ကျုပ်လည်း အသက်တွေက ကြီးသထက်ကြီးလာတော့ ဉာဏ်မနီး ဒုံးဝေးဆိုတာမျိုး ဖြစ်လာတယ်ဗျ။ အားအားရှိ တောင်တွေး၊ မြောက်တွေးပေါ့။ ကျုပ်က ငေးမယ်၊ တွေးမယ်၊ ရေးမယ်ဆိုတဲ့ဝါဒ ဆုတ်ကိုင်တဲ့လူ။ အခုကြုံလာတဲ့ အနေအထားက စကိုင်းနက်ကလွှင့်တဲ့ လွှတ်တော်တီဗီသတင်းတွေပဲ ထိုင်ငေးနေရတာဗျို့။ ဒီတော့ တစ်နေ့တစ်နေ့ ထိုင်တွေးနေမိတဲ့အချိန်တွေလည်း များလာတာပေါ့။ ဒီလိုဆို ရေးကြည့်ဦးမယ်လေဆိုပြီး ဒီစာရေးပါတယ်။
ပိာုရှေးအခါ သမယတုန်းကတော့ မှတ်မိတာတွေ စုံလို့ပေါ့ဗျာ။ လွှတ်တော်ထဲမှာ ဘယ်လိုကြဲကြသလဲ။ ဘယ်လိုချော်ကြ၊ ပျော်ကြ၊ ဆော်ကြ၊ ကလော်ကြ၊ အော်ကြ၊ လှော်ကြသလဲ။ သံစုံတီးဝိုင်းကြီး ဆော်ပလော်တီးနေသလား ထင်ရတာဗျ။
အဲဒီလိုကိစ္စတွေပာာ ဒီနေ့ နေပြည်တော်က စစ်ဗိုလ်တစ်မတ်၊ အရပ်ခြောက်မူး လွှတ်တော်ကြီးနဲ့ လားလားမှမဆိုင်ပေဘူးဗျ။ ဒီတော့လည်း ဒါတွေထားလိုက်ပါတော့လေ ဆိုတာမျိုးလောက် ပြောကြတာပေါ့။
ကျုပ်ရဲ့ ချွတ်ခြုံကျ ဦးနှောက်ထဲက မူးတင်း ပဲတင်း မှတ်ဉာဏ်လေးဖျင်းဖော်ထုတ်ပြောမယ်။
၁၉၆၀ မှာ ကျုပ်တို့ရဲ့ဆရာသမား သတင်းစာဆရာကြီး ဦးညိုမြ လွှတ်တော်အမတ်ဖြစ်လာသဗျ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ကဆို ထင်ပါရဲ့။ လွှတ်ထဲမှာ အမတ်မင်းကြီးဦးညိုမြ စကားပွဲဦး ထွက်တယ်။ စကားပွဲဦးဆိုပေမယ့် စာရွက်ကြီး ဆုပ်ကိုင်ဖတ်တာဗျ။ ဒီနေ့ လွှတ်တော်ဒီဗီသတင်းတွေထဲမှာ ကျုပ်တို့မြင်နေကြရတဲ့ပုံနဲ့ ချွတ်စွပ်ပေါ့ဗျာ။
“အမတ်မင်း လွှတ်တော်ထဲမှာ စာရွက်မဖတ်ရဘူး။ အလွတ်ပြောပါ”
လွှတ်တော်ဥက္ကဋ္ဌကြီးက ဝမ်တိန် သတိပေးသဗျ။
အမတ်မင်း ဦးညိုမြကတော့ မသိတာလား၊ မသိယောင်တာလား။ မကြားတာလား၊ မကြားယောင်ဆောင်တာလား မသိဘူးဗျ။ အသံအက်ကွဲကြီးနဲ့ ဇွတ်ဆက်ဖတ်မြဲ ဖတ်နေတော့တာပေါ့။
ဒုတိယမ္ပိ ဝမ်တိန် သတိပေးပြန်ရော။ ဥက္ကဋ္ဌကြီးက ဥက္ကဋ္ဌကြီးက။
ဦးညိုမြတော့ ‘နိုး’ ကြားပဲဗျ။ မကြားရေးချ မကြားပဲဗျ။ နိုး-ကြားစွာဘဲ စာတွေကို တစ်ရွက်ပြီးတစ်ရွက် ဆက်လို့သာ ဖတ်နေတော့တယ်။
တတိယမ္ပိ သုံးကြိမ်မြောက်လည်းရောက်ရော ဥက္ကဋ္ဌကြီး ဦးညိုမြကို ထိုင်ခိုင်းပါလေရော။
လွှတ်တော်ဆိုတာ စာနဲ့မပြောရဘူးလေဗျာ။ လျှာနဲ့ပြောရတဲ့နေရာဗျာ။ အကိုးအကား စာရွက်စာတမ်းမျိုးသာ ဖတ်ပြခွင့်ရှိတာ။ ဒါတောင် လွှတ်တော်ဥက္ကဋ္ဌထံ ခွင့်ပန်ရတာမျိုကိုး။
နောက်တစ်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဦးညိုမြသတင်း ပါလာတယ်။ ပင်တိုင်ဆောင်းပါရှင် ဆရာဇဝန ‘ဘိုက်တိုးအမတ် ဦးညိုမြ’ လို့ ခေါင်းစဉ်တပ်ပြီး ဆရာဇဝနကိုလည်း လွမ်းသဗျာ။ ဆရာဇဝန ပြောပြခဲ့တာတွေ မှတ်မိနေသေးတယ်။ ဘိုက်တိုးရုံ ဘယ်ကမလဲ။ ခြေထိုးတဲ့၊ ဇောက်ထိုးတဲ့၊ ဗျပ်ထိုးတဲ့၊ ထိပ်ထိုးတဲ့၊ ကပ်ထိုးတဲ့၊ ကိုင်ထိုးတဲ့။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကာလုံးတစ်လုံးလည်း မှတ်မိသေသဗျ။ သတင်းထောက်တွေက နေပြည်တော်လွှတ်တော်ကြီးကို ဘယ်လိုသဘောရသလဲ မေးတယ်။
“ဘယ်လိုပြောရမလဲ။ အဲ… အဲ ထောင့်ထောင့်ကြီးလို့ ပြောရမှာပဲထင်တယ်”။
ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေ။
ဆရာ ဇဝနသာရှိရင် ခါးခိုင်၊ ခါးနှိပ်၊ ခါးချိုး၊ ခါးထိုးလွှတ်တော်ရယ်လို့များ ရေးမလား မသိ။ ကုလားလိုမပာုတ်ဘဲ အင်္ဂလိပ်လို ရင်းမရော့လို့ ရေးမလားမသိဘူးဗျာ။ (အဲဒီ အင်္ဂလိပ်စကာလုံး အဓိပ္ပာယ်က တောင့်တောင့်မတ်မတ်ကြီး၊ မာမာတင်းတင်းကြီး၊ အတင်းရှင်း ‘သတိ’ဆွဲကာ အကျင့်ပါနေသလိုကြီးလို့ ဆိုလိုမယ်ထင်ရဲ့)။
တောင့်တောင့်ကြီးဆိုတဲ့စကားနဲ့ စပ်မိလို့ပြောရအုံးမယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီ အာဏာရှင်ခေတ် လွှတ်တော်မှာ ကြားခဲ့ရတာ။
ပျော့စိစိလွှတ်တော်ကြီးပေါ့ဗျာ။
တေးပြုစာဆိုကြီး မြို့မငြိမ်းက “ပျော့ပျော့လေးနဲ့ နှံမယ့်ပုံပေါ်တယ်” လို့ ရေးစပ်ခဲ့တယ်။ နံမပာုတ်ဘူး။ နှံဗျ။ နံတဲ့ကြောင်ချေးကို မပာုတ်ဘူး။ ချေးပျော့ပျော့နဲ့ နှံမယ့်ကြောင်ကို ပြောတာ။ ဆရာ မြို့မငြိမ်းက ထောင့်ထောင့်ကြီးစကားလုံးနဲ့ပတ်သက်လို့တော့ ဘယ်လိုရေးစပ်ခဲ့သလဲ မသိဘူး။ ကြောင်နဲ့နှိုင်းသလား၊ ကျားနဲ့နှိုင်းသလား၊ ကြံ့နဲ့နှိုင်းသလား။ ကျုပ်တော့ အမှတ်တရ မသိလှပါဘူးဗျာ။
ကဲပါလေ လွှတ်တော်အမျိုးအမည်ဆိုင်ရာ ဝါစာကမာ မကြားဝံ့မနာသာတွေ ပြောမနေကြပါနဲ့တော့။
ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေက ဒေါ်စုပြောတဲ့စကားကတော့ အရေးတယူ စဉ်းစားသင့်လှတယ်ဗျာ။
ဒေါ်စုက ပြောတယ်။
“ကျွန်မတို့ပာာ အတိုက်အခံပဲပေါ့။ ဒါပေမယ့် ရန်ဖြစ်ဖို့လာတဲ့ အတိုက်အခံမပာုတ်ဘူး။ နိုင်ငံတော်ကို၊ ပြည်သူကို သစ္စာခံမယ့် အတိုက်အခံပေါ့” တဲ့။ “တရားဥပဒေစိုးမိုရေး အခြေခံ၊ ဒီမိုကရေစီအခြေခံနဲ့ အာလုံးကို ပူးပေါင်းလက်တွဲသွားမယ်” တဲ့။
ကောင်းသဗျာ။ ဒေါ်စုပါးစပ်က ထွက်တဲ့စကားဖြစ်ပေမယ့် ဒီချုပ်တစ်ချုပ်လုံးရဲ့ စကား။ ဒီချုပ် ပြည်သူ့ကိုယ်စားလှယ်အားလုံးရဲ့ စကားဖြစ်ပေသဗျာ။
ဒေါ်စုပြောတဲ့ နောက်ထပ်စကားတစ်ခွန်း ရှိသေးသဗျ။ လွှတ်တော်မှာ လွတ်-ပျော်ချင်ပါသတဲ့။ သူ့စကားလုံး အတိအကျ မပာုတ်ဘူး။ အနက်အဓိပ္ပာယ်ထွက်တာကို ပြောတာပါ။ လွတ်လွတ်လပ်လပ် ရှိချင်တယ်။ ပေါ့ပါးလန်းရွှင်ချင်တယ်ဆိုတဲ့ သဘောပေါ့။
ပာုတ်ပေသားကလား ခင်ဗျာ။ ကိုယ်နားဝေးတာတွေ ထိုင်ငိုက်၊ ကိုယ်မကြိုက်တာတွေ နာငြီးဆိုသလိုဖြစ်နေရလို့ကတော့ ဘယ်ပာန်ကျနိုင်ပါမလဲဗျာ။ ဆီးပိတ် ဝမ်းပျက်၊ ဇက်နာ ခါးကိုက်၊ ဝမ်းဗိုက်စူရွှဲ ဖြစ်ချင်ဖြစ်ကုန်မှာပေါ့။ နေပြည်တော်နန်းမှာ အနှိပ်ခန်းတွေပေါတယ် ကြားဖူးပါရဲ့။ တော်သေးတာပေါ့ဗျာ။ အညောင်းဖြေစရာ အကောင်းဂေပာာလေးတွေ ရှိပေသေးလို့။
ကိုယ်နဲ့လည်း တိုက်ရိုက်မသက်ဆိုင်။ ကိုယ်တိုင်လည်း နားမလည်တဲ့ကိစ္စရပ်မျိုးတွေ ဆွေးနွေးတဲ့အခါ စာကြည့်ခန်းပြေး၊ ဆွေးနွေးခန်းချီ၊ စုံညီညှိနှိုင်းဆိုတာတွေ လုပ်နိုင်ကြဖို့ လွှတ်တော်ခန်းမထဲက ခွင့်ပန်ထွက်သွားနိုင်တာမျိုး ရှိသင့်သပေါ့။
နိုင်ငံတကာ လွှတ်တော်တွေမှာလည်း ဒီလိုမျိုးပဲ ကျင့်သုံးလုပ်ဆောင်နေကြတာ မပာုတ်လားဗျ။ ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၂၆)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment