Thursday, September 30, 2010

အစိုးရအထက်က အစိုးရ၊ ဖွဲ့စည်းပုံအထက်က စစ်ကောင်စီ (ရဲဘော်ဖိုးသံချောင်း)

စစ်အုပ်စုရဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေထဲမှာ လူပြောသိပ်မများကြတဲ့ ပုန်းလျှိုးကွယ်လျှိုး အာဏာပိုင်အဖွဲ့တဖွဲ့ ရှိနေပါတယ်။ အဲဒီအုပ်စုဟာ အမှောင်ထဲမှာ ချောင်ကုပ်နေတာဖြစ်သလို ဒီဖွဲ့စည်းပုံဥပဒေထဲမှာ သူ့အတွက် သီးခြားအခန်း၊ ပုဒ်မရယ် လို့ ဖော်ပြမထားဘဲ သမ္မတဆိုတာရယ်၊ တပ်တော်ရဲ့အခန်းဆိုတာရယ်တို့နဲ့ ရောထွေး ဖော်ပြထားတာကိုတွေ့ရ ပါတယ်။

အဲဒါကတော့ အခန်း(၅) အုပ်ချုပ်ရေးဆိုတာကနေ စပြီးဖော်ပြထားတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုတာပါပဲ။

ဒီကောင်စီမှာ ပါမယ့်လူတွေက နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ (နှစ်ယောက်)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ နယ်စပ်ရေးရာဌာန ဝန်ကြီး ဆိုတာတွေ ဖြစ်ပါတယ်။

အဲဒီနေရာတွေကို ဘယ်သူတွေကရမယ်ဆိုတာ အထူးတွက်နေဖို့ မလိုပါဘူး။ သာမန် လူတောင်မှန်းလို့ရတဲ့ ရာထူးဌာနန္တရတွေ ဖြစ်ပါတယ်။ ဒီအထဲက ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နယ်စပ်ဒေသ ဝန်ကြီးဌာန ဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးဆိုတာတွေကို လွှတ်တော်ကရွေးချယ်ခွင့် မရှိပါဘူး။ စစ်အုပ်စု ထိပ်သီးတွေက စိတ်ကြိုက်ရွေးမှာဖြစ်တယ်လို့ တိတိလင်းလင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သူတို့ အယုံကြည် အစိတ်ချရဆုံး၊ စစ်အုပ်စုအတွင်းဆုံး က လူတွေပဲဖြစ်မယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ဒီကောင်စီဟာ သူတို့ရဲ့စစ်တပ်ကလူတွေနဲ့ ဗိုလ်ချုပ်ထွက်တွေချည့် ပါဝင်မယ့် ကောင်စီဖြစ်တာမို့ စစ်ကောင်စီလို့ ခေါ်တာ အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် ဒီကောင်စီကြီးရဲ့တာဝန်ဝတ္တရားဆိုတာတွေမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေး တာဝန်တွေက အဓိကဖြစ်နေတယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုသင့်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာတော့ မရှင်း-မရှင်း ရေးထားတာပါ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်၎င်း၊ ဥပဒေတစ်ရပ်ရပ်အရသော်၎င်း ပေးအပ်လာသည့် တာဝန် ဝတ္တရားများကို ထမ်းဆောင်ရန်လို့” ရေးထားတာပါ။ အဲဒီလိုတာဝန်တွေမပေးအပ်ရင် ဘာအလုပ်မှမရှိတဲ့ကောင်စီလို့ အဓိပ္ပာယ် ထွက်သလားဆိုတာ စဉ်းစားစရာပါ။

ပြန်စဉ်းစားလိုက်ရင် မယ်မယ်ရရ၊ တိတိကျကျ မရှိသေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့လို့ ဖြစ်နေပါတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဗိုလ်သန်းရွှေတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို စူးစမ်းလေ့လာသင့်ပါတယ်။

အခန်း(၇)၊ တပ်မတော်ဆိုတဲ့အခန်းမှာကျတော့ ဒီစစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့် တချို့ကို စတွေ့လာရပါတယ်။ ဒီကောင်စီဟာ ဝန်ကြီးအဖွဲ့မလုပ်နိုင်တဲ့ အလုပ်တွေကိုလုပ်မယ့်အဖွဲ့လို့ ယူဆစရာတွေပါ။ ဥပမာအားဖြင့် “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန် ပေးရမည်။”

နောက်တခါ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆိုတဲ့ အခန်းမှာတော့ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်” လို့ ပါပါတယ်။

ဒီအချက်ကိုကြည့်ရင် ဒီစစ်ကောင်စီဟာ ဝန်ကြီးအဖွဲ့ထက် အာဏာရှိနေတာ ထင်ရှားပါတယ်။ သမ္မတရဲ့ လက်ရုံးတပ်လို ဖြစ်နေပါတယ်။ ဒီလက်ရုံးတပ်ဟာ လွှတ်တော်နဲ့ သမ္မတအကြား (တကယ်လို့များ) ကွဲလွဲမှုရှိနေရင် သမ္မတဘက်က အားဖြည့်ပေးမယ့် အာဏာပိုင်အဖွဲ့တခုလို ရပ်တည်နေမှာဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၄၁၂-၄၁၃ အရဆိုရင် ဒီစစ်ကောင်စီဟာ သမ္မတနဲ့ပေါင်းပြီး အာဏာသိမ်းနိုင်တဲ့ အာဏာပိုင်အဖွဲ့ ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သမ္မတဆိုသူအဖို့ “လူဆိုးတွေနဲ့မောင်တိုင်ပင် လုပ်ချင်ရင်” ဒီစစ်ကောင်စီနဲ့ပဲ တိုင်ပင်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

နိုင်ငံတော်ထဲက နိုင်ငံတော်၊ ကက်ဘိနက်(ဝန်ကြီးအဖွဲ့) အထက်က ကက်ဘိနက်။ စစ်အုပ်စုအတွင်းစည်းလို့ ဆိုရင် မမှားပါဘူး။ ဒီစစ်ကောင်စီရဲ့လက္ခဏာကို ပိုပေါ်လွင်စေတဲ့ နောက်တချက်က ပုဒ်မ ၄၁၂ မှာပါတဲ့ “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့်ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်”ဆိုတာ ဖြစ်ပါတယ်။

ဒါဟာ အတွင်းစည်းထဲက အတွင်းစည်းကို ထပ်ဖော်ပြလိုက်တာပဲလို့ဆိုရင် မမှားပါဘူး။

တကယ်ကျတော့ ဒီစစ်ကောင်စီဟာ တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ဖြစ်အောင် အာမခံထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတခုသာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီစစ်ကောင်စီကို ဘယ်သူက ဘယ်လိုဖျက်သိမ်းနိုင်တယ်၊ ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်တွေ လုံးဝ မပါပါဘူး။ သမ္မတဆိုတဲ့လူက စိတ်ကြိုက် သူ့လူတွေနဲ့ချည်း ဖွဲ့စည်းထားမယ့် အားလုံးရဲ့ အထက်ဆုံးက အာဏာပိုင် အဖွဲ့သာ ဖြစ်ပါတယ်။

သူတို့ဟာ သမ္မတဆိုသူ၊ ဒါမှမဟုတ် သမ္မတဆိုသူရဲ့ နောက်ကွယ်ကရှိသူ (ဒါလည်း မဖြစ်နိုင်ဘူး မပြောနိုင်ပါဘူး) အယုံဆုံးလူတွေဖြစ်နေတယ် ဆိုတဲ့အဓိပ္ပာယ်က သူတို့ဟာ အဲဒီနံပတ်ဝမ်းရဲ့ အမိန့်ကို တသွေမတိမ်း လိုက်နာမယ်လို့ အယုံကြည်ရဆုံးလူတွေ ဖြစ်တယ်ဆိုတာပါပဲ။

၂၀၁၀ ရွေးကောက်ပွဲက တင်မြှောက်မယ့် လွှတ်တော်ကြီးနဲ့ အစိုးရအဖွဲ့ဆိုတာတွေ ရှိနေပါလျက်နဲ့ ဘာကြောင့်မို့ ဒီလို အရိပ်မည်းကြီးတခု ဖန်တီးထားရတာလဲ။ ကမ္ဘာပေါ်မှာ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင် ထည့်သွင်းပြဋ္ဌာန်းထားတဲ့ တခုတည်းသောနိုင်ငံက တခုတည်းသောအစိုးရရဲ့ တဦးတည်းသော အာဏာရှင်ကြီးအဖို့ ဒီလို လူယုံတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရာ၊ ပြည်သူတွေကို ဖိနှိပ်ရာမှာ ဒီလိုစစ်ကောင်စီတခု လိုလို့ဖြစ်ပါတယ်။

တချို့လူတွေပြောကြသလို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ပြယုဂ်” ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲက ဒီလိုအချက်မျိုးကို တဖြည်းဖြည်းချင်း ပြောင်းလဲယူလို့ရမယ်လို့ တကယ်ထင်ပါသလား။ ကိုယ်က တဖြည်းဖြည်းချင်းပြောင်းလဲဖို့ စဉ်းစားနေတုန်း သူက တမုဟုတ်ချင်း အာဏာသိမ်းခွင့်ရှိအောင် လုပ်ထားတယ်ဆိုတာ မေ့လို့ မဖြစ်ပါဘူး။

အာဏာသိမ်းတယ်ဆိုတာကို ထမင်းစားရေသောက်လို သဘောထားတဲ့စစ်အုပ်စု အပေါ် အကုန်ပုံလို့ယုံတယ်ဆိုတာဟာ သမိုင်းသင်ခန်းစာကို ကျောခိုင်းရာကျပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ ဓားစာခံရွေးတာလို့ဆိုရင် မမှားပါဘူး။ ။

Wednesday, September 29, 2010

တပွဲတလမ်း စမ်းချင်သေးတယ် ... (ကာတွန်း စောငို)

ဧရာဝတီ ဘလော့ဂ် လာပြီ

ဧရာဝတီ ဘလော့ဂ်စာမျက်နှာ

“ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ မြန်မာပြည်တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်လိုက်ပါတယ်” ဆိုတဲ့ ဧရာဝတီ ဘလော့ဂ်ကို ဒီနေ့ စတင် တင်ဆက်တာ တွေ့ရပါတယ်။

‘(ဖွံ့ဖြိုး) တိုးတက်လာသော မြန်မာမော်ဒယ် သဉ္ဇာဝင့်ကျော်၊ ယုံချင်ယုံ မယုံချင်နေ ဘုရားစူး ပိုက်ဆံ၊ စစ်အာဏာရှင်စနစ် ဗီယက်နမ်က သက်ဆိုးရှည်စေမည်လော၊ ညာချနေပြီ၊ လေဘာပါတီမှာ မိန့်ခွန်းပြောတဲ့ မဝေနှင်းပွင့်သုန်၊ မျိုးကြီး ရဲ့  “ယူလိုက်”၊ သူ ဘယ်သူလဲ? ’ စတဲ့ ခေါင်းစဉ်တွေနဲ့ စတင် မိတ်ဆက်ပေးထားတာ တွေ့ရပါတယ်။

စင်ကာပူ Sky Park Pool of Marina Bay Sands Hotel ရဲ့ ရေကူးကန်ထဲမှာ မြန်မာပြည်ရဲ့ အချမ်းသာဆုံး စာရင်းဝင် ရေနံလုပ်ငန်း လုပ်ကိုင်နေသူ ဦးမိုးမြင့်ရဲ့ သား စည်သူမိုးမြင့် နဲ့ မြန်မာမော်ဒယ် သဉ္ဇာဝင့်ကျော်တို့စုံတွဲ ကြည်နူးနေတာကို မြင်ချင် ကြည့်ချင်တယ်ဆိုရင်တော့ http://www.irrawaddyblog.com/ ကို သွားကြပေတော့။

လှုပ်လှုပ်ရှားရှား ၂၀၁၀ ပါတီများ

စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ မဲဆွယ် စည်းရုံးရေးဆင်းနေတဲ့
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေနှင့်အဖွဲ့

စက်တင်ဘာလ ၂၉ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေနှင့်အဖွဲ့ရဲ့ ရန်ကုန်မြို့ မဲဆွယ်စည်းရုံးရေးခရီး။

နအဖ စစ်အစိုးရဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် သူတို့ရဲ့ ကြံ့ဖွံ့ပါတီကို လွတ်လပ်စွာ စည်းရုံးခွင့်ပြုထားပြီး ၎င်းတို့ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

ဒါပေမယ့် အခြား ရွေးကောက်ပွဲဝင်မယ့် အခြားပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေ ကိုတော့ တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ပိတ်ပင်ထားတဲ့အပြင် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေအရ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ "ဘယ်ပါတီမှ မကြိုက်ရင် ဘယ်သူ့ကိုမှ မဲမပေးဘဲ နေလို့ရတယ်" ဆိုတာကို လိုက်လံရှင်းလင်းပြောဆို နေသူတွေကို မတရား ဖမ်းဆီးထောင်ချ အပြစ်ပေးတာတွေ ရှိနေပါတယ်။

မဲဆွယ်လက်ကမ်းစာစောင်တွေ လိုက်လံဝေငှနေတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အဖွဲ့ဝင်တချို့။

နယူးယောက်က ကုလသမဂ္ဂရဲ့ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံမှာလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ပါတီပေါင်း ၃၇ ပါတီ၊ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှုရှိတယ်လို့ ပြောဆိုသွားပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)က ဖြန့်ဝေတဲ့ မဲဆွယ်စည်းရုံးရေး စာစောင်တွေကို ဖတ်နေတဲ့ရန်ကုန်မြို့ခံတချို့။

ဒါပေမယ့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီ ရွေးကောက်ပွဲတွေ ကနေ ဘယ်လို အပြောင်းအလဲမျိုးမှ ဖြစ်လာမှာမဟုတ်ဘဲ ရွေးကောက်ပွဲ ပြီးသွားရင် စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်း စစ်အစိုးရကနေ တရားဝင် စစ်အစိုးရအဖြစ်သာ ပြောင်းသွားမှာဖြစ်လို့ နိုင်ငံတကာကသိအောင် ပြောဆိုလှုံ့ဆော်နေကြပါတယ်။

Photo : AP

Tuesday, September 28, 2010

ကမ္ဘာကို သူတို့ ညာချပြလိုက်ကြပြီ

နအဖ စစ်အစိုးရ ကိုယ်စားလှယ်များကို စက်တင်ဘာလ ၂၈ ရက်နေ့က နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ရစဉ်။

နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စကားပြောနေတဲ့ နအဖ စစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တဖြစ်လဲ ဗိုလ်ချုပ်ဉာဏ်ဝင်း

ဦးဉာဏ်ဝင်း အပါအဝင် နအဖ စစ်ဗိုလ်ချုပ်ကြီးများဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့ စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲကာ ဝန်ကြီးချုပ် ဦးသိန်းစိန်တဖြစ်လဲ ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုဖွဲ့ပြီး လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ မဲဆွယ်စည်းရုံးနေကြပါတယ်။

Photo : Getty Images, AP

ဂျပန်ကိုရောက်သွားတဲ့ မြန်မာဒုက္ခသည်များ

စက်တင်ဘာလ ၁၈ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ဂျပန်နိုင်ငံ၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ကရင်လူမျိုး မြန်မာဒုက္ခသည်များ။

ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းမှ ကရင်လူမျိုး မြန်မာဒုက္ခသည် ၁၈ ဦး (မိသားစု ၃ စု) ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ကြပါ တယ်။

ဂျပန်နိုင်ငံ၊ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တဦးကို သတင်းထောက်များက တွေ့ဆုံမေးမြန်းနေစဉ်။

ဂျပန်အစိုးရဟာ ၂၀၀၈ ခုနှစ်ကပြီး စမ်းသပ်တဲ့အဆင့်အဖြစ် ၃ နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည် ၉၀ လက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဒီအစီအစဉ်ဟာ အာရှနိုင်ငံတနိုင်ငံမှာ ပထမဆုံး ကျင့်သုံးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ဒဏ်ကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ ထွက်ပြေးခိုလှုံ့နေကြရပြီး တချို့ဟာ ကုလသမဂ္ဂရဲ့အစီအစဉ်နဲ့ တတိယနိုင်ငံများမှာ သွားရောက်အခြေချ နေထိုင်လျှက်ရှိပါတယ်။

Photo : Getty Image

မဝေနှင်းပွင့်သုန်ပြောတဲ့ မြန်မာပြည်အကြောင်း



ဗြိတိန် လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏သမီး) မြန်မာပြည်အကြောင်းပြောကြားသည့် မိန့်ခွန်း

Monday, September 27, 2010

ကုန်းမခံဘဲ ရုန်းကန်နေမယ့် NLD

NLD ဟာ အခုအချိန်မှာ ကုန်းမခံဘူး၊ ရုန်းကန်မယ်ဆိုတဲ့ ရပ်တည်ချက်မျိုးနဲ့ ကြံ့ကြံခံ ရပ်တည်နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ၂၂ နှစ်ပြည့် ပါတီမွေးနေ့မှာ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင် က ပြောကြားလိုက်ပါတယ်။


အခမ်းအနားမှာ စကားပြောကြားနေတဲ့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နဲ့ ပါတီခေါင်းဆောင် ဦးဝင်းတင်

ပါတီဝင် အင်အား ၃၀၀ ကျော်တက်ရောက်တဲ့ ပါတီရဲ့ ၂၂ ပြည့်မွေးနေ့ အခမ်းအနားကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့နေအိမ်မှာ စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပါတီခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က ဂုဏ်ပြု အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်တို့က ဦးဝင်းတင် ရေးသားတဲ့ ကဗျာနှင့်အတူ အဖွဲ့ချုပ်မွေးနေ့ ဂုဏ်ပြုကဗျာများကို ဖတ်ကြားခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံသော့တွဲများကို ရောင်းနေတဲ့ ပါတီဝင်တဦး


အခမ်းအနား တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုးဝင်း နှင့် ဦးဟန်သာမြင့် (လယ်)


၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ NLD ပါတီကို နအဖ စစ်အစိုးရက နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းကြောင်း ကြေညာထားသော်လည်း NLD က လက်မခံဘဲ တရားရုံးမှာ တရားစွဲဆိုရင်ဆိုင်နေပြီး နိုင်ငံရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


ပါတီမွေးနေ့ကို အခမ်းအနားကိုသွားနေတဲ့ ပါတီခေါင်းဆောင် ဦးဝင်းတင် (လယ်) နဲ့ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း (ညာ) နှင့်
ပါတီခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် တို့ရဲ့ရုပ်ပုံပါ တီရှပ်ကို ဝတ်ဆင်ထားတဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ NLD ပါတီဝင်တချို့


NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၄၀၀ နီးပါးနဲ့ အများဆုံး အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို လွှဲပေးခြင်းမရှိဘဲ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ရွေးကောက်ပွဲအသစ်ကို ထပ်လုပ်မှာ ဖြစ်ပါတယ်။

Photo : AP

၂၀၁၀ သတ္တိခဲကြီး (ကာတွန်း စောငို)

လှုပ်လှုပ်ရှားရှား၂၀၁၀ ပါတီများ

အမျိုးသားဒီမိုကရေစီအင်အားစု အဖွဲ့ဝင်များကို စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးရုံးဖွင့်ပွဲ အခမ်းအနားမှာ တွေ့ရစဉ်။

နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာကျင်းပနေတဲ့ အထွေထွေ ညီလာခံကြီးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့အရေးကို သူ့ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နဲ့ ဒီနေ့ သီးခြားအစည်းအဝေး ခေါ်ယူဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လတ်တလော အရေးတကြီး ဆွေးနွေးရမယ့်ကိစ္စဟာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိစ္စဖြစ်ပါတယ်။





ဒီရွေးကောက်ပွဲဟာ အများလက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်တဲ့ အတွက် အသိအမှတ်မပြုဖို့အပြင် နအဖ စစ်အစိုးရဟာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် နိုင်ငံတကာ ခုံရုံးတင်ဖို့ ဆွေးနွေးသင့်တယ် လို့ သုံးသပ်နေကြပါတယ်။



စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အောင်နိုင်ရေးရုံး ဖွင့်ပွဲအခမ်းအနားမှာ စကားပြောကြားနေတဲ့ NDF နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ

ဖွင့်ပွဲအခမ်းအနားမှာ တွေ့ရတဲ့ NDF ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း

နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်မယ့် NDF ပါတီဟာ NLD မှ ခေါင်းဆောင်တချို့ ခွဲထွက် တည်ထောင်ထားတာဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုယ်စားလောင်း ၁၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။



၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ထား ပါတယ်။ ဒါကြောင့် နအဖ စစ်အစိုးရက ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

Photo : Getty Images, AP

လှုပ်လှုပ်ရှားရှား၂၀၁၀ ပါတီများ

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေ နှင့် ပါတီခေါင်းဆောင်များကို စက်တင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့က သူတို့ ပါတီဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ အဖွဲ့ဝင်တချို့ စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ စည်းရုံးရေးဆင်းနေစဉ်။

Photo : AP

NLD နဲ့ တပွဲတလမ်း ပြန်စမ်းချင်သေးတဲ့ တစည

တစည ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တပွဲတလမ်း အကဲစမ်းချင်သေးကြောင်း သောကြာနေ့က ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ ပါတီ ထူထောင်ခြင်း၂၂ နှစ်မြောက် အခမ်းအနားမှာ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ပြောဆိုလိုက် ပါတယ်။

ဒါပေမယ့် NLD က ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ထားတာကြောင့် တစည ပါတီအနေဖြင့် NLD နဲ့ ပြန်လည်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ၎င်းက ဆိုသည်။

တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ

ဒါ့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နဲ့ မဟာမိတ်လုပ်မှာ မဟုတ်ဘဲ အနိုင်ရရှိရန် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးခင်မောင်ကြီးက ဆိုပါတယ်။

တစညပါတီ ခေါင်းဆောင်တချို့

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ တစည ပါတီဟာ အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပါတယ်။

Photo : Reuters

ဒေါ်အောင်ဆန်းစုကြည်တို့ မဲပေးနိုင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့စာရင်းကို ပြီးခဲ့တဲ့ သောကြာနေ့က ဗဟန်းမြို့နယ် အရှေ့ရွှေတောင်ကြား ရပ်ကွက်ကော်မရှင်ရုံးမှာ ဖော်ပြထားကြောင်း သိရပါတယ်။

မဲပေးနိုင်ခွင့်ရှိသူစာရင်းကို ကြည့်နေသူ ရန်ကုန်မြို့ခံတချို့

ထောင်ဒဏ်ကျခံနေရသူတွေ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မဲပေးခွင့် ပြုလိုက်တာဟာ သူမအပေါ် လက်ရှိချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ တကယ်ပြစ်ဒဏ် ဟုတ် မဟုတ်ဆိုတဲ့ ဥပဒေလမ်းကြောင်းအရ စဉ်းစားစရာဖြစ်လာကြောင်းနဲ့ စစ်အစိုးရက နိုင်ငံရေးအရ အသုံးချလိုတဲ့အတွက်လည်းဖြစ်နိုင်တယ်လို့ ဦးဉာဏ်ဝင်းက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့လည်း အဲဒီမဲပေးနိုင်ခွင့်စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့လယ်ရှိ ရေလျှံနေတဲ့လမ်းပေါ်ကဆိုင်တဆိုင်မှာ သတင်းစာဖတ်နေသူ ဆိုင်ရှင်တဦး

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ နအဖ စစ်အစိုးရက လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲအများစု၊ မဲအများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

Photo : AP, Reuters

သမိုင်းကို ဘယ်သူဖန်တီးတာလဲ

သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သား လူအများလား။ ဒီမေးခွန်းကို အငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ မနည်းတော့ဘူး။ ယေဘုယျခြုံပြီးပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမ ပုဂ္ဂိုလ်ကြီးတွေက သမိုင်းကိုဖန်တီးပုံဖော်တာလို့ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာဖြစ်တယ်လို့ ယုံကြတယ်။

အဖြေမထွက်တဲ့ ငြင်းခုန်မှု

နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြပေမယ့် အဖြေထွက်မလာဘူး။ နှစ်ဖက်စလုံးက ကိုယ့်အယူအဆကိုယ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ကြတယ်။ နှစ်ဆယ်ရာစု ကုန်ဆုံးခါနီး နောက်ဆုံးဆယ်စုနှစ်နဲ့ နှစ်ဆယ်တစ်ရာစုရဲ့ ပထမဆုံး ဆယ်စုနှစ်များ အတွင်းရောက်တော့ နည်းပညာတိုးတက်မှုများဟာ မကြုံစဖူး အံ့သြစရာ ကောင်းလောက်အောင်ကို ခုန်ပျံကျော်လွှား ဖြစ်လာခဲ့တယ်။

အထူးသဖြင့် ကွန်ပျူတာအင်တာနက် ဆက်သွယ်ရေးပညာရပ် တိုးတက်မှုကြောင့် အချိန်နဲ့ အကွာအဝေးဆိုတာ လူတွေအတွက် အတားအဆီးတခုသဖွယ် ဖြစ်မနေတော့ဘူး။ ကမ္ဘာ့အရှေ့စွန်းနဲ့ အနောက်စွန်းမှာနေသူ နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး စကားပြောနိုင်ကြတယ်။ လန်ဒန်က ဘောလုံးကွင်းမှာ ကန်နေတဲ့ ဘောလုံးပွဲကို လန်ဒန်သားတွေနဲ့ တချိန်တည်း ဝါးဘလောက်သောက် ရွာသားတွေလည်း ကြည့်နိုင်တယ်။

သူဌေးသမီးရှာဖို့ မလို

အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေက အချိန်နဲ့အကွာအဝေးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်ပြီလို့တောင် ပြောနိုင်တယ်။ အဆင့်မြင့် ပညာရပ်တွေ သင်ယူဖို့ ငွေကုန်ကြေးကျ အများကြီးခံစရာ မလိုတော့သလို သူဌေးသမီး အပျိုကြီးကို ထမင်းထုပ်သိုးအောင် လိုက်ရှာစရာလည်း မလိုတော့ဘူး။ ပင်လယ်ကူး သင်္ဘောကြီးကို တလလောက် ကြာအောင်စီးပြီး ဘိလပ်ရွှေမြို့တော် ကြီးအရောက်သွားနေဖို့လည်း မလိုတော့ဘူး။

အိုးမကွာ အိမ်မကွာနဲ့ သင်ယူချင်တဲ့ ပညာရပ်ကို အွန်လိုင်းက သင်လို့ရနေပြီ။ အောက်စဖို့ တက္ကသိုလ်ကြီးက ဘွဲ့ယူချင်သလား၊ လန်ဒန်တက္ကသိုလ်ကြီးကပဲ ယူချင်သလား။ ဒါမှမဟုတ် အမေရိကန်မှ အမေရိကန်ဆိုလည်း ဟားဗတ်က ယူမလား၊ ယေးလ်နဲ့စတန်းဖို့က ယူမလား။ ပရင့်စတန်နဲ့ ဘာကလေက ယူမလား။ ကြိုက်ရာရွေးယူလို့ ရတယ်။ ကွန်ပျူတာတလုံး ရှိဖို့ပဲလိုတယ်။ တခြား ဘာမှ မလိုဘူး။ ပိုက်ဆံလည်း များများစားစား မကုန်ဘူး။

ဣစ္ဆာသယ ဓာတ်လုံး

လူတွေကဒီခေတ်ကို နည်းပညာခေတ်လို့ ခေါ်ကြတယ်။ တချို့ကတော့ ပညာခေတ် လို့ ခေါ်တယ်။ လက်ကိုင် တယ်လီဖုန်းလေး တလုံးရှိရင်လုပ်ချင်တာကို ဘယ်သူမဆို စိတ်ရှိတိုင်းလုပ်နိုင်တယ်။

ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံသွားဖို့ မလိုဘူး။ သီချင်းနားထောင်ဖို့ ကက်ဆက်တွေ၊ ဓာတ်စက်တွေရှိဖို့ မလိုဘူး။ အင်တာနက်သုံးဖို့ ကွန်ပျူတာရှာစရာ မလိုဘူး။ စာဖတ်ချင်လို့ စာကြည့်တိုက် သွားစရာမလိုဘူး။ ဈေးဝယ်ဖို့ ကုန်တိုက်ကြီးမှာ ခြေညောင်းခံ လျှောက်စရာမလိုဘူး။ လက်ကိုင်ဖုန်းလေးတလုံးရှိရုံနဲ့ ဘာမဆို လုပ်လို့ရတယ်။ လက်ကိုင်ဖုန်းဆိုတာ ဒီခေတ်ရဲ့ ဣစ္ဆာသယ ဓာတ်လုံးဖြစ်တယ်။

ဥုံဖွဆို အကုန်ဖြစ်

ဖုန်းတလုံးနဲ့ ဘာမဆိုလုပ်လို့ရတဲ့အတွက် လူတိုင်းဟာ တန်ခိုးရှင်ဖြစ်လာတယ်။ ဥုံဖွဆိုပြီး ဘာမဆို ကိုယ့်ရှေ့ရောက်အောင် လုပ်နိုင်တယ်။ ဒါကြောင့် သူရဲကောင်းတွေနဲ့ လူစွမ်းကောင်းတွေရဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဒီခေတ်က ပြည်သူ့အာဏာ (People Power) ခေတ်ဖြစ်သွားပြီလို့ ကြွေးကြော်သူတွေက ကြွေးကြော်ကြတယ်။ ကြွေးကြော်လောက်အောင်လည်း နည်းပညာတွေက တနေ့တခြား တိုးတက်လာတယ်။ တိုကျိုမြို့က နှလုံးခွဲစိတ်ကုသဖို့ လိုတဲ့လူနာကို နယူးယောက်ဆေးရုံက နှလုံးခွဲစိတ်ကုဆရာဝန်ကြီးက ကွန်ပျူတာကတဆင့် တိုကျိုဆေးရုံခွဲစိတ်ခန်းထဲက စက်ရုပ်ကိုညွှန်ကြားစေခိုင်းပြီး ခွဲစိတ်ကုသတဲ့ အဝေးထိန်းခွဲစိတ်မှု (Virtual Surgery)တောင် လုပ်လို့ရနေပြီဖြစ်တယ်။

အပိုင်စီးထားလို့ မရတော့

ကိုယ်နဲ့ဆိုင်တဲ့ သတင်းမီဒီယာနယ်ပယ်မှာတောင် အခုဆို "လူထု သတင်းသမား"(Citizen Journalist) ဆိုတာတွေ တပုံကြီး။ သတင်းစာ ဂျာနယ် လက်ကိုင်ရှိတယ် ဆိုပြီး ခေါင်းတမော့မော့၊ ရင်တကော့ကော့ လုပ်နေလို့မရတော့ဘူး။ 'ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ်စုံအညီနဲ့' ဆိုတဲ့ လံကြုပ်သတင်းမျိုးတွေလည်း လွှင့်ချင်တိုင်းလွှင့်လို့ မရတော့ဘူး။ တိမ်ကြားမင်းခေါင် ပေါ်ပေါက်လာတယ် ဆိုတာမျိုးနဲ့လည်း လုပ်စားလို့ မရတော့ဘူး။

လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ရသမျှ လူငယ်တိုင်းဟာ 'ဘလော့ဂါ' လေးတွေ ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘက်စကားပေါ်မှာ ကိုယ့်နားကပ်ထိုင်သွားတဲ့ ကောင်မလေးကလည်း Facebook ကတဆင့် ဝေဖန်ချက်၊ ထင်မြင်ချက်တွေ မှန်မှန်ရေးနေတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ရှေးကလို 'ခွင်' တခွင်ကို အပိုင်စီးထားလို့ မရတော့ဘူး။ လူတိုင်းရဲ့ခေတ်၊ ပြည်သူ့ခေတ်ဖြစ်နေပြီ။

ကြက်တူရွေးလို

ဒါကိုရည်စူးပြီး သူရဲကောင်းတို့ခေတ်၊ လူစွမ်းကောင်းတို့ခေတ် ကုန်ဆုံးသွားပြီ။ နိဂုံးချုပ်သွားပြီလို့ ကြွေးကြော်သူများက ကြွေးကြော်နေကြတာ ဖြစ်တယ်။ ဒါပေမယ့် ခက်တာက အဲဒီ ကြွေးကြော်သူအများစုဟာ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ ဒဿနရယ်လို့ မယ်မယ်ရရ မရှိတာပဲ ဖြစ်တယ်။ သူတို့က သူများရေးတဲ့ စာအုပ်တွေဖတ်ပြီး၊ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နေကြတာ ဖြစ်တယ်။ ဟိုက နိဂုံးဆိုရင် ဒီမှာလည်း အားလုံး နိဂုံးဆို လိုက်အော်ကြတာပဲ။ အော်တဲ့သူ သုံး၊ လေးယောက် ဆုံမိပြီဆိုရင်တော့ အားလုံး နိဂုံး၊ နိဂုံးနဲ့ ယိမ်းကနေသလိုဖြစ်နေတော့တယ်၊ လူရယ်စရာကြီးပေါ့။

နောက်လိုက်ကောင်းဖြစ်အောင်လုပ်

လူစွမ်းကောင်းခေတ် နိဂုံးချုပ်သွားပြီလို့အော်နေတဲ့ ရပ်ကွက်ကပဲ သမိုင်းကို ပြည်သူတွေက ရေးတယ် ဆိုတဲ့ အယူအဆကို ပြက်ရယ်ပြုပြောဆိုသံတွေ ထွက်လာတာတလောလေးက ခပ်သဲ့သဲ့ကြားလိုက်ရတယ်။ လူထုဆိုတာ အများစုက ခေါင်းဆောင်တွေဖောက်တဲ့ လမ်းပေါ်တက်လျှောက်ကြတာပဲ ဖြစ်တယ်။ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကောင်းတွေကြောင့် ဒုတိယကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်နိုင်ခဲ့တာ ဖြစ်တယ်၊ ပညာတတ်ပြီး အမြော်အမြင်ရှိသူတွေကိုသာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ရမယ်။ လူထုဆိုတာ ယေဘုယျအားဖြင့် ပညာရည်အဆင့် နိမ့်ကျတယ်။ ခေါင်းမဆောင်နိုင်ဘူး။ ခေါင်းမဆောင်သင့်ဘူးလို့ ဆိုကြပြီး လူထုအနေနဲ့က နောက်လိုက်ကောင်းဖြစ်အောင်သာ ကြိုးစားသင့်တယ်လို့ ဆုံးမသြဝါဒ ပေးကြတယ်။

ခေါမ၊ ရောမခေတ် အယူအဆ

ပညာခေတ်ဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ရေပေါ်ဆီလူတန်းစား အခွင့်ထူးခံတစုက သူတို့ရဲ့ရေပေါ်ဆီနေရာကို ကာကွယ်နေကြတာပါ။ သူတို့အယူအဆက ဘာနဲ့ တူနေသလဲဆိုတော့ ပညာရှင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်ဆိုတဲ့ ခေါမခေတ်၊ ရောမခေတ်က အယူအဆတွေနဲ့ ထပ်တူထပ်မျှပါပဲ။

နှစ်ဆယ့်တစ်ရာစုခေတ်လူထုဟာ ခေါမ၊ ရောမခေတ်က ကျွန်တွေမဟုတ်ကြတော့ ဘူးဆိုတာ သူတို့မသိကြဘူး။ ရေပေါ်ဆီ(အီလစ်)တွေလိုပဲ အင်တာနက်ခေတ်၊ ပညာခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြတယ်ဆိုတာကိုလည်း နားမလည်ကြဘူး။ လူငယ်ဘလော့ဂါလေးတွေက ဂျာနယ်တိုက်ထဲက အယ်ဒီတာကြီးတွေထက်တောင် နည်းပညာလှိုင်းတွေထဲမှာ ကူးခတ်လှုပ်ရှားနိုင်ကြတယ်။

လှိုင်းလုံးကြီးတွေ ဘယ်လောက်ကြီးကြီး၊ ကောင်းကောင်း စီးနင်းလိုက်ပါနိုင် ကြတယ်ဆိုတာလည်း မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက ငါမှတပါး တခြားမရှိဆိုတဲ့ တိမ်သလာတွေဖုံးပြီး အောက်ခြေလွတ်နေကြတာကိုး။

ဆက်လက်ဖော်ပြပါမည်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Sunday, September 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၂)

ဆက်တိုက်ရမယ်

ဦးအောင်ငွေက ခေါင်းငြိမ့်ပြီး “ဆက်တိုက်မယ်” ပြန်ပြောသည်။ မနေ့ညက လာသည့် စစ်ဗိုလ်အကြောင်း ဦးအောင်ငွေအား ပြန်ပြောပြရာ …

“ဒါ ကျနော့်တူ ဗိုလ်ကြည်ဝင်းပဲ၊ သူက မုန်းကပဲ၊ ကိုသက်ဝင်းတို့အိမ်မှာ လာနေပြီး ကျောင်းတက်တယ်၊ သူ အရင်က တကသမှာ လုပ်ခဲ့သေးတယ်”

နောက်တနေ့မနက် ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ မနက် ၇ နာရီ လောက်ရှိမည်။ ရေး ပုလိပ်အချုပ်သို့ စစ်သား ၂ ယောက်ရောက်လာသည်။ တာဝန်ကျပုလိပ်က ကျနော်တို့ ၂ ယောက်နာမည်ခေါ်ထုတ်ပြီး စစ်သားလက်သို့ အပ်ပါသည်။ စစ်သား ၂ ယောက်က ကျနော်တို့ ၂ ယောက်ကို မေးသည်။ ဦးအောင်ငွေကို …

“ခင်ဗျားက ဘာအလုပ်လုပ်လဲ”

ဦးအောင်ငွေက …

“ကျနော် ကျောင်းဆရာပါ”

ကျနော့်ကို ဆက်မေးပြန်သည်။

“မင်းကရော ဘာလုပ်သလဲ”

“ကျနော်က ကျောင်းသားပါ”

စစ်သားက …

“ခင်ဗျားတို့ကို ကြိုးနဲ့မတုပ်ဘူး၊ ကောင်းကောင်းမွန်မွန် လိုက်ခဲ့ပါ”

ဦးအောင်ငွေက …

“စိတ်ချပါ၊ ကျနော်တို့လမ်းမှာ ထမင်းငတ်လာတော့ အားပြတ်နေတာပါ”

ကျနော်တို့ကို ဂါတ်တဲပေါ်မှခေါ်ချလာပြီး ရေး ဘူတာရုံသို့ ရောက်လာပါသည်။ မကြာမီ ရထားပေါ် တက်ကြပါသည်။ တွဲမှာ အစောင့်တွဲဖြစ်သည်။ အစောင့်ပုလိပ် ၅ ယောက်ပါသည်။ ဦးအောင်ငွေကို ကျနော်က ပြောသည်။

“အခြေအနေပေးရင် အလုပ်လုပ်မယ်”

သူက “လုပ်မယ်၊ စိတ်ချ” ပြန်ပြောသည်။

ခဏအကြာတွင် ရထားသည် ရေးမှ မော်လမြိုင်သို့ စတင်ထွက်ခွာလာပါသည်။ ရထားပေါ်ရောက်သောအခါ ကျနော်တို့က အစောင့်စစ်သားထံ ထမင်းတောင်း စားသည်။ လမ်းကျမှ ပြန်ဝယ်ပေးမည် ပြောသည်။ အစောင့် စစ်သားတွေက ဟန်းကောနှင့်ထည့်လာသော ထမင်းကို ကျွေးသည်။

သူတို့ထမင်းကို ကျနော်တို့စားပစ်လိုက်သည်။ ကျနော်တို့က ဗိုက်ပြည့်ဖို့ လိုသည်။ ရထားသည်ဆက်လက်၍ တဘူတာပြီး တဘူတာ ဝင်ရပ်လိုက်၊ ဆက်ထွက်လိုက် မောင်းနှင်နေသည်။ လမိုင်းဘူတာသို့ရောက်လျှင် ဦးအောင်ငွေက ထမင်းပြန် ဝယ်ကျွေးသည်။ ကျနော်က စတင်၍ အခြေအနေကို ဖန်တီးယူသည်။

“အကိုကြီး ခင်ဗျားသေနတ်က ဘေးကအပေါက်တွေက များလှချည်လား၊ အဲဒီအပေါက်တွေထဲက ကျည်ဆံထွက်သလား”

“မင်းကလည်းကွာ ပေါက်ပေါက်ရှာရှာ သေနတ်ပြောင်းမပူအောင်၊ အေးအောင် အပေါက်ဖောက်ထားတာ”

“အကိုကြီးသေနတ်က ဘယ်လိုခေါ်လဲ”

“ဒီသေနတ်ဟာ ဂျီသရီးလို့ခေါ်တယ်ကွ၊ ဂျာမဏီကနေ စက်ရုံလာတည်ပြီး ဒီမှာလုပ်တာ၊ မြောက်ပိုင်းမှာ ဗကပတွေနဲ့ တိုက်တာ ပစ်ရလွန်းလို့ သေနတ်ပြောင်းတောင် ပြတ်ထွက်တယ်။ ဒီသေနတ်က ပေါ့ပေါ့ကလေး ကိုင်ကြည့်ပါလား”

“ဟာ နေပါစေ၊ ကျနော်မကိုင်ရဲဘူး၊ ကျနော်က သေနတ်ဆိုရင် သိပ်ကြောက်တတ်တယ်၊ ငယ်ငယ်ကလေးထဲကပဲ”

ဦးအောင်ငွေက ပြောပြန်သည်။

“ဒီတွဲက မြင့်လွန်းအားကြီးတယ်ဗျာ၊ တွဲဆောင့်တော့ ခေါင်းသိပ်မူးတာပဲ၊ နောက်တွဲကို ပြောင်းစီးရအောင်”

ရထားသည် ရှေ့ဘူတာတွင် ရပ်သည်။ နောက်ဆုံးတွဲ ဂါတ်ဗိုလ်တွဲသို့ ပြောင်းစီးပါသည်။ ဂါတ်ဗိုလ်တွဲသည် နောက်ဆုံးတွဲ ဖြစ်သည်။ ကုန်တွဲရထားများတွင်လိုက်ပါသည့် ဂါတ်ဗိုလ်တဲမျိုးဖြစ်သည်။ တွဲ၏ရှေ့တွင် ကွက်လပ်၊ နောက်တွင် ကွက်လပ်၊ အလယ်တွင် အိမ်သာတွဲနှင့်တူသော တဲကလေးတလုံး၊ ထိုတွဲထဲတွင် ကျနော်နှင့် အစောင့်စစ်သားတယောက်၊ ရှေ့ ကွက်လပ်တွင် ဦးအောင်ငွေနှင့် အစောင့်စစ်သားတယောက်။

ကျနော်နှင့်အတူ တွဲကလေးထဲတွင် ထိုင်နေသော စစ်သားသည် သူ့ဂျီသရီး သေနတ်ကို ဘေးတွင်ထောင်ထားပြီး အေးအေးလူလူ လိုက်ပါလာသည်။ သူထောင်ထားသော သေနတ်သည် သူနှင့်ကျနော် ၂ ယောက်ကြားတွင် ရှိသည်။ ဦးအောင်ငွေကိုစောင့်သော စစ်သားသည် သူ့ဂျီသရီးကို ကြမ်းပြင်တွင် ချထားပြီး ပေါင်တဖက်နှင့် ဖိထားသည်။ သူတို့ ၂ ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ခြေထောက် တယောက် တဖက်စီ အောက်သို့ တွဲလောင်းချထားသည်။

ဤစစ်သား ၂ ယောက်သည် ကျနော်တို့ကို ယုံနေပါပြီ။ သူတို့စောင့်ပြီးခေါ်လာ ရသည့် အချုပ်သား ၂ ယောက်သည် ပင်လယ်ထဲတွင် ငတ်ပြတ်ပြီး အားပြတ်နေကြသူ ပြီးတော့ တယောက်က ကျောင်းဆရာ၊ တယောက်က ကျောင်းသား၊ သူတို့ အတော်လျှော့တွက်ထားပုံရပါသည်။

ကျနော့်၏ ငယ်ရုပ်မပျောက်သေးသော ပုံဟန်သည် သူတို့အတွက် မှုလောက်စရာ မဟုတ်ပါ။ ဒါပေမယ့် သူတို့ မသိလိုက်တာတခုကတော့ ဤကျောင်းသားသည် တောခိုကျောင်းသား၊ သေနတ်တလက်ကို ကျွမ်းကျင် သွက်လက်စွာ ပစ်ခတ်တိုက်ခိုက်တတ်သော ကျောင်းသားတယောက်မှန်း သူတို့ မသိလိုက်ပါ။

ဆက်လက်ဖော်ပြပါမည်။