မိုးကောင်းကင်မှာ
ငါတို့ရဲ့အရုပ်တွေကို ရေးသွားကြတယ်
မင်း၊ ငါ၊ သူ၊ သူများ …
တယောက်တလှည့်ဆီကြည့်ကြ။
အရောင်အမျိုးမျိုးသုံးလို့
အလင်းအမှောင် အထူအပါး
အနီးအဝေး …
ဓမ္မဆရာကြီးဟာ
စုတ်ချက်တွေပိုင်နိုင်လွန်းလှ။
သေချာတာက
အမိအရ အသေအချာမသိလိုက်ခင်
ဒို့ပုံတွေ ပျောက်သွားပါရောလား…။ ။
ခင်လွန်း
နံနက်- ၆း၅၅
မြန်မာနှစ်ဆန်း - ၂ ရက်
ဧပြီ ၁၈ ရက်၊ ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment