ခေါ်တော့ မိဘပြည်သူ
အူတော့ ခွေးသံ။
ပြောတော့ ငြိမ်းချမ်းရေး
လုပ်တော့ စစ်ပွဲ။
တောင်းတာက ပညာရေး
ပေးတာက နံပါတ်တုတ်။
ဒီသမ္မတနဲ့ ဒီနိုင်ငံ
ဘယ်လိုမှ ကာရံမညီဘူး။
မိဘပြည်သူများ
‘တာဝန်အရ’
သမ္မတကြီးနဲ့အပေါင်းအပါတို့အား ဖမ်းပါ
ဆေးစစ်ပါ
စစ်ဆေးပါ
ခုံရုံးတင်ပါ
ထောင်ချပါ။ ။
ခိုင်မာကျော်ဇော
မတ်လ ၁၀၊ ၂၀၁၅
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment