၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်အာဏာသိမ်းပြီးမှ တပြည်လုံးက ကျောင်းသားတွေဟာ အသုတ်လိုက် အသုတ်လိုက် အလျှိုလျှို ချိတ်ဆက်ပြီး တောခိုတော့တာပဲ။ အဲဒီမတိုင်ခင်တည်းက ကြိုတွက်ပြီး ကြိုထွက်သွားကြနှင့်သူတွေလည်း အတော်များပါတယ်။ ကျနော်တို့ ကရင်သူပုန်နယ် ဖာပွန်ခရိုင်မှာတော့ ၁၉၈၈ အောက်တိုဘာ တတိယပတ်နဲ့ နောက်ဆုံးပတ်အတွင်းမှာ တပတ်ကျော်ကျော် တောင်တန်းတွေကို ကျော်တက် လျှောက်ဖြတ်ခဲ့ရတဲ့ KNU တပ်မဟာ ၁ နယ်မြေကတဆင့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ် စတဲ့ အနယ်နယ်က တောခိုလာတဲ့ ကျောင်းသားပေါင်းစုံ လူတန်းစားအသီးသီးဟာ မာနယ်ပလောနဲ့ စက်လှေ တနာရီလောက်မောင်းရတဲ့ သံလွင်မြစ်ကမ်းပေါ်က မယ်လဲထ ဆိုတဲ့ နွားမှောင်ခိုဂိတ်လေးမှာ လာစုဆုံရောက်ကြတယ်။
၂၅ ဧကလောက်ပဲကျယ်တဲ့ ဒီမှောင်ခိုဈေးတန်းရွာလေးမှာ တောခိုကျောင်းသား ၂၀၀၀ ကျော်လောက်ဟာ ပြည့်ကြပ်နေတာပေါ့။ အဲဒီတော့ နယ်မြေခံ KNU လူကြီးတွေက သံလွင်မြစ်တလျှောက်မှာ Camp 1၊ Camp 2၊ Camp 3 ဆိုပြီး စခန်း ၃ ခု ခွဲပို့ နေရာချလိုက်တယ်။ Camp 1 က သံလွင်မြစ်ကြီး ဒေါင်လိုက်စီးနေတဲ့ မသာတံခါး လို့ခေါ်တဲ့နေရာအနားမှာ... နယ်မြေ အကြမ်းဆုံးပဲ။ Camp 3 က သေ့လောထ သစ်စက်နားမှာ။ Camp 2 က မယ်ပေါမူထ သစ်စက်နားမှာ။
အဲဒီအချိန်မှာ ကျောင်းသားတွေ ငှက်ဖျားဖြစ်ပြီး စ သေနေပြီ၊ စစ်သင်တန်းတွေလည်း စ တက်နေပြီ၊ ဖောက်ခွဲရေးသင်တန်းတွေ တဝုန်းဝုန်းနဲ့ ပေးနေပြီ... ဆိုးတာက နယ်မြေ ကြမ်း၊ အစား ရှား၊ သင်တန်းက ကြမ်းတာပဲ... ကျောင်းသားတချို့ စတင် အိမ်ပြန်နေကြပြီ... အိမ်ပြန်မရောက်ဘဲ လမ်းတဝက်မှာပဲ ပျောက် ပျောက်သွားကြပြီ (ကျနော် နာမည်တွေမှတ်မိနေတဲ့ ရှေ့နေနဲ့ DENTAL ကျောင်းသား ၂၁ ယောက်အုပ်စု လုံးဝ အိမ်ပြန်မရောက်ခဲ့ဘူး၊ ဒီအကြောင်းတွေကို... နောက်မှ ရာဇဝင်ကြွေး ရှင်းမယ်ဗျာ... ပြန်ပြောရင် ပြန်တွေးရင် ရင်မှာ သိပ် ဒေါသတင်းတယ်... ရင်နာတယ်...
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago