မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့စာရင်းကို ပြီးခဲ့တဲ့ သောကြာနေ့က ဗဟန်းမြို့နယ် အရှေ့ရွှေတောင်ကြား ရပ်ကွက်ကော်မရှင်ရုံးမှာ ဖော်ပြထားကြောင်း သိရပါတယ်။ထောင်ဒဏ်ကျခံနေရသူတွေ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မဲပေးခွင့် ပြုလိုက်တာဟာ သူမအပေါ် လက်ရှိချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ တကယ်ပြစ်ဒဏ် ဟုတ် မဟုတ်ဆိုတဲ့ ဥပဒေလမ်းကြောင်းအရ စဉ်းစားစရာဖြစ်လာကြောင်းနဲ့ စစ်အစိုးရက နိုင်ငံရေးအရ အသုံးချလိုတဲ့အတွက်လည်းဖြစ်နိုင်တယ်လို့ ဦးဉာဏ်ဝင်းက သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့လည်း အဲဒီမဲပေးနိုင်ခွင့်စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ နအဖ စစ်အစိုးရက လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲအများစု၊ မဲအများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
Photo : AP, Reuters



No comments:
Post a Comment