တိုက်ကြီးတွေပေါ်က မဆင်း
ကုမ္ပဏီပြီး ကုမ္ပဏီထပ်နေတဲ့ ဇာတ်ရုပ်တွေ
ကောက်ရိုးမီးတွေလိုပဲ။
သူမှ တကယ့် ရုပ်ရှင်
ပြည်သူ့အသည်းပြင်မှာ
ထာဝရရှင်သန်နေမယ့် ရုပ်။
အိမ်သာကျင်းလည်း သူ တူးတယ်
ခွပ်ဒေါင်းရဲ့ တပ်ဦးမှာလည်း သူ
ခေါင်းတလားကြီးကို ထမ်း
သုဿန်ဆီ တလှမ်းချင်းလှမ်းတော့
ကြော်ငြာစရာ မလိုဘဲ
အော်စကာတွေ ငိုသွားတယ်။ ။
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၅။
ဤစာစုဖြင့် (ဦး)ကျော်သူနဲ့ (ဒေါ်)ရွှေဇီးကွက်ကို လေးစားစွာဖြင့် ဂုဏ်ပြုဦးညွတ်ပါတယ်။
No comments:
Post a Comment