Wednesday, February 25, 2015

ရင်နဲ့ ဘဝ (မောင်လွမ်းဏီ)

သံဆူးကြိုးကို 
တိုးဖြတ်ရတာ ဘဝတစ်ခုလုံးပါပဲ 
ဒီဘဝပဲ ရင်းစရာရှိတော့တယ်လေ။ 

ကျွန်မတို့ အုံကြွရင် 
သူပုန်ထင်သလား၊ 
စားရမဲ့ သောက်ရမဲ့ ကျူးကျော်တဲရိပ်ညက 
ခြင်ဆေးခွေ ထွန်းညှိရုံနဲ့ 
အနာဂတ်ကို သွန်းထုလို့ မလုံလောက်ဘူးထင်တယ်။ 


လုပ်ခ လစာ က 
မသာတောင် ပို့ရခက်တယ် ကဗျာဆရာရယ် 
ကျနော် သူတို့မျက်နှာကို ကြည့်ငေးမိတယ် 
သူတို့က တွေးတွေးဆဆ ကျနော့်ကို ပြန်မော့ကြည့်တယ် 
ဒီည ဒီလိုကဗျာမျိုးပဲ ရေးဖြစ်တယ် ကျော်ကိုကို။

မောင်လွမ်းဏီ 
၂၂ - ၂ - ၂၀၁၅ 

ဓာတ်ပုံဆရာလေးကို ကျေးဇူးဖြင့် ... 


No comments: