Wednesday, February 29, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၅)


စော်ဆောင်း စော်ဆောင်း ကောင်းတယ် ကောင်းတယ်

အဖိုးတို့ အင်းစိန်မှာနေတုန်းက ဓားပြတိုက်တာ ရှိသေးတယ်။ ရံပုံငွေလိုပြီဆို ဓားပြတိုက်တာပဲ။ ရလာတဲ့ငွေက ရံပုံငွေပေါ့။ ဟိုတုန်းကဆို အဖိုးက ဗမာကို သိပ်မုန်းတာ။ ဓားပြတိုက်မယ့်ရွာကို အရင်မေးတယ်။ ဘာရွာလဲ။ ကြက်တူရွေးတောင်ပက်လက် တဲ့။ ညောင်တုန်းမြို့နယ်ထဲက။ အဲဒီရွာက ကရင်ရွာ။

“ဟာ ကရင်ရွာဆိုရင် မတိုက်ဘူးကွာ။ မင်းတို့ကလည်း ကရင်အတွက်လုပ်နေပြီး ကရင်ရွာတိုက်လို့ ဘယ်ဖြစ်မလဲ”

ကရင်ရွာဆိုတာ လမ်းရောက်မှ သိရတာ။

အဖိုးက … “မတိုက်ဘူး။ ငါ ပြန်မယ်။ မင်းတို့ မပြန်ဘူးလား။ မပြန်ရင်နေ”

အဖိုးလည်း သေနတ်ယူပြီး ပြန်လာတယ်။ သူတို့လည်း အဖိုးနောက်ကို ပြန်လိုက်လာတယ်။

Tuesday, February 28, 2012

စာပေဟောပြောပွဲ ဘာကြောင့်ပိတ် (မောင်ဝံသ)

ပြီးခဲ့တဲ့ တစ်လ နှစ်လခန့်အတွင်း ကျွန်တော် ခရီးယာယီလေးတွေ များခဲ့ပါတယ်။ စာပေဟောပြောပွဲ လိုက်နေတာပါ။ အရင်က ဟောပြောပွဲစင်တွေပေါ် မတက်နိုင်ခဲ့တာ နှစ်နဲ့ချီကြာခဲ့ရာက ခုတော့ အတန်အသင့် ပွင့်လင်းလာပြီမို့ ကျွန်တော်လည်း စမ်းသပ်ပြီး လိုက်ဟောနေခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ကျောက်မြောင်း သြဘာလမ်း၊ အလုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံက နာရေးကူညီမှုအသင်း၊ ဝါဏိဇဘွဲ့ရအသင်း၊ လူငယ်များအစည်းအရုံး စသည်ဖြင့် အတော်ကို နေရာစုံပါတယ်။

ပထမဆုံးပွဲတွေ

ထူးခြားတာတစ်ခုက နာရေးကူညီမှုအသင်းနဲ့ ဝါဏိဇအသင်းကလွဲလို့ ကျန်တဲ့နေရာတွေအားလုံးဟာ ကျွန်တော်တို့ပါဝင်တဲ့ စာပေဟောပြောပွဲတွေနဲ့ ပြန်လည် ‘ကွင်းဖွင့်’ ခဲ့တာဖြစ်တယ်လို့ သိရတာပဲဗျ။ နှစ်ပေါင်းများစွာ စာပေဟောပြောပွဲတွေ မကျင်းပနိုင်ဘဲနေခဲ့ရာက ဒီနှစ်မှ ပထမဆုံး ပြန်လည်ကျင်းပကြတာဖြစ်တယ်။ အဲဒီမှာ ပထမဆုံး စင်ပေါ်ပြန်တက်တဲ့ မောင်ဝံသနဲ့ ဂွပ်ခနဲ အံကိုက်ပဲပေါ့ဗျာ။


Monday, February 27, 2012

အမျိုးသမီးများ ကမ္ဘာကြီးကိုဦးဆောင်တဲ့အခါ (မောင်မောင်ဝမ်း)

အမျိုးသမီးတွေသာ ခေါင်းဆောင်ဖြစ်လာမယ်ဆိုရင် ... ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်းလာမလားဆိုတဲ့ မေးခွန်းကို … ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်တဦးဖြစ်တဲ့ .. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့ ... မှန်ပါတယ်တဲ့ …။

ပင်ကာ … ရေးသားခဲ့တဲ့ (In The Better Angels of Nature) ဆိုတဲ့စာအုပ်မှာ … လူသားအကြမ်းဖက်မှုတွေဟာ (ဒီကနေ့ အများကြီးရှိနေသေးပေမယ့်) တဖြည်းဖြည်းနဲ့ ကျဆင်းနေပြီဆိုတာကို အချက်လက် အကိုးအကားများနဲ့ တင်ပြထားပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုကို မလိုလားတဲ့ အင်အားစုတွေဖြစ်နေတယ်ဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။ 

သက်သတ်လွတ်စားတဲ့ကျား ရှိသလား (လူထုစိန်ဝင်း)

“မေတ္တာတရားကို ယုံတယ်။ ဒါပေမယ့် ကျားက သက်သတ်လွတ်စားတယ်ဆိုတာတော့ မယုံပါဘူး။ ဒါကြောင့် ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲ တုံ့ပြန်ရမှာပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေး မဆွတ်ပါဘူး။ သူ့စည်း ကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားက ကျားနေရာနေ၊ လူက လူ့နေရာနေရင် ပြီးတာပဲ။ ကျားက လူသားစားချင်လို့ စည်းဖောက်ပြီး လူ့ရပ်လူ့ရွာထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ …”

ဒီနှစ် မရမ်းသီးပေါ်တာ နောက်ကျတယ်။ ဇန်နဝါရီ တစ်ဝက်ကျိုးမှ စပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာ မကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၅၀၀ တဲ့။ မနှစ်ကထက် ၅၀၀ ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာပဲ ကလေးတွေဝယ်လာကြတယ်။ ဈေးထဲမှာ ရှိသေးသလားမေးတော့ ရှိတော့ ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။

ပေါ်ဦးပေါ်ဖျား

အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေးနဲ့ ၃၈ လမ်းဈေး တစ်ခုခုမှာ စရောင်းတဲ့နေ့ကို ပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပဲ ပေါ်ပေါ်၊ သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျား မန္တလေးက ဒေါ်ဒေါ် လူထုဒေါ်အမာဆီ ပို့မြဲဖြစ်လေတော့ ဒီဝတ္တရားကို မပျက်ကွက်ချင်ဘူး။ ဒေါ်ဒေါ်ရှိစဉ်က မန္တလေးမှာ တမာရွက်ပဲပေါ်ပေါ်၊ ပုရစ်ပဲပေါ်ပေါ် ပေါ်ဦးပေါ်ဖျား ဒေါ်ဒေါ်က နှစ်တိုင်း မပျက်မကွက် ပို့ခိုင်းတတ်တာ ဖြစ်တယ်။ အောင်ဒင်သရက်သီးဆိုလည်း နှစ်စဉ်ပျက်တယ် မရှိရပါဘူး။ ဒေါ်ဒေါ် မရှိတော့လည်း သမီးတွေက ဝတ္တရား မပျက်ရှာကြဘူး။ သမီးကြီးက ပို့လိုက်၊ သမီးငယ် နှစ်ယောက်က ပို့လိုက်နဲ့ တစ်လ နှစ်ကြိမ်လောက်ကတော့ အနည်းဆုံး အောင်ဆန်းကွင်းကားဂိတ်ကို သွားယူနေရတာ။ ကိုယ့်ဘက်ကတော့ သရက်ကင်းလေး၊ မရမ်းသီးလေး ပေါ်ဦးပေါ်ဖျား တစ်နှစ်တစ်ခါလောက် ပို့ရတာ။ မန္တလေးက တော်တော်လေး နောက်ကျမှ ပေါ်တာလေ။

စစ်ကိုင်း

 
 ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတွေ့ရတဲ့ စစ်ကိုင်းမြို့အနီးဝန်းကျင်က ပုံရိပ်တွေပါ။

(Photos: Getty Images)

လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ် (လူထုစိန်ဝင်း)

“ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်နဲ့တင် ပြောင်းနေလို့မရဘူး။ စာရွက်ထဲမှာ ရေးထားရုံနဲ့လည်း မရဘူး။ “Actions Speak louder than words” ဆိုတဲ့စကားလို လက်တွေ့ပြဖို့ လိုတယ်။ မြန်မာ့ဆိုရှယ်လစ် အစိုးရခေတ်တုန်းကလည်း အပြောတွေကတော့ ချိုနေတာပဲ။ ရှေးက ကျောမွဲတွေ ငဘတွေ လို့ခေါ်နေတဲ့ လယ်သမားဆင်းရဲသားတွေကို “ဦးကြီး ဦးကြီး” နဲ့ ရွှန်းရွှန်းကို ဝေနေတာပဲ။ 
အလုပ်သမားတွေကိုလည်း “လုပ်သားပြည်သူ” တွေလို့ ခေါ်ခဲ့တယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာထဲမှာလည်း နိုင်ငံတော်စီမံကိန်းတွေ အကြီးအကျယ် အောင်မြင်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ …”

အခုတလောစာရေးရတာ ပျော်တယ်လို့ ခံစားမိလာသလိုလို ရှိတယ်။ စာတွေကို စက်နဲ့လှည့်ထုတ်သလို နှစ်ပေါင်းများစွာ ရေးနေပေမယ့်၊ တာဝန်ဝတ္တရားတစ်ခုအနေနဲ့သာ ရေးလာခဲ့တာဖြစ်တယ်။ စာရေးရတာ ပျော်တယ်လို့ မခံစားရတာ ကြာလှပြီ။ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပြီ။

လူမပြောင်း စနစ်ပြောင်း

ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် ‘လူမပြောင်း စနစ်ပြောင်း’ ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ 

Saturday, February 25, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၄)


ကွမ်းပုံလည်း စမ်းပြန်ပြီ

နောက်တခါ အဖိုး ကွမ်းပုံရှူကြည့်သေးတယ်။ သူများရှူတာကို အဖိုးတွေ့ဖူးတာကိုး။ ကွမ်းပုံဆိုတာက ကွမ်းရွက်စိမ်းပဲ ကွမ်းရွက်ကို ရေကျကျနနဆေး အရိုးဖြတ်ပြီးလိပ် ပါးပါးလှီးပြီးတော့ မီးလေး နည်းနည်းပြတယ်။ ကင်တယ်။ ကင်ပြီးတော့ ဘိန်းအရည် ဖျန်းတာကိုး။ ဖျန်းပြီး ကင်တာပေါ့။ ကင်ပြီးတော့ သူတို့ အပူတိုက်တာ။

အဲဒါပြီးတော့ နောက်တဖက် လှန်လိုက်။ လှန်ပြီးတော့ ဘိန်းရေဖျန်းပြီးတော့ သူတို့ ဒီလိုလုပ်တာပဲ။ နောက်တော့ ပုတုံးရောင်လည်း ပေါက်လာရင် သူတို့ ချလိုက်ရော။ တခါတည်း အရောင်လက်လက်နဲ့။

ဒါကို ဝါးလုံးတလုံးကို အပေါက်လေးဖောက်ပြီး အဲဒါကို ထည့်ပြီးရှူတာ။

သူတို့ရှူတာ အဖိုး ကြည့်နေတယ်။ ဒီကောင်တွေ ရှူတာ မီးခိုးလည်း မထွက်ပါလား။

သူတို့ ရှူပြီးတော့ အဖိုးအလှည့် ...

“ကဲ မင်း စောင်းပြီး အိပ်” တဲ့။

အဖိုးကလည်း အိပ်တာပေါ့။

စောင်းအိပ်ပြီးတော့ ရှူရတယ်။ အဲဒီ အခိုးတွေကို မျိုချရတယ်။ တခါထဲ အဖိုး ရှူလိုက်တာ နှာရည်တွေပါ ထွက်ကျလာတယ်။

ကာယဗလမောင်

 
 

ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတွေ့ရတဲ့ ၁၁ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလမောင် ချန်ပီယံပြိုင်ပွဲက ပုံရိပ်တွေပါ။

တောင်သမန်အင်းနဲ့ ဦးပိန်တံတား

 
ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက်နေ့ကတွေရတဲ့ တောင်သမန်အင်း နဲ့ ဦးပိန်တံတား အနီးတဝိုက်က ပုံရိပ်တွေပါ။

၂၁ ရာစုတွင် ဘုရားသခင် ငိုကြွေးနေရခြင်းအကြောင်း ... (ကမာပုလဲ)

အဘယ်ဝဋ်ကြွေးကြောင့်ပါလဲ
၂၁ ရာစုမှာ ဘုရားသခင် ငိုကြွေးတယ် ...
ငိုတာမှ သည်းသည်းထန်ထန်
ရှိုက်ကြီးတငင်ငင် ငိုတယ်။

တချိန်က ...
အရှေ့အလယ်ပိုင်းရဲ့ အသည်းနှလုံး
ဂျေရုဆလာမ်အတွက် ငိုတယ်၊
လူကို ကျွန်အဖြစ် အဓမ္မကုန်ကူးခံခဲ့ရတဲ့
အာဖရိကန် လူမည်းတွေအတွက် ငိုတယ်၊
ဒတ်ခ်ျ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန် ... စတဲ့
ကိုလိုနီနယ်ချဲ့သမားတွေကြောင့် ငိုတယ်၊
ဖက်ဆစ်ဂျပန်၊ နာဇီဟစ်တလာ၊ မူဆိုလိုနီတို့ကြောင့် ငိုတယ်၊
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွက် ငိုတယ်၊
သြဂုတ် (၆)၊ သြဂုတ် (၈) ... ဟီရိုရှီးမား၊ နဂါစကီ
နျူကလီးယားဗုံးအဆိပ်သင့်ခံ အပြစ်မဲ့ပြည်သူတွေအတွက် ငိုတယ်။


Friday, February 24, 2012

ဧရာဝတီမှာ ရွှေရှာသူများ

 
 ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတွေ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက ဧရာဝတီမြစ်ထဲမှာ ရွှေရှာဖွေကြသူတွေရဲ့ ပုံရိပ်တချို့ပါ။

ကျမ်း (ကာတွန်း ဟာဂျူလီ)

အကူအညီတွေ မရသေးတဲ့ အုန်းဖျန် မီးဘေးဒုက္ခသည်များ

 
 
 ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရတဲ့ မီးဘေးဒဏ်သင့် အုန်းဖျန် ဒုက္ခသည်စခန်းက ပုံရိပ်တွေပါ။
ဘီဘီစီရဲ့ သတင်းအရ မီးဘေးဒုက္ခသည်တွေဟာ ဘယ်ကမှာ အကူအညီမရသေးကြောင်း သိရပါတယ်။

စားကောင်းသောက်ကောင်း မပြောနဲ့ … (ကာတွန်း အောင်မော်)

Thursday, February 23, 2012

အုန်းဖျန် ဒုက္ခသည်စခန်းမှာ လောင်တဲ့မီး

 
ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာရှိတဲ့ အုန်းဖျန် ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်များရဲ့အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပါတယ်။ 

လွှတ်တော်နိုင်ငံရေး နှင်းဆီခိုင် အဖြစ်သို့ (မောင်ဝံသ)

“ပါတီကို သဘောတရားအရ ဦးဆောင်မှုပေးခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင် အခုကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပါ အစောပိုင်းတုန်းက ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်တယ်ဗျ။ သူက နိုင်ငံရေးဆိုတာ လွှတ်တော်တွင်း နိုင်ငံရေးတစ်ခုတည်းရှိတာ မဟုတ်ဘူး။ လွှတ်တော် ပြင်ပနိုင်ငံရေးလည်း ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုသာရှိတယ်ဆိုရင် NLD ပါတီဟာလည်း တရားဝင်တယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ ၂၀၀၈ အခြေခံဥပဒေက မွေးဖွားလာတဲ့ ရွေးကောက်ပွဲမှန်သမျှကို သပိတ်မှောက်ရေး ရပ်ချက်ကို ကိုင်စွဲထားခဲ့တာ ဖြစ်တယ်ဗျ …”

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပါအဝင် ယှဉ်ပြိုင်ကြမယ့်ပါတီတွေဟာ အခုဆိုရင် တရားဝင် မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင်နေကြပြီဖြစ်တယ်ဗျ။ 

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ဒီချုပ်ပါတီ ပြန်လည်ပါဝင်လာတဲ့ အဲဒီရွေးကောက်ပွဲဟာ အစိုးရသစ်လက်ထက်မှာ မြင်တွေ့ခဲ့ကြရတဲ့ အားတက်မျှော်လင့်စရာ မြင်ကွင်းတွေအရရော ပြည်တွင်း ပြည်ပက စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်လေ့လာ အကဲခတ်နေကြမယ့် အနေအထားအရပါ ယေဘုယျအားဖြင့် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆထားတယ်ဗျ။

Wednesday, February 22, 2012

နှစ် ၂၆၀၀ ပြည့် ရွှေတိဂုံစေတီ

 
 
ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ရတဲ့ နှစ် ၂၆၀၀ ပြည့် ရွှေတိဂုံစေတီတော် အခမ်းအနားက ပုံရိပ်တွေပါ။

(ဓာတ်ပုံများ - အေပီ)

ကျားစာ (ကာတွန်း စောငို)

မည်သူနိုင်နိုင် တရားသဖြင့် အနိုင်ယူပါ (မောင်ဝံသ)

ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီစနစ်ရဲ့ ကြန်အင်လက္ခဏာတစ်ရပ် ဖြစ်ပေမယ့် ရွေးကောက်ပွဲတွေလုပ်ပေးတယ်ဆိုတဲ့ အချက်တစ်ချက်တည်းကိုကြည့်ပြီး အဲဒီနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်လို့ မရနိုင်ဘူးဆိုတာလောက်ကိုတော့ အခုအချိန်မှာ ကမ္ဘာ့ပြည်သူ အများစုကြီးက သိနေကြပြီဖြစ်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ ဒီကနေ့ခေတ်သစ် ကမ္ဘာမှာ ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုအများစုကြီးရဲ့ဆန္ဒကို အရာကိစ္စအားလုံးရဲ့ ထိပ်ဆုံးမှာထားတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တယ်ဆိုတဲ့အချက်က သိပ်ကို ကြီးစိုးလွှမ်းမိုးတွင်ကျယ်နေပြီဖြစ်တာမို့ စစ်အင်အားအသုံးပြုပြီး အာဏာရလာသူတွေကတောင် အများအမြင် ကောင်းစေဖို့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲတွေကို မဖြစ်မနေ ကျင်းပပေးခဲ့ကြရတာကို ကမ္ဘာ့သမိုင်းမှာ မြင်တွေ့ခဲ့ကြရတာကြောင့် ဖြစ်တယ်ဗျ။

လူ့အခွင့်အရေး ကြေညာစာတမ်း

ဒါကြောင့်လည်း လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အင်မတန်မှ အလေးထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားရှင်သန်ရေးအတွက် ဘယ်လို ရွေးကောက်ပွဲမျိုးကသာ အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကို ထင်ရှားစေဖို့ သူ့ရဲ့ ‘လောကလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ မှာ ‘ပြည်သူတို့၏ဆန္ဒကို အချိန်မှန်ကျင်းပသော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်’ လို့ တိကျရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားတာ ဖြစ်တယ်ဗျ။ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ စကားလုံးရဲ့ရှေ့မှာ ‘လွတ်လပ်ပြီး တရားမျှတသည့်’ ဆိုတဲ့ နာမဝိသေသနထည့်ထားခြင်းက ဒီမိုကရေစီကို မယုံကြည်သူတွေက ရွေးကောက်ပွဲတွေကို အသုံးချပြီး မိမိပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မလှည့်ဖြားနိုင်အောင် ကြိုတင်ဟန့်တားကာကွယ်ထားတာပဲ ဖြစ်တယ်ဗျ။


ဘုရားသုံးဆူ နဲ့ စန်ခရပူရီ

 
 ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတွေ့ရတဲ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာဘက်ကမ်း ဘုရားသုံးဆူနဲ့ ထိုင်းဘက်ကမ်း စန်ခရပူရီက ပုံရိပ်တွေပါ။

(ဓာတ်ပုံများ - ရိုက်တာ) 

လူသုံးမျိုး (လူထုစိန်ဝင်း)

“ဘုံအကျိုးစီးပွားချင်းတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါ သဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်က ကိုယ်ကြိုက်တဲ့လမ်းကသွားသလို၊ သူလည်း သူကြိုက်တဲ့လမ်းက သွားပါစေ။ ဒါ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး …”

“မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ” နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့ လူစားများရဲ့ပါးစပ်က အမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။

မြန်မာမှာ မကွဲတာမရှိတဲ့

သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်း ကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်း ကွဲ၊ သခင်တွေလည်း ကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။

ပဲခူး က လယ်သမားများ ...

 
 ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတွေ့ရတဲ့ မြန်မာပြည် မြို့တော်ဟောင်း ရန်ကုန်နဲ့ ကီလိုမီတာ ၁၀၀ လောက် အကွာအဝေးမှာရှိတဲ့ ပဲခူးမြို့က လယ်သမားတွေရဲ့ ပုံရိပ်တချို့ပါ။

(Photos: Getty Images)

Monday, February 20, 2012

မဲဆန္ဒရှင်ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ် (လူထုစိန်ဝင်း)


“ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ကို မလေးစားရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလို့ ဆိုနိုင်မှာလဲ။ တစ်ဦးတစ်ယောက်တည်းသာ သိပြီး တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတာက အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရမှာက မဲဆန္ဒရှင်ပြည်သူတွေ ဖြစ်တယ်။ မဲဆန္ဒရှင်ပြည်သူလူထု မသိအပ်တဲ့အရာ ဘာမျှ မရှိစေရဘူး။ တိုင်းပြည်နဲ့လူမျိုးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တာမှန်သမျှ မဲဆန္ဒရှင်ပြည်သူတွေ သိခွင့်ရှိတယ်။ နိုင်ငံရေးသမားမှန်သမျှ ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ရှိမှုက …”

စာဖတ်ဝါသနာပါပြီး စာတော်တော်ဖတ်တဲ့ လူငယ်လေးတစ်စုနဲ့ စကားပြောရင်း ဂျာနယ်တွေမှာ စာအမြဲတမ်းရေးနေတဲ့ ကလောင်အမည်တချို့ကို ရွတ်ပြပြီး ဘယ်သူဘယ်ဝါဆိုတာ သိပါသလားလို့မေးကြတော့ မသိတဲ့အကြောင်း ပြန်ပြောလိုက်တယ်။

စာလုပ်ငန်း ယဉ်ကျေးမှု

အားလုံး အံ့သြသွားကြပုံရတယ်။ တကယ်မသိလို့ မသိဘူးလို့ပြောလိုက်တာပါ။ သူတို့ပြောတဲ့ ကလောင်အမည်တွေဟာ ပရိသတ်ကစောင့်ဖတ်ကြတဲ့အမည်တွေ ဖြစ်တယ်။ ကိုယ်တိုင်လည်း သူတို့စာတွေကို မလွတ်တမ်းဖတ်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်သူဘယ်ဝါဆိုတာတော့ တစ်ခါမှမေးမကြည့်ဖူးပါဘူး။ သူတို့ရေးနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေက အယ်ဒီတာတွေ ကိုယ့်ဆီမပြတ် ဝင်ထွက်သွားလာနေကြပေမယ့် စောင့်စည်းတဲ့အနေနဲ့ မေးမကြည့်ခဲ့ဘူး။ ကိုယ်တိုင် အယ်ဒီတာ လုပ်ခဲ့သူဖြစ်တော့ လူမသိစေချင်လို့ ကလောင်အမည်ခံရေးတာကို အယ်ဒီတာက ကိုယ့်သဘောနဲ့ကိုယ် ဖွင့်မပြောသင့်ဘူးဆိုတဲ့ စာလုပ်ငန်းယဉ်ကျေးမှုကို စောင့်ထိန်းခဲ့တယ်။

ကျောင်းဆရာနဲ့ အရက်

စည်းကမ်းကျင့်ဝတ်အဖြစ် အတိအကျ ရေးသားပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့် ဘယ်လုပ်ငန်းနယ်ပယ်မှာဆို လိုက်နာမှကောင်းတဲ့ ကျင့်ဝတ်မျိုးတွေ ရှိတတ်တယ်။ ဥပမာ ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းချိန်ပြင်ပမှာတောင် အရက်သေစာသောက်စားခြင်းမပြုရလို့ တားဆီးပိတ်ပင်ထားတဲ့ ဥပဒေမရှိဘူး။ စည်းကမ်းကျင့်ဝတ်လည်း မရှိဘူး။ ဒါပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ဆရာလုပ်ပြီး အရက်မူးနေတာကို လူတွေက လက်မခံကြဘူး။ မြန်မာပြည်မှာနေပြီး ကျောင်းဆရာလုပ်ရင်တော့ ဒီကျင့်ဝတ်ကို လေးစားလိုက်နာသင့်တယ်။ ဒါဟာ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ ကိုယ့်ဟာကိုယ်ကြိုက်လို့သောက်တာ သူများကိုမထိခိုက်ရင်ပြီးတာပဲ မဟုတ်လားလို့ ပြောစရာရှိတယ်။
အနန္တဂိုဏ်းဝင်
အဲဒီလို ပြောသူတွေအတွက်ကတော့ ကိုယ့်ကိုကိုယ် မြန်မာပြည်မှာလူဖြစ်လာရတာကိုပဲ အပြစ်တင်ပေတော့လို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျောင်းဆရာမလုပ်ဘဲ တခြားအလုပ် ပြောင်းလုပ်ပေါ့။ မြန်မာလူမျိုးတွေက ကျောင်းဆရာကို အနန္တော အနန္တငါးပါးထဲတောင် ထည့်သွင်းပြီး အလေးအမြတ်ပြုကြသလို ကျောင်းဆရာတွေဆီက တောင်းဆိုမှုကလည်း ကြီးမားများပြားတယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းဆရာက ကျောင်းသူတပည့်မကို လက်ထပ်ယူတာမျိုးကို ဘယ်သူကမှ အထူးအဆန်းလုပ် ပြောမနေကြဘူး။ မြန်မာပြည်မှာလည်း ဥပဒေအရ တားမြစ်ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမယ့် ယူတာတွေ့ကြည့်ပါလား။ အများတံတွေးခွက်မှာ ပက်လက်မျောပြီးသာ မှတ်ပေရော့ပဲ။

မွန်ပြည်က ကျိုက်ထီးရိုး စေတီ

 
 

ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတွေ့ရတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီရင်ပြင်ပေါ်က ပုံရိပ်တွေပါ။

(Photo: Getty images)

Sunday, February 19, 2012

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁၈)

နိုင်ငံရေးအကြားမှ စာပေအနုပညာ 
ထိန်လင်း

စာပေအနုပညာသမားတွေဟာ သူတို့ဖြတ်သန်းကြတဲ့ခေတ်တွေကို ထင်ဟပ်စေတဲ့ပုဂ္ဂိုလ်တွေဖြစ်သလို အဲဒီခေတ်တွေရဲ့ အခြေအနေ အဖြစ်အပျက်တွေကို ရင်ဆိုင်ဖြတ်သန်းရသူတွေ ဖြစ်ပါတယ်။ ဒီလိုဖြတ်သန်းရတဲ့အခါ အဖြစ်အပျက်တွေ အထူးသဖြင့် ကြမ်းတမ်းတဲ့အနေအထားတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူတွေရှိသလို အလိုက်သင့်မျောပါသူတွေ၊ နေသာသလို နေသူတွေလည်း အများကြီးရှိပါတယ်။ ဘယ်သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဆိုတဲ့အဖြေကိုတော့ ဆိုးဝါးတဲ့ နိုင်ငံရေးအခြေအနေတွေအောက်မှာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပါတယ်။

မြန်မာပြည်ဟာ အင်္ဂလိပ်ရဲ့လက်အောက်၊ ဂျပန်လက်အောက်၊ မြန်မာအမျိုးသား အာဏာရှင်တွေရဲ့ လက်အောက်ကို အဆင့်ဆင့်ကျရောက်ခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။ ဒီအခါ မျိုးချစ်စိတ်ဓာတ်ဆိုတာတွေ၊ မျိုးချစ်ပုဂ္ဂိုလ်ဆိုတာတွေလည်း သမိုင်းရဲ့လိုအပ်ချက်နဲ့အညီ ထွက်ပေါ်လာတာပါပဲ။ စာပေအနုပညာဘက်က ဆိုရင်လည်း တခြားနယ်ပယ်တွေထက် နောက်မကျဘဲ အမြဲတမ်း ခေတ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ကြတာချည်းပါပဲ။ ဒါပေမယ့် နိုင်ငံရေးလွတ်လပ်ရင် လွတ်လပ်သလောက်၊ အခွင့်အလမ်းရရင် ရသလောက် တိုင်းပြည်အတွက်၊ ပြည်သူအတွက် တာဝန်ကျေတဲ့ စာပေအနုပညာသမားတွေရှိသလို ခေတ်ဆိုးရင် ဆိုးသလောက် ပြည်သူဘက်က ရပ်တည်ဖို့ မဝံ့ရဲသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းဆိုတာက မြစ်ရေလိုပဲ အမြဲတမ်းစီးဆင်းဖြစ်ပေါ်နေတာမို့ ခေတ်ကိုဖြတ်သန်းကြသူတွေအနေနဲ့ ဘယ်ပုံဘယ်နည်း ဖြတ်သန်းကြတယ်ဆိုတာ အချိန်ကမှတ်တမ်းတင်နေမှာ ဖြစ်ပါတယ်။

ဒုက္ခသည် နိုင်ငံမှာ … (ကာတွန်း စောငို)

သုံးဖန်လှ တောင်သမန်ရဟတ် ဘယ်သူတွေ ရပ်ပစ်သလဲ (လူထုစိန်ဝင်း)

“ဝါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင်တော့ဘူး။ အင်းလေးကန်ကြီးလည်း ကယ်လို့ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေပြီဆိုတော့ အင်းလေးအတွက် ရင်လေးနေမိတယ်။ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် မြို့နေလူတန်းစားတွေအတွက် လေရှုဖို့တောင် အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံ အနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ ကုန်းရုန်းပြီး အလုပ်လုပ်ကြရလေတော့ …”

နိုင်ငံခြားသားဧည့်သည်တစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့ သိရတယ်။

မြန်မာလူမျိုးများရဲ့ အပြုံး

အတော်ကြာအောင်နေပြီး သူသိချင်တာတွေ မေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ်ရောက်ခဲ့တဲ့ ကသာဘက်ထိသွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာတော့ သူပြန်လာပြီး နက်ဖြန်ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိရောက်အောင် သင်္ဘောစီးသွားခဲ့ရတဲ့ခရီးစဉ်ကို တော်တော် ကျေနပ်နေပုံရတယ်။ ပတ်ဝန်းကျင်က သိပ်လှတာပဲလို့ ထပ်ခါတလဲလဲပြောရင်း တွေ့သမျှ မြန်မာလူမျိုးတိုင်းက ပြုံးနေကြတာကိုလည်း သိပ်သဘောကျတယ်။ မယုံနိုင်လောက်အောင် အံ့သြရတယ်လို့လည်း ပြောပြတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ်ဖြစ်နေတာတစ်ခုလည်း တွေ့ခဲ့ရတဲ့အကြောင်း ပြန်ခါနီးမှာ ဖွင့်ဟသွားတယ်။

Saturday, February 18, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၃)

ပန်းနာရင်ကြပ် နွားမြီးဖြတ်

အင်းစိန်မှာ အဖိုးနေတုန်းက ဖထီးဆဲလ် ဆိုတာရှိတယ်။

သူက ပန်းနာရင်ကြပ်ရောဂါသည်။ သူ့ကိုကြည့်တော့ အဖိုးက သနားတယ်။

“ဖထီး တယ်ပြီး ချောင်းဆိုးပါလား”

“အေးကွ”

အဖိုး စိတ်ထဲမှာ တခုခုလုပ်ပေးချင်တဲ့ စိတ်ဖြစ်မိတယ်။

အဖိုး လက်ထဲမှာ ငွေ လေးငါးခြောက်ကျပ် ခုနှစ်ကျပ်ရှိတာကိုး။

“ဖထီး ဘာစားချင်လဲ။ ကျနော် သွားဝယ်ပေးမယ်လေ။ ကျနော့်မှာ ပိုက်ဆံရှိတယ်”

“ငါ စားချင်တဲ့ဟာ မင်းဝယ်ပေးလို့ မရဘူး”

“ဟာ ဖထီးကလည်း ပြောပါ။ ကျနော် ရအောင် ရှာပေးမှာပေါ့”

“ငါ နွားမြီး ပြုတ်သောက်ချင်တယ်ကွ။ မင်းရှာလို့ မရပါဘူး”

ရန်ကုန်

 
 
 
ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်နေ့တွေကတွေ့ရတဲ့ ရန်ကုန်မြို့လယ်နဲ့ ရန်ကုန်ဆင်ခြေဖုံးက ပုံရိပ်တွေပါ။ 

(Photos: Getty Images)
 

အကြွေး … (ကာတွန်း စောငို)