Thursday, March 5, 2015

“မတ်လ” ဟာ အကျည်းတန်လွန်းတယ် (ခိုင်မာကျော်ဇော)

အကြမ်းဖက်သမားတွေ ဗလပွနဲ့ 
“မတ်လ” ဟာ 
အကျည်းတန်လွန်းတယ်။ 

ပန်းငုံတွေကို ချွေချ 
ပန်းပွင့်တွေကို ဖျက်ဆီး 
အနာဂတ်ကို ရိုက်ချိုး 
သူခိုး ဂျပိုးတွေ လက်ခမောင်းခတ်တဲ့လ 
“မတ်လ” ဟာ 
အကျည်းတန်လွန်းတယ်။

အမေအိုတွေ မျက်ရည်ယို 
ပြည်သူတွေ ရင်ကွဲပက်လက် 
ကျောင်းသူကျောင်းသားတွေ အသဲတဆတ်ဆတ်ခါ 
သံဃာတွေ ရင်ထုမနာဖြစ်ရတဲ့လ 
“မတ်လ” ဟာ 
အကျည်းတန်လွန်းတယ်။ 

သူတောင်းစားတွေ သမ္မတဖြစ် 
ကျွန်ဖြစ်နေတဲ့ ပြည်သူကို 
နစ်သထက် နစ်အောင်နှစ်တဲ့လ 
ငါတို့ရဲ့ ... 
“မတ်လ” ဟာ 
အကျည်းတန်လွန်းလှတယ်။ ။ 

ခိုင်မာကျော်ဇော 
မတ်လ ၅ ရက်၊ ၂၀၁၅။ 

 

No comments: