“ငါတို့အတွက် အာဏာပိုင်တွေက ထမီထုတ် နှစ်ထုပ် သုံးထုပ် ပို့ဖို့ စီစဉ်နေပြီ။ အခု ဒီမနက် ချက်ချင်း ပို့လိုက်လိမ့်မယ်။ ငါတို့ ဝတ်မလား ငါတော့ အဝတ်မခံနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်က ကိုလိုနီခေတ်ကတည်းက စပြီးတော့ သမိုင်းအစဉ်အလာ အင်မတန်ကြီးတဲ့နေရာ အခု ဒီကျောင်းက ကျောင်းသားတွေဖြစ်တယ်။ အခု ငါတော့ လက်မခံဘူး။ သူတို့နဲ့ ပူးပေါင်းမယ်။ အဲဒီတော့ အခု မဆလ ကို ဆန့်ကျင်တယ်လို့ အော်ဟစ်ပြီးတော့ အဓိပတိလမ်းကို ပြန်ချီတက်ကြတယ်။
အဲဒီအချိန်မှာ ဘွဲ့နှင်းသဘင်ထဲကနေ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဘသန်းဟက် က ထွက်လာပြီးတော့ တားတယ်။ ကျနော်တို့ကို Hand Spaker လေးကိုင်ပြီးတော့ ဒါပေမယ့် ကျနော်တို့ ကျောင်းသားထုံးစံအရပဲ သစ်သားအမှိုက်ပုံးကြီးကို မှောက်ပြီး အဲဒီဆရာကြီးကို ဝိုင်းဆွဲတင်ပြီး ‘ဆရာကြီး တရားဟောပါ’ လို့ အော်တော့ နောက်ဆုံး ဆရာကြီးက တောင်းပန်ပြီး ထွက်ပြေးသွားတော့တယ်။
ကျနော်တို့ ကျောင်းသားတွေထဲကပဲ သူ့လက်ထဲက Hand Spaker ကို ယူထားလိုက်တယ်။ ကျနော်တို့ ဘွဲ့နှင်းသဘင်ရှေ့ကို ချီတက်မယ်။ အဲဒီမှာ ကျနော်တို့ တရားဟောပွဲလုပ်မယ်လို့ ချီတက်သွားတယ်။ အဓိပတိလမ်းတလျောက်မှာ ကျောင်းသားတွေ အကုန်ပြည့်သွားပြီ၊ ဟောပြောမှုတွေ လုပ်တဲ့အချိန်က RIT နဲ့ RC 2 ကိုလည်း ချီတက်လာကြပါ။
ရန်ကုန်တက္ကသိုလ်နဲ့ လာပူးပေါင်းပါဆိုပြီးခေါ်ဖို့ ကျောင်းသားငယ်တွေကို လွှတ်လိုက်တယ်။ ဒါနဲ့ အဲဒီအချိန်မှာပဲ အပြင်ကို ကိုယ်တိုင်သွားခေါ်မယ် ချီတက်မယ်ဆိုပြီးတော့ ထွက်သွားတဲ့ အုပ်စုနဲ့ မထွက်ဘူး ဆိုတဲ့ အုပ်စုတွေ အငြင်းပွားပြီး နောက်ဆုံး ထွက်မယ်ဆိုတဲ့အုပ်စုက လူများပြီး ထွက်သွားကျတော့ ပြည်လမ်းမကို ရောက်သွားကြတယ်။
“အဲဒီလို ထိပ်ကိုရောက်သွားတဲ့အချိန်ထိကတော့ အေးအေးဆေးဆေးပဲ။ ကျနော်တို့ကို ရှေ့မှာ တားထားတယ်။ အဓိက ကတော့ RC 2 နဲ့ကျနော်တို့ မပေါင်းဖို့အတွက်ပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ အဓိကဘာလဲဆိုတော့ ဖြစ်စေချင်တဲ့ဆန္ဒ ၁၃ ရက်နေ့ ဖုန်းမော် ကျဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲဒီမှာ အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့၊ ဒါကို အဓိက ကျနော်တို့ တောင်းခဲ့တာ။
အဲဒီအချိန်မှာ ကျနော်တို့ဆီမှာလည်း လက်နက် ဘာရယ် ညာရယ်ဆိုလို့ ဘာမှမရှိဘူး၊ ကျောင်းသား ပကတိ ဖြူဖြူစင်စင်နဲ့ အဲဒီတော့ အဲဒီကိစ္စပြောရဖို့ ရှေ့မှာ ညှိနှိုင်းပြီး အေးအေးချမ်းချမ်း ဆောင်ရွက်နေတဲ့ အချိန်မှာပဲ သူတို့ကိုတိုင်ကလည်း ဒီကိစ္စကို ညှိမယ် ပြောမယ် ဆိုပြီးတော့ ကျနော်တို့ကို ကြိုဆိုလုပ်ပြီးတော့ တက်ပြောကြတာပေါ့နော် ကျနော်တို့ သီချင်းလည်းဆိုသေးတယ်။ (သီချင်းသံ)
“ကမ္ဘာမကြေ … မြန်မာပြည် … ဒို့ ဘို့ဘွား အမွေအနှစ်မို့ ဆိုပြီးတော့ အဲဒီ သီချင်းကို ကျောင်းသားတွေက ဆိုလာတယ်။ သူတို့ နံပါတ်တုတ်တွေနဲ့ စ ပြီးတော့ ရိုက်လာတယ်။ စရိုက်လာတဲ့အခါကျမှ ရှေ့ဘက်က ကျောင်းသားတွေက လုံးဝ ရှောင်ခြင်းမရှိဘဲ ကြံ့ကြံ့ခံပြီးတော့ အရိုက်ခံတယ်။
အဲဒီမှာ ၄၊ ၅ တန်းလောက် ရောက်တဲ့အချိန်အခါကျတော့ နောက်က ကျောင်းသားတွေက ပြိုပြိုလာတယ်။ စံရိပ်ငြိမ်နဲ့ ဆင်ရေတွင်းဘက်ကို ထွက်လို့ရတဲ့ အဲဒီ လမ်းကြားလေးတွေဘက်ကို ထွက်ပြေးကြတယ်။ တချို့ကျောင်းသားတွေ ကျောင်းသူတွေကျတော့ အင်းလျားကန်စောင်းကို တက်ပြေးတယ်။
တချို့ကျောင်းသူတွေကို ဆံပင်ဆွဲပြီးတော့ ပါးရိုက်တာမျိုးတို့ ဘာတို့ရှိလာတယ်။ အဲဒီမှာ ကျောင်းသူတွေမှာ ဆွဲကြိုးတို့ လက်ကောက်တို့ ပါလို့ရှိရင် သူတို့ ဆွဲယူတာတို့ ဘာတို့ လုပ်တယ်။ အဲဒီအခါကျတော့ တချို့က ရေထဲကျသွားပြီးတော့ … ”
“အကုန်လုံးက အလဲလဲအကွဲကွဲနဲ့ ထွက်ပြေးကြတဲ့အခါကျတော့ အဲဒီ အင်းလားကန်ထဲမှာ ဆင်းပြီး ကျနော် ပုန်းနေလိုက်တယ်၊ အဲဒီ အင်းယားကန် မြေနီလမ်းကလေး ကျနော်ရောက်တဲ့အချိန်မှာ ကျနော့် မျက်လုံးတွေ ပြာသွားတယ်ဗျ။
ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားပေါင်း ထောင်ချီပြီး ပြည့်ကြပ်နေတဲ့လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးတောင် မရှိတော့ဘူး။ အင်းလျားကန်ဘောင်ပေါ်မှာ လေကဝှေ့ပြီး တိုက်လိုက်တဲ့အခါမှာ ကျနော် ချမ်းသွားတယ်။
ဘာလို့လဲဆိုတော့ တကိုယ်လုံး စိုရွဲပြီးတော့ ရေထဲက တက်လာတယ်ဆိုတော့ ဒါပေမယ့် အဲဒီထက် ပိုပြီးဆိုးတာက အဲဒီမြင်ကွင်းပဲ ပြည်လမ်း တောက်လျှောက်တခုလုံးဟာ အုတ်ကျိုးအုတ်ပဲ့ ဖိနပ်တွေ လွယ်အိတ် အပိုင်းအစတွေ စာအုပ်တွေ ပြန့်ကျဲပြီးတော့ လေတိုက်လိုက်တဲ့အချိန်မှာ အဲဒီစာရွက်တွေကို လေတိုးသွားတဲ့အသံကလွဲလို့ ကျန်တဲ့အသံ ဘာမှမကြားရဘူး။
နောက်တခုက အင်မတန် စည်ကားနေတဲ့ ဒီကျောင်းတော်တွေမှာ အမြဲ ဆူညံ ပျော်ရွှင်သံတွေနဲ့ ဖုန်းလွှမ်းနေတဲ့နေရာ တိတ်ဆိတ်လို့ တကယ့်တစပြင်ဖြစ်သွားတဲ့ ပုံစံပဲ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment