“ဗမာပြည်မှာ နာရီတွေကများ၊ အချိန်မှန်နိုင်ပါ့မလား။ ဗမာ့ပြည်မှာ ပါတီတွေကများ….” ဘာညာသာရကာ ဆိုလား။ ကြားဖူးကြမှာပေါ့။ ခေတ်ပောာင်းတေးသီချင်း။ ပျော်စရာကြီးဗျာ။ ပောာ အခုတော့ ခေတ်ပောာင်းတေးသွားအလိုက် ခေတ်ပြိုင်သီချင်းတောင် ပေါ်နေပြီဗျ။
“ဗမာပြည်မှာ လောင်းလျာတွေကများ။ ဒီမိုကရေစီစော်မှ နံပါ့မလား” ဆိုလား ဘာလား မသိဘူး။ ပိုပျော်စရာကြီးတောင် ကောင်းနေပြီဗျာ။ လောင်းလျာဆိုတာ သမ္မတလောင်းတွေကို ဆိုလိုတာတဲ့ဗျ။ အေးပေါ့ဗျာ။ ကျုပ်တို့ကတော့ ဒီချုပ်အင်အားတွေဆိုတော့ ကျုပ်တို့ ဒီချုပ်ဥက္ကဋ္ဌကြီးသာ သမ္မတဖြစ်ခွင့်ကြုံလို့ ဖြစ်ပုံပေါ်ပြီး ဖြစ်တော်မူမယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးလို့ ဆိုချင်တာပေါ့။
နေဦးဗျ နေဦး။ တကယ်ကောဖြစ်မှာလား။ ဖြစ်နိုင်မှာလား။ ဖြစ်ကိုဖြစ်ရမှာလားဗျာ။ တစ်ခွန်းလောက်တော့ မေးလျှောက်ပါရစေဦးဗျာတို့။ ကျုပ်ကတော့ မအူမလည်နဲ့ နိုင်ငံရေးနယ် မျက်စိလည်ရောက်လာတဲ့ မင်းပရိယာယ် ငတင့်တယ် နားဝယ် မလည်ရှာသမားလေဗျာ။ ပယ်ပယ်နယ်နယ် ပတ်ပတ်နပ်နပ် မသိတတ်ရိုး အမှန်ပါပဲဗျာ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago