Saturday, February 21, 2015

ကိုးကန့်တပ်ဖွဲ့ဘက်က တရုတ်ကြေးစားစစ်သားတွေ ဝင်တိုက်ပေးနေ

ကိုးကန့်တိုက်ပွဲတွေမှာပါတဲ့ တရုတ်ကြေးစားစစ်သားတွေကို ဥပဒေနဲ့အရေးယူသွားမယ်လို့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ 

ဒါပေမဲ့ ဘယ်လို ကြေးစားတွေ ပါဝင်နေတာဆိုတာကို တိတိကျကျ ပြောမသွားပါဘူး။ 

ဒီပြောကြားချက်ကို ကိုးကန့်ဘက်က ပယ်ချခဲ့ပါတယ်။








ဒီတိုက်ပွဲမှာ တရုတ် ပါဝင်ပတ်သက်မှု ရှိမရှိနဲ့ပတ်သက်လို့ ၂ နိုင်ငံ သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင် စတဲ့ ဒေသတွေမှာ အစိုးရနဲ့ ပလောင်တပ်တွေကြား ဒီကနေ့ တရက်ထဲမှာ တိုက်ပွဲ ၆ ခါ ဖြစ်ခဲ့ပြီး အစိုးရဘက်က ၁၁ ယောက် သေတယ်လို့ တအာင်း ပလောင် တပ်မတော်က ထုတ်ပြန်ပါတယ်။ 

ကိုးကန့်ဒေသမှာ ပလောင်တပ်တွေက ကိုးကန့်တပ်တွေနဲ့အတူ ပူးပေါင်း တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 









ကိုးကန့်ဒေသ လောက်ကိုင်မြို့နဲ့ ကီလိုမီတာ ၆ဝ အကွာလောက်မှာ အစိုးရ ဘက်က ဒီနေ့ မနက်က လေယာဉ်နဲ့ ဗုံးကြဲပြီး ၂ ဘက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကိုးကန့် အဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်း က ပြောပါတယ်။ 

ဓာတ်ပုံများ - လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ဧည့်ရိပ်သာမှာ ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပပြုလုပ်စဉ်။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 


No comments: