေလေရဲ့ ...။ ။
တာရာမျိုး (ကော်လိုရာဒို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment