၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ၄ (ခ) အရ သေဒဏ်ချမှတ်ခံထားရသူများကို ထောင်ဒဏ်တသက်၊
ထောင်ဒဏ်ကျများကို တနှစ်စီ လျော့ပေးခြင်း ဖြစ်ပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့သူတွေဟာ လွတ်ရက်စေ့တဲ့သူတွေ၊ လွတ်ရက်စေ့ခါနီးလူတွေဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားကတော့ ဆယ်ဂဏန်းလောက်ပဲ ပါပါတယ်။
မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ ဖြစ်စဉ်အချို့
- ၁၉၆၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်အရ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၂၀၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။ ပုဒ်မ(၅) ဖြင့် ဖမ်းဆီးထားသူ နိုင်ငံရေးသမား ၂၃ ဦး၊ သတင်းစာဆရာ ၅ ဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ၅ ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ ၄ ဦးကို လွှတ်ပေးခဲ့။ လွတ်လာသူများတွင် သခင်စိုး၏ဇနီးဟောင်း ဒေါ်နှင်းမေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် မစ္စတာရာဂျန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးမိုးကျော်(ခ)ကျော်နိုင် စသူတို့ ပါဝင်။
- ၁၉၇၁ ခုနှစ် ဇွန်လ ၂၇ ရက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇဝတ်ပြစ်ဒဏ်များကို လျှော့ပေါ့ခြင်းဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့။
- ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့။ တနိုင်ငံလုံး အကျဉ်းထောင် အသီးသီးနှင့် ရဲဘက်စခန်းမှ အကျဉ်းသား ၃၉၄၄ ဦးတို့ကို လွှတ်ပေးခဲ့။
- ၁၉၈၈ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး၌ လူထုအုံကြွမှု ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်များမှ အကျဉ်းသားများကို ထောင်ဖွင့် လွှတ်ပေးခဲ့။ ယင်းကာလနောက်ပိုင်းတွင် ၁၉၈၈ ခုနှစ် ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်ပြောင်းလဲ လျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများပိတ်သိမ်းခြင်း စသည်တို့ကို ထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။
- ၁၉၉၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကြေညာချက်အမှတ် ၁၁/၉၂ ကို ထုတ်ပြန်၍ ပြစ်ဒဏ်ကျခံရေးရာများအနက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမရှိသော အကျဉ်းသား ၁၂၀၀ ကျော်ကို ပြန်လွှတ်ပေး။
- ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၉၃ ဖြင့် ပြစ်ဒဏ်များပြောင်းလဲ လျှော့ပေါ့ခြင်းဆိုင်ရာ အမိန့်ကိုထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့။
- ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်သည့် ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် များပေးခဲ့။
- ၂၀၀၅ ခုနှစ်တွင် ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့် အညီ မဟုတ်သော ဖမ်းဆီးထားခြင်း ခံရသူများအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကို ထုတ်ပြန်ကြေညာခဲ့။
Ref : မြန်မာ့ ရက်စဉ်သမိုင်း၊ မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ (ဒုတိယတွဲ)
Photos : AP, Reuters
No comments:
Post a Comment