Wednesday, April 23, 2014

ဆရာကြီး ဦးဝင်းတင်ကို ဂူသွင်းမြှုပ်နှံ

ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီမှာ ဂူသွင်းမြှုပ်နှံ။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံစဉ်။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဂူသွင်းဖို့ ပြင်ဆင်။ 


ဆရာကြီး ဦးဝင်းတင်ရဲ့ရုပ်အလောင်းကို ဂူသွင်းဖို့ ပြင်ဆင်။

ရေဝေး သုဿန်မှာကျင်းပတဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည်လည်း လာရောက် ဂါရဝပြုခဲ့။ 

ဈာပနနေ့ ဧပြီ ၂၃ ရက်နေ့မှာ ဆရာကြီး ဦးဝင်းတင်ကို လေးစားကြည်ညိုသူတွေလည်း လမ်းလျှောက်ချီတက် ဂါဝရပြုခဲ့ကြ။ 

ဆရာကြီး ဦးဝင်းတင်ရဲ့ဈာပနကို ရေဝေးသုဿန်မှာ ကျင်းပပါတယ်။ 

ယုဒဿန်ခန်းမမှာလည်း အောက်မေ့ဖွယ် အခန်းအနားကျင်းပ။ 

ဆရာကြီး ဝတ်ဆင်ခဲ့တဲ့ ထောင်အင်္ကျီအရောင်ဖြစ်တဲ့ အပြာရောင်ကိုလည်း ဝတ်ဆင်ကြပါတယ်။ 

ကွယ်လွန်ချိန်မှာ NLD ဗဟို သဘာပတိအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဦးဝင်းတင်။ 

အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးဝင်းတင်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ကြေးမုံ နဲ့ ဟံသာဝတီ သတင်းစာတိုက်တွေမှာ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်း ဟံသာဝတီ ဦးဝင်းတင်အဖြစ် ထင်ရှားပါတယ်။ 

၂၀၀၈ ခုနှစ် စက်တင်ဘာလက ထောင်ကထွက်ခါစ ဆရာကြီး ဦးဝင်းတင်ကို တွေ့ရစဉ်။ အနှစ် ၂၀ နီးပါးထောင်ကျခဲ့လို့ ဆရာကြီးဟာ ထောင်သက်အရှည်ဆုံး နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီးအဖြစ်လည်း ထင်ရှားပါတယ်။ 

ဆရာကြီးဟာ ထောင်ကထွက်ကတည်းက ထောင်အင်္ကျီအရောင်ဖြစ်တဲ့ အပြာရောင်ကိုပဲ ဝတ်ဆင်ခဲ့။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

No comments: